Showing posts with label ရောက်တက်ရာရာ. Show all posts
Showing posts with label ရောက်တက်ရာရာ. Show all posts
Tuesday, September 1, 2015
Taco , Mexican Food (တာကို)
တခါတလေ ဒေသအစားအစာများကို စားသုံးရင်း အပြောင်းအလဲ အနေနဲ့ အစားအသောက် အရသာ ဗဟုသုတ ရှာဖွေသင့်တယ်လို့ ထင်ပါတယ်။
နိုင်ငံတကာ အစားအစာတွေကလည်း ဒီနိုင်ငံရဲ့ ဝင်ငွေနဲ့ ယှဉ်ရင် စားသုံးဖို့ ချင့်ချိန်ရပါသေးတယ်။
ပြီးခဲ့တဲ့ တနင်္လာနေ့ က လစာလေး ထုတ်တုန်း အိတ်လေးလည်း နည်းနည်းဖောင်းတော့ အပြောင်းအလဲလေးလည်း ဖြစ်အောင် ( သူများမေးရင်လည်း ပြန်ပြောနိုင်အောင် ) မက္ကစီကန် အစားအစာလေး တစ်ခုကို ရှာဖွေရင်း သွားရောက် မြည်းစမ်းခဲ့ပါတယ်။
သူကတော့ ဖွင့်ထားတာ သိပ်တော့မကြာလှသေးပါဘူး ။ နာမည်က Tin Tin Yangon ပါ ။
မက္ကစီကန် အစားအစာဆိုရင် စားဖူးတဲ့သူ တော်တော်များများ သိကြတာက Taco နဲ့  Burrito ပါ။ အထဲမှာ အစာသွပ်ထားတဲ့ အစားအစာပုံစံမျိုးတွေပါပဲ။
ဂျူံအပြားလို လုပ်ထားတဲ့ မုန့် အခြပ်လေးကို အထဲမှာ အစာတွေ သွပ်ပြီး စားကြပါတယ်။ အစာသွပ်ကို လုပ်ထားတဲ့ အထဲက အရာတွေကတော့ ကြက်သွန်နီဥကြီးကို အတုံးအစိတ်လေးတွေ လှီးထားတာရယ် ။ ငရုတ်ပွသီး၊ ခရမ်းချဉ်သီး ၊ နံနံပင် ၊ ချီအမျှဉ်လေးတွေရယ် ၊ ခရမ်းချဉ်သီး ဆော့စ် ဒါမှမဟုတ် သံပုရာသီးကိုအရည်ညစ်ပေးထားတာ ပါပါတယ်။သူ ရဲ့ အသက်ကတော့ အသားတွေပါ။
အမဲသားကင် ၊ ကြက်သား နဲ့ ဝက်သားကင်တို့ နဲ့ ရွေးချယ်စားရတာဟာ အရသာ ရှိပါတယ်။ သူက ဘေးက အပြားကို အမာနဲ့ အပျော့ ဆိုပြီး ခွဲထားပေးပါတယ်။ ဒီတော့ မှာတဲ့ အခါ Hard နဲ့ Soft ဆိုပြီး ရွေးပေးရပါတယ်။
ဒီအစားအစာတွေဟာ မက္ကစီကန်လူမျိုးတွေရဲ့ အဓိက စားသုံးကြတဲ့ အစားအစာလည်း ဖြစ်ပါတယ်။ သူတို့ ဆီမှာ ဆိုရင်တော့ ကားလေးနဲ့ လမ်းဘေးမှာ ထိုးရောင်းတာမျိုးလည်း ရှိပါတယ်။
အရသာကတော့ ချဉ်ငံစပ်နဲ့ ပါးစပ်မှာ ခပ်ရှိန်းရှိန်း ဖြစ်စေပါတယ်။ အရသာလည်း ရှိပါတယ်။ Salsa ဆော့နဲ့ စားရတာ ပိုကောင်းပါတယ်။
ပြောချင်တာကတော့ .. မက္ကစီကန် အစားအစာ စမ်းစားကြည့်မယ် ဆိုရင် Taco ကို အရင်ဆုံး မြည်းဖို့ အကြံပေးလိုပါတယ်။ ကိုယ်တွေ မြန်မာပါးစပ်နဲ့ လည်း တည့်ပါတယ်လို့  smile emoticon
ဈေးနှုန်းကတော့ Taco သုံးခုလောက် ပါတာ တစ်ပွဲကို USD 5 - 7$ လောက်ရှိပါတယ်။
နေရာကတော့ ဘိုကလေးဈေးလမ်း အလယ်ဘလောက် ( Success English Class ရှိတဲ့လမ်း ) မှာပါ။
နေရာကတော့ ဘိုကလေးဈေးလမ်း အလယ်ဘလောက် ( Success English Class ရှိတဲ့လမ်း ) မှာပါ။
Raiting:Taste : ++++Price : +++Service :++++
Fred_Rangoon
Tuesday, June 24, 2014
ကော်ဖီဆိုင်လေး ဖွင့်ချင်တယ်
ကော်ဖီဆိုင်လေး ဖွင့်ချင်တယ်
ကိုယ်တိုင်နှပ်တဲ့ ကော်ဖီစစ်စစ်တွေ ရောင်းမယ်
ဝိုင်ဖိုင် မပေးဘူး ( No Free Wi Fi )
တကယ့် ကော်ဖီအရသာ စစ်စစ်ကို ခံစားရင်း
သူငယ်ချင်း မိတ်ဆွေတွေနဲ့ စကားစမြည်းပြောနိုင်မယ်
နွေးထွေးမှုကို ခံစားစေမယ်။
ချစ်သူ ရည်းစားတွေ လာလို့ ရမယ်
ဒါပေမဲ့ ပလူတာတွေ ကလိကလာတွေ
တရားလွန်နဲ့ အများအမြင်မတင့်အောင် လုပ်ခွင့်မရှိ။
စာရေးချင်တဲ့ သူတွေ
ပရောဂျက် လုပ်ချင်တဲ့ သူတွေ
စိတ်ကူးတွေ ကွန့် မြူးနိုင်ဖို့ 
သီချင်းအေးအေးလေး ဖွင့်ထားပေးမယ်။
အပင်ပေါက်လေးတွေ ပန်းအိုးနဲ့ စိုက်ထားပေးမယ်။
Traditional Curtain လေးတွေ နဲ့  Space လေးတွေ လုပ်ထားမယ်။
သန့် ရှင်းလတ်ဆတ်တဲ့ အစားအသောက်တွေ
ချက်ချင်းဖုတ်ရောင်းတဲ့ ကိတ်တွေ ပေါင်မုန့် တွေ ရောင်းမယ်။
ရသစာပေတွေဖတ်လို့ ရအောင် နံရံကပ် စာအုပ်စဉ်တစ်ခု
လုပ်ထားမယ်။
ကော်ဖီခွက်တိုင်းမှာ ကိုယ့်ဆိုင်နာမည်လေး ထိုးထားမယ်
ဆိုင်အတွက် သီးသန့် မှာထားတဲ့ ကော်ဖီခွက်လေးတွေဖြစ်မယ်။
ကဲလ်မီကယ် ပစ္စည်းတွေ လျော့ပြီး
အော်ဂဲနစ်ပစ္စည်းတွေသာ ဆိုင်မှာ တင်မယ်။
အမြင်ကို ဒိုးယိုပေါက် မြင်နိုင်တဲ့ မှန်ပြတင်းပေါက်လေးတွေရှိမယ်
ကော်ဖီနံ့ သင်းသင်းလေးက ကိုယ့်ဆိုင်ထဲမှာ မွေးပျံနေစေမယ်
Take Away လည်း အဆင်ပြေမယ်
ကိုယ်တိုင်ဖျော်သောက်ချင်တဲ့ သူတွေအတွက်လည်း ကော်ဖီကြမ်းတွေ
ရောင်းမယ်။
အမြတ်နည်းချင် နည်းပါစေ
Long Term ကို ကြည့်ပြီး ဈေးနည်းနည်းနဲ့ 
နေရာရောင်းစားတာမျိုးမဟုတ်ဘဲ
လူတွေ အတွက် အထူးသဖြင့် ကော်ဖီချစ်သူတိုင်းအတွက်
Space လေးတစ်ခု ဖန်တီးပေးမယ်။
ပြီးတော့..ပြီးတော့
Coffee ချစ်သူများ Coffee Club Membership သဘောမျိုးထားပြီး
အပတ်စဉ် ပါတီလေးတွေ လုပ်ပေးမယ်။
Sharing & Learning လုပ်ကြမယ်။
Profit အတွက်မဟုတ်ဘဲ
ဝါသနာ သပ်သပ်အတွက်ရယ်
ကော်ဖီယဉ်ကျေးမှု တစ်ခုကို
ကော်ဖီချစ်တဲ့ သူတွေနဲ့ ထွန်းကားစေချင်တဲ့ ရည်ရွယ်ချက်ရယ်
Friday, June 14, 2013
ကျနော် လေးစားတဲ့ ဘလော့ဂါ
သူ့ စာကနေ ကျနော် ခွန်အားတွေ အများကြီး ရရှိခဲ့တယ်..
အထီးကျန်တဲ့ အချိန်တိုင်းက ..
သူ့ စာက ဖြေသိမ့်မှု ကို ပေးတယ်..
သူမ ဖေ့ဘွတ်မှာ ပုဂ္ဂိုလ်ရေး အတိုက်ခိုက်ခံရပြီးကထဲက
သူမ အကောင့်ကို ဖျတ်သွားတယ်...
ဒါပေမဲ့ သူမဟာ စိတ်ဓာတ်ခိုင်မာတဲ့ သူတစ်ယောက်
သူမကို တိုက်ခိုက်တဲ့သူဆီက
သူမ သင်ယူတယ်..
သူမ ပြင်သင့်တာပြင်တယ်..
သူမကို လေးစာပါတယ်..
သတိလည်း ရနေတယ်..
အထီးကျန်တဲ့အချိန်တိုင်း
ကိုယ့်ကိုယ် အားငယ်နေတဲ့ အချိန်တိုင်း
သူမ ပေ့ခ်ျမှာ စာတွေ သွားသွားဖတ်ရတယ်
သူမ စာတွေက ဘာသာပြန်ထားတာ ဖြစ်ဖြစ်
ကိုယ်တိုင် ရေးထားတာ ဖြစ်ဖြစ်...
သေချာတာက သူမ အဆိပ်ရည် တွေ
လောင်းခဲ့တာတော့ မဟုတ်ဘူး ။
သူမ စာတွေ သာ မဖတ်မိခဲ့ရင်
ကျနော်လည်း ဒီနေရာမှာ ရှိမှာမဟုတ်ပါဘူး
သူမကို ဘယ်လိုပဲ ပုတ်ခတ်ပုတ်ခတ်
သူမကို ဘယ်လိုပဲ တိုက်ခိုက်ကြပါစေ
မပြိုလဲတက်ဘဲ..
ဆက်လက် မျှဝေပေးနေတဲ့..
သူမကို ...
ကျနော် တကယ်လေးစားပါတယ်
သူမ လို
စိတ်ဓာတ် ခိုင်မာအောင်
သင်ယူရအုံးမယ်
သူမ လို
အကျိုးရှိ စာတွေ များများ မျှဝေနိုင်အောင်
ကျနော် ကြိုးစားပါအုံးမယ်..။
: လင်းတန်ဆောင်
Fred Rangoon. Powered by Blogger.
Life always goes on
About Me
About Me
Fred Rangoon
Alis - Freddy
Alis - Freddy
Blogger , Writer ,Techie , Digital Marketer ,Contact : tazaung.pr@gmail.com
Freelance Graphic Designer , Photographer
Traveller , Marketing Consultant , Idea Creator, Learner .
and Home-made chef
Search This Blog
Blog Archive
-
▼
2017
(4)
- ► 03/12 - 03/19 (2)
- ► 02/12 - 02/19 (1)
-
►
2016
(6)
- ► 10/16 - 10/23 (1)
- ► 07/31 - 08/07 (1)
- ► 04/17 - 04/24 (1)
- ► 02/07 - 02/14 (1)
- ► 01/31 - 02/07 (1)
- ► 01/10 - 01/17 (1)
-
►
2015
(17)
- ► 11/29 - 12/06 (1)
- ► 10/04 - 10/11 (1)
- ► 09/27 - 10/04 (1)
- ► 08/30 - 09/06 (2)
- ► 08/23 - 08/30 (3)
- ► 08/16 - 08/23 (1)
- ► 08/09 - 08/16 (1)
- ► 07/05 - 07/12 (3)
- ► 03/29 - 04/05 (2)
- ► 03/01 - 03/08 (1)
- ► 02/08 - 02/15 (1)
-
►
2014
(20)
- ► 12/21 - 12/28 (1)
- ► 11/30 - 12/07 (1)
- ► 09/07 - 09/14 (1)
- ► 08/24 - 08/31 (1)
- ► 08/10 - 08/17 (1)
- ► 07/27 - 08/03 (1)
- ► 07/13 - 07/20 (1)
- ► 06/29 - 07/06 (1)
- ► 06/22 - 06/29 (1)
- ► 05/18 - 05/25 (2)
- ► 05/04 - 05/11 (1)
- ► 04/27 - 05/04 (1)
- ► 04/20 - 04/27 (4)
- ► 04/13 - 04/20 (1)
- ► 03/30 - 04/06 (1)
- ► 01/19 - 01/26 (1)
-
►
2013
(52)
- ► 12/15 - 12/22 (1)
- ► 11/24 - 12/01 (1)
- ► 11/10 - 11/17 (2)
- ► 10/27 - 11/03 (1)
- ► 09/29 - 10/06 (2)
- ► 09/22 - 09/29 (1)
- ► 09/15 - 09/22 (4)
- ► 09/01 - 09/08 (1)
- ► 08/25 - 09/01 (1)
- ► 08/18 - 08/25 (1)
- ► 07/28 - 08/04 (1)
- ► 07/07 - 07/14 (2)
- ► 06/30 - 07/07 (2)
- ► 06/23 - 06/30 (1)
- ► 06/09 - 06/16 (4)
- ► 06/02 - 06/09 (1)
- ► 04/21 - 04/28 (1)
- ► 04/14 - 04/21 (3)
- ► 03/31 - 04/07 (4)
- ► 03/24 - 03/31 (4)
- ► 03/17 - 03/24 (3)
- ► 03/10 - 03/17 (1)
- ► 03/03 - 03/10 (3)
- ► 02/24 - 03/03 (3)
- ► 02/03 - 02/10 (1)
- ► 01/27 - 02/03 (3)
Labels List Numbered
- Food (2)





