Showing posts with label World News. Show all posts
Showing posts with label World News. Show all posts

Wednesday, April 1, 2015

ရင်နာရတဲ့ ဓာတ်ပုံ



Nadia Abushaban ဆိုတဲ့ အမျိုးသမီး တစ်ဦးဟာ သူမရဲ့ Twitter အကောင့်မှာ ဓာတ်ပုံတစ်ပုံကို
တင်ခဲ့ပါတယ်။ ဒါကတော့ ကလေးလေး တစ်ယောက်က လက်မြောက်ထားတဲ့ ပုံဖြစ်ပါတယ်။
ဒီပုံက ဘာတွေ ထူးခြားစေသလဲ။

Friday, April 19, 2013

" ၀ါရင့် အီးနံ့ ရှုသူများ ၀င်ငွေကောင်းနေ"

သူများ လေလည်တာကို ရှုတာ ပိုက်ဆံအများကြီး ရတယ်ဆိုရင် ဟားရယ်မိလေးမလား..? တကယ် လေလည်တာ ရှုပြီး ၀င်ငွေ ကောင်းနေတဲ့သူတွေ ရှိတယ်ဆိုတာလေး လက်တို့ ချင်လို့ ပါ ။

တရုတ်ပြည်မှာ တကယ်ဝင်ငွေ ကောင်းနေတဲ့ အလုပ်ဖြစ်ပြီး ၀ါရင့် အီးနံ့ ရှု ပညာရှင် တစ်ယောက်ရဲ့ တစ်နှစ်လုပ်အားခက ပျဉ်းမျှကို ပေါင် ၃၁၀၀၀ မျှရပါတယ် ။

ဒါကို ဖတ်ပြီး တကယ်ကို တွန့် သွားမလား.. ဟုတ်လို့ လားဆိုပြီး အံ့သြသွားမလား...မျက်လုံးပင့်မိမလား... တစ်ခုခုလုပ်မိတယ်ဆိုရင်လည်း ဆက်ဖတ်သွားပါအုံးလေ ။


တရုတ်သတင်းဌာနတစ်ခု ရဲ့ ဖော်ပြချက် အရ အမိုက်ဆုံးအလုပ်နဲ့ 
ရုပ်ပိုင်းဆိုင်ရာ ကျန်းမာရေး အတွက် လူတွေရဲ့  လေလည်တဲ့ 
အနံ့ ကို ရှုပြီး ကျန်းမာရေး စစ်ဆေးပေးတဲ့ အလုပ်တစ်ခုလို့ ဆိုပါတယ် ။

လာရောက်စစ်ဆေးတဲ့ သူတွေ လေလည်လိုက်တဲ့ အခါ ထိုအနံကို ပညာရှင်မှ ရှုရှိုက်ပြီး .. အစာအိမ် နဲ့ အူလမ်းကြောင်းမှာ ရောဂါပိုးမွှားတွေ ရှိနေသလား..? အစာလမ်းကြောင်း ကောင်းမကောင်း ..? ကိုယ်တွင်း ရောဂါများအကြောင်းကို လေလည်လိုက်တဲ့ အနံ့ ကနေ စစ်ဆေးရပါတယ် ။

နောက်ဆုံး ကိုယ်လေလည်လိုက်တဲ့ အနံ့ ဟာ ကြက်သွန်ဖြူနံ့ လိုဖြစ်ဖြစ် ၊ ကြက်သွန်မိတ်နံ့ လို ဖြစ်ဖြစ် ပညာရှင်မှ ဆန်းစစ်ပေးပြီး မိမိစားတဲ့ အစားအသောက် နဲ့ ပတ်သတ်ပြီး မိမိကိုယ်မှာ ဘယ်ဓာတ်တွေများနေတယ်၊ လိုနေတယ် ဆိုတာနဲ့ 
ဆောင်ရန် ရှောင်ရန်များကိုပါ ထည့်သွင်း အကြံပြု ပြောကြားပေးတာ ဖြစ်ပါတယ် ။

အသံကြားရတာတော့ တကယ်ကသိကအောင့်နိုင်တဲ့ အလုပ်ဖြစ်နေမဲ့ 
တစ်ဖက်မှာလည်း ၀င်ငွေကောင်းတဲ့ အလုပ်ဆိုတာ ငြင်းလို့ မရပါဘူး ။
ကဲ ဒီလောက်ဆိုရင် သင်လည်း မိမိ နှာခေါင်း အာရုံခံကောင်းပြီး အနံ့ ခံရုံနဲ့  ၀င်ငွေကောင်းတာ ကြိုက်တယ်ဆိုရင် ဒီလိုအလုပ်မျိုးရှိနေတယ် ဆိုတာကိုလည်း ထည့်သွင်း စဉ်းစားဖို့ အကြံပေးပါရစေ ။


ref ;gizmodo
Lynn Ta Zaung<>လင်းတန်ဆောင်

နွားရိုင်းသတ်ပွဲတော် ဆန့် ကျင်ရေး ကန်ပိန်း

- မက်စီကိုမြို့ တော်မှာ ပြုလုပ်လေ့ ရှိတဲ့ နွားရိုင်းသတ်ပွဲတော် ကို တိရိစ္ဆာန် ညင်းပမ်းမှု တားဆီးသော အနေဖြင့် ၊
တိရိစ္ဆာန် အရေးလုပ်ရှားသူများ ပါဝင်သော ဆန္ဒပြပွဲ ပါဖောမန့် တစ်ခုကို ပြီးခဲ့တဲ့ ပိတ်ရက်တုန်းက မက်စီကိုလမ်း တစ်နေရာမှာ ပြုလုပ်ခဲ့ပါတယ် ။

ဆန္ဒပြပွဲတွင် တက်ကြွလှုပ်ရှားသူ အယောက် ၂၀၀ ကျော်ခန့် ရှိပြီး ၊ မိမိတို့ အကျီများကို ချွတ်ကာ
 သွေးအတုများလောင်းချပြီး အသားကင်သော တုတ်တံဖြင့် နွားရိုင်းများကို ထိုးသော လှံပမာ ပြုလုပ် တပ်ဆင်ခဲ့ ကြပါတယ် ။



ဒီဆန္ဒပြပွဲကို ဦးဆောင်သူများကတော့ AnimaNaturalis လို့ အမည်ရတဲ့ တိရစ္ဆာန် အရေးပါဝင်သူများ အဖွဲ့ မှ ဖြစ်ပါတယ် ။
ဒီဆန္ဒပြပွဲကတော့ နွားသတ်ပွဲနဲ့  ပတ်သတ်ပြီး ဆန့် ကျင်တဲ့ အကြီးကျယ်ဆုံး တစ်ခု ဖြစ်တယ်လို့ လည်း ဆိုပါတယ် ။

ဦးဆောင်သူ တစ်ယောက်က ဒီဆန္ဒပြပွဲရဲ့ ရည်ရွယ်ချက်က နိုင်ငံရေး အခန်းကဏ္ဍတစ်ခုမှာ ဒီဆိုးရွားမှုတစ်ခုကို
သိသိသာသာမြင်စေဖို့  ၊ မီဒီယာကနေ ဒီလို တိရိစ္ဆာန်များကို ဆိုးဆိုးဝါးဝါးညင်းပမ်းနိုပ်စက်ပြီး သတ်ဖြတ်နေတာတွေကို
ရပ်တန့် စေနိုင်ဖို့ ရည်ရွယ်ထားတယ် လို့  သိရပါတယ် ။

ဒီနွားရိုင်းသတ်ပွဲမှာ တစ်နှစ်ကို နွားပေါင်း ကိုးထောင်ခန့်  သတ်ဖြတ်ခံနေရတယ်လို့  မှတ်တမ်းများ အရ သိရပါတယ်။
မက်စီကိုရဲ့  နွားရိုင်းသတ်ပွဲ ဓလေ့ ဟာ လွန်ခဲ့ တဲ့ ၁၆ရာစုလောက်ကထဲက စတင်ခဲ့ တာလို့ လည်း သိရပါတယ် ။

ဒီဖော်ပြထားတဲ့ ဓာတ်ပုံများကို ကြည့်ရင်တော့ AnimaNaturalis အဖွဲ့ ရဲ့ ထူးခြားတဲ့ ပါဖောမန့် များကို တွေ့ ရမှာဖြစ်ပါတယ် ။

Ref;worldcrunch

Tuesday, March 26, 2013

HTC ရဲ့  CEO ပီတာချောင် ဖုန်းလောကမှ အနားယူမည်ဟု ဆိုခဲ့ဖူး





HTC ရဲ့  CEO ဖြစ်တဲ့ မြန်မာနိုင်ငံဇာတိဖွား ပီတာချောင် တစ်ယောက်ဟာ လွန်ခဲ့ တဲ့ နှစ်တုန်းက ဖုန်း ဟန်းဆက်လောက မိမိရာထူးမှ ထွက်မည်ဟုဆိုခဲ့ ဖူးကြောင်း သိရပါတယ်။

HTC One လို့ အမည်ရတဲ့  HTC ဟန်းဆက် အမျိုးအစား တစ်ခုကို မဖြန့် ချီသေးခင်က ဒီဟန်းဆက်သည် ဖုန်းလောက ယှဉ်ပြိုင်မှုတွင် ရှုံးနိမ့်ခဲ့ ပါက မိမိ လက်ရှိယူထားတဲ့ HTC , CEO ရာထူးမှ ထွက်ပြီး ဖုန်းနဲ့ ပတ်သက် တဲ့ အလုပ်မှ အနားယူမည် ဖြစ်ကြောင်း သတင်းစာများ ရဲ့ ဖော်ပြချက် အရ သိရသည်။

ထိုအချိန်က HTC One ဖြန့် ချီပြီးနောက် ဖုန်းကတ်တလော့တွင် အများဆုံး ၀ယ်ယူမှု နေရာတွင် ရှိခဲ့ သဖြင့် ချောင် တစ်ယောက် ရာထူးမှ မနုတ်ထွက်ခဲ့ ရပေ။

မိမိကိုယ်ကိုယ် ယုံကြည်မှု အပြည့်ဖြင့် ယှဉ်ပြိုင်မှုကို ရာထူးဖြင့် လောင်းကြေးထပ်ခဲ့ သူ ဖြစ်တာကိုလည်း ခန့် မှန်းမိနိုင်ပါတယ်။

ယခုလောလောဆယ်တော့ HTC ဟာ နိုင်ငံတကာ ရဲ့ 
Andriod OS လောကမှ အများဆုံး လူကြိုက်များနေလျက်ရှိပြီး အကယ်၍ Samsaung 4 သာ ထွက်ရှိလာပါက မည်သို့ ပြောင်းလဲချက်များ ဖြစ်ပေါ်လာမည်ကို စောင့်မျှော်လျက် ရှိကြောင်း သိရပါတယ်။

Ref;Mashable

Saturday, February 2, 2013

တရုတ်မီလီယံနာတစ်ယောက် လေသန့် ဗူးရောင်းမည်


တရုတ်မီလီယံနာ သူဌေးတစ်ယောက်ဟာ မိမိနေတဲ့ မွေးရပ်မြေမှာဆိုးဝါးလှတဲ့ လေထုညစ်ညမ်းမှုကြောင့် သန့် စင်တဲ့ လေများကို ဘူးများဖြင့် ရောင်းချမယ်လို့ သိရပါတယ် ။

ချန်းဂေါင်ဗောင် ဆိုတဲ့ တရုတ်နိုင်ငံမှ ဒေါ်လာ သန်း ၇၄၀ မီလျံနာသူဌေးဟာ လေသန့် တွေကို အချိုရည်ဘူးထဲမှာ ထည့်ပြီး တရုတ်ငွေ၅ယွန်နဲ့  ရောင်းချဖို့ စတင်နေပါပြီ လို့ သတင်းစကားများ ထွက်ပေါ်ထားပါတယ် ။ တိဘက်အရပ်မှ သန့် စင်တဲ့ လေများကို ထိုင်ဝမ်မှာ စက်ရုံ ကုန်ပစ္စည်းအနေနဲ့  လုပ်ပြီး အခြေတည် ဖြန့် ချီပါမယ်လို့ သိရပါတယ် ။

ချန်ဟာ ဒီလေသန့် ဘူး ထုတ်လုပ်ရေးနဲ့ ပတ်သတ်ပြီး မိမိတို့ ဒေသမှာ ကား ၊ စက်ရုံ ၊ အိမ်သုံး စသဖြင့် ဓာတ်ငွေ့ များစွာ ဖြင့် လေထုဟာ အလွန် ညစ်ညမ်းနေပါတယ် ။ ဒီလိုမျိုး လေသန့် မရှုရှိုက်နိုင်ဘူးဆိုရင် နောင် အနှစ် နှစ်ဆယ် သုံးဆယ် ၀န်းကျင်မှာ မိမိတို့ သားမြေးများ ဓာတ်ငွေ့ ကာ မျက်နှာဖုံးများ နဲ့ အောက်စီဂျင် တစ်ဘူးစီလွယ်ပြီး သွားလာနေရလိမ့်မယ် လို့  ပြောသွားပါတယ် ။

ဘီဂျင်းမြို့ ဟာ လေထု အင်မတန်မှ ညစ်ညမ်းနေတဲ့ အတွက် နာဆာ အာကာသ ကြည့်ရှု့ ယာဉ်မှ ကြည့်ရှု့ တဲ့အခါ ညစ်ညမ်းလေများကြောင့် မြို့ များပင် ဖုံးနေတာကို တွေ့ ရပါတယ်လို့ ဆိုပါတယ် ။

သဘာဝ ဘေးအန္တရယ်များဟာ တစ်နှစ်ထက် တစ်နှစ်ပိုဖြစ် များလာပါတယ် ။ချန်က"၂၀၁၂ မှာ ကမ္ဘာ ပျက်ခြင်းကို ဖြစ်ပေါ်ခဲ့ တာ တော့မဟုတ်ပါဘူး.. ဒါပေမဲ့  လူတွေက သဘာဝ ပတ်ဝန်းကျင်ကို မထိန်းသိမ်းပဲ သယံဇာတတွေကို ထိခိုက်အောင် လုပ်နေကြမယ် ဆိုရင် ပတ်ဝန်းကျင်ကြီးဟာ ညစ်ညမ်းလာပြီး မကြာခင် ကမ္ဘာပျက်နေ့  ကို ရောက်ရှိလာမှာပါ " လို့ ပြောခဲ့ပါတယ် ။

ကဲ... ချန် လိုဘဲ ကျနော်တို့ လည်း မိမိတာဝန်သိစိတ်နဲ့ သဘာဝ ပတ်ဝန်းကျင်များကို ထိန်းသိန်းကြပါစို့ လား ခင်ဗျာ ။

ref;stuff
Fred Rangoon. Powered by Blogger.

Life always goes on

About Me

Fred Rangoon

Alis - Freddy

Blogger , Writer ,Techie , Digital Marketer ,
Freelance Graphic Designer , Photographer
Traveller , Marketing Consultant , Idea Creator, Learner .
and Home-made chef

Contact : tazaung.pr@gmail.com

Search This Blog

Blog Archive

Labels List Numbered

Instagram

recent posts

Pages

Follow us

Photo Profile
Taylor Wong Architecture Designer

The Japanese call it Hanakotoba, and King Charles II brought it to Sweden from Persia in the 17th century. Read More

Popular Gallery