Showing posts with label ဘာသာပြန်. Show all posts
Showing posts with label ဘာသာပြန်. Show all posts
Wednesday, January 13, 2016
မေမေ့ ဆီက သင်ယူခဲ့တဲ့ ဘဝအကြောင်းအရာများ
ကျွန်တော် ရဲ
့ မေမေဟာ ကျနော် သိသမျှလူတွေထဲမှာ စမတ်အကျဆုံး သူတစ်ယောက်ပါ ။ မေမေ့ရဲ့ အလုပ် အကိုင်
ကောင်းတာကြောင့်နဲ့ ပညာရေးမြင့်မားမှုကြောင့်လည်း မဟုတ်ပါဘူး။ မေမေ့ရဲ့  ဘဝအတွေ့ အကြုံတွေ
ကြောင့်ပါ။ ကျနော် ငယ်ငယ်တုန်းက မေမေ့ရဲ့ အမြင်တွေ အတွေးအခေါ်တွေ ဘဝ အတွေ့ အကြုံတွေကို
နားထောင်ရင်း ကြီးပြင်းခဲ့ရပါတယ်။ ရိုးရိုးသားသားပြောရရင် မေမေ့ရဲ့  ဖေးမမှုစကားတွေကြောင့် ဒီနေ့ မှာ လူတော် တစ်ယောက်
ဖြစ်လာခဲ့တာပါ။
မေမေဆုံးမတဲ့
စကားတွေကို နားထောင်မှတ်သားရင်း ကလေးဘဝကို ကြီးပြင်းခဲ့တဲ့ အခိုက် မေမေ့ရဲ့  အကောင်းဆုံး
အတွေးအခေါ်တွေ ကို စုစည်ထားခဲ့ပါတယ်။ နှစ်အနည်းငယ်ကြာတော့ ကျနော့်ရဲ့ ဒီလုပ်ငန်းစဉ်လေး
ပြီးဆုံးသွားခင်မှာပဲ မေမေဟာ အိပ်ပျော်ရင်း ဆုံးပါးသွားခဲ့ပါတယ်။ ဒီနေ့  မေမေ့ ရဲ့ စိတ်အားတက်ကြွစေတဲ့
စကားလုံးတွေကို မိတ်ဆွေတို့ ကို မျှဝေ ချင်ပါတယ်။ ဒီစကားလုံးတွေက ကျနော့်ဘဝကို မြင့်တင်ပေးခဲ့သလို
..မိတ်ဆွေတို့  ဘဝကိုလည်း မြင့်တင်ပေးမယ်လို့ မျှော်လင့်ပါတယ်။
အနာဂတ်မှာ ရှင်သန်ပါ
၊ အသက်ရှုပါ အတိတ်ကို ထုတ်ပြစ်ပါ ၊ ရှူထုတ်ပြစ်ပါ
Wednesday, September 30, 2015
Digital Marketer များ ပြုလုပ်လေ့ရှိတဲ့ Facebook ပြိုင်ပွဲ (၆)ခု
Like and share to Win
Page သို့ မဟုတ် Post ကို Like and Share လုပ်ပေးရုံနဲ့ လက်ဆောင်နဲ့  ဆုတွေ ပေးတဲ့ ပြိုင်ပွဲ ဖြစ်ပါတယ်။ဒီလိုမျိုးကိုတော့ Page Like ရလိုတဲ့ အခါမှာ သုံးတက်ကြပါတယ်။
Comment to Win
Product တစ်ခုခု အကြောင်း ဒါမှမဟုတ် Page အမျိုးအစားနဲ့ သက်ဆိုင်တဲ့ အကြောင်းအရာကို မေးပြီး
Comment ပေးခိုင်းတာမျိုးပါ။ ပြီးတော့ အဖြေမှန်တဲ့ Comment ကို လက်ဆောင်ပေးတာမျိုး ဖြစ်ပါတယ်။
ဒီလိုမျိုးကိုတော့ Fans တွေကို ပျော်စေလိုတဲ့ အခါဖြစ်ဖြစ် ပေ့ခ်ျကို ဝင်ကြည့်တာ များလိုတဲ့ အခါ လုပ်တက်ကြပါတယ်။
Solve to Win
ပဟေဋ္ဌိ ဥာဏ်စမ်းအကြောင်းအရာများကို မေးမြန်းပြီး လက်ဆောင်ပေးတာမျိုးဖြစ်ပါတယ်။ အဖြေမှန်တဲ့သူ တစ်ဦးကိုလက်ဆောင်ပေးတာ ဖြစ်ပါတယ်။ ဒါကတော့ Fan တွေကို Ice Breaker လုပ်တဲ့ သဘောလည်း ဖြစ်ပါတယ်။
Upload Picture to Win
Fan တွေကို Product နဲ့ ဆိုင်တဲ့ ဓာတ်ပုံတွေကို တင်ခိုင်းတာမျိုးပါ။ Like အများဆုံးရတဲ့ ပုံကို ဆုပေးတာမျိုးနဲ့ ပြိုင်ပွဲကို စည်းကမ်းလုပ်ထားပါတယ်။
Caption to Win
ပုံတစ်ပုံကို တင်ပြီး Fan များကို နာမည်ပေးခိုင်းတဲ့ ပြိုင်ပွဲ ဖြစ်ပါတယ်။ ဒီလိုပြိုင်ပွဲလေး လုပ်ပေးခြင်းဖြင့် Post Engagement လည်း တက်လာပါတယ်။
Join the website to Win
တင်ထားတဲ့ Post ကို Like ခိုင်းပြီး Website ကို Register လုပ်ခိုင်းပါတယ်။ Register လုပ်တဲ့ စာရင်းမှာပါတဲ့ သူများကိုလက်ဆောင်ပေးတာမျိုး ဖြစ်ပါတယ်။
Monday, July 6, 2015
အွန်လိုင်းမှာ Handmade ရောင်းပြီး ကျောင်းစရိတ်ရှာတဲ့ ဆယ်ကျော်သက်မလေး
LeiLei Secor ဆိုတဲ့ အသက် ၁၉ နှစ်အရွယ်ကောင်မလေးဟာ နယူးယောက်မြို့ မှာ နေပါတယ်။ ဗာဂျီးနီယား တက္ကသိုလ်ကို တက်ဖို့  သူမကိုယ်တိုင်ဝင်ငွေရှာနေပါတယ်။ စကော်လားရှစ် နဲ့ ဆိုရင်တောင် သူမတက်ရတဲ့ ကျောင်းဟာ ကျောင်းစရိတ်မြင့်မားတဲ့ အတွက် သူမကိုယ်ပိုင် အသုံးစရိတ်ကို ရှာဖွေရပါတယ်။ ကျောင်းစရိတ်က တစ်နှစ်ကို ဒေါ်လာ လေးသောင်းရှိပါတယ်။ စီးပွားရေး မေဂျာနဲ့  ကျောင်းတက်ချင်တဲ့ သူမဟာ စီးပွားရေးနဲ့ နိုင်ငံတကာ ဆက်ဆံရေး ကို စိတ်ဝင်စားတဲ့ သူပါ။
Friday, December 26, 2014
Potluck ဆိုတာ ဘာလဲ ?
အနောက်တိုင်း နိုင်ငံတွေမှာတော့ Potluck Party , Potluck ယဉ်ကျေးမှု ဆိုတာ ရှိပါတယ်။ Potluck ဆိုတာကတော့ လူတွေ တစ်နေနေရာမှာ တွေ့ ဆုံကြတယ်။ပြီးတော့
Tuesday, December 2, 2014
ကော်ဖီပုံပြင်
ကော်ဖီပုံပြင်
သူမကို စတွေ့ ခဲ့တာက အသိတစ်ယောက်ရဲ့ မင်္ဂလာပွဲတစ်ခုမှာပါ။
သူဘက်က သူမကို ချက်ချင်းပဲ ကော်ဖီအတူတူ သောက်ဖို့ ဖိတ်ခေါ်လိုက်တာ သိလိုက်တော့
သူမအံ့သြခဲ့တယ်လေ။ အခုမှ တွေ့ ဖူးကြတဲ့ သူတွေအနေနဲ့ ဆိုတော့ နည်းနည်းတော့ ရှိန်တာပေါ့။ ဒါပေမဲ့ ယဉ်ကျေးမှု ရှိတဲ့သူ တစ်ယောက် အနေနဲ့ သူမ
ကော်ဖီအတူတူ သောက်ဖို့  ကို လက်ခံခဲ့တယ်။
Sunday, September 7, 2014
ဘ၀ကို အကောင်းဆုံး ဘယ်လိုနည်းနဲ့ ဖြတ်သန်းကြမလဲ ?
ကိုယ့်ကိုယ်အရင်မြင်အောင် ကြည့်မယ်။
ဒါကတော့ သူများနဲ့ ကိုယ့်ကိုယ် နှိုင်းယှဉ်ခိုင်းတာမဟုတ်ပါဘူး။
မိမိကိုယ်ကိုယ် မြင်အောင် ကြည့်ခိုင်းတာပါပဲ။ ပြီးတော့ ဒီလိုမေးခွန်းလေးတွေရဲ့ အဖြေတွေကို
ချရေးကြည့်မယ်။
Tuesday, August 12, 2014
အချိန်ပေးပါ
ကျနော့် အိမ်ထောင်သက် ၂၁ နှစ်လောက် အကြာမှာ ကျနော့်မိန်းမက ကျနော့်ကို
အခြားမိန်းမတစ်ယောက်နဲ့ အပြင်ထွက် ညစာ စားပြီး ရုပ်ရှင်တွေ အတူတူ ကြည့်ဖို့ ပြောလာပါတယ်။
ရှင့်ကို ကျမ ချစ်ပါတယ် ။
ဒါပေမဲ့ တခြားမိန်းမတစ်ယောက်ကလည်း ရှင့်ကို ထပ်တူချစ်တယ် ဆိုတာ ကျမသိပါတယ်။
ဒီတော့ ရှင့်ကို ချစ်တဲ့ သူမ နဲ့ လည်း ရှင်အချိန်တွေ ဖြုန်းသင့်တယ်လို့  ကျမ ထင်တယ်။
Tuesday, July 15, 2014
ဖန်ပုလင်းတစ်လုံး
ဒီနေ့  စိတ်ပညာ အထူးပြု သင်တန်း မှာ စိတ်ပညာရှင် ပရော်ဖက်ဆာကြီး က သူ့  ကျောင်းသားတွေအတွက် လက်တွေ့  လေ့ကျင့်ခန်းတစ်ခုကို ပြသနေပါတယ်။
စားပွဲပေါ်မှာ ပစ္စည်းတစ်ချို့ ကို တင်ထားပါတယ်။ သင်တန်းစတာနဲ့  ပရော်ဖက်ဆာကြီးဟာ စားပွဲပေါ်မှာ တင်ထားတဲ့ ပစ္စည်းတွေထဲက တစ်ခုဖြစ်တဲ့ အ၀ကျယ်တဲ့ ဖန်ပုလင်းခပ်ကြီးကြီး တစ်ခုကို ယူလိုက်ပါတယ်။ ပြီးတော့ စားပွဲပေါ်မှာ တင်ထားတဲ့ ပစ္စည်းတွေထဲက အချင်း နှစ်လက်မ ပတ်လည်ရှိတဲ့ ကျောက်တုံးလေးတွေကို ဖန်ပုလင်းထဲ အပြည့် ထည့်လိုက်ပါတယ်။
ပြီးတော့ သူ့ ကျောင်းသားတွေကို လှမ်းပြောတယ်။
ဒီပုလင်းက ပြည့်သွားပြီလား ?
ကျောက်တုံးလေးတွေ အပြည့်ထည့်ထားတဲ့ ပုလင်းကိုကြည့်ပြီး ကျောင်းသားများက ပြည့်ပြီလို့  ဖြေကြပါတယ်။
ဒါနဲ့ ပရောက်ဖက်ဆာက ကျောက်စရစ်ခဲလေးတွေ ထည့်ထားတဲ့ ဘူးလေးကို ယူလိုက်ပြီး ခုနက ကျောက်တုံးတွေ ဖြည့်ထားတဲ့ ဖန်ပုလင်းထဲ ထည့်လိုက်ပါတယ်။ ပြီးတော့ ဖန်ပုလင်းကိုလည်း နည်းနည်း လှုပ်ပေးလိုက်ပါတယ်။ အဲ့ဒီမှာ ကျောက်စရစ်ခဲလေးတွေဟာ ဖန်ပုလင်းထဲမှာ ရှိတဲ့ ကျောက်တုံးလေးတွေ ကြားထဲကို ၀င်သွားပါတယ်။
အခုကော ပြည့်သွားပြီလား ?
ဖန်ပုလင်းထဲမှာ ကျောက်တုံးတွေကော ကျောက်စရစ်ခဲတွေကော ပြည့်နေတဲ့ အတွက် ကျောင်းသားများဟာ ပြည့်သွားပြီလို့  ဖြေကြပါတယ်။
အဲ့ဒီနောက် ပရောက်ဖက်ဆာက စားပွဲပေါ်က သဲတွေထည့်ထားတဲ့ ဘူးလေးကို ယူပြီး ဖန်ပုလင်းထဲကို လောင်းထည့်ပြီး ဖြည့်လိုက်ပါတယ်။သဲမှုန်လေး
ပရော်ဖက်ဆာက ပုလင်းပြည့်သွားပြီလားလို့  ကျောင်းသားတွေကို ပြန်မေးတဲ့ အခါမှာ ကျောင်းသားများ အားလုံးက ပြည့်ပါပြီလို့  တစ်ညီတစ်ညွတ်ထဲ ဖြေကြပါတယ်။
အင်း..ဟုတ်ပြီ
ဆရာ မင်းတို့ ကို အဓီက ပြောချင်တာက ဒီဖန်ပုလင်းဟာ မင်းတို့ ရဲ့  ဘ၀ကို ရည်ညွန်းချင်တယ် ဆိုတာပဲ ..။
ပထမဆုံး ထည့်တဲ့ ကျောက်တုံးလေးတွေဟာ မင်းတို့ ရဲ့ မိသားစု ၊ လက်တွဲဖော် ၊ ကျန်းမာရေးနဲ့ သားသမီးတွေပေါ့။
မင်းတို့ မှာ အရာအားလုံးဆုံးရှုံးသွားခဲ့
ကျောက်စရစ်ခဲလေးတွေကတော့ မင်းတို့ ဘ၀အတွက် တခြားလိုအပ်တဲ့ အရာတွေဖြစ်တဲ့ အလုပ်အကိုင် ၊ အိမ် ၊ အသုံးအဆောင်ပစ္စည်း ၊ ကား စတဲ့ အရာတွေပေါ့။
သဲမှုန်လေးတွေကတော့ မင်းတို့ ဘ၀မှာ သိပ်အရေးမကြီးဘူးလို့ ဆိုနိုင်တဲ့ အရာငယ်လေးတွေ ကို ကိုယ်စားပြုတာ ဖြစ်တယ်။
အကယ်လို့  ဖန်ပုလင်းထဲကို သဲမှုန်တွေချည်း အရင်ထည့်လိုက်မယ်ဆိုရင် အဲ့ဒီဖန်ပုလင်းထဲကို ထည့်ဖို့  ကျောက်စရစ်ခဲနဲ့  ကျောက်တုံးလေးတွေ အတွက် နေရာရှိမှာ မဟုတ်တော့ဘူး။ ဒါတွေ အားလုံးကလည်း မင်းတို့ ဘ၀အတွက် ထပ်တူ တန်ဖိုးရှိတာဖြစ်တယ်။ မင်းတို့ ရဲ့ အချိန်တွေ၊ အင်အားတွေကို သိပ်အရေးမကြီးတဲ့ အရာငယ်လေးတွေအတွက် ဖြုန်းလိုက်မယ် ဆိုရင် မင်းတို့ မှာ တကယ်လိုအပ်နေတဲ့ အရာဝတ္တုတွေ အတွက် နေရာပေးဖို့ ထားဖို့  ဆုံးရှုံးသွားမှာ ဖြစ်တယ်။
မင်းတို့ ဘ၀အတွက် တကယ့်ပျော်ရွင် စိတ်ချမ်းသာမှု အစစ်အမှန် ရရှိမဲ့အရာတွေ အတွက် အာရုံစိုက် အလေးပေးသင့်ပါတယ်။ မိသားစု စုံစုံလင်လင်နဲ့ ပျော်ပျော်ရွင်ရွင် နေထိုင်ရတာတွေ ။ လက်တွဲဖော်နဲ့ အတူတူ လျှောက်သွားနိုင်တာ ။ မိမိ အလုပ်ကို အချိန်မှန် သွားနိုင်တာတွေ ။ ကိုယ်ပိုင်အိမ်လေး ကို သန့် ရှင်းသပ်ရပ်အောင် ထားတာတွေ ၊ မိတ်ဆွေတွေနဲ့ ညစာ စားပွဲလေးတွေ လုပ်နိုင်တာတွေ ဒါမှမဟုတ် မလိုအပ်တာတွေကို ချင့်ချိန်တာတွေ လုပ်ရမှာဖြစ်တယ်။
ဒီတော့ တကယ် တန်ဖိုးရှိတဲ့ အရာတွေ အတွက် မင်းတို့ ရဲ့  ကျောက်တုံးလေးတွေကို အရင် သတိပြုပေးပါ။ ဘယ်ဟာကို ဦးစားပေးပြီး ဖန်ပုလင်းထဲ ဖြည့်မှာလဲ ကိုယ့်ဖာသာ သေချာ စဉ်းစားပါ။ နောက်ဆုံးမှာ တော့ သဲမှုန်လေးတွေ ဖြစ်ပါစေ။
--
The important things in life ကို ဆီလျော်အောင် ဘာသာပြန်ထားပါသည်။
လင်းတန်ဆောင်
Sunday, May 18, 2014
ဖန်တီးမှု ကောင်းစေတဲ့ အချက် (၂၈)ခု
၁။ လုပ်စရာ ရှိတာတွေကို List လုပ်ပါ။ မိမိလုပ်စရာ ရှိတဲ့ အရာတွေကို မမေ့ မလျော့ နဲ့ တစ်ခုပြီး တစ်ခု လုပ်နိုင်ဖို့  List လုပ်ထားပြီး တစ်ခုပြီး တစ်ခု လုပ်သွားပါ။
၂။ မှတ်စု စာအုပ်တစ်အုပ် ဆောင်ထားပါ။ ဘယ်ကို သွားသွားမှတ်စု စာအုပ် တစ်အုပ်ကို ယူသွားပါ။ မှတ်ဖို့ လိုတာတွေအားလုံးကို မှတ်ပါ။
၃။ ပေါ့ပေါ့ပါးပါးလေးတွေ ရေးကြည့်ပါ။တစ်နေ့ တာ အကြောင်းအရာလေးနဲ့ အဖြစ်အဖျက်လေးတွေကို ရေးသားလို့ ဖြစ်ဖြစ် ၊ ဘလော့မှာ တင်လို့ ဖြစ်ဖြစ် ရေးကြည့်ပါ။
၎။ ကွန်ပျူတာချည်းပဲ အချိန်တိုင်း မသုံးပါနဲ့ ။ကွန်ပျူတာကို အလုပ်အတွက်ပဲ သုံးသုံး ၊ တစ်ကိုယ်ရေအကြောင်းအရာ နဲ့ဖြစ် သုံးသုံး အနားယူချိန်မှာ အနားယူပါ။ တစ်နေကုန် ကွန်ပျူတာနားမှာချည်း မနေပါနဲ့ ။
၅။ကိုယ့်ကိုယ် ထိခိုက်အောင် မလုပ်ပါနဲ့ ။ အစားကို ပုံမှန်စား ၊ အိပ်ချိန်ကို ပုံမှန်လေး အိပ်တော့ အနည်းဆုံး လေ့ကျင့်ခန်းမလုပ်နိုင်ရင်တောင် တော်ရုံ နေမကောင်း ဖြစ်တာကို ကာကွယ်နိုင်ပါတယ်။
၆။ အနားယူချိန် သီးသန့် ထားပါ။ အနားယူချိန် အနားယူရမှန်းမသိအောင် အလုပ်ချည်း တစ်နေကုန် လုပ်နေလို့ ကတော့ ကောင်းမွန်တဲ့ အိုင်ဒီယာတွေ ရနိုင်မှာမဟုတ်ပါဘူး။ဒီတော့ အနားယူချိန် အနားယူပေးပါ။
၇။ရေချိုးရင်း သီချင်းဆိုမယ်။ရေလေး ချိုးရင် သီချင်း တစ်ပုဒ်လောက် ညည်းပေးပါ။ သင့် စိတ်ကူး ညဏ်ကို ပိုမို ကွန့် မြူးစေပါတယ်တဲ့။
၈။ ကော်ဖီသောက်ပါ။ကော်ဖီမှာပါတဲ့ ကဖင်းဓာတ်တွေက သင့်စိတ်ကို နိုးကြားမှု ရှိစေပါတယ်။ လန်းဆန်းမှုကိုလည်း ပေးပါတယ်။
၉။သီချင်း အသစ်တွေ နားထောင်ပါ။သီချင်းအဟောင်းတွေ ထပ်တလဲလဲ နားထောင်နေတာထက် အသစ်ထွက်တဲ့ သီချင်း အသစ်တွေကိုလည်း နားထောင်ကြည့်ပါ။ မတူညီတဲ့ ဂီတက စိတ်ကို အပြောင်းအလဲ ဖြစ်စေပြီး စိတ်ပျော်ရွင်စေနိုင်ပါတယ်။
၁၀. ပွင့်ပွင့်လင်းလင်း ရှိပါ။ပြောစရာ ရှိတာကိုပွင့်ပွင့်လင်းလင်း ပြောပြီး ကိစ္စများကို ရှင်းရှင်းလင်းလင်း ရှိပါစေ။
၁၁. ဖန်တီးမှု ကောင်းတဲ့သူတွေကို မိတ်ဆွေဖွဲ့ ပါ။ဖန်တီးမှု ကောင်းတဲ့ မိတ်ဆွေ သူငယ်ချင်းများ နဲ့  ချိတ်ဆက်လုပ်ဆောင်ပါ။ သူတို့ ဆီက မတူညီတဲ့ အမြင်တွေ ဖန်တီးမှုတွေကို သင့်အလုပ်ကိုအများကြီးအထောက်အကူပေးနိုင်ပါတယ်။
၁၂။ဝေဖန်တာ လက်ခံပါ။မိမိ လုပ်ဆောင်ချက်များကို အပြုသဘောနဲ့  ဝေဖန်ခိုင်းပါ။ ထိုဝေဖန်ချက်များကို လက်ခံပြီး အားနည်းချက် အားသာချက်များ ကြည့်ကာ ဒီထက် ကောင်းအောင် ဆောင်ရွက်ပါ။
၁၃။ ပူးပေါင်းလုပ်ကိုင်ပါပူးပေါင်းလုပ်ကိုင်ခြင်းဟာ အားတစ်ခုဖြစ်ပါတယ်။ မတူညီတဲ့ အတွေ့ အကြုံများနဲ့  အလုပ်တစ်ခုကို ပူးပေါင်းလုပ်ကိုင်တဲ့ အခါ ပိုပြီး အောင်မြင်တာကို တွေ့ ရပါတယ်။
၁၄။ အရှုံးမပေးပါနဲ့ ။ဘယ်တော့မှ အရှုံးမပေးပါနဲ့ ။ လက်မလျော့ပါနဲ့ ။
၁၅။လေ့ကျင့်ပါ။ထပ်ခါတလဲလဲ လေ့ကျင့်မှုများဟာ သင့်ဖန်တီးချက်များကို ပိုမို ကောင်းမွန်တဲ့ ရလဒ်ကို ရရှိနိုင်ပါတယ်။
၁၆။ မိမိကိုယ်ကိုယ် အမှားတွေ လုပ်ဖို့  ခွင့်ပြုလိုက်ပါ။အမှားတွေ မလုပ်မိအောင် မိမိကိုယ်ကိုယ် ချုပ်တည်းမထားပါနဲ့ ။ အမှားရှိမှ အမှန်သိမှာ ဖြစ်ပါတယ်။ ဒီတော့ အမှားတွေ ကို ရဲရဲသာ လုပ်ခွင့်ပေးလိုက်ပါ။
၁၇။နေရာသစ်တွေကို သွားပါ။မရောက်ဖူးတဲ့ နေရာ အသစ်တွေကို သွားခြင်းက သင့်အတွက် စိတ်ကူး အသစ်တွေ ရရှိစေပါတယ်။ အကြံညဏ်ကောင်းတွေ ရရှိစေနိုင်ပါတယ်။
၁၈။သင့်ဆီက ကောင်းတဲ့ အချက်တွေကို မှတ်ထားပါ။ အသိအမှတ်ပြုပါ။ကိုယ့်ဆီမှာ ကောင်းတဲ့ အချက် ၊ သူများတွေ ထက် အားသာတဲ့ အချက်တွေ ရှိပါတယ်။ ဒါကို အသိအမှတ်ပြုပြီး မိမိကိုယ်ကို အားပေးပါ။
၁၉.ပျောက်ဆုံးနေတဲ့ အနားယူချိန်တွေကို ပြန်အစားပေးပါ။အလုပ်တွေပဲ ဖိဖိဆီးဆီး လုပ်နေတဲ့ အတွက် သင့်အနားယူချိန်တွေက ပျောက်ဆုံးကောင်း ပျောက်ဆုံးနေလိမ့်မယ်။ ဒီအနားယူချိန်တွေကို အစားထိုး ပြန်ရှာပြီး သေချာအနားယူပေးပါ။
၂၀။စွန့် စားမှုတွေ လုပ်ပါ။မိမိ ဘ၀အတွက် စိန်ခေါ်မှုတွေကို ပြုလုပ်ပါ။ စွန့် စားမှုတွေက သင့်အတွက် အတွေ့ အကြုံ ကောင်းတွေကို ရရှိစေနိုင်ပါတယ်။
၂၁။စည်းမျဉ်းတွေနဲ့ ကန့် သတ်မထားပါနဲ့ ။မိမိလုပ်ဆောင်ချက်တွေကို အတိုင်းအတာ တစ်ခုထိသာ မသတ်မှတ်ထားပါနဲ့ ။ လုပ်နိုင်တာတွေကို အကန့် အသတ်မရှိ ဖွင့်ထားလိုက်ပါ။လုပ်ဆောင်ချက် တစ်ခု သာ လုပ်နိုင်တယ်ဆိုပြီး ကန့် သတ်ထားရင် ဒီနေရာ ဟောင်းကနေ ဘယ်မှာ ထွက်လို့ ရမှာ မဟုတ်ပါဘူး။
၂၂။ ဖိအားမပေးပါနဲ့ ။ဖန်တီးမှု ပြုလုပ်ရတဲ့ သူတိုင်းဟာ ဖန်တီးမှု စွမ်းရည် ဦးနှောက်ကို အသုံးပြုရတဲ့ အတွက် စဉ်းစားချိန်လိုပါတယ်။ဒီတော့ မိမိကိုယ်ကိုယ် အသစ်တွေ ဖန်တီးနိုင်ဖို့ အတွက် အချိန်ပေးပါ ။ ကိုယ်ကိုယ် ဖိအားပေး မခိုင်းပါနဲ့ ။
၂၃။အဘိဓာန်က စကားလုံး အသစ်တွေကို တစ်နေ့  တစ်မျက်နှာ ဖတ်ပါ။ကိုယ်မသိသေးတဲ့ စကားလုံး အသစ်တွေကို အဘိဓာတ် မှာ တစ်နေ့  တစ်မျက်နှာခန့်  ဖတ်ပေးပါ။ English to English ရှင်းလင်းချက်ကို ဖတ်ပါ။
၂၄။ မလုပ်ခင် အစီအစဉ်ချပါ။တစ်ခုခု မလုပ်ခင်မှာ အစီအစဉ်ချတာက အကျင့်ကောင်းတစ်ခုပဲ ဖြစ်ပါတယ်။ ဒါမှ ရလဒ်တွေက ကျေနပ်စရာ ဖြစ်မှာပါ။
၂၅။ သူများရဲ့ အောင်မြင်မှု အတိုင်း ပုံတူမကူးချပါနဲ့။ဖန်တီးတဲ့ သူတိုင်းဟာ သူများ အောင်မြင်မှုတွေကို လေ့လာကြည့်တာက လွဲပြီး ပုံတူ မကူးချတက်ကြပါဘူး။ အသစ်တွေဖန်တီးရတာ ကိုသာ သဘောကျကြပါတယ်။
၂၆။ ပေါ်လာတဲ့ အကြံတိုင်း ရေးချပါ။စိတ်ထဲမှာ ရလာတဲ့ အကြံတိုင်းဟာ ရွေ မဖြစ်ဘူးလို့ ပြောလို့ မရပါဘူး။ ပေါ်လာသမျှ အိုင်ဒီယာတွေကို ချရေးပါ။ ဆွဲချပါ။
၂၇။ အလုပ်နေရာကို သပ်သပ်ရပ်ရပ်ထားပါ။စိတ်ကူးတွေ ကောင်းနေဖို့ အတွက် မိမိ အလုပ်လုပ်တဲ့ နေရာကလည်း သပ်သပ်ရပ်ရပ်ရှိရပါမယ်။
၂၈။ ပျော်ပျော်ရွင်ရွင်နေပါ။ စိတ်ညစ်စရာတွေတော့ လူတိုင်းမှာ ရှိတာပါပဲ။ ဒါပေမဲ့ အကောင်းဆုံးကတော့ ဖန်တီးမှု ကောင်းတဲ့ သူတိုင်းဟာ စိတ်ညစ်စရာကို အချိန်ပြည့် တွေးနေလို့ မဖြစ်ပါဘူး။ဒီတော့ စိတ်ကို ကြည်ကြည်လင်လင်ရှိပါစေ။
ကဲ. ဖန်တီးမှု ကောင်းတဲ့ Creation သမားများ ဖြစ်စေဖို့  မျှဝေပေးလိုက်ပါတယ်။
- လင်းတန်ဆောင်
www.lynntazaung.com
Saturday, April 19, 2014
အောင်မြင်လိုသူများ ဂရုစိုက်သင့်တဲ့ စကားလုံး(၇)ခု
မိတ်ဆွေ အောင်မြင်ချင်တယ် မဟုတ်လား ။ လူတိုင်းကတော့ အောင်မြင်ချင်တာပဲလေ။ ဒါပေမဲ့ တစ်ချို့ သော စကားလုံး အပြုအမူတွေက ကိုယ်ရဲ
့ အောင်မြင်မှုကို တူးဆွစေနိုင်တဲ့ အခွင့်အရေးတွေ ဖြစ်လာတယ်တဲ့။
ဘာတွေများ ဖြစ်မလဲ ဆိုတာ လေ့လာကြည့်ကြတာပေါ့။
တစ် - ဒါက ငါ့အလုပ်ထဲမှာ မပါဘူး။ ငါလုပ်ရမှာ မဟုတ်ဘူး ။
လက်ရှိလုပ်နေတဲ့ အလုပ်တစ်ခုပဲထားပါတော့။ သင့်ရဲ့  အလုပ်တာဝန်တွေကလည်း
သေသေချာချာ သတ်မှတ်ထားတယ်။ ကိုယ်လုပ်ရမဲ့ အလုပ်ပေါ် မူတည်ပြီးအကြံညဏ်ကောင်းတွေ ၊ ပိုမိုသာလွန်တဲ့
လုပ်ရည် ကိုင်ရည် နဲ့ လုပ်ပိုင်ခွင့်တွေ ကလည်း ရှိပါရဲ့ ။ သို့ ပေမဲ့ လပေါင်းများစွာနဲ
့နှစ်အတန်အသင့် လုပ်ခဲ့ဖူးတဲ့ လုပ်ရည်ကိုင်ရည် အရ သင့် လုပ်နိုင်မှု စွမ်းရည် ကို ချဲ
့ထွင်ရပါမယ်။ ပုံစံပြောင်းရပါမယ်။ သင့်အရည်အချင်းက ရပ်တန့် နေရမှာ မဟုတ်ပါဘူး။
ဒီတော့ ရာထူးမှာ ပါတဲ့ တာဝန်ဟာလည်း သင့်အတွက် လုပ်ရိုးလုပ်စဉ် အလုပ်
တစ်ခု ဖြစ်သည့်အပြင် လုပ်သက် အတိုင်းအတာ တစ်ခုမှာ
ကျွမ်းကျင်ပိုင်နိုင်မှု ရှိပြီ ဖြစ်တဲ့ အတွက် ထိုထက် ပိုမို တဲ့ စွမ်းဆောင်ရည်ကို
ထုတ်ဖော်ရပါလိမ့်မယ်။ ကိုယ့်ရဲ့ အလုပ်ရှင်နဲ့ လည်း ပွင့်ပွင့်လင်းလင်းတိုင်ပင်ပြီး
သင့် အတွေ့ အကြုံ သစ်အတွက် အရည်အချင်းအသစ်တွေကို ဖန်တီးရမှာ ဖြစ်ပါတယ်။ အဲ့ဒီအတွင်း
ရရှိလာမဲ့ တစ်ဖက်က စောဒက တက်မှုတွေ ၊ စိတ်ဖိဆီးမှုတွေကိုလည်း ကြံကြံခံ ယူတက်ရပါမယ်။ အပေါ်က
လှေကားတစ်ထစ်ကို တက်လှမ်းပါ။ ရောက်ရှိနေတဲ့ လှေကားထစ်မှာပဲ သင့် လုပ်နိုင်စွမ်းတွေကို
ကန့် သတ်မထားပါနဲ့ ။ ရပ်တန့် မထားပါနဲ့ ။
နှစ် - ဖြစ်နိုင်မှာ မဟုတ်ပါဘူး။
မဖြစ်နိုင်ဘူးလို့ ဆိုနိုင်တဲ့ ဟာတွေက အနည်းငယ်သာ ရှိပါတယ်။ တကယ်လုပ်ကြည့်ရင်
ပြဿနာတွေကို ဖြေရှင်း တက်သွားရင် အရာရာ လုပ်ကိုင်ရ လွယ်ကူလာပါလိမ့်မယ်။ ဥပမာ တကယ်တော်တဲ့ မန်နေဂျာအများစု နဲ့ စီမံခန့် ခွဲရေး
ကျွမ်းကျင်သူတွေဟာ ပြဿနာတွေကို ရှေ့ ကနေ ဆုံးဖြတ်ရတာကို လိုလားကြပြီး ပူးပေါင်း ဆောင်ရွက်ခြင်းလှေကားကို
ထောင်ကာ အမြင့်ကို တက်လှမ်းကြပါတယ်။ ပြဿနာတွေကို ဖြေရှင်းဖို့  လက်လျော့လိုက်တာထက်
မရရအောင် ဖြေရှင်းဖို့ ပိုလိုလားတဲ့ သူဆိုရင် သင်ဟာ သင်လုပ်ကိုင်နေတဲ့ အဖွဲ့ မှာ တန်ဖိုးရှိတဲ့
အသင်းသား တစ်ယောက် ဦးဆောင်သူ တစ်ဦး ဖြစ်လာမှာ မလွဲမသေပါပဲ။
သုံး - ဒါ ငါ့အမှားမဟုတ်ဘူး
တစ်ခုခုလုပ်တိုင်း အပြစ်တင်ဖို
့ချည်း စဉ်းစားနေတဲ့သူကို ဘယ်သူမှ အလုပ်အတူ တွဲလုပ်ချင်မှာ မဟုတ်ပါဘူး။ နောက်ဆုံးတော့လည်း
ကိုယ့်အပေါ် အပြစ်တင်တဲ့ သူ နဲ့ ကိုယ်သာ ကြားထဲမှာ ရှိတဲ့ အချိန် အခိုက် အတန့် လေးက
ပြဿနာ တစ်ခု အနေနဲ့ မြင်လိုက်ပါ။ ကိုယ်ရဲ့ အမှားအတွက်လည်း တာဝန်ယူပါ။ သူများတွေ ကျရှုံးခဲ့ဖူးတဲ့
အချက် တွေကိုလည်း နမူနာ ယူပါ။ အမှားကို ၀န်ခံရဲတဲ့ ပုံစံ ရှိပါစေ ။ အမှားတွေကို သင်ယူတက်ပါစေ။
ပြဿနာ စတင် ကြီး ထွားလာစေတဲ့ အချက်အလက်တွေကို လေ့လာတက်ပါစေ။ သူများကို အပြစ်ချည်းပဲ
ပုံချနေရင် အဲ့ဒီအမှားတွေကနေ သင်ဘယ်လိုမှ တကယ်သင်ယူနိုင်မှာ မဟုတ်ပါဘူး။
လေး - ခဏလေး တစ်မိနစ်လောက် ဆိုရင် ပြီးတော့မှာပါ။
စက္ကန့် ခြောက်ဆယ် အတွင်း တကယ် ဘာမှ မပြီးမြောက်နိုင်ပါဘူး။ ကတိတွေ
ဇွတ်ပေးတာတွေ ။ အမှာစာတွေ ကြိုလုပ်တာတွေ မလုပ်ပါနဲ့ ။ တစ်မိနစ်လောက်ပဲ ကြာမယ် လို့ 
ပြောလိုက်ရုံပေမဲ့ အဲ့ဒီ တစ်မိနစ် အတွင်း အလုပ်မပြီးပြတ်နိုင်ရင် သင့်လုပ်အားတွေအပေါ်မှာလည်း
ဘေးထွက် ဆိုးကျိုး ထိခိုက်မှုတွေ ရှိနိုင်ပါတယ်။
ငါး - ရတယ် ဘာမှကူစရာမလိုဘူး။
စူပါဟီးရိုးလိုမျိုး တစ်ယောက်ထဲ လှုပ်ရှားမှုတွေဆိုတာ ရုပ်ရှင်ထဲမှာပဲ
ကြည့်လို့ ကောင်းပါတယ်။ ဒါပေမဲ့ ကုမ္မဏီလို
၊ အဖွဲ့  အစည်းလို နေရာမှာတော့ ဒီလိုသွားလုပ်လို့ အဆင်မပြေနိုင်ပါဘူး။ တစ်ယောက်ထဲ ပရောဂျက်တွေ
လုပ်နိုင်မယ် ၊ အလုပ်တွေလုပ်နိုင်မယ် လို့  သင် ထင်ကောင်းထင်လိမ့်မယ် ဒါပေမဲ့ ပူးပေါင်းဆောင်ရွက်မှုဆိုတာ
လိုအပ်ပါတယ်။ ကိုယ်နဲ့  ရည်ရွယ်ချက်ခြင်း တူတဲ့သူတွေကို ခေါင်းဆောင်ကောင်း တစ်ယောက် အနေနဲ့ ဦးဆောင်ပြီး
အလုပ်လုပ်ရတာရယ် ၊ တစ်ယောက်ထဲ ကိုယ့်ဝမ်းစာအတွက် ကိုယ် ကြိုးစား လုပ်ကိုင်နေရတဲ့ အခြေအနေချင်း
မတူညီပါဘူး။
ခြောက် - တရား မမျှတဘူး
ဘ၀ဆိုတာ မမျှတခြင်းတွေနဲ
့ရှင်သန်နေရတာပါ။ သင့် အလုပ်အကိုင်ဆိုတာလည်း အမြဲတမ်း ကောင်းမနေနိုင်ပါဘူး။
ဒီတော့ တစ်ယောက်ထဲ မြည်တွန်နေမဲ့ အစား တိတိကျကျ နဲ့  အလုပ်တွေမှာ မိမိလုပ်ဆောင်နိုင်တဲ့ အပိုင်းတွေကို ကြိုးစား ဖြေရှင်းကြည့်သင့်ပါတယ်။ အပြစ်တင်တာတွေလုပ်မဲ့ အစား အလုပ်ကို ပိုမိုလုပ်ပြီး
မိမိဘ၀ရဲ့ မိုင်တိုင် အများကြီးရောက်အောင် သွားလိုက်ပါ။ သင့် ဘ၀ သက်မွေးမှု အတွက် သင့်လျော်တဲ့
ပုစ္ဆာတွေ အဖြေရှာနိုင်ဖို့ အတွက် ပြဿနာတွေကို
ရင်ဆိုင် ဖြေရှင်းပါ။
ခုနှစ် - ဒီနည်းနဲ့ ပဲ အားလုံးလုပ်ခဲ့တာပဲ
နည်းလမ်း တစ်ခုထဲကို လုပ်သမျှအရာရာတိုင်းအတွက် ထပ်သလဲသလဲ အသုံးပြုခြင်းဟာ
စီးပွားရေး တစ်ခုကို ပြုလုပ်ဖို့  မဖြစ်နိုင်ပါဘူး။ နည်းဗျူဟာသစ် တွေ လိုပါတယ်။ ဈေးကွက်ရဲ့ အပြောင်းအလဲတွေကိုလည်း အမြဲတမ်း လေ့လာ
နေရ ပါမယ်။ နည်းလမ်း တစ်ခုထဲမှာ ရှင်သန်နေခြင်းဟာ အခွင့်အရေးကြီးတွေကို လက်လွတ်ခံရစေတက်ပါတယ်။
ပုစ္ဆာ အဖြေများကို ဖန်တီးဖြေရှင်းနိုင်မှု ၊ ဆန်းသစ် တီထွင်နိုင်မှုတို့ ကို သင့်နဲ့ အတူ
ယူလာခဲ့ပါ ။ သင့်ကို အနာဂတ်မှာ အဖွဲ့  အစည်းကြီး တစ်ခုကို ဦးတည်းမောင်းနှင်နိုင်တဲ့
သူ ဖြစ်လာစေမှာပါ။
လူတိုင်းကတော့ အောင်မြင်လိုကြပါတယ်။ ဒါကြောင့် သင့်ကို နောက်ပြန်မလှည့်သွားစေနိုင်တဲ့
ဒီ စကားလုံးတွေကိုသာ သတိထားပြီး အသုံးပြုပါ။ ဒီ ရှောင်ရန် နည်းလမ်းတွေကို သတိထားနိုင်ပြီ
ဆိုရင် သင့်အနာဂတ်မှာ အောင်မြင်တဲ့ စူပါစတား တစ်ယောက် ဖြစ်လာမှာ အသေအချာပဲပေါ့။
လင်းတန်ဆောင်
Ref: Ilya Pozin -The 7 Things Successful People Never Say
Sunday, December 15, 2013
အသက်၂၅ နှစ်မှာ သင်ယူရမဲ့ အရာ ၂၅ ခု
- သူများတွေကို ပြောင်းလဲဖို့ မကြိုးစားမိပါစေနဲ့ ။ သူတို့ မှာ ရှိတဲ့ နဂို အရည်အချင်းကို လက်ခံရင် လက်ခံပါ။ ဒါမှမဟုတ် ကိုယ် သဘောကျတဲ့ အရည်အချင်း ရှိတဲ့သူတွေကိုသာ ရှာပါ။
- ချစ်သူ ရည်းစား မရသေးခင်မှာ မိမိကိုယ်ကို ချစ်တက်ဖို့ သင်ယူပါ။
ကိုယ့်ရဲ့ လှပ ခန့် ညားမှုကို ပိုင်ဆိုင်လိုတဲ့ သမီးရည်းစားမျိုးကို လက်မခံသလို။ ကိုယ်တိုင်လည်း ဒီစိတ်နဲ့ မရှာဖွေပါနဲ့ ။
ဒါဟာ သင့်ကို ယုံကြည်မှု ရရှိစေမှာ မဟုတ်ပါဘူး။
- မိသားစုဝင် ဖြစ်ဖြစ် ၊ မိတ်ဆွေ ဖြစ်ဖြစ် ၊ တစ်စုံတစ်ယောက်ကို ဖြစ်ဖြစ် ချစ်တယ် ဆိုရင် ဖွင့်ပြောပါ။ နောက်ကျတယ် ဆိုတာမရှိပါဘူး။
- မိဘတွေနဲ့ အချိန်တွေ ဖြုန်းပေးပါ။ သင်အသက်အရွယ်ကြီးရင့်လာသလို ၊ သူတို့ တွေလည်း အတူတူပါပဲ။
-ဘေးပတ်ဝန်းကျင်က တစ်ယောက်ယောက် စေ့စပ်ခြင်း ၊ လက်ထပ်ခြင်း တွေ ပြုလုပ်တဲ့ အခါမှာ သင့်မှာ ရည်းစားမရှိသေးရင်လည်း
ကိစ္စမရှိပါဘူး။ အဲ့ဒီလိုမျိုး အချိန်မှာ အဲ့ဒီလိုမျိုး လက်ထပ်ရမယ် ဆိုပြီး မိမိကိုယ်ကိုယ် သတ်မှတ်မထားပါနဲ့ ။ အေးဆေးပေါ့။
- အသက်ကြီးပြီး ပင်စင်ယူမှ ပိုက်ဆံစုပြီး ကမ္ဘာပတ်မယ် ၊ ခရီးထွက်မယ် ဆိုတဲ့ အချိန်ကို မစောင့်ပါနဲ့ ။
သင် ငယ်ရွယ်ပြီး ၊ သွားလာနိုင်တုန်းမှာ လုပ်ပါ။ သွားပါ။ သင် ပင်စင်ယူတဲ့ အချိန်အထိ အသက်ရှည်မယ်လို့ ဘယ်သူမှ မသိနိုင်ဘူးလေ။
- ကံဆိုးတဲ့ နေ့ ဆိုတာ အမြဲမရှိသလို ။ ကံကောင်းတဲ့ နေ့ ကလည်း အမြဲမရှိနိုင်ပါဘူး။
ကံဆိုးတဲ့  အချိန်ကိုလည်း ဘယ်လိုကျော်ဖြတ်ရမလဲ ဆိုတာကို သင်ယူပြီး ၊ ကံကောင်းတဲ့ အချိန်တွေကိုလည်း ချစ်မြတ်နိုးတက်ပါစေ။
- မိမိဘ၀ကို အချိန်ဇယားကြီး အတိုင်း အစီအစဉ်မချပါနဲ့ ။ သင့်ဆန့် သော လက်က ဘယ်တော့ ကွေးမလဲ ဆိုတာ မသိနိုင်ပါဘူး။
- ကိုယ်နဲ့ အတူ ဘ၀ဇာတ်ခုံကြီးမှာ ကစားခဲ့ဖူးတဲ့ သူတွေကို ကောင်းကောင်းဆိုးဆိုး ဘယ်တော့မှ မမေ့ပစ်ပါနဲ့ ။
သူတို့ နဲ့ အတူတူသင်ယူရင်း သင်ရင်ကျက်မှုတွေ ရရှိလာတာပဲ ဖြစ်ပါတယ်။
- သင် ထိန်းချုပ်လို့ မရနိုင်တဲ့ သင့်ဘ၀အခြေအနေအပေါ် စိတ်ဖိစီးမှု အများကြီး မထားပါနဲ့ ။ လွယ်လွယ်ကူကူ ပြီးဆုံးနိုင်ပေမဲ့
ငယ်ရွယ်တဲ့ အချိန်မှာ လက်ခံနိုင်ဖို့ သင်ယူရမှာ ဖြစ်ပါတယ်။ ဘ၀ဆိုတာ လွယ်ကူဖို့ ကြီးပဲ ဖြစ်လာတာ မဟုတ်ပါဘူး။
- သင့်ဘ၀ ကို သူများတွေရဲ့  ဘ၀နဲ့ သွားမယှဉ်ပါနဲ့ ။ သင်ပျော်ရွင်ရမှာ မဟုတ်ပါဘူး။
- ပစ္စည်းဥစ္စာကို တွယ်တာမှုထက် သတိတရားကို ခိုင်မြဲထားပါ။
- အလှပြင်ပြီးနေတဲ့ အခိုက်ထက် သဘာဝအတိုင်းနေတဲ့ အချိန်မှာ ပိုပြီး ငြိမ်းချမ်းမှု ရရှိဖို့ သင်ယူပါ။
သင့်မျက်နှာမှာ ၀က်ခြံတွေ ရှိရင်ရင်လည်း အဆင်ပြေသွားပါလိမ့်မယ်။ ဘယ်သူမှ ခြောက်ပြစ်ကင်း သဲလဲစင်ဆိုတာ မရှိပါဘူး။
- သင့်ကုန်ကျစရိတ်တွေ အတွက် ပေးချေဖို့ ငွေရတဲ့ အလုပ်အပေါ် ကျေးဇူးသိပါ။
- သင်ဟာ သာမန်လူတွေထက် အလုပ်ပိုလုပ်နိုင်တယ် ဆိုရင် သင့်ထက် ကံမကောင်းတဲ့ သူတွေကို ကူညီပေးလိုက်ပါ။
- Social Media က မိုက်ပါတယ်။ ဒါပေမဲ့ သင့်အချိန် အားလုံးကို သွားပြီးတော့ မမြုပ်နှံမိစေနဲ့ ။
- ကိုယ်ချစ်တဲ့ သူအတွက် အကောင်းဆုံး Birthday Wish ကို Facebook Post နဲ့ Text Message ပို့ တာထက်
ကိုယ်တိုင် ဖုန်းခေါ်ပြီး ဆုတောင်းပေးတာ ဒါမှမဟုတ် ဘတ်ဒေးကဒ်လေး ပို့ ပေးတာက ပိုပြီး ကောင်းပါတယ်။
- သင့်ခန္တာကိုယ်ကိုယ် ဂရုစိုက်ပါ။ မာရသွန်ပြိုင်ပွဲဝင်ပြိုင်ပါ။ လူတွေက ဒီလိုပြိုင်ပွဲတွေက ၀င်ကြေး ဈေးကြီးတယ် ဆိုပြီး
ပြောတက်ကြတယ် ။ ဒါပေမဲ့ ဘားမှာတော့ ဒီထက် အချိန်တွေ ဖြုန်းနိုင်တယ်လေ။
- မိမိ ဆိုရှယ်နက်ဝေါ့က ကြုံရာ လူတစ်ချို့ နဲ့ စကားပြောပါ။ ဒါက သင့်ကို အမြင်ကျယ်စေသလို သူငယ်ချင်းကောင်းများလည်း
ရရှိစေမှာ ဖြစ်ပါတယ်။
- ကျရှုံးခြင်းဟာ စိတ်ဓာတ်ခိုင်မာခြင်းကို ဖြစ်ပေါ်စေပါတယ်။ ခက်ခဲတဲ့ အချိန်တွေကို ကျော်ဖြတ်ခဲ့သူ တစ်ယောက် အနေနဲ့ 
ဒီနေ့ မှာ သင်ဘယ်လိုလူလဲ ဆိုတာ အသေအချာ ပြောနိုင်မှာပါပဲ။
- ကိုယ်ပိုင် ဆုံးဖြတ်ချက်တွေ ချနိုင်ဖို့ အတွက် သင်ယူပါ။ ကိုယ်နဲ့ ညီတဲ့ သူတွေဆီက အကြံညဏ်တွေယူတာက ကောင်းပါတယ်။
ဒါပေမဲ့ နောက်ဆုံးမှာ ကိုယ့်ရဲ့ ကိုယ်ပိုင် သတ်မှတ်ချက်တွေနဲ့ သင်ယူနိုင်ရမှာ ဖြစ်ပါတယ်။
- မတူညီတဲ့ ရိုးရာ ဓလေ့တွေကနေ မတူညီတဲ့ အစားအစာတွေကို မြည်းစမ်းပါ။
သတ်သတ်လွတ်စားသူ ၊ အသီးအရွက်စားသူနဲ့ အသားစားသူတွေရဲ့ မတူညီမှုကို လေးစားပါ။
- သင့်အသက် ၂၀ ဖြစ်ဖြစ် ၂၅ ဖြစ်ဖြစ် သင့် စိတ်ပိုင်းဆိုင်ရာ ပြောင်းလဲမှုဟာ သင့်ဘ၀အတွက် အရေးအကြီးဆုံး ဖြစ်ပါတယ်။
- ကိုယ့် ရှင်သန်မှု အပေါ် ကိုယ် ချစ်မြတ်နိုးပါ။ လူတိုင်းက ကိုယ့်အလုပ်ကိုယ် မနှစ်သက်ကြပါဘူး။
ဒါပေမဲ့ ဒီအချိန်မှာ ကိုယ် ဘာကို ဖြစ်ချင်တယ် ဆိုတာ မြင်တွေ့ နိုင်ပြီး ၊ ဒီအပေါ်ကနေ စွန့် စားမှု ယူကာ မိမိဘ၀အတွက် အသစ်ကို ဖန်တီးပါ။
လင်းတန်ဆောင်
၁၅.၁၂.၂၀၁၃
Thursday, November 28, 2013
Love And Marriage

အချစ်ဆိုတာ ဘာလဲ..?
ကျောင်းသားလေးက သူ့ ဆရာကို မေးတယ်။
ဆရာကပြောတယ်။
"မင်းမေးခွန်းရဲ့ အဖြေကို သိရဖို့  အခု ချက်ချင်း ဂျုံခင်း တစ်ခင်းကို သွား။
ပြီးတော့ ဂျုံခင်းထဲက အကြီးဆုံး ဂျုံစေ့ပါတဲ့ အပင်ကို ခူးခဲ့။ စည်းကမ်းချက် တစ်ခုတော့ ရှိတယ် ။
အရှေ့ ကိုတည့်တည့်သွာပြီး အကြီးဆုံး ဂျုံပင်ကို တစ်ကြိမ်ပဲ ရွေးပါ။ နောက်ပြန်လှည့်ပြီး တော့ မခူးမိစေနဲ့ "
ကောင်လေးက ဂျုံခင်းကို သွားပြီး သူ့ ဆရာပြောတဲ့အတိုင်း အကြီးဆုံး ဂျုံပင်ကိုရှာတယ်။
ပထမ ဂျုံခင်းကိုတွေ့ တော့ ဂျုံပင်ကြီးတစ်ပင်ကိုတွေ့ တယ်။ ဒါပေမဲ့ ဒီတစ်ပင်ကို မရွေးဘဲ နောက်ထပ်ကြီးတဲ့
အပင်များတွေ့ အုံးမလားဆိုပြီး ဆက်ရှာတယ်။
ဒီအပင်ထက် ကြီးတာ ရှိအုံးမှာပါ ။ ဒီထက် ကြီးတာ ရှိနေအုံးမှာပါ ဆိုပြီး ဆက်ရှာတယ်။ ဒီလိုနဲ့ ဆက်ရှာရင်း
နေ့ တစ်ဝက်ကျိုးသွားတယ်။ရွေးရင်း ရွေးရင် ဂျုံခင်း တစ်ခင်းလည်း ကုန်ခါနီးလာတယ်။
နောက်ဆုံးမှာ သူ သိလိုက်ရတာကသူဟာ အကြီးဆုံး ဂျုံပင်ကို ဆက်ရှာလို့ မရတော့ဘူးလို့  သိလိုက်ရတယ်။
စိတ်ထဲမှာလည်း အကြီးဆုံး ဂျုံပင်ကို မရှာနိုင်ကောင်းလား ဆိုပြီး ၀မ်းနည်းရင်းနဲ့ ပေါ့...
ဒီလိုနဲ့  သူ့ ဆရာဆီ လက်ဗလာနဲ့ ပြန်လာခဲ့ရတယ်။
သူ့ ဆရာ ကိုတွေ့ တော့..
ဆရာက သူ့ ကို ရှင်းပြတယ်။
"ဒါဟာ အချစ်ပဲဘ၀မှာ ကိုယ့်အတွက် အကောင်းဆုံး လူတစ်ယောက်ဆိုပြီး ရှာတယ်။ နောက်ဆုံးတော့ ရှာရင်း ရွေးရင်း..အကောင်းဆုံး ဆိုတဲ့ သူကို ဆုံးရှုံးလိုက်ရတယ် အဲ့ဒါကို သိလိုက်ရတဲ့ အချိန်မှာ နောက်လှည့်လို့ 
မရတော့ဘူးလေ.. "

"လက်ထပ်ခြင်း ဆိုတာကော ဘာလဲ ဆရာ.." လို့ ကျောင်းသားလေးက မေးတော့။
"အင်း.. ဒါဆိုရင် အခုချက်ချင်း ပြောင်းဖူးခင်းကို သွား။ ပြီးတော့ အကြီးဆုံး ပြောင်းဖူးကို ခူးခဲ့။
ခုနကလိုပဲ.. တစ်ခါဘဲ ရွေးပြီး နောက်ကို လှည့်ပြီး ပြန်ခူးလို့ မရဘူး"
ဒီလိုနဲ့ ကျောင်းသားလေးဟာ ဒီတစ်ခါတော့ သတိကြီးကြီးထားပြီး ပြောင်းဖူးခင်းက အကြီးဆုံးပြောင်းဖူးကို တစ်ခါထဲ ရှာတယ်။ပြီးတော့ ခုနကလို လောဘမကြီးတော့ဘဲ အသင့်တော် ဆုံးကို ဆိုတာကို ရှာလိုက်တယ်။
သူ့ အတွက် အကောင်းဆုံးလို့ ထင်ရတဲ့ အခါ စိတ်ချလက်ချ ခူးလိုက်ပြီး သူ့ ဆရာဆီ ပြန်လာခဲ့တယ်။
"အင်း..အဲ့ဒါပဲ လက်ထပ်ခြင်း ဆိုတာ..ပထမဆုံး ကိုယ့်အတွက် သင့်တော်မယ် လို့ ထင်တဲ့ဟာကို ရွေးတယ်။
ပြီးတော့ အဲ့ဒါကို အကောင်းဆုံးလို့ မှတ်ယူလိုက်တယ်။ ဒါဟာ လက်ထပ်ခြင်း " တဲ့။
Src :Internet
Lynn Ta Zaung
Wednesday, November 13, 2013
ဇနီးလေးယောက်
မြို့ တစ်မြို့ က အရမ်းချမ်းသာတဲ့ ကုန်သည်တစ်ဦးဟာ ဇနီးလေးယောက်
ရှိပါတယ်။ကုန်သည်ကြီးဟာ ဇနီးလေးယောက် ထဲမှာမှ လေးယောက်မြောက် ဇနီးလေးကို ဂရုအစိုက်ဆုံးတဲ့
။ဝတ်ကောင်းစားလှတွေ ဆင်ပေးတယ်။ ကောင်းပေ့ ညွန်ပေ့ ဆိုတဲ့ အစားအစာတွေ ကျွေးတယ်။အမြဲတမ်း
ဂရုစိုက်ပြီး အကောင်းဆုံးထားသတဲ့။
တတိယမြောက် ဇနီးကျတော့လည်း အချစ်ဆုံးပါပဲ။ ပွဲတက်တဲ့ နေရာတကာ ခေါ်သွားတယ်။
ပြောရရင် ပွဲထုတ်တယ်ပေါ့။သူငယ်ချင်းတွေနဲ့ တွေ့ တဲ့ အခါလည်း မိတ်ဆက်ပေးပြီး ဂုဏ်ယူနေတက်တယ်။
ဒါကြောင့် ကုန်သည်ကြီးက ဒီဇနီး အနားက ထွက်သွားမှာကိုလည်း စိုးရိမ်တကြီး ဖြစ်နေရှာတယ်။
ဒုတိယမြောက် ဇနီးကိုလည်း ထပ်တူကျ ချစ်ရှာပါတယ်။ ကုန်သည်ကြီးအပေါ်
အလွန်ကောင်းရှာပြီး စိတ်ရှည်သည်းခံကာဆက်ဆံရှာတယ်။ ကုန်သည်ကြီး ဘာပြဿနာ ကြုံကြုံ ဒုတိယ ဇနီးကို အမြဲ တိုင်ပင်ပြီး ၊ ထိုဇနီးကလည်း
အမြဲတမ်း အကြံဥာဏ်တွေပေးတက်တယ်။
အဲ....နောက်ဆုံး နဲ့ ပထမဆုံးသော ဇနီးကတော့ ကုန်သည်ကြီးအပေါ် အလွန်
သစ္စာရှိတဲ့ သူပါပဲ။ ကုန်သည်ကြီးရဲ့  ချမ်းသာကြွယ်ဝမှုစီးပွားရေး တွေကို ထိန်းသိမ်း
ကွပ်ကဲပေးပြီး တစ်အိမ်လုံးကိုလည်း စောင့်ရှောက်ပေးတက်သူပေါ့။ ဒါပေမဲ့ ထိုဇနီးက ချစ်သော်ငြားလည်း
ကုန်သည်ကြီးက သူမကို လုံးဝမချစ်ခဲ့ပါဘူး။ ဂရုလည်း မစိုက်ဘူးပေါ့။
ဒီလိုနဲ့ တစ်နေ့ ရောက်တော့ .. ကုန်သည်ကြီးက ဖျားလေရောတဲ့။ ဖျားတာမှ
အပြင်းဖျား သေနိုင်တဲ့ အဆင့်အထိ ရောက်သွားတယ်။အဲ့ဒီအချိန်မှာ ကုန်သည်ကြီးက ဖျားနေရင်
တွေးတယ်။ ငါဟာ အရမ်းချမ်းသာပြီး ဇနီးလည်း လေးယောက်ရှိတယ်။ ဒါပေမဲ့ ငါသေတဲ့ အခါငါ တစ်ယောက်ထဲပါလား။
ငါ တစ်ယောက်ထဲ သေမင်းဆီသွားရမှာပါလား ဆိုပြီး တွေးတယ်။ အဲ့ဒီအချိန်မှာ ဘေးနားမှာ ရှိနေတဲ့
လေးယောက်မြောက် ချစ်ဇနီးလေးကို မေးရှာတယ်။
“ငါ့ တစ်ဘ၀ လုံးမှာ မင်းကိုသာ အချစ်ဆုံး ။ မင်းအတွက် အကောင်းဆုံးတွေကိုသာ
လုပ်ပေးခဲ့တယ်။ လိုချင်တာ မှန်သမျှ ဖြည့်ဆည်းပေးခဲ့တယ်။ အခု ငါ သေမင်းဆီ သွားတဲ့ အခါ မင်းကော ငါနဲ့ အတူ
လိုက်ပေးနိုင်မလား ။”
“မဖြစ်နိုင်ဘူး ရှင့်..”
လေးယောက်မြောက်ဇနီးက ဆိုတယ်။ ပြီးတော့ ဘာမှ ထပ်မပြောဘဲ ကုန်သည်ကြီး
အနားကနေ ထွက်ပြေးသွားသတဲ့။
ကုန်သည်ကြီးဟာ ထိုဇနီး ဒီလို လုပ်သွားတာကို ကြည့်ပြီး သူ့ ရင်ကို
ဓားနဲ့ ထိုးသလို ခံစားလိုက်ရတယ်။ ဒါပေမဲ့ ခံစားချက် ကိုမြိုသိပ်ပြီးတတိယ ဇနီးကို ပြန်မေးရှာတယ်။
“ငါ မင်းကို တော်တော်လေး ချစ်ခဲ့တယ်။ အမြဲတမ်းလည်း အတူတူ ရှိနေခဲ့တယ်။
အခု ငါ သေမင်းဆီသွားတဲ့အခါ ငါနဲ့  အတူလိုက်ပေးနိုင်မလား “
မလိုက်နိုင်ပါဘူး။ ဒီဘ၀ မှာပဲ ပျော်တယ်။ ရှင်ဆုံးသွားတဲ့ အခါ တခြားတစ်ယောက်နဲ
့ပြန်လက်ထပ်မယ်။ ဒါ ကျမ ဆုံးဖြတ်ချက်ပဲ ။တကယ်ပါပဲ..ကုန်သည်ကြီး နှလုံးသားကို အေးခဲသွားသလို
ခံစားလိုက်ရတယ်။
ဒုတိယ ဇနီးကို ကြည့်လိုက်ပြီး ...
“မင်းနဲ့ ငါဟာ တစ်ယောက်နဲ့ တစ်ယောက် အပြန်အလှန် တိုင်ပင်ပြီး ကူညီခဲ့ကြတယ်။
အခုလည်း မင်း အကူအညီ လိုနေပြီ။ ငါနဲ့ အတူ လိုက်ပေးနိုင်မလား ။”
“စိတ်မကောင်းပါဘူး ရှင် ... ဒီအချိန်မှာ တော့ ရှင်ကို ကျမ မကူညီနိုင်တော့ပါဘူး။
ဒါပေမဲ့ ... အနည်းဆုံးတော့ ရှင့် ဈာပနာကို ကျမ လိုက်ပို့ ပေးနိုင်ပါတယ်။”
ဒီလို ဖြေတာ ကြားလိုက်ရတော့ ကုန်သည်ကြီးဟာ မိုးကြိုးအကြိမ်ကြိမ်ပစ်ချခံလိုက်ရသလို
ပါပဲ။ အရမ်း ၀မ်းနည်းသွားတယ်လေ။
အဲ့ဒီအခါ အသံတစ်ခု ထွက်လာတယ်။
“ကျမ ရှင်နဲ့ လိုက်မယ်။ ရှင် ဘယ်ကို သွားသွား ကိစ္စမရှိဘူး ။ လိုက်ပါမယ်။”
ကုန်သည်ကြီးက သူရဲ့  နောက်ဆုံး ကျန်တဲ့ ဇနီးလေးကို လှမ်းကြည့်လိုက်တယ်။
ပိန်လှီနေပြီး အဟာရ မပြည့်ဝ ဖြစ်နေတဲ့
သူရဲ့ ပထမဆုံး ဇနီးလေးဟာ သူ့ ကို ဘေးနားကနေ ငေးကြည့်နေရှာတယ်။ ဒီတော့မှ
ကုန်သည်ကြီးဟာ ၀မ်းနည်းတဲ့ လေသံနဲ့ ပြောရှာတယ်။
“နောက်ဆုံးတော့ မင်းပဲ ငါနဲ့ အတူ လိုက်ပါပေးနိုင်တယ် ဆိုတာ
ငါ သိလိုက်ရတဲ့ အတွက် ငါ စိတ်ချမ်းသာပါတယ်။” တဲ့
ဒီ ပုံပြင်မှာ ကုန်သည်ကြီးနဲ့ ဇနီးလေးယောက်က ဘာကို ဆိုလိုချင်တာလဲ..?
လေးယောက်မြောက် အချစ်ဆုံးဇနီးလေး
လေးယောက်မြောက် ဇနီးဆိုတာဟာ
ကျနော်တို့  ခန္တာကိုယ်ကို ဆိုလိုတာပါပဲ။ နေ့ ရော ညရော ကိုယ့်ကိုယ် စိတ်ချမ်းသာအောင်
ထားတယ်။မျက်နှာသစ် ၊ သွားတိုက် ၊ သန့် ရှင်းရေး လုပ် ၊ လိုက်ဖက်တဲ့ အ၀တ်အစားတွေ ဆင်ပေး။
ပုံပြင်ထဲက လေးယောက်မြောက်ဇနီးလေးကို ဂရုစိုက်သလိုပေါ့။ဒါပေမဲ့ ကံဆိုးစွာပဲ.. ဒီခန
္တာကိုယ်ကြီးက ကျနော်တို့ ဘ၀ တပါးကို ကူးပြောင်းကြတဲ့အခါ အတူတူ လိုက်မပါပေးနိုင်တော့ဘူး။
နောက်ဆုံး ထွက်သက်မှာပဲ ဒီ ကိုယ်ဂရုစိုက်လှပါတယ် ဆိုတဲ့ ခန္တာကိုယ်ကြီးကို ထားသွားကြရတယ်။
ဒါဟာ ကျနော်တို့ သိပ်သဘောကျ ဂရုစိုက်တယ် ဆိုတဲ့ ခန္တာ ကိုယ်ကြီးရဲ့  ဦးတည်ရာက ဒီလောက်ပါပဲ။
လာတုန်းကလည်း ဗလာ သေတော့လည်း ဗလာဆိုသလိုပေါ့။
တတိယမြောက် ဇနီး
ငါတို့ အတွက် တတိယမြောက် ဇနီးကကော ... ကျနော်တို့ ပိုင်ဆိုင်မှုတွေပေါ့။
ကျနော်တို့ ချမ်းသာ ကြွယ်ဝမှုတွေ ၊ ဂုဏ်ဒြပ်တွေ ။ ကျနော်တို့  သေဆုံးတဲ့ အခါ သူတို
့လည်းတခြားတပါးကို ရောက်သွားကြတာပါပဲ။
ဒုတိယမြောက် ဇနီး
ဒုတိယမြောက် ဇနီးဆိုတာကတော့ ကျနော်တို့ မိသားစုနဲ့ မိတ်ဆွေတွေပါ။
ဘယ်လိုပဲ အနီးအနားမှာ အတူတူ ရှိနေပါစေ ။ နောက်ဆုံးမှာတော့ ကိုယ့်
ဈာပနကိုပဲ လိုက်ပို့ နိုင်တဲ့ သူတွေပဲလေ။
နောက်ဆုံး ဇနီး
နောက်ဆုံး ဇနီးကတော့ ကျနော်တို့ စိတ်ပါပဲ။ ဥစ္စာ ပစ္စည်းတွေနောက်
တစ်ကောက်ကောက်ပါအောင် လိုက်ခဲ့တယ်။
အောင်မြင်မှု ၊ ကျော်ကြားမှုတွေ အတွက် စိတ်ခံစားချက်ကို လျစ်လျူရှုပြီးတော့ပေါ့။
နောက်ဆုံး ကိုယ်နဲ့ ပါလာနိုင်တာက စိတ်ပါပဲလေ။
အားလုံးဆင်ခြင် နိုင်ကြပါစေ။
လင်းတန်ဆောင်
Monday, September 30, 2013
အမျိုးသမီး များ အတွက်
သင်ဟာ အလုပ်လုပ်နေတဲ့ မိန်းမလား.. ?
အိမ်ထောင်ရှင်မလား?
အမျိုးသမီး က ပြန်ဖြေလိုက်တယ်။
Thursday, September 19, 2013
ပုံပြင်တိုလေး သုံးခု
တခါက ရွာသားတွေဟာ မိုးခေါင်တဲ့ အတွက် ဆုတောင်းပွဲလုပ်ဖို့ ဆုံးဖြတ်လိုက်တယ်။
ဆုတောင်းတဲ့ နေ့ ရောက်တော့ အားလုံးစုကြတဲ့အခါ ကောင်လေး တစ်ယောက်ပဲ
ထီးယူလာခဲ့တယ်တဲ့။
ဒါဟာ ကိုးကွယ်မှု တဲ့ ။
Wednesday, September 18, 2013
မိမိကိုယ်ကိုယ် ဂရုစိုက်ဖို့ အဆင့်၁၂ချက်

(၁) တစ်ခုခုမှားနေပြီလို့ ခံစားရရင် ထပ်မလုပ်ပါနဲ့ တော့။
အဲ့ဒီအရာကို လုပ်လိုက်လို့ စိတ်ထဲမှာ နေရတာ အဆင်မပြေဖြစ်နေရင် ။
စိတ်မချမ်းသာတော့ ရင် ထပ်မလုပ်ပါနဲ့ တော့။ မိမိ စိတ်ပင်ပန်းမှုပဲ ရှိပါလိမ့်မယ်။
Sunday, September 1, 2013
အောင်မြင်မှုရဲ့  နောက်ကွယ်ကို ကြည့်ပါ
ကုမ္မဏီ ကြီး တစ်ခုကို လူငယ်လေးတစ်ယောက်ဟာ မန်နေဂျာ ရာထူးအတွက် အလုပ်လာလျှောက်ပါတယ်။ သူဟာ အရင်ဆုံး အင်တာဗျူးတွေ ကို ဖြေဆိုအောင်မြင်ပြီးအခု ကုမ္မဏီရဲ့  ဒါရိုက်တာနဲ့  နောက်ဆုံး အင်တာဗျုး တစ်ခုကို ဖြေရမဲ့ အချိန်ဖြစ်ပါတယ်။ဒါရိုက်တာဟာ ထိုလူငယ်ရဲ့  CV ကို ကြည့်ပြီး သူ့ ရဲ့  ပညာရေးနောက်ခံ တွေ က တော်တော်လေး ကောင်းတာကို တွေ့ လိုက်ရတယ်။ ဒီတော့ သူက ထိုလူငယ်လေးကို မေးလိုက်တယ်။
“ဒီလိုကျောင်းတွေမှာ ပညာသင်ဖို့  စကောလားရှစ်တွေ ဘာတွေများ ရခဲ့သေးသလား ?”
“မရခဲ့ပါဘူး”
"ဒါဆို မင်းအဖေက မင်းကို ဒီလို ကျောင်းတွေ တက်ဖို့ ထောက်ပံ့ပေးခဲ့တာပေါ့။"
“ကျနော် ငယ်ငယ် ကထဲက အဖေက ဆုံးသွားတယ်ခင်ဗျ ။ ဒီကျောင်းတက်ဖို့  စားရိတ်တွေ အားလုံးကို မေမေ ကပဲ ထောက်ပံ့ပေးတာပါ။” လို့  ပြန်ဖြေ လိုက်တယ်။
“မင်း အမေ ဘယ်မှာ အလုပ်လုပ်သလဲ ?”
“အမေက အ၀တ်လျှော်တဲ့ အလုပ်လုပ်ပါတယ်”
ဒါနဲ့ ဒါရိုက်တာက ထိုလူငယ်လက်ဖ၀ါးတွေ ကို ဖြန့် ပြဖို့  တောင်းဆိုလိုက်တယ်။ လူငယ်လေးရဲ့ လက်ဖ၀ါး တစ်စုံလုံးဟာ ချောမွေ့ ပြီး အနာအဆာ မရှိတာကို တွေ့ ရတယ်။
Tuesday, July 2, 2013
အမျိုးသား နဲ့ အမျိုးသမီး ဘာတွေ ယှဉ်မလဲ ?
#စွမ်းဆောင်ရည်တိုင်းတာချက်
အမျိုးသမီးများဟာ တစ်ပြိုင်နက် အလုပ်များစွာ လုပ်နိုင်စွမ်းရှိပါတယ်။
အမျိုးသမီးများရဲ့  ဦးနှောက်ဟာ အချိန်ခဏလေး အတွင်းမှာ လုပ်ငန်း ဆောင်တာ များစွာကို လုပ်ဆောင်နိုင်တဲ့ ပုံစံအဖြစ် ဖန်တီး ထားပါတယ်။
တီဗီကြည့်ရင်း ဖုန်းပြောနိုင်သလို ထို့ အတူ ချက်ပြုတ်ရေး ပါ တပါးတည်း လုပ်ဆောင်နိုင်ပါတယ်။
အမျိုးသားများဟာ တစ်ကြိမ်မှာ အလုပ်တစ်ခုထဲကိုပဲ လုပ်ဆောင်နိုင်ပါတယ်။
အမျိုးသားများရဲ့  ဦးနှောက်ဖွဲ့ စည်းပုံအရ တစ်ချိန်မှာ အလုပ်တစ်ခုကိုပဲ အာရုံစိုက်လုပ်ဆောင်ဖို့ ဖန်တီးထား ဖြစ်ပါတယ်။ ဖုန်းပြောနေရင် တီဗီမကြည့်မနိုင်သလို ၊ တီဗီပိတ်ပြီးမှ ပြောလိုတာကို ပြောနိုင်တာပါ။ အလုပ်တစ်ခုကို တစ်ချိန်မှာ တစ်ခါပဲ လုပ်ဆောင်နိုင်ပြီး မတူညီနဲ့  အလုပ်အများကြီးလုပ်ဖို့ မစွမ်းသာပါဘူး။
Saturday, June 29, 2013
ဘီစကွတ် မီးကျွမ်းလေးတွေ
အဲ့ဒီတုန်းက ကျနော်က ကလေးငယ်ငယ်လေး တစ်ယောက်အရွယ်ပဲ ရှိပါသေးတယ်။ ကျနော့်
မေမေက နေ့ စဉ် အိမ်မှု ကိစ္စတွေ လုပ်ရင်း တစ်နေ့ တာ အချိန်တွေကို ကုန်ဆုံးတက်တဲ့ အိမ်ရှင်မ တစ်ယောက်ပါ။
ကြာတော့ ကြာခဲ့ပြီ ..။ဒီလိုပဲ ညဦးပိုင်း အချိန်လေးမှာ .. မေမေဟာ မိသားစုအတွက် ညစာကို ပြင်ဆင်ပေးနေခဲ့တယ်။
ကြက်ဥကြော်ရယ် ၊ ၀က်အူချောင်းရယ် ပြီးတော့ တော်တော်ကြီး တူးနေတဲ့ ဘီစကွတ်မုန့် တွေကို ညစာအတွက် မိသားစု စားပွဲဝိုင်းမှာချပေးခဲ့တယ်။ ဘယ်သူများ ဒါကို သတိပြုမိကြမလဲ ဆိုပြီး ကျနော် စောင့်ကြည့်နေခဲ့တာကိုလည်း အမှတ်ရပါသေးတယ်။
ဖေဖေဟာ ဒီမီးကျွမ်းနေတဲ့ ဘီစကွတ်မုန့် တွေကို မြင်သွားတယ်။ ဒါပေမဲ့ ဘာမှမဖြစ်သလိုပဲ.. မေမေ့ ကို ပြုံးပြလိုက်ပြီး ဒီနေ့  ကျနော် ကျောင်းမှာ ဘယ်လိုလဲ ဆိုတာတွေ မေးနေတာပါ။ အဲ့ဒီညက ဖေဖေ ဘာတွေ ပြောသလဲဆိုတာကို သေချာတော့မမှတ်မိတော့ပါဘူး။ ဘီစကွတ်တွေကို ထောပတ်နဲ့  တို့ ပြီး မိန်ရေ ယှက်ရေ စားလိုက်တာကိုတော့ တွေ့ ပါတယ်။
ဒီလိုနဲ့ ညစာ စားပွဲ အပြီး ကျနော်လည်း ဗိုက်ဝလို့ စားပွဲကနေ ထတော့ မေမေက ဖေဖေ့ကို ဘီစကွတ်မီးကျွမ်းသွားတဲ့ အတွက် တောင်းပန်နေတာကို တွေ့ လိုက်ရတယ်။ ဖေဖေ က မေမေ့ ကို ပြန်ပြောလိုက်တာကို ကျနော် မမေ့ ပါဘူး။
အို အချစ်ရယ်.. ကိုက မီးကျွမ်းနေတဲ့ ဘီစကွတ်ကို ကြိုက်ပါတယ် တဲ့။
ဒီလိုနဲ့ ညပိုင်း ကျနော် အိပ်ရာ ၀င်တော့ ဖေဖေ့ကို အနမ်းလေးပေးပြီး ... မေးခွန်းလေးမေးခဲ့တယ်။
ဖေဖေ ဘီစကွတ်မီးကျွမ်းကို တကယ် ကြိုက်တာလား ဆိုပြီးတော့လေ။ ဖေဖေက ကျနော့်ကို လက်မောင်းနဲ့ ပွေ့ ဖက်ပြီး ပြောပြခဲ့တယ်။ သားမေမေက တစ်နေ့ လုံး အိမ်အလုပ်တွေ မနားတမ်း လုပ်နေရတာ..တကယ်ပင်ပန်းပါတယ်။ ဒါပေမဲ့ အဲ့ဒီထက် ဘီစကွတ်ကို မီးကျွမ်းတာလေးနဲ့  ဘယ်သူ့ ကိုမှ စိတ်ထိခိုက်မှု တွေ မဖြစ်စေချင်ဘူးတဲ့ လေ။
Fred Rangoon. Powered by Blogger.
Life always goes on
About Me
About Me
Fred Rangoon
Alis - Freddy
Alis - Freddy
Blogger , Writer ,Techie , Digital Marketer ,Contact : tazaung.pr@gmail.com
Freelance Graphic Designer , Photographer
Traveller , Marketing Consultant , Idea Creator, Learner .
and Home-made chef
Search This Blog
Blog Archive
-
▼
2017
(4)
- ► 03/12 - 03/19 (2)
- ► 02/12 - 02/19 (1)
-
►
2016
(6)
- ► 10/16 - 10/23 (1)
- ► 07/31 - 08/07 (1)
- ► 04/17 - 04/24 (1)
- ► 02/07 - 02/14 (1)
- ► 01/31 - 02/07 (1)
- ► 01/10 - 01/17 (1)
-
►
2015
(17)
- ► 11/29 - 12/06 (1)
- ► 10/04 - 10/11 (1)
- ► 09/27 - 10/04 (1)
- ► 08/30 - 09/06 (2)
- ► 08/23 - 08/30 (3)
- ► 08/16 - 08/23 (1)
- ► 08/09 - 08/16 (1)
- ► 07/05 - 07/12 (3)
- ► 03/29 - 04/05 (2)
- ► 03/01 - 03/08 (1)
- ► 02/08 - 02/15 (1)
-
►
2014
(20)
- ► 12/21 - 12/28 (1)
- ► 11/30 - 12/07 (1)
- ► 09/07 - 09/14 (1)
- ► 08/24 - 08/31 (1)
- ► 08/10 - 08/17 (1)
- ► 07/27 - 08/03 (1)
- ► 07/13 - 07/20 (1)
- ► 06/29 - 07/06 (1)
- ► 06/22 - 06/29 (1)
- ► 05/18 - 05/25 (2)
- ► 05/04 - 05/11 (1)
- ► 04/27 - 05/04 (1)
- ► 04/20 - 04/27 (4)
- ► 04/13 - 04/20 (1)
- ► 03/30 - 04/06 (1)
- ► 01/19 - 01/26 (1)
-
►
2013
(52)
- ► 12/15 - 12/22 (1)
- ► 11/24 - 12/01 (1)
- ► 11/10 - 11/17 (2)
- ► 10/27 - 11/03 (1)
- ► 09/29 - 10/06 (2)
- ► 09/22 - 09/29 (1)
- ► 09/15 - 09/22 (4)
- ► 09/01 - 09/08 (1)
- ► 08/25 - 09/01 (1)
- ► 08/18 - 08/25 (1)
- ► 07/28 - 08/04 (1)
- ► 07/07 - 07/14 (2)
- ► 06/30 - 07/07 (2)
- ► 06/23 - 06/30 (1)
- ► 06/09 - 06/16 (4)
- ► 06/02 - 06/09 (1)
- ► 04/21 - 04/28 (1)
- ► 04/14 - 04/21 (3)
- ► 03/31 - 04/07 (4)
- ► 03/24 - 03/31 (4)
- ► 03/17 - 03/24 (3)
- ► 03/10 - 03/17 (1)
- ► 03/03 - 03/10 (3)
- ► 02/24 - 03/03 (3)
- ► 02/03 - 02/10 (1)
- ► 01/27 - 02/03 (3)
Labels List Numbered
- Food (2)
















