Thursday, November 28, 2013

Love And Marriage



အချစ်ဆိုတာ ဘာလဲ..?


ကျောင်းသားလေးက သူ့ ဆရာကို မေးတယ်။


ဆရာကပြောတယ်။

"မင်းမေးခွန်းရဲ့ အဖြေကို သိရဖို့  အခု ချက်ချင်း ဂျုံခင်း တစ်ခင်းကို သွား။
ပြီးတော့ ဂျုံခင်းထဲက အကြီးဆုံး ဂျုံစေ့ပါတဲ့ အပင်ကို ခူးခဲ့။ စည်းကမ်းချက် တစ်ခုတော့ ရှိတယ် ။
အရှေ့ ကိုတည့်တည့်သွာပြီး အကြီးဆုံး ဂျုံပင်ကို တစ်ကြိမ်ပဲ ရွေးပါ။ နောက်ပြန်လှည့်ပြီး တော့ မခူးမိစေနဲ့ "


ကောင်လေးက ဂျုံခင်းကို သွားပြီး သူ့ ဆရာပြောတဲ့အတိုင်း အကြီးဆုံး ဂျုံပင်ကိုရှာတယ်။
ပထမ ဂျုံခင်းကိုတွေ့ တော့ ဂျုံပင်ကြီးတစ်ပင်ကိုတွေ့ တယ်။ ဒါပေမဲ့ ဒီတစ်ပင်ကို မရွေးဘဲ နောက်ထပ်ကြီးတဲ့
အပင်များတွေ့ အုံးမလားဆိုပြီး ဆက်ရှာတယ်။ 


ဒီအပင်ထက် ကြီးတာ ရှိအုံးမှာပါ ။ ဒီထက် ကြီးတာ ရှိနေအုံးမှာပါ ဆိုပြီး ဆက်ရှာတယ်။ ဒီလိုနဲ့ ဆက်ရှာရင်း
နေ့ တစ်ဝက်ကျိုးသွားတယ်။ရွေးရင်း ရွေးရင် ဂျုံခင်း တစ်ခင်းလည်း ကုန်ခါနီးလာတယ်။
နောက်ဆုံးမှာ သူ သိလိုက်ရတာကသူဟာ အကြီးဆုံး ဂျုံပင်ကို ဆက်ရှာလို့ မရတော့ဘူးလို့  သိလိုက်ရတယ်။ 
စိတ်ထဲမှာလည်း အကြီးဆုံး ဂျုံပင်ကို မရှာနိုင်ကောင်းလား ဆိုပြီး ၀မ်းနည်းရင်းနဲ့ ပေါ့...


ဒီလိုနဲ့  သူ့ ဆရာဆီ လက်ဗလာနဲ့ ပြန်လာခဲ့ရတယ်။


သူ့ ဆရာ ကိုတွေ့ တော့..
ဆရာက သူ့ ကို ရှင်းပြတယ်။

"ဒါဟာ အချစ်ပဲဘ၀မှာ  ကိုယ့်အတွက် အကောင်းဆုံး လူတစ်ယောက်ဆိုပြီး ရှာတယ်။ နောက်ဆုံးတော့ ရှာရင်း ရွေးရင်း..အကောင်းဆုံး ဆိုတဲ့ သူကို  ဆုံးရှုံးလိုက်ရတယ် အဲ့ဒါကို သိလိုက်ရတဲ့ အချိန်မှာ နောက်လှည့်လို့ 
မရတော့ဘူးလေ.. "


"လက်ထပ်ခြင်း ဆိုတာကော ဘာလဲ ဆရာ.." လို့ ကျောင်းသားလေးက မေးတော့။


"အင်း.. ဒါဆိုရင် အခုချက်ချင်း ပြောင်းဖူးခင်းကို သွား။ ပြီးတော့ အကြီးဆုံး ပြောင်းဖူးကို ခူးခဲ့။
ခုနကလိုပဲ.. တစ်ခါဘဲ ရွေးပြီး နောက်ကို လှည့်ပြီး ပြန်ခူးလို့ မရဘူး"


ဒီလိုနဲ့ ကျောင်းသားလေးဟာ ဒီတစ်ခါတော့ သတိကြီးကြီးထားပြီး ပြောင်းဖူးခင်းက အကြီးဆုံးပြောင်းဖူးကို တစ်ခါထဲ ရှာတယ်။ပြီးတော့ ခုနကလို လောဘမကြီးတော့ဘဲ အသင့်တော် ဆုံးကို ဆိုတာကို ရှာလိုက်တယ်။  
သူ့ အတွက် အကောင်းဆုံးလို့ ထင်ရတဲ့ အခါ စိတ်ချလက်ချ ခူးလိုက်ပြီး သူ့ ဆရာဆီ ပြန်လာခဲ့တယ်။


"အင်း..အဲ့ဒါပဲ လက်ထပ်ခြင်း ဆိုတာ..ပထမဆုံး ကိုယ့်အတွက် သင့်တော်မယ် လို့ ထင်တဲ့ဟာကို ရွေးတယ်။
ပြီးတော့ အဲ့ဒါကို အကောင်းဆုံးလို့ မှတ်ယူလိုက်တယ်။ ဒါဟာ လက်ထပ်ခြင်း " တဲ့။


Src :Internet
Lynn Ta Zaung

Fred Rangoon. Powered by Blogger.

Life always goes on

About Me

Fred Rangoon

Alis - Freddy

Blogger , Writer ,Techie , Digital Marketer ,
Freelance Graphic Designer , Photographer
Traveller , Marketing Consultant , Idea Creator, Learner .
and Home-made chef

Contact : tazaung.pr@gmail.com

Search This Blog

Blog Archive

Labels List Numbered

Instagram

recent posts

Pages

Follow us

Photo Profile
Taylor Wong Architecture Designer

The Japanese call it Hanakotoba, and King Charles II brought it to Sweden from Persia in the 17th century. Read More

Popular Gallery