Friday, August 23, 2013

Freelance လုပ်ကြမလား ?

Freelance လုပ်ကြမလား ?

August 23, 2013 at 7:54pm
အမေရိကန် နိုင်ငံသား အလုပ်သမား သုံးယောက်မှာ တစ်ယောက်နှုန်းဟာ Freelance အလုပ်ကို လုပ်ကိုင်ကြတယ်တဲ့။ ၀ီကီဆိုက်မှာ ဖော်ပြထားချက်အရ  အများစုကတော့ အမျိုးသမီးတွေ လို့ သိရတယ်။



Freelance ဆိုတာ ဘာတဲ့လဲ ?

Freelance ဆိုတာ နားလည်အောင် ပြောရရင်တော့ ကိုယ်တိုင် Project ရှာပြီး အချိန်ပိုင်း ဒါမှမဟုတ် ကိုယ်လုပ်လိုတဲ့ အချိန်မှာ သူတို့  ပေးတဲ့ အချိန်အတောအတွင်း ဒါမှမဟုတ် သတ်မှတ်ထားတဲ့ ထုတ်ကုန် တစ်ခုကို ထုတ်လုပ်ဖို့ မိမိ အဆင်ပြေတဲ့ နေရာမှာ လုပ်လို့ ရတဲ့ အလုပ်လို့ လည်း ပြောလို့ ရတယ်။ အဲ့ဒီအတွက် မိမိဘက်က အရင်းအနှီးမများတဲ့ အပြင် မိမိ အဆင်ပြေတဲ့ အချိန်မှာ လုပ်နိုင်တာပါပဲ။  ရုံးတက် ရုံးဆင်း၊ ရုံးချိန်အတိအကျ လုပ်စရာမလိုတဲ့ အလုပ်မျိုးကို ဆိုလိုတာလည်း ဖြစ်ပါတယ်။ ဒါကြောင့် မိမိ အဆင်ပြေရင် ပြေသလို၊ အချိန်ပေးနိုင်ရင် ပေးနိုင်သလို လုပ်နိုင်တဲ့ အလုပ်မျိုး ဖြစ်ပါတယ်။

Freelancing is one of the easiest, fastest, and lowest cost ways to start working for yourself.


တစ်ချို့ ကတော့ ကုမ္မဏီလို နေရာကနေ အလုပ်လုပ်မဲ့ သူတွေကို လိုအပ်တဲ့ အချိန်မှာ လိုအပ်တဲ့ ဖောက်သည်တွေနဲ့ ချိတ်ဆက်ပြီး လုပ်ကိုင်နိုင်တဲ့ အလုပ်တစ်ခု အနေနဲ့ လုပ်ကိုင်ကြတာ ရှိပါတယ်။ ဒီလို အလုပ်မှာတော့ လုပ်မဲ့သူ နဲ့ သူ ရဲ့ ကျွမ်းကျင်မှုသာ လိုပြီး ဖောက်သည်လို့ ခေါ်နိုင်တဲ့ အလုပ်ရှင်တွေ အပ်တဲ့ အလုပ်ကို သတ်မှတ်ချိန် အတွင်းပုပ်ပြတ် လုပ်ပေးကြရတာမျိုး ပါ။ ဒီအတွက် ကိုယ့်ရဲ့   အလုပ်အပေါ်စီမံခန့် ခွဲတဲ့ HR တို့  Project Manager တို့ ရှိမှာမဟုတ်ပါဘူး ။ သတ်မှတ်ချိန်မှာ အရည်အသွေး ကောင်းတဲ့ Outcome တစ်ခု ထွက်ပေါ်လာဖို့  ကိုယ်တိုင် ကြိုးစားပြီး ဖန်တီးနိုင်ရမှာ ဖြစ်ပါတယ်။ အဲ့ဒီအတွက် ထိုက်သင့်တဲ့ လုပ်အားခ ကို ကိုယ်တိုင်ညှိပြီး ကြိုက်မှ လုပ်နိုင်ပါတယ်။

Fred Rangoon. Powered by Blogger.

Life always goes on

About Me

Fred Rangoon

Alis - Freddy

Blogger , Writer ,Techie , Digital Marketer ,
Freelance Graphic Designer , Photographer
Traveller , Marketing Consultant , Idea Creator, Learner .
and Home-made chef

Contact : tazaung.pr@gmail.com

Search This Blog

Blog Archive

Labels List Numbered

Instagram

recent posts

Pages

Follow us

Photo Profile
Taylor Wong Architecture Designer

The Japanese call it Hanakotoba, and King Charles II brought it to Sweden from Persia in the 17th century. Read More

Popular Gallery