Showing posts with label မှတ်သားဖွယ်ရာ. Show all posts
Showing posts with label မှတ်သားဖွယ်ရာ. Show all posts
Wednesday, February 3, 2016
Accidental Entrepreneurs - Run Safe App
ဇန်နဝါရီလ ၂၀၁၄ ခုနှစ်တုန်းက Violet Alexander ဟာ သူမ သားလေးကို တွန်းလှည်းလေးမှာ ထည့်ပြီး အပြင်ကို ထွက်လာခဲ့ပါတယ်။သူမ နေထိုင်ရာ Colo မြို့ က လူသိများတဲ့ မြို့ ပတ်လျှောက်လမ်းအတိုင်း လျှောက်လာခဲ့တဲ့ အချိန်မှာရုတ်တရုတ်ချော်လဲပြီးလမ်းဘေးမှာရှိတဲ့ ရေခဲပြင်ဘက်ကိုရောက်သွားပါတယ်။ ကံကောင်းစွာနဲ့ လုံခြုံရေး ကြိုးမှာ ညှိနေတဲ့အတွက် သူမ နဲ့ ကလေးပါ ပြန်ထလာနိုင်ခဲ့ပါတယ်။
ချက်ချင်းပဲ သူမရဲ့ ယောက်ျားကို ဖုန်း Message လှမ်းပို့ ပြီး သူမဖြစ်နေတာတွေကိုပြောပြပါတယ်။ ပြီးတော့ သူမ အိမ်ကိုပြန်နေတယ် ဆိုတဲ့ အကြောင်းကိုပါ ရေးပို့ ခဲ့ပါတယ်။
ကံဆိုးတာက သူမယောက်ျား ဖုန်းပြန်ခေါ်တဲ့ အခါ သူမဖုန်းပြန်မဖြေနိုင်တော့ပါဘူး ။ ဒီတော့ စိတ်တွေ ပိုပူလာခဲ့ပါတယ်။
"ဖုန်းဆက်တဲ့အချိန်တိုင်း ဖုန်းပြန်မကိုင်တဲ့ အခြေအနေမှာ ကျနော့် စိတ်တွေ ထိန်းလို့ လုံးဝမရတော့ပါဘူး။"
Wednesday, January 13, 2016
မေမေ့ ဆီက သင်ယူခဲ့တဲ့ ဘဝအကြောင်းအရာများ
ကျွန်တော် ရဲ
့ မေမေဟာ ကျနော် သိသမျှလူတွေထဲမှာ စမတ်အကျဆုံး သူတစ်ယောက်ပါ ။ မေမေ့ရဲ့ အလုပ် အကိုင်
ကောင်းတာကြောင့်နဲ့ ပညာရေးမြင့်မားမှုကြောင့်လည်း မဟုတ်ပါဘူး။ မေမေ့ရဲ့  ဘဝအတွေ့ အကြုံတွေ
ကြောင့်ပါ။ ကျနော် ငယ်ငယ်တုန်းက မေမေ့ရဲ့ အမြင်တွေ အတွေးအခေါ်တွေ ဘဝ အတွေ့ အကြုံတွေကို
နားထောင်ရင်း ကြီးပြင်းခဲ့ရပါတယ်။ ရိုးရိုးသားသားပြောရရင် မေမေ့ရဲ့  ဖေးမမှုစကားတွေကြောင့် ဒီနေ့ မှာ လူတော် တစ်ယောက်
ဖြစ်လာခဲ့တာပါ။
မေမေဆုံးမတဲ့
စကားတွေကို နားထောင်မှတ်သားရင်း ကလေးဘဝကို ကြီးပြင်းခဲ့တဲ့ အခိုက် မေမေ့ရဲ့  အကောင်းဆုံး
အတွေးအခေါ်တွေ ကို စုစည်ထားခဲ့ပါတယ်။ နှစ်အနည်းငယ်ကြာတော့ ကျနော့်ရဲ့ ဒီလုပ်ငန်းစဉ်လေး
ပြီးဆုံးသွားခင်မှာပဲ မေမေဟာ အိပ်ပျော်ရင်း ဆုံးပါးသွားခဲ့ပါတယ်။ ဒီနေ့  မေမေ့ ရဲ့ စိတ်အားတက်ကြွစေတဲ့
စကားလုံးတွေကို မိတ်ဆွေတို့ ကို မျှဝေ ချင်ပါတယ်။ ဒီစကားလုံးတွေက ကျနော့်ဘဝကို မြင့်တင်ပေးခဲ့သလို
..မိတ်ဆွေတို့  ဘဝကိုလည်း မြင့်တင်ပေးမယ်လို့ မျှော်လင့်ပါတယ်။
အနာဂတ်မှာ ရှင်သန်ပါ
၊ အသက်ရှုပါ အတိတ်ကို ထုတ်ပြစ်ပါ ၊ ရှူထုတ်ပြစ်ပါ
Saturday, August 29, 2015
Comfort Zone ကနေ ရုန်းထွက် ပြောင်းလဲကြပါစို့ 
အောင်မြင်မှုကို ဘာနဲ
့တိုင်းတာသလဲ ?
မိမိ ရည်မှန်းချက်
ပြီးမြောက်ခြင်း ၊ ချမှတ်ထားသော အချိန်ကာလတစ်ခုတွင် ပြီးစီးအောင် လုပ်ကိုင်နိုင်ခြင်း
၊ လူသိများခြင်း ၊ မိမိလုပ်ဆောင်ချက်သည် ရေရှည်တည်တံ့နေခြင်း စသဖြင့် လူတိုင်း မိမိ
ကိုယ်ပိုင်စံနှုန်းများဖြင့် အောင်မြင်မှုကို တိုင်းတာ တက်ကြပါတယ်။
သို့ သော် အောင်မြင်မှု
ဆိုသည်မှာ
Wednesday, August 26, 2015
နိုင်ငံခြား ဝန်ထမ်းများလာတဲ့ ရန်ကုန်
မြန်မာနိုင်ငံဟာ
လွန်ခဲ့တဲ့ နှစ်အနည်းငယ်က စပြီး တစ်စတစ်စ ပြောင်းလဲလာပြီ
ဆိုတာ အသေအချာပါပဲ။
နိုင်ငံခြား
ရင်းနှီးမြုပ်နှံ့ မှုတွေ အတော်များများ ဝင်လာပြီးနောက်
ထိုအခြေအနေနဲ့ အတူ နိုင်ငံတကာက ကျွမ်းကျင်ဝန်ထမ်းများINGO
အလုပ်လုပ်ကိုင်ကြတဲ့ နိုင်ငံခြားသားများဟာ ရန်ကုန်မြို့ မှာ အတော်လေး နေရာချလာတာကို
တွေ့ ရပါတယ်။
Friday, August 21, 2015
ရန်ကုန်မြို့  အိမ်ခြံမြေဈေး ဘယ်လိုလဲ ဘာလဲ ?
ရန်ကုန်မြို့ မှာ ၂၀၁၄ နောက်ပိုင်း အိမ်ခြံမြေဈေးကွက်ဟာ မတည်ငြိမ်တဲ့ အခြေအနေမှာ ဖြစ်ပေါ်နေပါတယ်။ဒါဟာ ဘာကြောင့် ဆိုတော့ ရန်ကုန်မြို့ တွင်းမှာ တိုက်တန်း နဲ့ ကွန်ဒို အခန်းများ ဆောက်လုပ်မှုဟာ အဆမတန် များလာပါတယ်။ ဒါ့အပြင် အစိုးရကလည်း အိမ်ခြံမြေ ရောင်းဝယ်ခြင်းကို အခွန်အတော်များများ ကောက်ခံတဲ့ အတွက် ကြောင့်လည်း ပါပါတယ်။
Monday, August 10, 2015
Mobile App လုပ်တော့မယ်ဆိုရင် App Icon ကို ဘယ်လိုအရောင် သုံးရင်ကောင်းမလဲ?
အပြာရောင်
အပြာရောင်ဟာ လူကြိုက်အများဆုံးနဲ့ တကမ္ဘာလုံးမှာ အသုံးအများဆုံး အရောင်လည်း ဖြစ်ပါတယ်။ ဒါကြောင့် Apps ထုတ်လုပ်တဲ့ နေရာမှာလည်း တွင်တွင်ကျယ်ကျယ်အသုံးပြုတက်ကြပါတယ်။
တကယ်တမ်းတော့
သင့်မိုဘိုင်းဖုန်းကို ဖွင့်ပြီး App တွေကို ကြည့်လိုက်ရင် အရင်ဆုံးထင်းခနဲ
မြင်ရမှာကအပြာရောင်နဲ့ လုပ်ထားတဲ့ App တွေကိုပါ။ အပြာရောင်ဟာ နိုင်ငံတကာသုံး အရောင်လည်း
ဖြစ်ပြီးတော်တော်များများက သူတို့ ကုန်ပစ္စည်းတွေကို ခိုင်မာမှုနဲ့ ယုံကြည်မှု ခံစားချက်ကို ပေးစေလိုတဲ့
အခါမှာ အသုံးပြုတက်ကြပါတယ်။
မြင်ရမှာကအပြာရောင်နဲ့ လုပ်ထားတဲ့ App တွေကိုပါ။ အပြာရောင်ဟာ နိုင်ငံတကာသုံး အရောင်လည်း
ဖြစ်ပြီးတော်တော်များများက သူတို့ ကုန်ပစ္စည်းတွေကို ခိုင်မာမှုနဲ့ ယုံကြည်မှု ခံစားချက်ကို ပေးစေလိုတဲ့
အခါမှာ အသုံးပြုတက်ကြပါတယ်။
Wednesday, April 1, 2015
အသံလှိုင်းဖြင့် မီးငြိမ်းနိုင်တော့မည်
George Mason တက္ကသိုလ်မှာ တက်နေတဲ့ အင်ဂျင်နီယာ ကျောင်းသား နှစ်ယောက် ဖြစ်တဲ့ Robertson နဲ့  Viet Tran တို့ ဟာ လောင်နေတဲ့ မီးတောက်ကို မိမိတို့  ဖန်တီးထားတဲ့ အသံလှိုင်း ကိရိယာ နဲ့ ငြိမ်းသက်နိုင်ဖို့  ဖန်တီးခဲ့ကြပါတယ်။
Friday, December 26, 2014
Potluck ဆိုတာ ဘာလဲ ?
အနောက်တိုင်း နိုင်ငံတွေမှာတော့ Potluck Party , Potluck ယဉ်ကျေးမှု ဆိုတာ ရှိပါတယ်။ Potluck ဆိုတာကတော့ လူတွေ တစ်နေနေရာမှာ တွေ့ ဆုံကြတယ်။ပြီးတော့
Tuesday, August 12, 2014
အချိန်ပေးပါ
ကျနော့် အိမ်ထောင်သက် ၂၁ နှစ်လောက် အကြာမှာ ကျနော့်မိန်းမက ကျနော့်ကို
အခြားမိန်းမတစ်ယောက်နဲ့ အပြင်ထွက် ညစာ စားပြီး ရုပ်ရှင်တွေ အတူတူ ကြည့်ဖို့ ပြောလာပါတယ်။
ရှင့်ကို ကျမ ချစ်ပါတယ် ။
ဒါပေမဲ့ တခြားမိန်းမတစ်ယောက်ကလည်း ရှင့်ကို ထပ်တူချစ်တယ် ဆိုတာ ကျမသိပါတယ်။
ဒီတော့ ရှင့်ကို ချစ်တဲ့ သူမ နဲ့ လည်း ရှင်အချိန်တွေ ဖြုန်းသင့်တယ်လို့  ကျမ ထင်တယ်။
Sunday, December 15, 2013
အသက်၂၅ နှစ်မှာ သင်ယူရမဲ့ အရာ ၂၅ ခု
- သူများတွေကို ပြောင်းလဲဖို့ မကြိုးစားမိပါစေနဲ့ ။ သူတို့ မှာ ရှိတဲ့ နဂို အရည်အချင်းကို လက်ခံရင် လက်ခံပါ။ ဒါမှမဟုတ် ကိုယ် သဘောကျတဲ့ အရည်အချင်း ရှိတဲ့သူတွေကိုသာ ရှာပါ။
- ချစ်သူ ရည်းစား မရသေးခင်မှာ မိမိကိုယ်ကို ချစ်တက်ဖို့ သင်ယူပါ။
ကိုယ့်ရဲ့ လှပ ခန့် ညားမှုကို ပိုင်ဆိုင်လိုတဲ့ သမီးရည်းစားမျိုးကို လက်မခံသလို။ ကိုယ်တိုင်လည်း ဒီစိတ်နဲ့ မရှာဖွေပါနဲ့ ။
ဒါဟာ သင့်ကို ယုံကြည်မှု ရရှိစေမှာ မဟုတ်ပါဘူး။
- မိသားစုဝင် ဖြစ်ဖြစ် ၊ မိတ်ဆွေ ဖြစ်ဖြစ် ၊ တစ်စုံတစ်ယောက်ကို ဖြစ်ဖြစ် ချစ်တယ် ဆိုရင် ဖွင့်ပြောပါ။ နောက်ကျတယ် ဆိုတာမရှိပါဘူး။
- မိဘတွေနဲ့ အချိန်တွေ ဖြုန်းပေးပါ။ သင်အသက်အရွယ်ကြီးရင့်လာသလို ၊ သူတို့ တွေလည်း အတူတူပါပဲ။
-ဘေးပတ်ဝန်းကျင်က တစ်ယောက်ယောက် စေ့စပ်ခြင်း ၊ လက်ထပ်ခြင်း တွေ ပြုလုပ်တဲ့ အခါမှာ သင့်မှာ ရည်းစားမရှိသေးရင်လည်း
ကိစ္စမရှိပါဘူး။ အဲ့ဒီလိုမျိုး အချိန်မှာ အဲ့ဒီလိုမျိုး လက်ထပ်ရမယ် ဆိုပြီး မိမိကိုယ်ကိုယ် သတ်မှတ်မထားပါနဲ့ ။ အေးဆေးပေါ့။
- အသက်ကြီးပြီး ပင်စင်ယူမှ ပိုက်ဆံစုပြီး ကမ္ဘာပတ်မယ် ၊ ခရီးထွက်မယ် ဆိုတဲ့ အချိန်ကို မစောင့်ပါနဲ့ ။
သင် ငယ်ရွယ်ပြီး ၊ သွားလာနိုင်တုန်းမှာ လုပ်ပါ။ သွားပါ။ သင် ပင်စင်ယူတဲ့ အချိန်အထိ အသက်ရှည်မယ်လို့ ဘယ်သူမှ မသိနိုင်ဘူးလေ။
- ကံဆိုးတဲ့ နေ့ ဆိုတာ အမြဲမရှိသလို ။ ကံကောင်းတဲ့ နေ့ ကလည်း အမြဲမရှိနိုင်ပါဘူး။
ကံဆိုးတဲ့  အချိန်ကိုလည်း ဘယ်လိုကျော်ဖြတ်ရမလဲ ဆိုတာကို သင်ယူပြီး ၊ ကံကောင်းတဲ့ အချိန်တွေကိုလည်း ချစ်မြတ်နိုးတက်ပါစေ။
- မိမိဘ၀ကို အချိန်ဇယားကြီး အတိုင်း အစီအစဉ်မချပါနဲ့ ။ သင့်ဆန့် သော လက်က ဘယ်တော့ ကွေးမလဲ ဆိုတာ မသိနိုင်ပါဘူး။
- ကိုယ်နဲ့ အတူ ဘ၀ဇာတ်ခုံကြီးမှာ ကစားခဲ့ဖူးတဲ့ သူတွေကို ကောင်းကောင်းဆိုးဆိုး ဘယ်တော့မှ မမေ့ပစ်ပါနဲ့ ။
သူတို့ နဲ့ အတူတူသင်ယူရင်း သင်ရင်ကျက်မှုတွေ ရရှိလာတာပဲ ဖြစ်ပါတယ်။
- သင် ထိန်းချုပ်လို့ မရနိုင်တဲ့ သင့်ဘ၀အခြေအနေအပေါ် စိတ်ဖိစီးမှု အများကြီး မထားပါနဲ့ ။ လွယ်လွယ်ကူကူ ပြီးဆုံးနိုင်ပေမဲ့
ငယ်ရွယ်တဲ့ အချိန်မှာ လက်ခံနိုင်ဖို့ သင်ယူရမှာ ဖြစ်ပါတယ်။ ဘ၀ဆိုတာ လွယ်ကူဖို့ ကြီးပဲ ဖြစ်လာတာ မဟုတ်ပါဘူး။
- သင့်ဘ၀ ကို သူများတွေရဲ့  ဘ၀နဲ့ သွားမယှဉ်ပါနဲ့ ။ သင်ပျော်ရွင်ရမှာ မဟုတ်ပါဘူး။
- ပစ္စည်းဥစ္စာကို တွယ်တာမှုထက် သတိတရားကို ခိုင်မြဲထားပါ။
- အလှပြင်ပြီးနေတဲ့ အခိုက်ထက် သဘာဝအတိုင်းနေတဲ့ အချိန်မှာ ပိုပြီး ငြိမ်းချမ်းမှု ရရှိဖို့ သင်ယူပါ။
သင့်မျက်နှာမှာ ၀က်ခြံတွေ ရှိရင်ရင်လည်း အဆင်ပြေသွားပါလိမ့်မယ်။ ဘယ်သူမှ ခြောက်ပြစ်ကင်း သဲလဲစင်ဆိုတာ မရှိပါဘူး။
- သင့်ကုန်ကျစရိတ်တွေ အတွက် ပေးချေဖို့ ငွေရတဲ့ အလုပ်အပေါ် ကျေးဇူးသိပါ။
- သင်ဟာ သာမန်လူတွေထက် အလုပ်ပိုလုပ်နိုင်တယ် ဆိုရင် သင့်ထက် ကံမကောင်းတဲ့ သူတွေကို ကူညီပေးလိုက်ပါ။
- Social Media က မိုက်ပါတယ်။ ဒါပေမဲ့ သင့်အချိန် အားလုံးကို သွားပြီးတော့ မမြုပ်နှံမိစေနဲ့ ။
- ကိုယ်ချစ်တဲ့ သူအတွက် အကောင်းဆုံး Birthday Wish ကို Facebook Post နဲ့ Text Message ပို့ တာထက်
ကိုယ်တိုင် ဖုန်းခေါ်ပြီး ဆုတောင်းပေးတာ ဒါမှမဟုတ် ဘတ်ဒေးကဒ်လေး ပို့ ပေးတာက ပိုပြီး ကောင်းပါတယ်။
- သင့်ခန္တာကိုယ်ကိုယ် ဂရုစိုက်ပါ။ မာရသွန်ပြိုင်ပွဲဝင်ပြိုင်ပါ။ လူတွေက ဒီလိုပြိုင်ပွဲတွေက ၀င်ကြေး ဈေးကြီးတယ် ဆိုပြီး
ပြောတက်ကြတယ် ။ ဒါပေမဲ့ ဘားမှာတော့ ဒီထက် အချိန်တွေ ဖြုန်းနိုင်တယ်လေ။
- မိမိ ဆိုရှယ်နက်ဝေါ့က ကြုံရာ လူတစ်ချို့ နဲ့ စကားပြောပါ။ ဒါက သင့်ကို အမြင်ကျယ်စေသလို သူငယ်ချင်းကောင်းများလည်း
ရရှိစေမှာ ဖြစ်ပါတယ်။
- ကျရှုံးခြင်းဟာ စိတ်ဓာတ်ခိုင်မာခြင်းကို ဖြစ်ပေါ်စေပါတယ်။ ခက်ခဲတဲ့ အချိန်တွေကို ကျော်ဖြတ်ခဲ့သူ တစ်ယောက် အနေနဲ့ 
ဒီနေ့ မှာ သင်ဘယ်လိုလူလဲ ဆိုတာ အသေအချာ ပြောနိုင်မှာပါပဲ။
- ကိုယ်ပိုင် ဆုံးဖြတ်ချက်တွေ ချနိုင်ဖို့ အတွက် သင်ယူပါ။ ကိုယ်နဲ့ ညီတဲ့ သူတွေဆီက အကြံညဏ်တွေယူတာက ကောင်းပါတယ်။
ဒါပေမဲ့ နောက်ဆုံးမှာ ကိုယ့်ရဲ့ ကိုယ်ပိုင် သတ်မှတ်ချက်တွေနဲ့ သင်ယူနိုင်ရမှာ ဖြစ်ပါတယ်။
- မတူညီတဲ့ ရိုးရာ ဓလေ့တွေကနေ မတူညီတဲ့ အစားအစာတွေကို မြည်းစမ်းပါ။
သတ်သတ်လွတ်စားသူ ၊ အသီးအရွက်စားသူနဲ့ အသားစားသူတွေရဲ့ မတူညီမှုကို လေးစားပါ။
- သင့်အသက် ၂၀ ဖြစ်ဖြစ် ၂၅ ဖြစ်ဖြစ် သင့် စိတ်ပိုင်းဆိုင်ရာ ပြောင်းလဲမှုဟာ သင့်ဘ၀အတွက် အရေးအကြီးဆုံး ဖြစ်ပါတယ်။
- ကိုယ့် ရှင်သန်မှု အပေါ် ကိုယ် ချစ်မြတ်နိုးပါ။ လူတိုင်းက ကိုယ့်အလုပ်ကိုယ် မနှစ်သက်ကြပါဘူး။
ဒါပေမဲ့ ဒီအချိန်မှာ ကိုယ် ဘာကို ဖြစ်ချင်တယ် ဆိုတာ မြင်တွေ့ နိုင်ပြီး ၊ ဒီအပေါ်ကနေ စွန့် စားမှု ယူကာ မိမိဘ၀အတွက် အသစ်ကို ဖန်တီးပါ။
လင်းတန်ဆောင်
၁၅.၁၂.၂၀၁၃
Wednesday, November 13, 2013
ဇနီးလေးယောက်
မြို့ တစ်မြို့ က အရမ်းချမ်းသာတဲ့ ကုန်သည်တစ်ဦးဟာ ဇနီးလေးယောက်
ရှိပါတယ်။ကုန်သည်ကြီးဟာ ဇနီးလေးယောက် ထဲမှာမှ လေးယောက်မြောက် ဇနီးလေးကို ဂရုအစိုက်ဆုံးတဲ့
။ဝတ်ကောင်းစားလှတွေ ဆင်ပေးတယ်။ ကောင်းပေ့ ညွန်ပေ့ ဆိုတဲ့ အစားအစာတွေ ကျွေးတယ်။အမြဲတမ်း
ဂရုစိုက်ပြီး အကောင်းဆုံးထားသတဲ့။
တတိယမြောက် ဇနီးကျတော့လည်း အချစ်ဆုံးပါပဲ။ ပွဲတက်တဲ့ နေရာတကာ ခေါ်သွားတယ်။
ပြောရရင် ပွဲထုတ်တယ်ပေါ့။သူငယ်ချင်းတွေနဲ့ တွေ့ တဲ့ အခါလည်း မိတ်ဆက်ပေးပြီး ဂုဏ်ယူနေတက်တယ်။
ဒါကြောင့် ကုန်သည်ကြီးက ဒီဇနီး အနားက ထွက်သွားမှာကိုလည်း စိုးရိမ်တကြီး ဖြစ်နေရှာတယ်။
ဒုတိယမြောက် ဇနီးကိုလည်း ထပ်တူကျ ချစ်ရှာပါတယ်။ ကုန်သည်ကြီးအပေါ်
အလွန်ကောင်းရှာပြီး စိတ်ရှည်သည်းခံကာဆက်ဆံရှာတယ်။ ကုန်သည်ကြီး ဘာပြဿနာ ကြုံကြုံ ဒုတိယ ဇနီးကို အမြဲ တိုင်ပင်ပြီး ၊ ထိုဇနီးကလည်း
အမြဲတမ်း အကြံဥာဏ်တွေပေးတက်တယ်။
အဲ....နောက်ဆုံး နဲ့ ပထမဆုံးသော ဇနီးကတော့ ကုန်သည်ကြီးအပေါ် အလွန်
သစ္စာရှိတဲ့ သူပါပဲ။ ကုန်သည်ကြီးရဲ့  ချမ်းသာကြွယ်ဝမှုစီးပွားရေး တွေကို ထိန်းသိမ်း
ကွပ်ကဲပေးပြီး တစ်အိမ်လုံးကိုလည်း စောင့်ရှောက်ပေးတက်သူပေါ့။ ဒါပေမဲ့ ထိုဇနီးက ချစ်သော်ငြားလည်း
ကုန်သည်ကြီးက သူမကို လုံးဝမချစ်ခဲ့ပါဘူး။ ဂရုလည်း မစိုက်ဘူးပေါ့။
ဒီလိုနဲ့ တစ်နေ့ ရောက်တော့ .. ကုန်သည်ကြီးက ဖျားလေရောတဲ့။ ဖျားတာမှ
အပြင်းဖျား သေနိုင်တဲ့ အဆင့်အထိ ရောက်သွားတယ်။အဲ့ဒီအချိန်မှာ ကုန်သည်ကြီးက ဖျားနေရင်
တွေးတယ်။ ငါဟာ အရမ်းချမ်းသာပြီး ဇနီးလည်း လေးယောက်ရှိတယ်။ ဒါပေမဲ့ ငါသေတဲ့ အခါငါ တစ်ယောက်ထဲပါလား။
ငါ တစ်ယောက်ထဲ သေမင်းဆီသွားရမှာပါလား ဆိုပြီး တွေးတယ်။ အဲ့ဒီအချိန်မှာ ဘေးနားမှာ ရှိနေတဲ့
လေးယောက်မြောက် ချစ်ဇနီးလေးကို မေးရှာတယ်။
“ငါ့ တစ်ဘ၀ လုံးမှာ မင်းကိုသာ အချစ်ဆုံး ။ မင်းအတွက် အကောင်းဆုံးတွေကိုသာ
လုပ်ပေးခဲ့တယ်။ လိုချင်တာ မှန်သမျှ ဖြည့်ဆည်းပေးခဲ့တယ်။ အခု ငါ သေမင်းဆီ သွားတဲ့ အခါ မင်းကော ငါနဲ့ အတူ
လိုက်ပေးနိုင်မလား ။”
“မဖြစ်နိုင်ဘူး ရှင့်..”
လေးယောက်မြောက်ဇနီးက ဆိုတယ်။ ပြီးတော့ ဘာမှ ထပ်မပြောဘဲ ကုန်သည်ကြီး
အနားကနေ ထွက်ပြေးသွားသတဲ့။
ကုန်သည်ကြီးဟာ ထိုဇနီး ဒီလို လုပ်သွားတာကို ကြည့်ပြီး သူ့ ရင်ကို
ဓားနဲ့ ထိုးသလို ခံစားလိုက်ရတယ်။ ဒါပေမဲ့ ခံစားချက် ကိုမြိုသိပ်ပြီးတတိယ ဇနီးကို ပြန်မေးရှာတယ်။
“ငါ မင်းကို တော်တော်လေး ချစ်ခဲ့တယ်။ အမြဲတမ်းလည်း အတူတူ ရှိနေခဲ့တယ်။
အခု ငါ သေမင်းဆီသွားတဲ့အခါ ငါနဲ့  အတူလိုက်ပေးနိုင်မလား “
မလိုက်နိုင်ပါဘူး။ ဒီဘ၀ မှာပဲ ပျော်တယ်။ ရှင်ဆုံးသွားတဲ့ အခါ တခြားတစ်ယောက်နဲ
့ပြန်လက်ထပ်မယ်။ ဒါ ကျမ ဆုံးဖြတ်ချက်ပဲ ။တကယ်ပါပဲ..ကုန်သည်ကြီး နှလုံးသားကို အေးခဲသွားသလို
ခံစားလိုက်ရတယ်။
ဒုတိယ ဇနီးကို ကြည့်လိုက်ပြီး ...
“မင်းနဲ့ ငါဟာ တစ်ယောက်နဲ့ တစ်ယောက် အပြန်အလှန် တိုင်ပင်ပြီး ကူညီခဲ့ကြတယ်။
အခုလည်း မင်း အကူအညီ လိုနေပြီ။ ငါနဲ့ အတူ လိုက်ပေးနိုင်မလား ။”
“စိတ်မကောင်းပါဘူး ရှင် ... ဒီအချိန်မှာ တော့ ရှင်ကို ကျမ မကူညီနိုင်တော့ပါဘူး။
ဒါပေမဲ့ ... အနည်းဆုံးတော့ ရှင့် ဈာပနာကို ကျမ လိုက်ပို့ ပေးနိုင်ပါတယ်။”
ဒီလို ဖြေတာ ကြားလိုက်ရတော့ ကုန်သည်ကြီးဟာ မိုးကြိုးအကြိမ်ကြိမ်ပစ်ချခံလိုက်ရသလို
ပါပဲ။ အရမ်း ၀မ်းနည်းသွားတယ်လေ။
အဲ့ဒီအခါ အသံတစ်ခု ထွက်လာတယ်။
“ကျမ ရှင်နဲ့ လိုက်မယ်။ ရှင် ဘယ်ကို သွားသွား ကိစ္စမရှိဘူး ။ လိုက်ပါမယ်။”
ကုန်သည်ကြီးက သူရဲ့  နောက်ဆုံး ကျန်တဲ့ ဇနီးလေးကို လှမ်းကြည့်လိုက်တယ်။
ပိန်လှီနေပြီး အဟာရ မပြည့်ဝ ဖြစ်နေတဲ့
သူရဲ့ ပထမဆုံး ဇနီးလေးဟာ သူ့ ကို ဘေးနားကနေ ငေးကြည့်နေရှာတယ်။ ဒီတော့မှ
ကုန်သည်ကြီးဟာ ၀မ်းနည်းတဲ့ လေသံနဲ့ ပြောရှာတယ်။
“နောက်ဆုံးတော့ မင်းပဲ ငါနဲ့ အတူ လိုက်ပါပေးနိုင်တယ် ဆိုတာ
ငါ သိလိုက်ရတဲ့ အတွက် ငါ စိတ်ချမ်းသာပါတယ်။” တဲ့
ဒီ ပုံပြင်မှာ ကုန်သည်ကြီးနဲ့ ဇနီးလေးယောက်က ဘာကို ဆိုလိုချင်တာလဲ..?
လေးယောက်မြောက် အချစ်ဆုံးဇနီးလေး
လေးယောက်မြောက် ဇနီးဆိုတာဟာ
ကျနော်တို့  ခန္တာကိုယ်ကို ဆိုလိုတာပါပဲ။ နေ့ ရော ညရော ကိုယ့်ကိုယ် စိတ်ချမ်းသာအောင်
ထားတယ်။မျက်နှာသစ် ၊ သွားတိုက် ၊ သန့် ရှင်းရေး လုပ် ၊ လိုက်ဖက်တဲ့ အ၀တ်အစားတွေ ဆင်ပေး။
ပုံပြင်ထဲက လေးယောက်မြောက်ဇနီးလေးကို ဂရုစိုက်သလိုပေါ့။ဒါပေမဲ့ ကံဆိုးစွာပဲ.. ဒီခန
္တာကိုယ်ကြီးက ကျနော်တို့ ဘ၀ တပါးကို ကူးပြောင်းကြတဲ့အခါ အတူတူ လိုက်မပါပေးနိုင်တော့ဘူး။
နောက်ဆုံး ထွက်သက်မှာပဲ ဒီ ကိုယ်ဂရုစိုက်လှပါတယ် ဆိုတဲ့ ခန္တာကိုယ်ကြီးကို ထားသွားကြရတယ်။
ဒါဟာ ကျနော်တို့ သိပ်သဘောကျ ဂရုစိုက်တယ် ဆိုတဲ့ ခန္တာ ကိုယ်ကြီးရဲ့  ဦးတည်ရာက ဒီလောက်ပါပဲ။
လာတုန်းကလည်း ဗလာ သေတော့လည်း ဗလာဆိုသလိုပေါ့။
တတိယမြောက် ဇနီး
ငါတို့ အတွက် တတိယမြောက် ဇနီးကကော ... ကျနော်တို့ ပိုင်ဆိုင်မှုတွေပေါ့။
ကျနော်တို့ ချမ်းသာ ကြွယ်ဝမှုတွေ ၊ ဂုဏ်ဒြပ်တွေ ။ ကျနော်တို့  သေဆုံးတဲ့ အခါ သူတို
့လည်းတခြားတပါးကို ရောက်သွားကြတာပါပဲ။
ဒုတိယမြောက် ဇနီး
ဒုတိယမြောက် ဇနီးဆိုတာကတော့ ကျနော်တို့ မိသားစုနဲ့ မိတ်ဆွေတွေပါ။
ဘယ်လိုပဲ အနီးအနားမှာ အတူတူ ရှိနေပါစေ ။ နောက်ဆုံးမှာတော့ ကိုယ့်
ဈာပနကိုပဲ လိုက်ပို့ နိုင်တဲ့ သူတွေပဲလေ။
နောက်ဆုံး ဇနီး
နောက်ဆုံး ဇနီးကတော့ ကျနော်တို့ စိတ်ပါပဲ။ ဥစ္စာ ပစ္စည်းတွေနောက်
တစ်ကောက်ကောက်ပါအောင် လိုက်ခဲ့တယ်။
အောင်မြင်မှု ၊ ကျော်ကြားမှုတွေ အတွက် စိတ်ခံစားချက်ကို လျစ်လျူရှုပြီးတော့ပေါ့။
နောက်ဆုံး ကိုယ်နဲ့ ပါလာနိုင်တာက စိတ်ပါပဲလေ။
အားလုံးဆင်ခြင် နိုင်ကြပါစေ။
လင်းတန်ဆောင်
ဂျပန်နိုင်ငံက ကျောင်း
ဂျပန်နိုင်ငံက ကျောင်းတွေမှာ အတန်း Grade 4 မရောက်မချင်း ကလေးတွေကို စာမေးပွဲ မဖြေခိုင်းဘူး လို့ သိရပါတယ်။
ဘာကြောင့်ပါလဲ ?
Sunday, September 22, 2013
သင့်ဆံပင် အလှအတွက် မီးဖိုချောင်ထဲက လျှို့ ဝှက်ချက်များ
ကျန်းမာတဲ့ ဆံပင်ပိုင်ရှင်များ ဖြစ်ချင်တာက လူသားတိုင်း ဆန္ဒပါပဲ။
သဘာဝ နဲ့ မွေးရာပါ ဗီဇအရ လူတိုင်းဟာ အမျိုးမတူတဲ့ ဆံပင်အမျိုးအစားများ
ပိုင်ဆိုင်ထားကြပါတယ်။ သာမန်ဆံပင် ကျန်းမာသန်စွမ်းတဲ့ သူများက ကိစ္စမရှိပေမဲ့။
ဆိုးဆိုးရွာရွာ ပျက်စီးနေတဲ့ ဆံပင်ပိုင်ရှင်များကတော့
တစ်နေ့ နဲ့ တစ်နေ့  စိတ်ညစ်ဖို့ ကောင်းလောက်အောင် ပြုပြင်နေရတာတွေ
ရှိပါတယ်။
Wednesday, September 18, 2013
မိမိကိုယ်ကိုယ် ဂရုစိုက်ဖို့ အဆင့်၁၂ချက်

(၁) တစ်ခုခုမှားနေပြီလို့ ခံစားရရင် ထပ်မလုပ်ပါနဲ့ တော့။
အဲ့ဒီအရာကို လုပ်လိုက်လို့ စိတ်ထဲမှာ နေရတာ အဆင်မပြေဖြစ်နေရင် ။
စိတ်မချမ်းသာတော့ ရင် ထပ်မလုပ်ပါနဲ့ တော့။ မိမိ စိတ်ပင်ပန်းမှုပဲ ရှိပါလိမ့်မယ်။
Friday, June 14, 2013
အလုပ်တစ်ခု မှာ ဖြစ်ချင်စိတ်က အဓီက ပါ
အဘိုးအို တစ်ဦးဟာ ရွာလေး တစ်ရွာမှာ တစ်ယောက်ထဲ နေထိုင်ပါတယ်။
သူပိုင်တဲ့ ခြံလေးမှာ အာလူးတွေ စိုက်ဖို့  ကြိုးစားပေမဲ့ အသက်အရွယ် က စကားပြောလာတော့ အရင်ကလို အလုပ်မလုပ်နိုင်တော့ဘူး။
ခြံကို အားသုံးပြီး မြေတွေ တူးဆွဖို့ လိုနေတယ်လေ။
အဘိုးအိုကို ကူညီပေးနိုင်မဲ့ တစ်ဦးတည်းသော သားကလည်းပြစ်မှု တစ်ခုနဲ့ 
ထောင်ကျလို့ နေရှာတယ်။ ဒီလိုနဲ့ သားကို သတိရပြီး စာတစ်စောင် ရေးလိုက်တယ်။
အဘိုးအို အခုဖြစ်ဖျက်နေတဲ့ အခြေအနေတွေကို သားသိအောင်
ဒီလို ရေးလိုက်ပါတယ်။
"ချစ်တဲ့ သားလေး
ဖေဖေ အခုတလော စိတ်ထဲမှာ နေလို့ မကောင်းဘူး။ ဘာလို့ လဲဆိုတော့ ဒီနှစ်
ဖေဖေတို့ ခြံအတွက်အာလူးစိုက်ဖို့ ကို မြေတောင် မတူးနိုင်တော့ဘူး သားရယ်။
ဖေဖေ ဒီလိုမလုပ်နိုင်တာကို စိတ်ညစ်မိတယ်။
ဒီ ခြံလေးက သွားလေသူ သားမေမေကိုယ်တိုင် အပင်လေးတွေနဲ့ ဝေေ၀ဆာဆာ စိုက်ပျိုးခဲ့တာလေ။ အခု သား သာ ရှိနေရင် ကောင်းမှာပဲ ။ သားက ဖေဖေ့ အစား ခြံထဲက မြေတွေကို တူးဆွရင်း သားမေမေကြိုက်တဲ့
အာလူးတွေလည်း စိုက်နိုင်မှာ။ သား သာ ထောင်မကျနေရင် ဖေဖေ့အစား တူးပေးနိုင်မယ် မဟုတ်လား သားရေ။
ချစ်တဲ့ ဖေဖေ "
ဒီစာကို ပို့ ပြီး မကြာခင်မှာပဲ.. ထောင်ထဲက သားဖြစ်သူ ဆီကနေ ကြေးနန်းစာတို တစ်စောင်ရောက်ရှိလာပါတယ်။
"ဖေဖေ ခြံထဲက မြေတွေကို မတူးမိပါစေနဲ့ ။ သား အဲ့ဒီမှာ လက်နက်တွေ မြုပ်ထားတယ်။ "
မကြာပါဘူး ။နောက်တစ်နေ့ မနက်မှာပဲ ရဲတွေ ရယ် ရပ်ကွက်လူကြီးတွေရယ် ရောက်လာပြီး သတင်းရထားတဲ့ လက်နက်ရှာရန် အတွက် တစ်ခြံလုံးက မြေတွေကို တူးဆွပါတော့တယ်။ ဒါပေမဲ့ တစ်ခြံလုံးသာ နှံ့ သွားတာ ဘာလက်နက်မှ မတွေ့ ပါဘူး ။ ဒီလိုနဲ့  ရွာထဲမှာ ဆူဆူညံညံတော့ ဖြစ်သွားတာပေါ့။
စိတ်ရှုပ်သွားတဲ့ အဘိုးအိုဟာ သူ့ သားဆီကို စာပြန်ရေးလိုက်ပါတယ်။
ခြံထဲကို ရဲတွေ လာရှာတဲ့ အကြောင်းနဲ့  သူသား ဘာတွေ လုပ်ထားသလဲ ဆိုတာကို မေးလိုက်တာပါ။
အဘိုးဟိုရဲ့ သားဆီက စာပြန်လို့ လာပါတယ်။
"အဖေရေ..အခု အဖေစိုက်ချင်တဲ့ အာလူးတွေ စိုက်လို့ ရပြီထင်တယ်။
ဖေဖေ့ အတွက် သားတက်နိုင်တဲ့ ဒီနေရာကနေ ပဲ အကောင်းဆုံး လုပ်ပေးလိုက်တာပါ။"
---------
ပုံပြင်မှ မှတ်သားဖွယ်ရာ - သင့်ဘ၀မှာ ကမ္ဘာလုံးရဲ့ ဘယ်နေရာမှာ သင်ရှိနေပါစေ ၊ သင့်နှလုံးသားထဲက နက်နက်နဲနဲ လုပ်ချင်တဲ့ ဆုံးဖြတ်ချက် တစ်ခု ရှိမယ်ဆိုရင် ၊ အခုဘဲလုပ်ဆောင်လိုက်ပါ ။
Fred Rangoon. Powered by Blogger.
Life always goes on
About Me
About Me
Fred Rangoon
Alis - Freddy
Alis - Freddy
Blogger , Writer ,Techie , Digital Marketer ,Contact : tazaung.pr@gmail.com
Freelance Graphic Designer , Photographer
Traveller , Marketing Consultant , Idea Creator, Learner .
and Home-made chef
Search This Blog
Blog Archive
-
▼
2017
(4)
- ► 03/12 - 03/19 (2)
- ► 02/12 - 02/19 (1)
-
►
2016
(6)
- ► 10/16 - 10/23 (1)
- ► 07/31 - 08/07 (1)
- ► 04/17 - 04/24 (1)
- ► 02/07 - 02/14 (1)
- ► 01/31 - 02/07 (1)
- ► 01/10 - 01/17 (1)
-
►
2015
(17)
- ► 11/29 - 12/06 (1)
- ► 10/04 - 10/11 (1)
- ► 09/27 - 10/04 (1)
- ► 08/30 - 09/06 (2)
- ► 08/23 - 08/30 (3)
- ► 08/16 - 08/23 (1)
- ► 08/09 - 08/16 (1)
- ► 07/05 - 07/12 (3)
- ► 03/29 - 04/05 (2)
- ► 03/01 - 03/08 (1)
- ► 02/08 - 02/15 (1)
-
►
2014
(20)
- ► 12/21 - 12/28 (1)
- ► 11/30 - 12/07 (1)
- ► 09/07 - 09/14 (1)
- ► 08/24 - 08/31 (1)
- ► 08/10 - 08/17 (1)
- ► 07/27 - 08/03 (1)
- ► 07/13 - 07/20 (1)
- ► 06/29 - 07/06 (1)
- ► 06/22 - 06/29 (1)
- ► 05/18 - 05/25 (2)
- ► 05/04 - 05/11 (1)
- ► 04/27 - 05/04 (1)
- ► 04/20 - 04/27 (4)
- ► 04/13 - 04/20 (1)
- ► 03/30 - 04/06 (1)
- ► 01/19 - 01/26 (1)
-
►
2013
(52)
- ► 12/15 - 12/22 (1)
- ► 11/24 - 12/01 (1)
- ► 11/10 - 11/17 (2)
- ► 10/27 - 11/03 (1)
- ► 09/29 - 10/06 (2)
- ► 09/22 - 09/29 (1)
- ► 09/15 - 09/22 (4)
- ► 09/01 - 09/08 (1)
- ► 08/25 - 09/01 (1)
- ► 08/18 - 08/25 (1)
- ► 07/28 - 08/04 (1)
- ► 07/07 - 07/14 (2)
- ► 06/30 - 07/07 (2)
- ► 06/23 - 06/30 (1)
- ► 06/09 - 06/16 (4)
- ► 06/02 - 06/09 (1)
- ► 04/21 - 04/28 (1)
- ► 04/14 - 04/21 (3)
- ► 03/31 - 04/07 (4)
- ► 03/24 - 03/31 (4)
- ► 03/17 - 03/24 (3)
- ► 03/10 - 03/17 (1)
- ► 03/03 - 03/10 (3)
- ► 02/24 - 03/03 (3)
- ► 02/03 - 02/10 (1)
- ► 01/27 - 02/03 (3)
Labels List Numbered
- Food (2)











