ခရီးသွားဝန်ဆောင်မှု လုပ်ငန်းပိုင်ရှင် စွန့် ဦးလူငယ်များ
Names: Aden Levin and Rob Tominey
Company: Mainstage Travel
Ages: 24 and 25
Website: Mainstagetravel.co.uk
လူအများစုဟာ သူတို့ ဘ၀ ရဲ့ အသက်အရွယ် ၂၆ နှစ်ခန့် မှာ ဟိုးဟိုးကျော်
ချမ်းသာ အောင်မြင်သွားသူတွေတော့ မဖြစ်နိုင်ကြပါဘူး ။ ဒါပေမဲ့ Aiden Levin နဲ့ Rob
Tominey ဆိုတဲ့ လူငယ်နှစ်ဦးကတော့ ဟိုးဟိုးကျော် အောင်မြင်တဲ့ သူတွေ အဖြစ်ရပ်တည်လာနိုင်ခဲ့ပါတယ်။
သူတို့ အောင်မြင်ခဲ့တဲ့ အဓိက လုပ်ငန်းကတော့ Mainstage လို့ အမည်ရတဲ့
တန်ဖိုးနည်း ခရီးသွားလုပ်ငန်းကြောင့်ပဲ ဖြစ်ပါတယ်။ ၂၀၁၁ ခုနှစ်မှာ စတင်ခဲ့ပြီး အဲ့ဒီတုန်းက
ဗြိတိန်ပေါင် တစ်သိန်းလောက်နဲ့ စတင်ခဲ့ကြပါတယ်။ အခု ဆိုရင်တော့ သူတို့  လုပ်ငန်းအောင်မြင်မှုက
တစ်နေ့ ထက် တစ်နေ့  တိုးတိုးလာပြီး အံ့မခန်း အောင်မြင်မှုတွေ ရရှိနေပါပြီ ။
သူ့ တို့ စီးပွားရေးကို ဖော်ပြချက်ကတော့ လူငယ်တွေရဲ့ ခရီးသွားလို
ခြင်းပြင်းပြစိတ်ကို နိုးဆွပေးလိုက်ခြင်းပါတဲ့။
သူတို့ ရဲ့  တက္ကသိုလ်ကျောင်းသားဘ၀မှာ ဒီလုပ်ငန်းကို စတင်လုပ်ကိုင်ဖို့ အကြောင်းဖန်လာတာကတော့
ကျောင်းသားများ အားလပ်ရက်မှာ ခရီးသွားဖို့  ၀န်ဆောင်မှုပေးလို့ ရနိုင်တဲ့ ဈေးကွက်တစ်ခုကို
မြင်သွားလို့ ပဲ ဖြစ်ပါတယ်။ငွေကုန်ကြေးကျ နည်းနည်းနဲ့  နေရာတော်တော်များများကို ရောက်ရှိသွားဖို
့က တက္ကသိုလ်ကျောင်းသားဘ၀မှာ အတွေ့ အကြုံနဲ့  ပတ်ဝန်းကျင် ဗဟုသုတတွေကို လိုလား တဲ့ လူငယ်တွေရဲ
့စိတ်ကူးပါပဲ။ ထိုလိုအပ်ချက်ကို သူငယ်ချင်း နှစ်ယောက်က သိခဲ့တဲ့ အတွက် ယခုလိုဝန်ဆောင်မှု
လုပ်ငန်းကနေ ၀န်ဆောင်မှု ပေးရင်း အောင်မြင်လာခဲ့ကြပါတယ်။
သူတို့ ဝန်ဆောင်မှု လုပ်ငန်းအတွက် ပထမဆုံး ဈေးနှုန်း လျော့ထားတဲ့
သက်သာတဲ့ ခရီးသွား ၀န်ဆောင်မှု လုပ်ငန်းများကို ချိတ်ဆက်ရပါတယ်။ ခရီးသွားလာဖို့ အတွက်
လေယာဉ်ခ၊ နေထိုင်စရိတ် ၊ သွားလာစရိတ် စတဲ့ ဟာတွေကို လျော့ဈေးနဲ့  တစ်ခါထဲ အပြတ် ၀န်ဆောင်မှု
ပေးတဲ့ အစီအစဉ်ကို ၁၂၀ ပေါင် လောက်နဲ့ ရနိုင်တဲ့ အထိ ရောင်းချပေးပါတယ်။
ဒါဟာ ကုမ္မဏီတစ်ခု အတွက် လည်ပတ်ဖို့ တော်တော် ခက်ခဲတဲ့ ရောင်းချမှု
အမြတ်အစွန်းနည်းပါးနိုင်တဲ့ ဈေးနှုန်းပါပဲ။ ဒါပေမဲ့ စတင်တဲ့ ပထမနှစ် အချိန်မှာဘဲ ပေါင် ၅၀၀၀၀ ခန့် အမြတ်အစွန်း ရရှိခဲ့ပါတယ်။ ၂၀၁၄
မှာတော့ ပေါင် ကိုးသိန်းလောက် အမြတ်အစွန်း ရရှိနိုင်မယ်လို့  သူတို့ က ခန့် မှန်းထားပါတယ်။
MainStage Travel ၀န်ဆောင်မှု ကုမ္မဏီဟာ သူတို့  စတင်ခဲ့တဲ့ အချိန်မှာ
သတင်းအင်တာဗျူးများ မှာလည်း ဖော်ပြခဲ့ ပါတယ်။ အထူးသဖြင့် ဗြိတိန်သတင်းဌာနဖြစ်တဲ့
BBC မှာလည်းသူတို့ စတင်ခဲ့ပုံအကြောင်းကို ဖော်ပြခဲ့ချိန်မှာလည်း ရင်းနှီးမြုပ်နှံလိုသူများ
ပေါ်ပေါက်လာခဲ့ပါတယ်။
သူတို့ ကိုယ်တိုင် လည်း လေးလေးစားစားနဲ့ ဖောက်သည်များကို တင်ဆက်လေ့ရှိပြီး
တစ်သိန်းတန် ရင်းနှီးမြုပ်နှံမှု မှ ရှေ့ ဆောင် ဖန်တီးသူများ အဖြစ် ခံယူထားပါတယ်။
Mainstage ရဲ့  ခံယူချက်ကတော့ ကျနော်တို့  ကုမ္မဏီဟာ ဈေးနှုန်းသင့်တဲ့
ဝန်ဆောင်မှု လုပ်ငန်းတွေထဲက တစ်ခု ဖြစ်စေချင်ပါတယ်။ ထို့ အတူ အရည်အသွေးမနိမ့်တဲ့ ခရီးသွား
ဝန်ဆောင်မှုကိုလည်း ပေးချင်ပါတယ်တဲ့။ ဒါဟာ သူတို့ ရဲ့  စေတနာ ဖြစ်ပါတယ်။
Ref:startup