Friday, March 15, 2013

ပင်လယ်ကမ်းစပ် နဲ့ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းမှု




ပုံပါ လိပ်ကလေးက မြေပဲလိပ် (စားသည့်မြေပဲလိပ်မဟုတ်) လို့ အမည်ရတဲ့ လိပ်အမျိုးအစားလေးပဲ ဖြစ်ပါတယ်။
 ပင်လယ်ပြင်မှ စည်းကမ်းမဲ့ အမှိုက် စွန့် ပစ် သူများကြောင့် အကောင်သေးစဉ်က ထိုစွန့် ပစ် အမှိုက်ဖြစ်သည့်
ပလပ်စတစ်ခွံ တစ်ခုမှ တိုးငြိမိရင်း မထွက်နိုင် ဖြစ်ခဲ့ပါတယ်။

အရွယ်ရောက်သည် အထိ ထို ပလပ်စတစ်မှာ ကျွတ်သွားခြင်း မရှိသဖြင့် ယခုလို ပုံစံပျက် လိပ်ကလေး တစ်ကောင် အဖြစ် ရှင်သန်လာရပါတယ်။

ဒီလိပ်ကလေးကို St. Louis လို့ ခေါ်တဲ့ တိရိစ္ဆာန် ရုံ သို့ ခေါ်လာပြီး မွေးစား ထားပါတယ် ။
 ကံဆိုးတာကတော့ ထို ပုံစံမှာ ယနေ့ တိုင် ဖြစ်နေပြီး အသက်ရှင်ရတဲ့ ဘ၀ တစ်လျှောက်လုံး ထိုကဲ့သို့ ရှင်သန်လာခဲ့ရပါတယ်။

ပင်လယ်ကမ်းစပ်များဟာ ကျယ်ပြောသလောက် အမှိုက်စွန့် ပစ်မှုကလည်း တိုးပွားလျှက် ရှိနေပါတယ် ။
 လူနေထူထပ်ပြီး လူစည်ကားသော ကမ်းခြေများဆိုရင်လည်း အမှိုက်များက တစ်နေ့ တစ်နေ့ ပင်လယ်ထဲ အသောမသတ် စွန့် ပစ်နေကြပါတယ်။
ဒီပုံလေးက လိပ်ကလေးကို ကြည့်ပြီး စာနာမှုဖြင့် မိမိတို့  ပတ်ဝန်းကျင်မှာ အမှိုက်သရိုက်များ စည်းကမ်းမဲ့ ပစ်ချခြင်း ကိုလည်း သတိထား ဆင်ခြင်သင့်ပါတယ်။

သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေးနဲ့ ပတ်သတ်လာရင် ကျနော်တို့ လူသားတွေဟာ ဂရုစိုက်မှု အားနည်းကြပါတယ်။
တစ်နေ့  တစ်နေ့ သစ်တော ပြုန်းတီးမှု ၊ ဓာတ်ငွေ့ စွန့် ထုတ်မှုများ နဲ့ ရာသီဥတုများဟာ ပုံမှန်မဟုတ်တော့တာ ကြာပြီ ဖြစ်ပါတယ်။

ပူအိုက်သော ရာသီများ ရက်ပေါင်းများလာခြင်း ၊ မိုးခေါင်ခြင်း ၊ ဓာတုပစ္စည်းနဲ့ ပလပ်စတစ်အိတ်များ စည်းကမ်းမဲ့ စွန့် ပစ်ခြင်းတို့ ဟာ တိုက်ရိုက် အကျိုးပြုလာပြီ ဖြစ်ပါတယ်။
 သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေး အတွက် ကျနော်တို့ ပူးပေါင်း ဆောင်ရွက်ကြဖို့ ဆန္ဒပြုရင်းတင်ဆက်လိုက်ရပါတယ်။

Fred Rangoon. Powered by Blogger.

Life always goes on

About Me

Fred Rangoon

Alis - Freddy

Blogger , Writer ,Techie , Digital Marketer ,
Freelance Graphic Designer , Photographer
Traveller , Marketing Consultant , Idea Creator, Learner .
and Home-made chef

Contact : tazaung.pr@gmail.com

Search This Blog

Blog Archive

Labels List Numbered

Instagram

recent posts

Pages

Follow us

Photo Profile
Taylor Wong Architecture Designer

The Japanese call it Hanakotoba, and King Charles II brought it to Sweden from Persia in the 17th century. Read More

Popular Gallery