Showing posts with label ဆောင်းပါး. Show all posts
Showing posts with label ဆောင်းပါး. Show all posts
Tuesday, April 19, 2016
ရန်ကုန်မြို့ တွင်း နဲ့ လမ်းဘေးဈေးဆိုင်
မိတ်ဆွေတို့ သိတဲ့ အတိုင်း ရန်ကုန်မြို့ ရဲ့ Downtown Area လို့ ပြောကြတဲ့ လမ်း ၄၀ ပန်းဆိုးတန်းလမ်းက စလို့ ၁၅ လမ်း ၊ ဘုန်းကြီးလမ်း အထိက  လမ်းဘေးဈေးသည်တွေ ပေါမှပေါ ။
လမ်းဘေးဈေးသည်တွေဆိုတာကလည်း တဖက်ကကြည့်ရင် တစ်ပိုင်တစ်နိုင် လုပ်စားကြတဲ့ သူတွေလည်း ဖြစ်သလို တစ်ဖက်ကနေ ကြည့်ပြန်ရင် မြို့ ထဲမှာ လမ်းကြပ်တဲ့ အကြောင်းအရင်းမှာ ပါတဲ့ အကြောင်းအရင်း တစ်ခုက ဖြစ်ပြန်ရောလေ။
လူသွားလမ်း ပလက်ဖောင်းတွေမှာ ဈေးတွေ ခင်းရုံတင်မက ၊ ကားရပ်နားရာ နေရာအထိပါ
ဈေးတွေ ခင်းလာကြလို့  ကျနော်တို့ လို မြို့ ထဲမှာ သွားလာနေတဲ့သူတွေ အထူးသဖြင့် ညနေပိုင်းအချိန်တွေ ဆိုရင် အဲ့နေရာတင် အချိန် နာရီဝက်ကနေ တစ်နာရီကျော်လောက် ကြာအောင် ကားစီးရတက်ပါတယ်။
အလုပ်က အပြန် လူကပန်း ၊ စီးရတဲ့ ဘတ်စ်ကားက ကြပ် ၊ အဲကွန်းက မပါ ဒီလိုနဲ့ ပင်ပန်းမှု ဒဏ်တွေ နှစ်ဆင့် သုံးဆင့် နဲ့ သွားရတဲ့ ယာဉ်ကြောက ကြပ်လိုက်ပြန်တော့..
အဲ့ဒီ ဖီလင်ကြီးကို ဘယ်သူ့ မေးမေး စိတ်ကုန်တယ်လို့  ညည်းတွားကြမဲ့သူတွေချည်းပါပဲ။
ကိုယ်တွေဆီမှာ ဘတ်စ်ကား၊ အိမ်စီးကား ၊ တက်စီ တို့ ကိုသာ အားထားပြီး သွားလာရတဲ့ သူတွေများတာမို့ လို့ သူများနိုင်ငံတွေလို အဲကွန်အပြည့်ဖွင့်ထားတဲ့ အမြန်ရထားတွေ ၊မြို့ ထဲ ဆိုင်ကယ်စီးခွင့်တွေကလည်း မရဘူးလေ။ တစ်ချိန်ချိန်တော့ ဖြစ်လာမှာပါလို့ မျှော်လင့်ပေမဲ့အခုဖြစ်နေတဲ့ လတ်တလော ပြဿနာကို ဖြေရှင်းဖို့ ကလည်း လိုပါတယ်။
လမ်းဘေးဈေးသည် ကိစ္စ ဘယ်လိုရှင်းမလဲ
ရန်ကုန် စည်ပင်ကတော့ လမ်းဘေးဈေးသည်တွေကို အချိန်နဲ့ ဖွင့်ခိုင်းတယ် ( နေ့ လည် ၃နာရီ ကနေ ညနေ ၈နာရီ အထိ ) ပြောပေမဲ့ မွန်းတည့်ချိန်ကနေ စလို့  ဈေးသည်တွေက ရောက်ရှိနေကြပြီး  စီးပွားရေး သောင်းကျန်းနေပြါပြီး။ ဒါကလည်း သူတို့ ဝမ်းစာမို့ လို့  ပိတ်ပင်ပြီးလည်း မပြောလိုပါဘူး ။ ဒါပေမဲ့ ဒီလိုမျိုး  ပြည်သူတွေက ဒီဒဏ်ကို ဆက်လက်ခံနေရမှာလား ဆိုတော့လည်း မဖြစ်သင့်ပါဘူး ။တကယ် လုပ်မယ် ဆိုရင် ရေရှည် Long Term ကို တွက်ပြီး စီမံကိန်းချရပါမယ် ရေတို Short Term ကို ကြည့်ပြီးပဲ မလုပ်သင့်တော့ပါဘူး ။ ဥပမာပြောရရင် စည်းကမ်းမလိုက်နာလို့  ဈေးသည်နဲ့ ဈေးပစ္စည်းတွေကို ကားပေါ် ဆွဲတင်တယ် ။ သိမ်းတယ် ။ ဒါက ဖြစ်လာရင် တော်တော် ရုပ်လည်း ပျက်ပါတယ်။
Law
တိုင်းလွတ်တော်ကို လမ်းဘေးဈေးသည်များ ဖယ်ရှားမည့် အဆိုကို တင်သွင်းမယ်လို့  ဂျာနယ်မှာ ဖတ်လိုက်ရပါတယ်။ ဖယ်ပြီးတော့ ဈေးရုံကြီးများ ပြုလုပ်ပေးပြီး ရောင်းချခွင့် ပြုရေး ဆိုတာကိုပါ ထည့်မယ်လို့ ဆိုပါတယ်။ ဒါတကယ် ဖြစ်လာမယ် ဆိုရင် ကောင်းပါတယ်။ ကားလမ်းပေါ်မှာ ကားသာရှိစေမယ် ။ လူုသွားလမ်း ဖလက်ဖောင်းမှာ လူသာ အေးဆေး လျှောက်လို့ ရမယ် ဆိုရင် ယာဉ်တိုက်မှု နဲ့ ကားပိတ်တာတွေ လျော့စေလာနိုင်ပါတယ်။ သွားလာရတဲ့ သူတွေလည်း စိတ်ချမ်းသာ စေနိုင်မှာပါ။
နေရာသတ်မှတ်ပေးတဲ့ ကိစ္စ
ဘန်ကောက်ကို သွားလည်တုန်းက Night Market တွေဆိုတာကို လည်ပတ်ကြည့်ပါတယ် ။ Local အကြိုက် ၊ ကမ္ဘာလှည့်တွေ အကြိုက် ၊ စားချင်သောက်ချင်သူတွေ အကြိုက် ၊ ညအလှကို ကောင်းကောင်းခံစားချင်တွေ အကြိုက်  ဓာတ်ပုံရိုက်ချင်တဲ့သူတွေ အကြိုက် စသဖြင့် ညဈေး အစုံအလင် တွေ့ ခဲ့ပါတယ်။ ရန်ကုန်မှာလည်း ဒီလိုမျိး ဖြစ်နိုင်ရင် လုပ်စေချင်ပါတယ်။ အရင်ဆုံး စဉ်းစားမိတာကတော့ ဗိုလ်တစ်ထောင် ဆိပ်ကမ်းပေါ့ ။ ကိုယ်တွေစီမှာ အတွဲထိုင်တဲ့ နေရာ ၊ အရက်သောက်တဲ့ နေရာ ဖြစ်မှန်းမသိ ဖြစ်နေပေမဲ့ ဘန်ကောက်မှာ ဒီလို မြစ်ဘေးက ဆိပ်ကမ်းလိုနေရာမှာ ကမ္ဘာလှည့်ခရီးသည်တွေရော Local တွေပါ အဆင်ပြေပြေ ညဘက်ကို လည်ပတ် စားသောက်နိုင်အောင် ပြုလုပ်ထားတဲ့ Asiantique လို နေရာမျိုးလေး လုပ်ထားတာကို တွေ့ ရပါတယ်။ တော်တော်လေးလည်း လှပြီး ခရီးသွားတွေဆီက ငွေကို သဲ့ယူနိုင်လောက်အောင် အစားအသောက် ၊ အဝတ်အထည် ၊ ဘားဆိုင် သန့် သန့်  ပြန့်  ပြန့် ကောင်းကောင်းလေးတွေ လုပ်ထားတာာ တွေ့ ရပါတယ်။
တရုတ်တန်း နဲ့  ၁၉ လမ်း
တရုတ်တန်း ကို ဖြစ်နိုင်ရင် ညဈေးတစ်ခု အနေနဲ့ ပြောင်းလို့  ညနေဘက် ၅နာရီလောက်ကနေ စပြီး ယာဉ်ကြောကို လမ်းလွဲလိုက်ပြီး အဲ့နေရာလေးကို အစားအသောက်ကောင်းကောင်း ရှာဖွေ စားသောက်လို့ ရတဲ့ နေရာ ၊ ညဈေးပတ်လို့ ရတဲ့ နေရာ တစ်ခု ဖြစ်သင့်ပါတယ်။ မြို့ ထဲကို ဖြတ်မဲ့ ကားတွေကိုတော့ ကမ်းနားလမ်းဘက်ကို ခဏ လမ်းလွဲလိုက်ရင် အဆင်ပြေမယ် ထင်ပါတယ်။
ဘာလို့ လဲဆိုတော့ တရုတ်တန်းလမ်းက ဗန္ဒူလလမ်းကို တစ်လမ်းမောင်းသွားတာ ဆိုတော့ ညနေဘက် တရုတ်တန်းမှာ စားဖို့ သွားရင် ဘတ်စ်ကား ၊ အိမ်စီးကားတွေနဲ့  ရှောင်နေရပြီး လမ်းဘေးမှာ စားနေတဲ့သူတွေ ဘယ်တော့ ကားပွတ်မိမလဲ ရင်တမမ နဲ့  ကြည့်နေရလို့ ပါပဲ။
၁၉လမ်း ဆိုတာကလည်း ဘန်ကောက်မှာ ဆိုရင် ခေါက်ဆန်လမ်း ( Khao San Road ) နဲ့ ဆင်တူပြီး ယမကာနဲ့ အစားအစာတွေ ကောင်းကောင်း စားသောက်လို့ ရတဲ့ နေရာ လေးအဖြစ် သီးသန့် ရှိစေသင့်ပါတယ်။
Walking Street Night Market တစ်ခု ဖြစ်လာစေဖို့  ဘုန်းကြီးလမ်းကနေ ဆူးလေအထိ လမ်းကို ညနေ ၅နာရီကနေ ၁၁ နာရီအထိ ယာယီပိတ်လိုက်ပြီး ဝင်လာသမျှကားတွေကို လမ်းလွဲလိုက်ရင် ဒီနေရာလေးက လမ်းလျှောက်လို့  ကောင်းတဲ့ ညဈေးလေး ဖြစ်လာမှာ ပါ။
အင်းလျားကန်ဘောင်
အင်းလျားကန်ဘောင်က အထိုင်လုပ်ထားတဲ့ ဆိုင်တန်းတွေထဲမှာ အကြော်ဆိုင်တန်းကြီးကို ပြောရရင် သိပ်ဘဝင်မကျလှပါဘူး ။ စားရတာလည်း အဆင်မပြေတဲ့ အတွက် ဒီဆိုင်တန်းကြီးကို ဖျတ်ပြီး ယာယီ ညဈေးလေး လုပ်သင့်ပါတယ်။ အစားအသောက်မျိုးစုံ ကို ကောင်းကောင်းဝယ်စားလို့ ရပြီး ကန်ဘောင်မှာ သူငယ်ချင်းတွေနဲ့ အတူတူ ထိုင်စားကြရင် ပျော်စရာ ကောင်းမှာပါ ။ နေရာတကာ စီးပွားရေးဆန်ဆန် လုပ်နေတာတွေ လျော့ပြီး Win Win ဖြစ်စေမဲ့ဟာလေးတွေ စဉ်းစားသင့်ပါပြီ။ ကန်ဘောင်ကို လာရတဲ့ ရည်ရွယ်ချက်က ညဈေးလေးလည်း ရှိမယ်။ စားသောက်စရာတွေ ကောင်းကောင်းစားပြီး သူငယ်ချင်းတွေနဲ့ အတူတူ လည်ပတ်မယ်။ အဲ အဆင်ပြေရင် Mobileသည် Second Hand ဆိုင်လေးတွေ Hand Made ဖန်စီ ဆိုင်လေးတွေပါ ထည့်ဖွင့်လိုက်တော့ .. ကဲ တခြားနိုင်ငံက လာလည်တဲ့သူတွေ အမှတ်တရ ပစ္စည်းတွေ ဝယ်လို့ ရတဲ့ နေရာပါ ဖြစ်သွားရောပေါ့။ ဒါဆို ညည အမှတ်တရ ပစ္စည်းဆိုင် ဆိုလို့  တကူးတက ရှာစရာ မလိုတော့ပါဘူး ။ ရိုးရာမပြတ် အကြော်ဆိုင်လည်း ဖွင့်ချင်သေးသပ ဆိုရင်လည်း အကြော် ဆိုင်ဖွင့်ဖို့ ဆိုင်ကြီး ကနာကြီး မလိုပါဘူး ။ ထိုင်ခုံအပုလေးတွေ ၊ ခေါက်ထီးအမိုးကြီးတွေနဲ့ ဖွင့်ရင်တောင် ရပါပြီ။ အဲ့ဒီနေရာကို သပ်သပ်ရပ်ရပ်နဲ့  ကောင်းကောင်း လုပ်လိုက်ရင် Tourist Attraction နဲ့  Night Life ကောင်းကောင်း ကျော်ဖြတ်လို့ ရတဲ့ နေရာလေးတောင် ဖြစ်သွားအုံးမှာပါ။ 
Fred Rangoon 
Wednesday, October 30, 2013
Dream Catcher အကြောင်း တစ်စေ့တစ်စောင်း
ပြီးခဲ့တဲ့ အောက်တိုဘာ ၃၀ ရက်နေ့ က ကိုနေဘုန်းလတ် အင်ဒိုနီးရှား ဘာလီမှာ Internet Governance Forum တက်ပြီးပြန်ရောက်တော့အနော်တို့  ရုံးက အဖွဲ့ သားတွေ အတွက် ဘာလီပြန်လက်ဆောင်လေးတွေ ယူလာတယ်။
Sunday, September 29, 2013
စကားပြောတက်စေဖို့ 
လူတစ်ယောက်ရဲ့ ဆွဲဆောင်မှု ရှိတဲ့ ကိုယ်နေကိုယ်ဟန်ထဲမှာ စကားပြောခြင်း အတက်ပညာကလည်း အပါအ၀င်ပဲ ဖြစ်ပါတယ်။ ခေါင်းစဉ်ကိုတော့ ရိုးရိုးရှင်းရှင်း ပေးလိုက်ပေမဲ့ စာဖတ်တဲ့ မိတ်ဆွေများ အနေနဲ့ ဇဝေဇ၀ါ ဂွကျတာတွေ ဖြစ်နိုင်ကောင်းပါတယ်။
Saturday, September 21, 2013
အလုပ်မှာ စိတ်စုစည်းမှုနဲ့  အာရုံစိုက်ပြီး ဘယ်လို အလုပ်လုပ်ကြမလဲ?
အမှန်တော့ ရိုးရိုးသားသားဝန်ခံရရင် ကိုယ့်အတွက် ကိုယ် သတိပေးတဲ့ အနေနဲ့ ရေးလိုက်တဲ့ အသိပေးစာလေးပါပဲ။
အလုပ်လုပ်စရာတွေ များလာရင် ၊ စိတ်မတည်ငြိမ်ရင် ၊ ဖြစ်သင့်တဲ့ အချိန်မှာ ဖြစ်သင့်ဖြစ်ထိုက်တာတွေ မဖြစ်ရင်
ဒါ ကိုယ်လုပ်နေတာတွေ နည်းနည်းလွဲနေတာ ဒါမှမဟုတ် တစ်ခုခု လိုနေတာ ဖြစ်ကောင်းဖြစ်ပါလိမ့်မယ် ။
ဒီတော့ ပိုပြီး အာရုံ စူးစိုက်မှု ရှိပြီး အလုပ်လေးတွေ မြန်မြန်ပြီး ကိုယ်လိုချင်တဲ့ Out Come တွေ ရအောင် စလုပ်ကြည့်ရအောင်။
Sunday, September 1, 2013
အောင်မြင်မှုရဲ့  နောက်ကွယ်ကို ကြည့်ပါ
ကုမ္မဏီ ကြီး တစ်ခုကို လူငယ်လေးတစ်ယောက်ဟာ မန်နေဂျာ ရာထူးအတွက် အလုပ်လာလျှောက်ပါတယ်။ သူဟာ အရင်ဆုံး အင်တာဗျူးတွေ ကို ဖြေဆိုအောင်မြင်ပြီးအခု ကုမ္မဏီရဲ့  ဒါရိုက်တာနဲ့  နောက်ဆုံး အင်တာဗျုး တစ်ခုကို ဖြေရမဲ့ အချိန်ဖြစ်ပါတယ်။ဒါရိုက်တာဟာ ထိုလူငယ်ရဲ့  CV ကို ကြည့်ပြီး သူ့ ရဲ့  ပညာရေးနောက်ခံ တွေ က တော်တော်လေး ကောင်းတာကို တွေ့ လိုက်ရတယ်။ ဒီတော့ သူက ထိုလူငယ်လေးကို မေးလိုက်တယ်။ 
“ဒီလိုကျောင်းတွေမှာ ပညာသင်ဖို့  စကောလားရှစ်တွေ ဘာတွေများ ရခဲ့သေးသလား ?”
“မရခဲ့ပါဘူး”
"ဒါဆို မင်းအဖေက မင်းကို ဒီလို ကျောင်းတွေ တက်ဖို့ ထောက်ပံ့ပေးခဲ့တာပေါ့။"
“ကျနော် ငယ်ငယ် ကထဲက အဖေက ဆုံးသွားတယ်ခင်ဗျ ။ ဒီကျောင်းတက်ဖို့  စားရိတ်တွေ အားလုံးကို မေမေ ကပဲ ထောက်ပံ့ပေးတာပါ။” လို့  ပြန်ဖြေ လိုက်တယ်။
“မင်း အမေ ဘယ်မှာ အလုပ်လုပ်သလဲ ?”
“အမေက အ၀တ်လျှော်တဲ့ အလုပ်လုပ်ပါတယ်”
ဒါနဲ့ ဒါရိုက်တာက ထိုလူငယ်လက်ဖ၀ါးတွေ ကို ဖြန့် ပြဖို့  တောင်းဆိုလိုက်တယ်။ လူငယ်လေးရဲ့ လက်ဖ၀ါး တစ်စုံလုံးဟာ ချောမွေ့ ပြီး အနာအဆာ မရှိတာကို တွေ့ ရတယ်။ 
Wednesday, August 28, 2013
ကျနော် နဲ့ အင်တာနက် ၁
Internet is not only Connect But also Access.
အင်တာနက်ကို ဘာကြောင့် သုံးချင်ကြတာလဲ လို့  ICT Training ပေးတဲ့ အခါ Trainee တွေကို သင်ခါနီးခဏခဏ မေးခဲ့ဖူးတယ် ။
တစ်ချို့ က ကမ္ဘာ တ၀ှမ်းက အဖြစ်အဖျက်တွေကို သိချင်လို့ တဲ့ ။ တစ်ချို့ ကတော့ မိတ်ဆွေတွေနဲ့ ဆက်သွယ်ချင်လို့  ။ တစ်ချို့ ကတော့ ပုံတွေ ကြည့်ချင်လို့ တဲ့ ။
အသက် ၁၀နှစ်ကျော်လောက်ကနေ စလို့  အသက်၃၀ကျော် ၄၀ နာ နီးပါး လူတွေ အားလုံး အင်တာနက်ဆိုတာက မသုံးဖူးခင်  အင်တာနက်အသုံးပြုပုံကို မသင်ရသေးခင် သူတို့ ကို မေးကြည့်တယ်။ သူတို့ သိသလောက် မှတ်သလောက် ဖြေကြတာဖြစ်ပါတယ်။
Self Study လို့ ခေါ်နိုင်မလား ??
Friday, August 23, 2013
Freelance လုပ်ကြမလား ?
Freelance လုပ်ကြမလား ?
August 23, 2013 at 7:54pm
အမေရိကန် နိုင်ငံသား အလုပ်သမား သုံးယောက်မှာ တစ်ယောက်နှုန်းဟာ Freelance အလုပ်ကို လုပ်ကိုင်ကြတယ်တဲ့။ ၀ီကီဆိုက်မှာ ဖော်ပြထားချက်အရ  အများစုကတော့ အမျိုးသမီးတွေ လို့ သိရတယ်။
Freelance ဆိုတာ ဘာတဲ့လဲ ?
Freelance ဆိုတာ နားလည်အောင် ပြောရရင်တော့ ကိုယ်တိုင် Project ရှာပြီး အချိန်ပိုင်း ဒါမှမဟုတ် ကိုယ်လုပ်လိုတဲ့ အချိန်မှာ သူတို့  ပေးတဲ့ အချိန်အတောအတွင်း ဒါမှမဟုတ် သတ်မှတ်ထားတဲ့ ထုတ်ကုန် တစ်ခုကို ထုတ်လုပ်ဖို့ မိမိ အဆင်ပြေတဲ့ နေရာမှာ လုပ်လို့ ရတဲ့ အလုပ်လို့ လည်း ပြောလို့ ရတယ်။ အဲ့ဒီအတွက် မိမိဘက်က အရင်းအနှီးမများတဲ့ အပြင် မိမိ အဆင်ပြေတဲ့ အချိန်မှာ လုပ်နိုင်တာပါပဲ။  ရုံးတက် ရုံးဆင်း၊ ရုံးချိန်အတိအကျ လုပ်စရာမလိုတဲ့ အလုပ်မျိုးကို ဆိုလိုတာလည်း ဖြစ်ပါတယ်။ ဒါကြောင့် မိမိ အဆင်ပြေရင် ပြေသလို၊ အချိန်ပေးနိုင်ရင် ပေးနိုင်သလို လုပ်နိုင်တဲ့ အလုပ်မျိုး ဖြစ်ပါတယ်။
Freelancing is one of the easiest, fastest, and lowest cost ways to start working for yourself.
တစ်ချို့ ကတော့ ကုမ္မဏီလို နေရာကနေ အလုပ်လုပ်မဲ့ သူတွေကို လိုအပ်တဲ့ အချိန်မှာ လိုအပ်တဲ့ ဖောက်သည်တွေနဲ့ ချိတ်ဆက်ပြီး လုပ်ကိုင်နိုင်တဲ့ အလုပ်တစ်ခု အနေနဲ့ လုပ်ကိုင်ကြတာ ရှိပါတယ်။ ဒီလို အလုပ်မှာတော့ လုပ်မဲ့သူ နဲ့ သူ ရဲ့ ကျွမ်းကျင်မှုသာ လိုပြီး ဖောက်သည်လို့ ခေါ်နိုင်တဲ့ အလုပ်ရှင်တွေ အပ်တဲ့ အလုပ်ကို သတ်မှတ်ချိန် အတွင်းပုပ်ပြတ် လုပ်ပေးကြရတာမျိုး ပါ။ ဒီအတွက် ကိုယ့်ရဲ့   အလုပ်အပေါ်စီမံခန့် ခွဲတဲ့ HR တို့  Project Manager တို့ ရှိမှာမဟုတ်ပါဘူး ။ သတ်မှတ်ချိန်မှာ အရည်အသွေး ကောင်းတဲ့ Outcome တစ်ခု ထွက်ပေါ်လာဖို့  ကိုယ်တိုင် ကြိုးစားပြီး ဖန်တီးနိုင်ရမှာ ဖြစ်ပါတယ်။ အဲ့ဒီအတွက် ထိုက်သင့်တဲ့ လုပ်အားခ ကို ကိုယ်တိုင်ညှိပြီး ကြိုက်မှ လုပ်နိုင်ပါတယ်။
Saturday, July 13, 2013
Online Business လုပ်ကြမလား..?
တစ်ချို့ တလေကတော့ ဒီနည်းလမ်းတွေကို သိပြီ ဖြစ်ပါလိမ့်မယ်။ ကိုယ်ပိုင်စီးပွားရေး တစ်ခုကို မိမိ အိမ်ကနေ အင်တာနက် ရှိရုံနဲ့ လုပ်နိုင်တဲ့ အခွင့်အလမ်း ပါ။ နိုင်ငံတကာမှာတော့ ဒီလို နည်းလမ်းတွေဟာ
ကိုယ်ပိုင် အားတဲ့ အချိန်တွေမှာ တစ်ဖက် တစ်လမ်းကနေ ၀င်ငွေရှာနိုင်ဖို့  လုပ်ကိုင်တက်ကြပါတယ်။
အိမ်ထောင်ရှင် မိခင်တစ်ယောက်က ကလေးထိန်းရင်း အလုပ်လုပ်နိုင်သလို ၊ ကျောင်းတက်နေရတဲ့ ကျောင်းသားတွေကလည်းသူတို့  လိုအပ်တဲ့ ကျုရှင်ကြေးကို ရှာဖွေနိုင်မယ်။ လူငယ်တွေကလည်း အိမ်မှာ လုပ်နိုင်တဲ့ အွန်လိုင်း စီးပွားရေး တစ်ခုကို ဖန်တီးနိုင်ပါမယ်။
Monday, July 8, 2013
အင်တာနက် အလကားမရနိုင်တဲ့ နေရာ ( No Free WiFI Zone )
ခေါင်းစဉ် ကို ကြည့်ရင်တော့ ဂွကျတယ်လို့ ထင်မိမှာပါ။ Wifi ဖရီးမရတဲ့ နေရာတဲ့ ။ ဇာတ်လမ်းက ဒီလိုပါ။
လူစည်ကားတဲ့ နေရာအတော်များများ နဲ့  စားသောက်ဆိုင်များမှာ လူဝင်လူထွက် များစေလိုတဲ့ အခါ အင်တာနက် အလကားအသုံးပြုနိုင်တာတို့  ၀ိုင်ဖိုင်အင်တာနက် အသုံးပြုနိုင်တာတို့ နဲ့  လူများကို ဆွဲဆောင် တက်ကြပါတယ်။
အခု နေရာကတော့ No Wifi Zone ပါ ။ အင်တာနက် မရနိုင်တာ မဟုတ်ပါဘူး။ အင်တာနက် တမင်ကို ပိတ်ထားတာ ဖြစ်ပါတယ်။ ငါးမီတာ ပတ်လည်မှာ ဘာအင်တာနက် လိုင်းကိုမှ ဖွင့်မထားဘဲ ပိတ်ထားတာ ဖြစ်ပါတယ်။ကိုယ်ပိုင်အင်တာနက်တောင် အသုံးမပြုနိုင်ပါဘူး။
ဘာကြောင့်လဲ..?
Monday, July 1, 2013
Social Media Page Creator မှ Social Media Community Manager အဖြစ်သို့ 
Facebook မှာ Page တစ်ခု လုပ်တာဟာ သိပ်တော့ မထူးဆန်းပါဘူး။ မိမိဝါသနာ ပါရာ အကြောင်းအရာများကို ဖန်တီးဖို့  ၊ မျှဝေဖို့  ၊ ရေးသားဖို့  စတာတွေကို အပျော်တမ်းအဖြစ် Facebook အကောင့် ရှိတဲ့ သူတိုင်း လုပ်နိုင်တဲ့ အရာတစ်ခု ဖြစ်ပါတယ်။ ဒီလို အပျော်တမ်းကနေ Professional အလုပ်အကိုင် အခွင့်အလမ်း တစ်ခု အဖြစ် ဖန်တီးလာကြတာကို တွေ့ မြင်ရလာတော့ ကိုယ်တိုင်လည်း Page များကို ဖန်တီးသူ ၊ မျှဝေသူ ၊ ရေးသားသူ ပီပီ ဒီ Position တစ်ခုကို မကြာခင်မှာ တွင်ကျယ်လာတော့မည့် အခွင့်အလမ်း တစ်ခု အနေနဲ့  လေ့လာတင်ပြချင်ပါတယ်။
Tuesday, June 11, 2013
သမိုင်းကြောင်းထဲက နာမည်ကြီး အွန်လိုင်း ရှော့ ပင်း amazon.com
Amazon.com
သူ့ နာမည်က Jett Bezos (ဂျက်ဘီဇာ့) ငယ်စဉ်ကထဲက စမတ်ကျကျနေတက်သူ တစ်ဦး ။ 
မိခင်ဖြစ်သူနဲ့  ပထွေးတို့ က ထက်မြတ်မည့် သူ တစ်ယောက်လို့  ရိပ်မိကြတဲ့ အတွက် ဥာဏ်ရည် ဥာဏ်သွေး ထက်မြတ်တဲ့ ကလေးများ ပရိုဂရမ် ကျောင်း တစ်ခုမှာ တက်ရောက် သင်ကြားစေခဲ့ တယ်။ ဂျက်ဟာ ၁၉၈၅ ခုနှစ်မှာပဲ အင်တာနက် နဲ့  ရင်းနှီးနေသူ တစ်ယောက် ဖြစ်ခဲ့တယ်။
ထိုခေတ် ကာလမှာ အင်တာနက်ကို အမေရိကန် စစ်တပ် အသိုင်းအ၀ိုင်း လောက်ပဲ အသုံးပြုနိုင်သေးပြီး အပြင်မှာ အင်တာနက်ကို ကိုင်တွယ် ဖူးသူ မဆိုထားနဲ့ ကြားဖူးသူဟု ဆို၍ပင် မဆိုသလောက်သာ ရှိသေးတဲ့ အချိန် ဖြစ်ပါတယ်။
Sunday, June 2, 2013
ရေခွက် တစ်ခွက်
Stress Management သင်တန်းတစ်ခုမှာ ဖြစ်ပါတယ်။ စိတ်ပညာကို အဓီက သင်ကြားပေးတဲ့
ဆရာမ ဖြစ်သူဟာ သင်ခန်းစာ တစ်ခု အနေနဲ့  ကျောင်းသားတွေကို မေးခွန်းတစ်ခု မေးလိုက်ပါတယ်။
ရေတစ်ဝက်ပဲ ရှိတဲ့ ဖန်ခွက်ကို မြောက်ပြပြီး ဒါ ဘယ်လောက်လေးမယ်ထင်သလဲတဲ့
သင်တန်းသား အများစုဟာ မိမိတို့ စိတ်ကူးရှိသလောက် ဖြေကြပါတယ်။
အမျိုးမျို အဖုံဖုံပါပဲ။
နောက်ဆုံးမှာ သင်တန်းဆရာမဟာ ...
အမှန်တော့ ဒါဟာ သူ့ အလေးချိန်ဘယ်လောက်ရှိသလဲ ဆိုတာက အရေးကြီးတာမဟုတ်ပါဘူး။
ဒီခွက်ကို ကိုင်ထားတဲ့ အချိန်ကြာမြင့်မှု သာ အရေးကြီးတာ ဖြစ်ပါတယ်။
အကယ်လို့ ဒီဖန်ခွက်ကို တစ်မိနစ်လောက် ကိုင်ထားမယ်ဆိုရင် ပြဿနာမရှိသေးပါဘူး။
တစ်နာရီလောက် ကိုင်ထားမယ် ဆိုရင် လက်မောင်းတွေ စတင် ကိုက်ခဲလာမှာ ဖြစ်ပါတယ်။
တစ်နေ့ လောက်သာ ကိုင်ထားရမယ်ဆိုရင် သေချာတယ် လက်တွေ ထုံကျင်ပြီး ညှောင်းညာနေမှာ ဖြစ်ပါတယ်။
ဒီဖန်ခွက်ကို ကိုင်ထားတဲ့ အခြေအနေတိုင်းမှာ ဖန်ခွက်အလေးချိန်က ပြောင်းမသွားပါဘူး။
ဒါပေမဲ့  ဘယ်လောက်အထိ ကိုင်ထားတဲ့ အချိန်ပေါ်မှာ မူတည်ပြီးသာ လေးလာတယ် ညှောင်းလာတယ် ဆိုပြီး ခံစားရတာ ဖြစ်ပါတယ်။
ဟုတ်ပါတယ်။ ကျွနိုပ်တို့  ဘ၀မှာ ရှိတဲ့ ယုံကြည်ချက်တစ်ခုမှာ ထားတဲ့ စိတ်ဖိဆီးမှုတွေနဲ့ ပူပန်မှုတွေဟာ ဒီဖန်ခွက်လိုပါပဲ။
စစခြင်းတုန်းကတော့ ကိုယ်ဘာမှ မခံစားရဘူးပေါ့။ နောက်တော့ နည်းနည်း ကြာလာတော့ ဒီအတွက် စတင်ပြီး နာကျင်မှုတွေ ခံစားလာရပြီ ။
ဒီလိုနဲ့ ရက်ပေါင်းများစွာ ရှည်လာတဲ့ အထိ ဆုပ်ကိုင်လာတဲ့ အခါ သင်တို့ ဟာ အားအင်တွေ လျော့စပြုလာပြီ ကြွက်သားတွေ လျှော့ရဲလာပြီ။
ဒီလို အခြေအနေမျိုးမှာ ဘာလုပ်ကြမလဲ...
"Remember to put the glass down"
Friday, April 19, 2013
အလုပ်မှာ အတွေးအခေါ်နဲ့ စိတ်ဓာတ်ကို ဘယ်လိုမြင့်တင်ကြမလဲ
“Your attitude, not your aptitude, will determine your altitude.” ~ Zig Ziglar
လူသားတိုင်းမှာ မိမိ ရှင်သန်ကြီးပြင်းလာခဲ့ ရတဲ့ ဘ၀အပေါ်မူတည်ပြီး အတွေးအခေါ်နဲ့ စိတ်ဓာတ်တို့ ဟာ ပြောင်းလဲတက်ကြပါတယ်။
လူ့ ဘောင် အဖွဲ့ အစည်း တစ်ခုမှာ ကိုယ်ဟာ ၀င်ဆန့် ဖို့ လုပ်တော့မယ် ၊ လုပ်ငန်းဆောင်တာတွေကို ဆောင်ရွက်တော့မယ်ဆိုရင် အရင်ဆုံး ကိုယ်စတင်မည့် နေရာ ၊ ဒေသ ၊ လူမှုဆက်ဆံရေး စသဖြင့် ထိတွေ့ လေ့လာရတော့မှာ ဖြစ်ပါတယ်။
ဒီလို ဘ၀ အတွက် ရုန်းကန်ရတဲ့ အချိန်မှာ အတားအဆီးနဲ့ အခက်အခဲဆိုတာ အောင်မြင်မှု ဆိုတဲ့ အရာ မရောက်ခင် ကြိုရှိနေတက်တဲ့ ၀ိသေသများပဲ ဖြစ်ပါတယ်။ အခက်အခဲတွေ ကြုံလာပါပြီတဲ့ ကိုယ့် အနေနဲ့ ဘယ်လို ကျော်ဖြတ်နိုင်မလဲ..။ တစ်သက်လုံး သင်မကုန်တဲ့ သင်ခန်းစာတွေက လား ၊ လုပ်ကိုင်ဖော်များနဲ့ တိုင်ပင်မှု တွေနဲ့ လား ၊ ဒီအတိုင်း ဘာလာလာ ရင်ဆိုင်လိုက်မဟဲ့ ဆိုတဲ့ ခံယူချက်များနဲ့ လား.. လူသားတစ်ဦးချင်းစီ အပေါ် မူတည်ပြီး ကွဲပြားလာပါပြီ။
အရာအားလုံးကလည်း ဟတ်ချလောင်း ဆိုပြီး လိုတိုင်းတ ဖြစ်သွားမဲ့ ကိစ္စများ၊ အလွယ်တကူ ကျော်ဖြတ်နိုင်မဲ့ အတားအစီးများ မဟုတ်တော့ .. လူသားတိုင်း ရင်ဆိုင်ဖို့ မလွဲမသွေ ကြုံရမှာပါ။
ဘယ်လိုပြင်ဆင်ကြမလဲ..ဘယ်လိုကျော်ဖြတ်ကြမလဲ..?
ဒီမှာ မျှဝေပေးဖို့ နည်းလမ်းဆယ်ခုလောက်ကို ရွေးထားပါတယ်။ အမှန်တော့ လူတိုင်းနဲ့ ဆိုင်ပါတယ်။ အားလုံးလည်း လေ့လာပြီး လိုက်နာသင့်ပါတယ်။ ဒါက ကိုယ့်ဘ၀အတွက် အရည်အချင်း ကောင်းများ ပေါ်ထွက်လာဖို့  လမ်းကြောင်းတစ်ခုဆိုတာပါပဲ။
၁။ ကိုယ် လုပ်ကိုင်နေပုံများကို ပြန်လည် ဆန်းစစ်ပါ
ကိုယ်လုပ်ပြီးခဲ့ သမျှကို ပြန်လည် ဆန်းစစ်ကြည့်ပါ။ ကိုယ်တကယ် ဒီအလုပ်အတွက် အချိန်ပေးလုပ်ထားတာ ဘာအတွက်ဆိုတာ ရယ် ၊ ဘာကြောင့် လုပ်ရတယ်ဆိုတာရယ်ကို အလုပ်လုပ်တိုင်း ဆန်းစစ်ပါ။
၂။ အချိန် စီမံခန့် ခွဲထားတဲ့ ပုံကို ဆန်းစစ်ပါ။
တစ်နေ့ တာ လုပ်ပိုင်ခဲ့တဲ့ အချိန်ဇယားကို ပြန်ဆန်းစစ်ပါ။ ဦးစားပေးလုပ်ရတာတွေ ၊ မျှော်လင့်ချက် ကြီးကြီးမားမားနဲ့ လုပ်ခဲ့တာတွေ စသဖြင့် အချိန်ဘယ်လောက် အထိ သုံးခဲ့ ရတယ်ဆိုတာကို ဆန်းစစ်ရမှာပါ။
၃။ အေးချမ်းဆိတ်ငြိမ်တဲ့ အနားယူချိန်ကို ဖန်တီးပါ။
အလုပ်လုပ်ချိန်မှာ အလုပ်လုပ်ပြီး အနားယူသင့်တဲ့ အချိန် ၊ ထမင်းစား ၊ ကော်ဖီသောက်ချိန် စတာတွေကို တိတိကျကျ အချိန်ပေးပါ။ အလုပ်တွေချည်းပဲ စုလုပ်နေမယ်။ Break ပေးချိန်ကိုလည်း အလုပ်ချိန် အနေနဲ့ ပိုလုပ်မိတာမျိုးတော့ ကောင်းမွန်တဲ့ စိတ်အေးချမ်းမှုကို ရနိုင်မှာ မဟုတ်ပါဘူး။
၎။ ကိုယ် အကြောက်ဆုံးဖြစ်နေတဲ့ ကိစ္စများ နဲ့ ပတ်သတ်လာရင်။
လူတိုင်းမှာ ကိုယ်မလုပ်နိုင်ဘူး ထင်တဲ့ ၊ကိုယ်လုပ်ရမှာ ကြောက်လန့် နေမိတဲ့ (အလုပ်အကိုင်) တစ်ချို့ ကို တခြားရှုထောင့်ကနေ လေ့လာကြည့်ပါ။ ကိုယ်ဘာလို့ ကြောက်လန့် ရတဲ့ အထိ မလုပ်နိုင်သလဲဆိုတာမျိုးတွေပါ ။ မလုပ်နိုင်တာကို ပိုပြီး လေ့လာဖို့ လိုပါတယ်။
၅။ မနက်စောစောထပါ။
မနက်စောစော ထပါ။ အရင်က ထချိန်ထက် မိနစ် သုံးဆယ်လောက် ကြိုစောပြီး ထကြည့်ပါ။ အထူးသဖြင့် ရုံးတက်ရမဲ့ နေ့ များဖြစ်တဲ့ တနင်္လာနေ့ ကနေ သောကြ်ာနေ့ အထိ ကြိုးစားပြီး စောစော ထကြည့်ပါ ။ တစ်နေ့ လုံး သက်သောင့်သက်သာနဲ့ 
နေထိုင်ကောင်းနေတာကို ခံစားရမှာပါ။
၆။ နံနက်စာ ကို မမေ့မလျော့စားပါ။
နံနက်စာကို စားလိုက်ခြင်းက တစ်နေ့ တာအတွက် အကောင်းဆုံး လောင်စာကို ဖြည့်ပေးလိုက်တာပဲလို့  မှတ်ယူရပါမယ်။ နံနက်စာက အလုပ်မှာ တစ်နေကုန် လန်းဆန်းတက်ကြွမှုကို ဖြည့်ဆည်းပေးနိုင်ပါတယ်။
၇။ လူတွေနဲ့ ဆက်သွယ်ပါ ။
သင့်ကို အလုပ် အလုပ် ဆိုတဲ့ ကမ္ဘာကြီးကနေ အားလပ်ချိန်တွေမှာ အချိန်ဖြုန်းပေးနိုင်မဲ့ သူတွေကို ဆက်သွယ်ပါ။ သင်နဲ့ အတူ အပြင်ထွက်ဖို့ နှစ်ခါ မခေါ်ရတဲ့ သူတွေကိုပေါ့ ။
၈။ ပျော်စရာ နေ့ ရက်တွေကို ပြုလုပ်ရပါမယ်။
တနင်္လာကစလို့ သောကြ်ာနေ့ အထိ ပျော်စရာနေ့ ရက်တွေ ဖြစ်အောင် ဖန်တီးပါ ။ အဓီက က အလုပ်လုပ်ရတာ ပျော်တယ်ဆိုတာမျိုးပါ။ ဒါမှ အားလပ်ရက်များမှာ တကယ် တက်ကြွတဲ့ အချိန်ကောင်းလေးတွေကို ပိုင်ဆိုင်ရမှာပါ။
၉။ ကောင်းသတင်းတွေကိုသာ ဖတ်ပါ။
စိတ်ညစ်စရာ ၊ စိတ်ပျက်စရာ သတင်း အချက်အလက် များကို ဆိုရှယ်နက်ဝေါ့ သုံးပြီး ဖတ်ရှုခြင်း လေ့လာခြင်းကို ရှောင်ပါ။ ကလစ်တောင် မလုပ်မိပါစေနဲ့ ။ ဒီအစား သင်ကြိုက်တဲ့ ၊ ၀ါသနာပါတဲ့ အကြောင်းအရာများကို လေ့လာပါ။ သီချင်း ကောင်းလေးတွေကို နားထောင်ပါ။
၁၀ ။ မိမိကိုယ်ကိုယ် ဆင်မြန်းပေးပါ ။
အ၀တ်အစားကို အကောင်းစားကြီး မဟုတ်ရင်တောင် သန့် သန့် ပြန့် ပြန့် နဲ့ ကြည့်ပျော်ရှု ပျော်ရှိ စေမဲ့ ၀တ်စားဆင်ယင်မှု ဖြစ်သင့်ပါတယ်။ ၀တ်စားဆင်ယင်မှု ဟာ မိမိကိုယ်ကိုယ် အရည်အချင်းမြင့်တင်ပေးနိုင်တဲ့ အပြင် ကိုယ့်ကိုယ် ယုံကြည်မှုလည်း တိုးစေတယ်ဆိုတာ လက်ခံရမှာ ဖြစ်ပါတယ်။
တစ်ချို့ အချိန်တွေမှာ ကျနော်တို့ ဟာ ကိုယ့်အကျင့်စရိုက် တစ်ချို့ ကို လှုပ်ရမ်းခါပစ်ရပါမယ်။ မကောင်းဘူး ထင်ရတဲ့ အကျင့်တစ်ခုကို ဖျောက်ပြီး ကောင်းမွန်တဲ့ အကျင့်တစ်ခုကို တည်ဆောက်ကြည့်ပါ။
ပရော်ဖက်ရှင်နယ် အောင်မြင်မှု တစ်ခုရဲ့ သော့ချက်က ကိုယ်ရေးကိုယ်တာ နဲ့ သက်မွေးမှု ကို ထပ်တူ ကျ တိုးတက်အောင် ပြုလုပ်ခြင်း ပဲ ဖြစ်ပါတယ်။ သင့်ရဲ့ အောင်မြင်မှု နဲ့ ပျော်ရွင်မှုဟာ အလုပ်ထဲမှာတင်မဟုတ်ဘဲ အပြင်မှာပါ မိမိကိုယ်ကိုယ် တည်ငြိမ်အောင် ထိန်းသိမ်းနိုင်ခြင်းပါပဲ။ သင့်ရဲ့ အတွေးအခေါ်နဲ့ စိတ်ဓာတ်ကို သင့်နှလုံးသားက ခိုင်းစေမှု အတိုင်း အခုမှစပြီး လိုက်လျောပေးလိုက်ပါ။
မိတ်ဆွေတို့ အောင်မြင်မှုများအတွက် ရေရှည်မှာ ကြီးမားတဲ့ အခွင့်အလမ်းများ ဖြစ်ပေါ်လာစေဖို့  အခုကထဲက ဆောင်ရွက်ပါတော့။
လင်းတန်ဆောင်
19.4.2013 ( 12:20 ) AM
Sunday, March 31, 2013
အမေရိကန် (သို့ ) အသေးစားလုပ်ငန်းပိုင်ရှင်များ
Small Business လို့ ခေါ်တဲ့ တစ်နိုင်တစ်ပိုင်လုပ်ငန်း အသေးစား များဟာ အမေရိက မှာ တွင်ကျယ်နေတဲ့ ကာလတစ်ခုပဲ ဖြစ်ပါတယ်။ ၂၀၁၂ ခုနှစ် မဲအရ ၈၈ ရာခိုင်နှုန်းသော အမေရိကန်နေ ပြည်သူများဟာ ကိုယ်ပိုင် လုပ်ငန်း အသေးစားလေးများကို လုပ်ကိုင်ရတာ နှစ်ချိုက်သူများလို့  သိရပါတယ်။
အချက်အလက်များမှာကတော့ ၆၈ ရာခိုင်နှုန်းလောက်က လုပ်ငန်းကြီးများထက် လုပ်ငန်း အသေးစားများကို ပိုပြီး ရင်းနှီးလုပ်ကိုင်ကြတယ်လို့ ဆိုပါတယ်။
အမေရိကန်တို့ ရဲ့  မျက်လုံးထဲမှာတော့ လုပ်ငန်း အသေးစားလေး များဟာ တက္ကသိုလ်တက်ဖို့ ကိုလည်း အထောက်အပံ့ပေးနိုင်တဲ့ အထိ အဆင်ပြေတယ်လို့ သိရပါတယ်။
၂၀၁၀ ခုနှစ် တုန်းက Pew ဖောင်ဒေးရှင်းတစ်ခုရဲ့  ဆာဗေးမှ တွေ့ ရှိချက်ကတော့ အမေရိကန်တို့ ဟာ သူတို့ ရဲ့  လုပ်ငန်း အသေးစားလေးများ လုပ်ကိုင်ရခြင်း ကို ချက်ကျောင်းတက်တာနဲ့  တက္ကသိုလ် တက်တာထက် ပိုပြီး အကောင်းမြင် ကြတယ်လို့ ဆိုပါတယ်။ အမေရိကန်တို့ ဟာ လုပ်ငန်း အသေးစားလေး များကို နှစ်ချိုက်စွာ လုပ်ရခြင်းမှာ မှတ်သားစရာ အကြောင်းအရင်းများလည်း ရှိပါတယ်။
အမေရိကန်တို့ ဟာ ဘာလို့  လုပ်ငန်း အသေးစား များကို လုပ်ကိုင်ကြသလဲ ဆိုတာနဲ့  ပတ်သတ်ပြီး အချက်အလက် ငါးချက်ကို လေ့လာတင်ပြလိုပါတယ်။
၁။ လုပ်ငန်းအသေးစားလေးများကို လုပ်ကိုင်သူများဟာ အမေရိကန်တို့ ရဲ့ စိတ်ကူးယဉ်အိမ်မက်တစ်ခုပါတဲ့။
အမေရိကန်တို့ ဟာ စိတ်ကူးအတိုင်း အကောင်အထည် ဖော်ရတာကို ကြိုက်ကြသူများလို့ ဆိုပါတယ်။ ဒီလို စိတ်ကူးအတိုင်း ကိုယ်လုပ်ချင်တဲ့ လုပ်ငန်းများကို အသေးစားမှ အစ အကောင်အထည်ဖော် ရင်းနှီးမြုပ်နှံလာရင်း ကုမ္မဏီကြီး ဖြစ်သည် အထိ ကြိုးစားတက်သူများ ဖြစ်ကြပါတယ်။ လူ့ အခွင့်အရေးတွေ အပြည့်အ၀ ရှိတဲ့ မြေမှာ ဒီလို လုပ်ကိုင်ရင် နေထိုင်ချင်သူများလို့  သိရပါတယ်။
၂။ အောင်မြင်တဲ့ ကုမ္မဏီကြီးများဟာ သေးငယ်တဲ့အရာက စတင်ခဲ့တယ် ဆိုတဲ့ အိုင်ဒီယာ ကို အမေရိကန်တို့  ဟာ         သဘောကျကြတယ်။
ပညာသင်ကြားနေတဲ့ အရွယ်မှာ ပင် ဖြစ်စေ သူတို့ လုပ်ကိုင်နေတဲ့ လုပ်ငန်းအသေးစားလေးဟာ တိုးတက်မှု ရှိတယ်လို့ ပြ ရင်  အလယ်အလတ်တန်းစား စွန့် ဦးဖန်တီးသူများဟာ ကုမ္မဏီ အသေးစား တစ်ခု လုပ်ဖို့  ရည်ရွယ်ကြပါတယ်။ တကယ်လည်း အောင်မြင်တဲ့ ကုမ္မဏီကြီးများဟာ အသေးလေးက စခဲ့တာ ဖြစ်ပါတယ်။
သာဓက အနေနဲ့  Apple ဖန်တီးခဲ့သူ Steve ဟာ မိမိလုပ်ငန်းကို ကားဂိုထောင်လို နေရာလေးကနေ စတင်ခဲ့တာ ပဲဖြစ်ပါတယ်။
ပြီးတော့ .. ပြောင်းစေ့ ကနေ ၀က်သစ်ချပင်တစ်ပင် ဖြစ်လာနိုင်တယ် ဆိုတဲ့ အတွေးကို အမေရိကန်တို့  သဘောကျကြတာကြောင့်ပါပဲ။
၃။ လုပ်ငန်းအသေးစားလေးဟာ အိမ်စောင့်ခွေးဖြစ်ပြီး အမေရိကန်တို့ ဟာ အိမ်စောင့်ခွေးလို ဘ၀ကနေ အမြစ်တွယ်ခဲ့ကြတာ။
အသေးစား လုပ်ငန်း ပိုင်ရှင်များဟာ အလုပ်ချိန်များများ ယူပြီး အနားယူတာထက် ငွေနည်းနည်းရတာကိုပိုကြိုက်ပါတယ်။
ကုမ္မဏီ ကြီးများနဲ့ ယှဉ်ပြိုင်ရတဲ့အခါမှာလည်း အလုပ်ပိုလုပ်ခြင်းဖြင့် ယှဉ်ပြိုင်တက်ကြတယ်လို့ ဆိုပါတယ်။
ဒါပေမဲ့ ကုမ္မဏီကြီးများရဲ့ မမျှတတဲ့  နည်းဗျူဟာများနဲ့ ယှဉ်ပြိုင်တာကိုလည်း ကြုံကြရပါတယ်။
၎။ လုပ်ငန်း အသေးစား လုပ်ကိုင်သူများဟာ ရိုးသားပြီး လူ့ ကျင့်ဝတ် ကို သိမြင်သူများ ။
၈ရာခိုင်နှုန်းမျှသော အမေရိကန်တို့ ရွေးချယ်ချက်အရ  ကော်ပိုရေးကြီးအကြီးစားတို့ ရဲ့  စီအီးအို တို့ ဟာ လူ့  ကျင့်ဝတ် မြင့်မားကြတယ် လို့ ဆို ပါတယ်။ ဒါပေမဲ့ ၅၂ ရာခိုင်နှုန်း သော သူတွေ ကတော့ အသေးစား လုပ်ငန်း လုပ်ကိုင်ကြသူများကို လို့ လည်း ဆိုထားပါတယ်။
၅။ လုပ်ငန်း အသေးစား များဟာ အလယ်အလတ်တန်းစား လူတို့ ရဲ့ ဘ၀ ကျောရိုး တစ်ခု
အလယ်အလတ်တန်းစားများအတွက် အကြွေးကဒ်များကို ဘယ်လိုသူတွေကို ထောက်ပံ့ပေးသင့်သလဲ လို့  မေးခဲ့ ရင် ၅၁ ရာခိုင်နှုန်းမျှသော အမေရိကန်တို့ ဟာ ကုမ္မဏီကြီးများ အလုပ်သမား သမဂ္ဂများ အစိုးရများ ထက် လုပ်ငန်းအသေးစား အတွက်  ထောက်ပံ့ပေးသင့်ပါတယ်လို့ ဖြေကြမှာ ဖြစ်ပါတယ်။
လုပ်ငန်းအသေးစား ပိုင်ရှင်များဟာ အမေရိကန်ရဲ့ အလုပ်အကိုင်ဖန်တီးသူများလို့   အမေရိကန်အများစုက ယုံကြည်ကြ ပါတယ်။ စစ်တမ်းအရ ၅၇ ရာခိုင်နှုန်းသော အမေရိကန်များကတော့  လုပ်ငန်းအသေးစား ပိုင်ရှင်များဟာ အလုပ်အကိုင်များ ဖန်တီးပေးနိုင်တဲ့ အပြင် နိုင်ငံ စီးပွားရေးကို ကုမ္မဏီကြီးနဲ့ အစိုးရထက် မြင့်တင်ပေးနိုင်တယ်လို့ ထင်မြင် ကြပါတယ်။
အမေရိကန်တို့ ဟာ နည်းပညာပိုင်းအရ သာလွန်ချက်များစွာ ရှိပြီး နာမည်ကြီး ကုမ္မဏီကြီးများစွာရှိပေမဲ့ .. အမေရိကန်တို့  ကိုယ်တိုင်မှာလည်း ထိုကုမ္မဏီများတွင် ၀င်ရောက် လုပ်ကိုင်ကြတာ နည်းပါတယ်။ မိမိတို့  စိတ်ကူးအတိုင်း လုပ်ဆောင်ရတဲ့ တစ်နိုင်တစ်နိုင် လုပ်ငန်းများကို စိတ်ဝင်စားခြင်းကို ကြည့်ခြင်းအားဖြင့် စိတ်ကူးအတိုင်းဖန်တီးရတာ စိတ်ချမ်းသာမှုနဲ့ ဘ၀ကို တည်ဆောက်ရတာ ကြိုက်သူများလို့ ဆိုနိုင်ပါတယ်.
နာမည်ကြီး နည်းပညာ ကုမ္မဏီများမှာလည်း ကမ္ဘာအနှံ့ မှ ပညာရှင် အလုပ်သမား လူမျိုးခြား များစွာနဲ့  ပုးပေါင်း လုပ်ကိုင်နေကြတာကို Google ကို သာဓက ထားပြီး သိမြင်နိုင်ပါတယ်။ ထို့ ကြောင့် အသေးစားမှ အကြီးကြီး
သို့   မျှော်မှန်းတက်သူများ ကိုလည်း လေ့လာနိုင်ဖို့ တင်ပြလိုက်ရပါတယ်။
လင်းတန်ဆောင်
Ref;entrepreneur dot com
လင်းတန်ဆောင်
31.3.2013(Sunday)
Ref;entrepreneur
Thursday, March 28, 2013
Social Media နဲ့ လုပ်ငန်းအသေးစား လေးတွေ လုပ်ကြမယ်ဆိုရင်
အွန်လိုင်းပေါ်မှာ ဆိုရှယ်မီဒီယာများဟာ  လွန်ခဲ့ တဲ့ ငါးနှစ်ကျော် အတွင်း မှာ ကောင်းတဲ့ အနေအထားအဖြစ် လူထုဆီသို့  ထွက်ပေါ်လာခဲ့ပါတယ် ။ အွန်လိုင်းမှာ  လုပ်ငန်းအသေးစားလေးတွေ လုပ်ကိုင်ဖို့  အတွက် အခွင့်အရေးတွေ ရရှိနိုင်လို့ ဆိုပါတယ် ။ ဆိုရှယ်မီဒီယာများဟာ စီးပွားရေးတစ်ခု အတွက် အခြေခံဖြစ်လာပြီး ဖောက်သည်များနဲ ဖောက်သည် ဖြစ်လာမဲ့ သူများကို   ဦးတည်တဲ့ ဈေးကွက်ရှာတဲ့ သဘောပို ရောက်တာကို တွေ့ ရပါတယ် ။ ဒီနည်းဟာ အရေးပါတဲ့ ဈေးကွက်ရှာခြင်းရဲ့  အစိတ်အပိုင်း တစ်ခု ဖြစ်ပြီး ဖောက်သည်များနဲ့  ချိတ်ဆက်မှု အတွက် ကြားခံကရိယာ တစ်ခု ဖြစ်နိုင်တာကို တွေ့ ရပါတယ်။
ဆိုရှယ်မီဒီယာဟာ အသေးစား စီးပွားရေး လုပ်ငန်း တစ်ခု ဖြစ်ဖို့ အတွက် စတင်ရာ ဖြစ်လာနိုင်ပါတယ်။ ဘာကြောင့်လဲဆိုတော့ သူ့ မှာ ချိတ်ဆက်မှု အားကောင်း တာကို တွေ့ ရလို့ ဖြစ်ပါတယ်။ ပြီးတော့ ဘယ်ဟာ ထိထိရောက်ရောက် နဲ့ မိမိ လုပ်ငန်းအတွက် အသုံးဝင်နိုင်မလဲဆိုတာတွေကို တွေးတော ရွေးချယ်နိုင်စရာတွေ အများကြီးရှိတာကို တွေ့  ရပါတယ်။ Brocasting Media များနဲ့ ကွာတာက သူက ငွေကြေးအရကော လူ လုပ်သားစွမ်းရည်အရပါ များစွာ ချွေတာမှုပေးတာကို တွေ့ ရပါတယ်။
တခါတလေ ဆိုရှယ်မီဒီယာကို အသုံးချခြင်းပြီး ဈေးကွက်ရှာဖို့ ဟာ အချိန်အတိုင်းအတာ တစ်ခုသာ ဖြစ်နိုင်ပြီး တခါတလေ ဈေးကွက်ရှာဖို့  အတွက် အမြဲတမ်း မဖြစ်နိုင် ပါဘူး။ ဒီ အခွင့်အရေးဟာ အရေးကြီးတယ်လို့  သဘောပေါက် ရပါမယ် ။ ဒါကြောင့် မိမိ စီးပွားရေးအတွက် ထိထိရောက်ရောက် အကျိုးပြု မည့် ဆိုရှယ်မီဒီယာကို ရွေးချယ် သင့်ပါတယ်။
ဖေ့ဘွတ်တွင် စီးပွားရေးပေ့ခ်ျတစ်ခုကို ထောင်ခြင်း
ရိုးရှင်းပြီး လူတိုင်းနီးပါး အသုံးပြုကြတဲ့ ဆိုက်ရှယ် နက်ဝေါ့ တစ်ခုဖြစ်ပြီး အသုံးပြုတဲ့ သူများအတွက်  မိမိတင်ပြလိုတဲ့  ထုတ်ကုန်များရဲ့ အချက်အလက် ကို အလွယ်တကူ မျှဝေနိုင်တယ်။ ဖေ့ ဘွတ်ပေါ်မှ စီးပွားရေး ပေ့ခ်ျ တစ်ခုဟာ သင့် လုပ်ငန်း အသေးစားကို ကြေငြာပိုင်း အနေနဲ့  ဖန်တီးထားတဲ့ ရုပ်သံ ၊ သင်္ကေတများနဲ့  ပူးပေါင်း ထောက်ပံ့ပေးနိုင်တယ်။ ဥပမာ ။ ။ ရုပ်သံနဲ့ ဂရပ်ဖစ် ဖန်တီးချက်တွေဟာ ဖေ့ဘွတ်မှာ မျှဝေလို့ ရ နိုင်တာကြောင့် ဖြစ်ပါတယ်။ ထို အချက်အလက်တွေဟာ  သင့်လုပ်ငန်းအတွက် အထောက်အပံ့ပေးပြီး ဖောက်သည်နဲ့  ဈေးဝယ်သူများ ကို ရှာဖွေ ညှိနှိုင်း နိုင်ပါတယ်။
ဖေ့ဘွတ်ဟာ စေ့စပ်ညှိနှိုင်းပေးနိုင်တယ် ၊ အချက်အလက်တွေကို မျှဝေနိုင်တယ် ၊ စိတ်ကူးတွေ ဖြန့် ကျက် ထားနိုင်တယ်  ။ ဒါပေမဲ့ သင့် လုပ်ငန်းအသေးစားလေး အတွက် တိကျ မှန်ကန်တဲ့ အရာတော့ အမြဲ မဖြစ်နိုင်ပါဘူး။
ဖေ့ဘွတ်က လုပ်ငန်းအားလုံးအတွက် မဖြစ်နိုင်ဘူး
အကယ်လို့ သင်ဟာ ထုတ်ကုန် အသေးစားလေးတွေ ၊ အထူးခွင့်ပြုချက်ရ ထုတ်ကုန်တွေ၊ အဖွဲ့ နဲ့ လုပ်တဲ့ လုပ်ငန်း နဲ့ စည်းကမ်းတကျ လုပ်ရတဲ့ စက်ရုံများ ဆိုရင်တော့ ဒီနေရာဟာ  ဈေးကွက်ရှာဖို့ ကောင်းတဲ့ သင့်တော်မည့် နေရာ တစ်ခု မဟုတ်နိုင်ပါဘူး ။
ဖေ့ဘွတ် အပြင် တခြား ရွေးချယ်စရာတွေ ဘာရှိနိုင်သေးလဲ?
LinkedIn ဆိုတဲ့ ဆိုရှယ် နက်ဝေါ့ တစ်ခုဟာ စီးပွားရေးပညာရှင်များ အများဆုံး ရှိနေတဲ့ နက်ဝေါ့တစ်ခုလို့  သိရပါတယ်။ အဲဒီ နက်ဝေါ့ကနေ မိမိလုပ်ငန်း ရဲ့  ဖောက်သည်များ ၊ အထောက်အပံ့ ပေးနိုင်မည့် လုပ်ဖော် ကိုင်ဖက်ကောင်းများကို ရှာဖွေ နိုင်တယ်လို့ ဆိုပါတယ်။ ငွေကြေးဆိုင်ရာ ၀န်ဆောင်မှုများ ၊ အာမခံ လုပ်ငန်းများ ၊ စီးပွားရေ အကျိုးဆောင် ရှေ့ နေများ ၊ ၀ါရင့် အိမ်ခြံမြေ အကျိုးဆောင်များဟာ LinkedIn မှာ အများစု အသုံးပြု ပြီး မိမိ အလုပ်အကိုင်များအတွက် ချိတ်ဆက် အသုံးပြုနေကြတယ်လို့ ဆိုပါတယ်။
ကိုယ် နဲ့ သက်ဆိုင်ရာ နယ်ပယ်မှာ အကျွမ်းတ၀င်ရှိစေဖို့  မေးခွန်းများကို အပြန်အလှန် အမေးအဖြေ များပြုလုပ်နိုင်ပြီး ရေးသားချက်များကိုလည်း လေ့လာနိုင် မျှဝေနိုင်မှာ ဖြစ်ပါတယ်။ ကိုယ် ရပ်တည်လိုတဲ့ Professional လိုင်းသီးသန့် စုဝေးရာ Group များတွင် ပါဝင်နိုင်ပြီး မိမိကိုယ်တိုင်လည်း ကိုယ်ဖွဲ့ စည်းလိုတဲ့ လုပ်ငန်း စီးပွားရေးအတွက် Group များ သီးသန့်  ပြုလုပ်ပြီး အကြံညဏ်များကို လေ့လာနိုင်ပါတယ်။ 
ဤသို့  ဖြင့်  တိကျသေချာတဲ့ အကြံပြုချက် များကို နိုင်ငံတကာမှစိတ်ဝင်စားသူများ ပါဝင်တဲ့ အသင်းအဖွဲ့ ကောင်း   လေးများမှာ ပါဝင်ခြင်းဖြင့်  သင် ရရှိမှာ ဖြစ်ပါတယ်။
လုပ်ငန်းအသေးလေးအတွက် ဘာလို့ Twitter ကို လေ့လာသင့်သလဲ?
Twitter ကို လုပ်ငန်းအသေးစားလေးများ အဓီက အသုံးပြုရခြင်း  ရဲ့ အကြောင်းပြချက်တစ်ခုက ပိုပြီး ပွင့်လင်းမှု ရှိတဲ့ ကွန်ယက်ကြီး တစ်ခု ဖြစ်နေလို့ ပါ ဟု ဆိုကြပါတယ်။ တခြားဆိုရှယ်မီဒီယာများနဲ့ အခြေခံ ပုံစံမတူတာကတော့ တွစ်တာဟာ ပွင့်လင်းမြင်သာ စွာ ဆွေးနွေးလို့ ရတဲ့ ဖိုရမ်ကြီး တစ်ခု ဖြစ်ပြီး  အဓီပယ်က တစ်ယောက်မျှဝေတာကို တစ်ယောက်က လိုက်ပြီး ဖတ်ရှုနိုင်တယ် သိရှိနိုင်တယ် လို့  ဆိုပါတယ်။ အနုပညာရှင်အကြောင်း သိချင်သလား နိုင်ငံရေးသမားတွေ အကြောင်းလား ဒါမှမဟုတ် ပြည်တွင်း  စီးပွားရေးသမားတို့ အကြောင်း သိချင်သလား… အားလုံး ဖြစ်နိုင်ပါတယ်။ တွစ်တာရဲ့  အားသာချက်တစ်ခုက တစ်ယောက်က ရှယ်လိုက်တာကို တစ်ယောက်က လေ့လာနိုင်ပြီး မိတ်ဆွေအဖြစ် လက်ခံရမှ လေ့လာနိုင်တာတွေ ဘာတွေ မရှိပါဘူး အားလုံး ပွင့်ပွင့်လင်းလင်းနဲ့ ကိုယ်သိချင်တဲ့ အချက်အလက်ကို Follow လုပ်ပြီး လေ့လာနိုင်မှာ ဖြစ်ပါတယ်။
တွစ်တာမှာ ပုံတွေ တင်စရာမလိုပါဘူး.. စာပုဒ်ကြီးတွေ ရှယ်စရာမလိုပါဘူး တစ်ခုတည်းသော အသုံးပြုနိုင်တာက # ဆိုတဲ့ ကီးကွတ်လေးကို အသုံးပြုပြီး မိမိလေ့လာလိုတာတွေကို လင့်ချိတ်ဆက်ပြီး သိရှိနိုင်မှာ ဖြစ်ပါတယ်။
Google+ ကိုလည်း အသုံးပြုစေလိုပါတယ်
Google+ ဟာ အသေးစားစီးပွားရေး လုပ်ငန်းတွေ အတွက် အဆင်ပြေပြီး ပိုပြီး မြန်ဆန်ထိရောက်တဲ့ နည်း တစ်နည်းလို့ လည်း ဆိုထားပါတယ်။ ဂျီမေးလ် အသုံးပြုသူတိုင်းအတွက် Google+ ၀န်ဆောင်မှုဟာ တစ်ပါးတည်း ပါဝင်မှာ ဖြစ်ပြီး မိမိလုပ်ငန်းရဲ့ ဒေတာများ အချက်အလက်များ ကြေငြာလိုသည်များကို တင်ပြနိုင်တဲ့ ဆိုရှယ်မီဒီယာကြီး တစ်ခုလို့ လည်း သိရပါတယ်။ Google+ အသုံးပြုတဲ့အတွက် မိမိလုပ်ငန်း ကို မျှဝေပေးမည့် အပြင် Google ရဲ့  Search Engine မှာလည်း ကြေငြာပြီးသားဖြစ်အောင် ဆောင်ရွက်ပေးထားတာကို တွေ့ ရပါတယ်။
ဆိုရှယ်မီဒီယာ နဲ့  မိမိ စီးပွားရေး လုပ်ငန်း ကို အသေးစားလေးမှ အစဘယ်လို ထွန်းပေါက်အောင် လုပ်ကြမလဲဆိုတဲ့ အကြောင်းအရာနဲ့ ပတ်သတ်ပြီး လေ့လာတင်ပြရသလောက် ကမ္ဘာအနှံ့  အသုံးပြုနေကြတဲ့ နည်းလမ်းများပဲ ဖြစ်ပါတယ်။ အကယ်လို့ မိမိကိုယ်တိုင်လည်း ဒီလိုမျိုး လုပ်ငန်းအသေးစားလေးတွေကို လုပ်ကိုင်ဖို့ အရင်းအနှီးများများစားစားမရှိဘူး ၊ လေ့လာမှုများ လိုအပ်တယ်ဆိုရင်တော့ အထက်ပါ ဖော်ပြခဲ့တဲ့ အချက်အလက်များကို နှိုင်းယှဉ်လေ့လာပြီး ထိထိရောက်ရောက် အသုံးချနိုင်ဖို့ တင်ပြလိုက်ပါတယ်။
 လင်းတန်ဆောင်
ref; Anna McAuley ; Social media needs to be part of the marketing plan for small
business.
Friday, March 22, 2013
ပုံပြင်လေးတစ်ပုဒ်မှ သင်ခန်းစာ
--- တခါက မုဆိုးတစ်ယောက်ဟာ တိရစ္ဆာန်များရဲ့ အသိညဏ်ဆိုင်ရာကို စစ်ဆေးဖို့ စမ်းသပ်မှု တစ်ခု လုပ်ခဲ့တယ်တဲ့ ။ စမ်းသပ်မှု ကတော့ ကြီးကြီးမားမားတော့ မဟုတ်ပါဘူး။ 
ပထမဆုံး တိရစ္ဆာန်ထဲမှ ခွေးအ ကို ခွဲခြားဝေဖန်နိုင်တဲ့ အသိညဏ်ရှိ မရှိ စမ်းသပ်ဖို့ ခွေးအများ နေထိုင်ရာ ဂူတစ်ခုကို အသံပြုလိုက်တယ် ။ပြီးတော့ မလှမ်းမကမ်း က ခြုံတစ်ခုမှာ ပုန်းနေလိုက်တယ်။ အဲ့ဒီမှာ ဂူထဲက ခွေးအ အုပ်စုဟာ ထွက်လာပြီး ဟောင်ကြပါလေရော။ ဒါနဲ့ မုဆိုးဟာ တွေတဲ့နေရာက ခဲတစ်လုံးကို ကောက်လိုက်ပြီး ခွေးအ အုပ်ထဲကို ပစ်လိုက်တော့... ခွေးအများဟာ ခဲကို ရန်သူအမှတ်နဲ့  ကိုက်ခဲပြီး ဆူညံနေကြပါတယ်။
ဒီလိုနဲ့  မုဆိုးဟာ ခွေးအ များရဲ့  အသိဥာဏ် ကို မှတ်သားလိုက်တယ် ။ခွေးအ များရဲ့ စဉ်းစားဆင်ခြင်နိုင်စွမ်း ဘယ်လောက် ရှိမရှိ ဆိုတာကိုပေါ့ ။ 
နောက်တစ်ခေါက်ကျတော့... တောဘုရင်လို့ ခေါ်တဲ့ ကေသရာဇာ ခြင်္သေ့ မင်းကို ဘယ်လောက် အထိ စဉ်းစားဆင်ခြင်နိုင်စွမ်း ရှိသလဲဆိုတာကို ပြန်စမ်းသပ်ပါတယ် ။
ဒီတော့ ခြင်္သေ့ မင်း နေတဲ့ ဂူကို သွားတယ်။ ဒီတစ်ခါတော့ သစ်ပင် တစ်ပင်ပေါ်တက်ပြီးတော့ 
နေရာ ယူလိုက်တယ်။ ခြင်္သေ့က အင်အားကြီးတော့ ရန်ပြုလာရင် ကာကွယ်နိုင်အောင်လို့ ပေါ့ ပြီးမှ ထုံးစံအတိုင်း အသံပြုလိုက်တယ် ။
အချိန်တော်တော်ကြာ ဆူညံသံတွေ ဘာတွေ အော်ပေမဲ့ ခြင်္သေ့မင်းက ထွက်မလာဘူး ။ သူ့ ရဲ့ ပိုင်နက်မှာပဲ ငြိမ်နေပြီး ရန်သူလား ဘာလားဆိုပြီး အကဲခတ် နေတယ် ။ ခြင်္သေ့မင်း ထွက်မလာတော့ မုဆိုးဟာ ဒီတစ်ခါ ခဲနဲ့  ဂူထဲကို ပစ်ပြီး ပြန်စမ်းတယ် ။ ခဲက ခြင်္သေ့ မင်း ဂူထဲကို ရောက်တော့.. ဒီတခါမှ ခြင်္သေ့မင်းဟာ ထွက်လာတယ် ။
 ပြီးတော့ ခဲကို အနံ့ ခံတယ် ။ ခဲလာရာ လမ်းကြောင်းကို ကြည့်တယ် ။ ပြီးတော့ မုဆိုးရှိတဲ့ ဘက် ခဲ ပေါက်တဲ့ ဘက်ကို အနံ့ ခံတယ် ။ မုဆိုးရဲ့ အနံ့ ကို လေကြောင်းကနေ အနံရတော့ တွေ့ သွားတယ်။ မုဆိုးကိုလည်း အကဲခတ်တယ် ။ မိမိကို တကယ် ရန်ပြုနိုင်စွမ်း မရှိတာရယ် မုဆိုးရောက်နေတဲ့ နေရာက သူလှမ်းမမီနိုင်တဲ့ နေရာဆိုတာ တွေ့ သွားတော့ ခြင်္သေ့ဟာ တစ်ချက်ကြည့်ပြီး မိမိနေထိုင်တဲ့ ဂူထဲကိုပြန်ဝင်သွားတယ် ။ 
မုဆိုးကလည်း ခြင်္သေ့ တော်တော်ကြာကြာလေး ဂူထဲ ၀င်သွားတာ တွေ့ မှ သစ်ပင်ပေါ်က ဆင်းပြီး ခြင်္သေ့မင်းရဲ့  စဉ်းစားဆင်ခြင်နိုင်စွမ်းကို အသိအမှတ်ပြုလိုက်တယ် ။ 
တောဘုရင် ခေါ်ထိုက်ပါပေတယ် ။ တောဘုရင် ပီသပါတယ်နဲ့ 
တိရိစ္ဆာန်ဖြစ်သော်ငြားလည်း ဘယ်လောက် အထိ ဝေဖန် ပိုင်းခြားနိုင်စွမ်း ရှိသည် ဆိုတာကို မုဆိုးဟာ သဘောပေါက်သွားတယ်။
....................................................................
ဒါကတော့ ပုံပြင်လို့ ခေါ်မလား..ပညာပေးလို့ ခေါ်မလား.. 
အဓီက နဲ့ သာမညကို ခွဲခြားနိုင်တယ်လို့ ခေါ်မလား..
အသိဥာဏ် ရှိတာနဲ့  အသိဥာဏ် မရှိတာကို နှိုင်းယှဉ်တယ်လို့ ခေါ်မလား...
ပြဿနာများနဲ့ ကြုံလာတဲ့ အခါ နဲ့ ပြဿနာ ရှာခံရတယ်လို့ ထင်ရတဲ့ အခါ
ကျနော်တို့ တစ်တွေ ဘယ်လိုဖြေရှင်းကြမလဲဆိုတာကိုပဲ ပေးချင်တဲ့ အကြောင်းအရာလေးပဲလား ဆိုတာ... ဖတ်ရှုသူ မိတ်ဆွေများ မိမိကိုယ်ပိုင်စဉ်းစားဆင်ခြင် နိုင်စွမ်းဖြင့် တွေးတောကြပါကုန် ။
ဖတ်ဖူးတာလေး ရေးရေးကနေ ပြန် မှန်းဆပြီး ရေးသားမျှဝေပါတယ်။
Wednesday, March 20, 2013
Social Media မှာ ဆွဲဆောင်မှု ရှိသော အရေးအသားဖြစ်ဖို့ 
Attractive Writing Skills
အွန်လိုင်းပေါ်မှာ Article တစ်ခုအတွက် ဖြစ်ဖြစ် ၊ ဗဟုသုတ အချက်အလက်များကို ရေးသားမျှဝေဖို့ ပဲ ဖြစ်ဖြစ်.. ရေးသားပုံရေးသားနည်းဟာ အရေးကြီးပါတယ်။ မိမိရေးသားတင်ပြပုံဟာ စာဖတ်သူကို ဆွဲဆောင်နိုင်ဖို့  ယေဘုယျကျတဲ့ အချက်တွေရယ်၊ထိထိရောက်ရောက် ဖြစ်စေတဲ့ အချက်တွေရယ် ရှိပါတယ်။ စာဖတ်သူကို ပထမ စာကြောင်း ဖတ်လိုက်တာနဲ့ .. ဆက်ဖတ်ချင်လာအောင် ဆွဲဆောင် လုပ်နိုင်ဖို့ ကလည်း အရည်အချင်းတစ်ခုပါပဲ ။
ဒီလို အရေးအသား တင်ပြပုံတွေကို ဘယ်လို ထိထိရောက်ရောက်ဖြစ်အောင် ရေးသားမယ် နဲ့ ဘယ်လို အချက်တွေနဲ့  ညီအောင် 
ရေးသားမယ်ဆိုတာကို လေ့လာ တင်ပြချင်ပါတယ်။
ပထမဆုံး ဆိုရှယ် နက်ဝေါ့ဖြစ်တဲ့ ဖေ့ဘွတ်မှာ ရေးသားတဲ့ ပုံစံမှာ ... အရေးကြီးတဲ့ အချက်တွေက ..
(၁) စာလုံး အဖြတ်အတောက် ကို သတိပြုပါ။
အဓီက က လေးထောင့်ကျကျ ဘောက်စ် တစ်ခုမှာ ရေးသားတဲ့ အခါ စာလုံးအဖြတ်အတောက်နဲ့  အထားအသို ဖြစ်တဲ့ (ရရစ်) (ရပင့်) (အောက်ကမြင်)(တစ်ချောင်းငင်) စတဲ့ အရေးကြီးတဲ့ စကားလုံး အထောက်အပံ့များကို မှန်ကန်တဲ့ Keyboard မှ စာလုံးကို ရိုက်ပြီး
 ရေးသားတက်ရပါတယ်။
ဥပမာ။ ။ လုပ်ကိုင်နေကြသည်။ ကို 
             လုပ်ကိုင်နေကြသည် ။ ဆိုတာမျိုးမဖြစ်အောင် သတိပြုရပါမယ်။
စကားလုံး လေးလုံး(သို့ ) သုံးလုံးကို Space Bar တစ်ချက် ပုတ်ပြီး ရေးရမှာ ဖြစ်ပါတယ်။ကီးကွတ်တစ်ခုထဲက(  ရရစ်ကြီး၊  ရရစ်ငယ် ) စာလုံးအမှန်ကို Shift ခံပြီး ထည့်ရပါမယ်။
(၂) စာလုံးပေါင်းမှန်ရပါမယ်။
ဆောင်ထားသင့်ပါတယ်။
မှားတက်တဲ့ ပုံစံများကတော့။   ။ ဟု ဆိုလိုခြင်း ကို .... ဟု ဆိုလိုချင်း
                                            ( စားခြင်း၊ သွားခြင်း၊လာခြင်း အပြုအမူနောက်မှာ ခြင်းကို သုံးပါတယ်။ )
                                            ချင်းကတော့...စားတဲ့" ချင်း"ကိုပဲ သုံးပါတယ်။
                                             လုပ်နေကျ ကို .... လုပ်နေကြ  
                                             (အမြဲ လုပ်တက်တဲ့ အလုပ်နောက်မှာ စားနေကြ၊ သွားနေကြ၊လာနေကြ ...ထိုကြကို သုံးပါတယ်၊)
                                              ကျ ဆိုတဲ့ စကားလုံးကိုတော့ စာမေးပွဲကျ ၊ အမြင့်မှ ပြုတ်ကျ
ဘဲ နဲ့  ပဲ အသုံးပြု ပုံကလည်း မှားတက်ပါတယ် ။
ငြင်းတဲ့ စကားလုံးနောက်မှာ " ဘဲ " ကို သုံးပါတယ် ။ မလုပ်ဘဲ..မစားဘဲ..မလာဘဲ..မနေဘဲ...။
ပဲ ကတော့.. သူပဲ..ငါပဲ .ဟိုမှာပဲ..ဒီမှာပဲ.. ။
(၃) တင်ပြလိုတဲ့ အကြောင်းအရာ ကို ကိုယ်ပိုင်အရေးအသားနဲ့ တင်ပြရပါမယ်။
အဓီက က ဘာသာပြန် ရေးသားတဲ့ သူများပါ  ။ သူများရေးထားတာ တော့ ဟုတ်ပါပြီ..။ဘာသာမပြန်ခင် မကိုးကားခင်  ဒါကို အရင်ဆုံးဖတ်ပါ..။ စိတ်ထဲမှာ တစ်ခုခု ကျန်သွားသည် အထိ ပြန်ဖတ်ပါ ။ ကိုယ်စိတ်ထဲမှာ ကျန်တဲ့ ပုံစံ က ကိုယ့် ကိုယ်ပိုင် အရေးအသားပါပဲ ။ ကိုယ် ဘယ်လို နားလည်သွားသလဲ ဆိုတာကို ပြန်ချဲ့ ပြီး အစဖော်ရေးသားရမှာ ဖြစ်ပါတယ် ။
ဒါပေမဲ့ သတိပြုစရာကတော့ ကိုယ်ပိုင် အရေးအသားမှာ သတင်းရေးသားတဲ့ သူတစ်ယောက် အနေနဲ့ ရေးသားခွင့်မရှိပါဘူး ။ သူက သတင်းအင်္ဂါရပ် (W) ခြောက်လုံးနဲ့ ညီအောင် ရယ် ဘက်မလိုက်ဘဲ သတင်းကို သတင်း အနေနဲ့ ပြန်ရေးရလို့ ပဲ ဖြစ်ပါတယ်။
သတင်းအင်္ဂါရပ်များ
—ဘာဖြစ်တာလဲ              (What)
—ဘယ်သူဖြစ်တာလဲ         (Who)
—ဘယ်တုန်းကဖြစ်တာလဲ   (When)
—ဘယ်နေရာမှာဖြစ်တာလဲ  (Where)
—ဘာကြောင့်ဖြစ်တာလဲ     (why) 
—ဘယ်လိုဖြစ်တာလဲ         (How)
(၄) တင်ပြတဲ့ စာနဲ့ လိုက်ဖက်တဲ့ ရုပ်ပုံ ပါရှိရပါမယ်။
မိမိတင်ပြတဲ့ အကြောင်းအရာဟာ တင်ပြလိုတဲ့ ဓာတ်ပုံ ပါသင့်ပါတယ် လို့ မှတ်ချက်ပြုချင်ပါတယ်။ မဂ္ဂဇင်း လို စာအုပ် တစ်အုပ်မှာ ကဗျာ ရေးတာ ပဲ ဖြစ်ဖြစ်၊ ဆောင်းပါးရေးတာပဲ ဖြစ်ဖြစ် ဘယ်နေရာမဆို လိုက်ဖက်တဲ့ ရုပ်ပုံများကို ထည့်သွင်းကြတာ စာဖတ်သူကို ဆွဲဆောင်စေဖို့ တစ်ခုတည်းသော ဖော်ညွန်းချက်အနေနဲ့ သုံးကြတာကို တွေ့ ကြမှာပါ။
သတိပြုရမှာက . မိမိတင်ပြတဲ့ စာနဲ့ လိုက်ဖက်တဲ့ ပုံတွေသာ ဖြစ်ပါစေ ။ Business အကြောင်း ဆောင်းပါးရေးရင် အလုပ်လုပ်နေတဲ့ ဆွေးနွေးနေတဲ့ ရုံးဝန်ထမ်းပုံနဲ့ လူပုံ ထည့်တာ သူတို့ ဒီစာကို ဖော်ညွန်းချင်တယ်ဆိုတာ သဘောပေါက်စေချင်လို့ ပဲ ဖြစ်ပါတယ်။ တင်ပြပုံနဲ့ မဆိုင်တဲ့ ရုပ်ပုံ ထည့်ခြင်းကတော့ မပြုသင့်ပါဘူး..။
ဥပမာ အချစ်ကဗျာတစ်ပုဒ်ကို ရေးပြီး တင်လိုက်ရင် အချစ်နဲ့ ပတ်သတ်တဲ့  Romance ပုံလေးတွေသာ ဖြစ်သင့်ပါတယ် ။မဆီမဆိုင် တင်ပြသူ မိမိရဲ့  ဖလမ်းဖလမ်းထနေတဲ့ ပုံနဲ့ တွဲပြီး တင်ပြတာတော့ မဖြစ်သင့်ပါဘူး ။ အဓီက ကတော့ မိမိတင်ပြလိုတဲ့ အကြောင်းအရာ နဲ့  မဆီလျှော်တဲ့ ပုံ မဖြစ်သင့်ပါ။
(၅) တင်ပြတဲ့သူ နာမည်ပါရပါမယ်။
စာပုဒ် အဆုံးမှာ ဘယ်သူ ဘယ်ဝါ ဖြစ်ပါတယ် ဆိုတာလေး ထည့်သွင့်ပေးပါ ။ ဒါ မိမိရေးထားတဲ့ ဟာဆိုပြီး အသိအမှတ်လေးတော့ ပြုခံဖို့ သင့်ပါတယ်။ ပြီးတော့ ဘယ်သူ ဘယ်ဝါ ရေးတယ်ဆိုတာ လေးထည့်ထားတော့ စာဖတ်သူများက ဘယ်သူရေးထားတဲ့ စာပါလားဆိုပြီး စိတ်ထဲ စွဲနေမယ့် အပြင် စာရေးသူတိုင်းဟာ မိမိရေးသားတဲ့အကြောင်းအရာကို မိမိတာဝန်ယူရမှာ ဖြစ်သည့်အတွက် ဖြေရှင်းချက်တွေ ဘာတွေ ရှိလာရင် ထိပ်တိုက်ရင်ဆိုင်နိုင်မှာ ဖြစ်ပါတယ် ။
ဥပမာ ..မိမိရေးသားမှုကို ကော်ပီကူးရေးသားမှုများ ရှိလာရင် ဖြေရှင်းနိုင်မည့် အပြင်  ရေးသားသူ ဘယ်သူ ဘယ်ဝါဆိုတာ ပါတဲ့အတွက် သဘောကျတဲ့  Online Media က ဖော်ပြလိုလျှင် မိမိဆီကို တိုက်ရိုက်ဆက်သွယ်လာနိုင်တဲ့ Marketing တစ်မျိုးဖြစ်လာနိုင်ပါတယ်။
(၆) မိမိကိုယ်ပိုင်ရေးသားချက် မဟုတ်ရင် ကိုးကားချက် ( Credit ) ထည့်သွင်းရပါမယ်။
ဘာသာပြန်ရေးသားသူများ သတိထားစရာပါ ။ အွန်လိုင်းကနေ ခပ်တည်တည်ကောက်ပြီး ဘာသာပြန်လိုက်တယ် ။ နောက် ကိုယ့်နာမည်ကြီး ကောက်တပ်ပြီး မိမိရေးသည်တို့  ဘာတို့  မလုပ်သင့်ပါဘူး ။ ဘယ်ဆိုက်ကနေ ကူးယူပြီး ဖော်ပြပါတယ် ။ ကိုးကားပါတယ် ဆိုတာလေးတော့ မူရင်း တင်ပြသူကို လေးစားတဲ့ အနေနဲ့ ထည့်သွင်းသင့်ပါတယ် ။ ဒါကလည်း မီဒီယာ Ethnic တစ်ခု ဖြစ်ပါတယ်။
(၇) စကားပြေ အရေးအသားနဲ့ စကားပြောဟန် အရေးအသားကို သတိပြု ခွဲခြားတက်ရပါမယ်။
Social Media မှာ ရေးသားကြတဲ့စာများဟာ သတင်းစာများ ၊ ဂျာနယ်များ အတွက် ရေးတဲ့ စာများ မဟုတ်ပါ ။ ထို့ အတွက် ဖတ်ရင် စိတ်ဝင်စားမှု ရှိအောင် ဘယ်လိုနည်းနဲ့ ရေးမလဲဆိုတာ ကိုယ်တိုင် ဆုံးဖြတ်ရမှာ ဖြစ်ပါတယ် ။ ဒါကတော့ ကိုယ်ဘယ်လို နဲ့ ဘယ်လိုင်းသွားတယ်ဆိုတာ အပေါ်မူတည်ပါတယ်။ Social Media ကို သုံးသူများဟာ ၅ မိနစ်ထက် ပိုတဲ့ တင်ပြချက်ကို ဖတ်ရှုဖို့ စိတ်ဝင်စားမှု နည်းကြတယ်လို့ သိရပါတယ်။ ဒါကြောင့် ဘယ်လိုအရေးအသားက ငါးမိနစ်လောက်မှာ မိမိပေးချင်တဲ့ Message ကို ပေးမယ် ။ စာဖတ်သူကို ဆွဲဆောင်နိုင်မယ်ဆိုတာ သတိချပ်စရာပါ ။
(၈) ပြန်စစ်ပါ ၊ ပြန်ဖတ်ပါ 
Article တစ်ခုကို ရေးပြီးသွားပြီး ဆိုရင် ပြန်စစ်ဖို့ ကတော့ မမေ့ သင့်ပါဘူး ။ မိမိပြန်ဖတ်ကြည့်ရင်း ကိုယ်သာ စာဖတ်သူဆိုရင် လို့  ခံစားပြီး ဖတ်ပေးပါ ။ ဒါမှ လိုတာတွေ ပိုတာတွေ တွေ့ မှာပါ ။ စာလုံးအဖြတ်အတောက် မှန် မမှန်တွေ ၊ အထားအသို နဲ့  စင်းလုံးချောမချောကို ကြည့်ပါ။ ရေးထားတာတော့ ပြီးသွားပါပြီ မိမိပေးချင်တဲ့ အကြောင်းအရာ ပေါ်မပေါ်ကလည်း ပြန်ဖတ်ရင်း ဆန်းစစ်သွားပါ ။
(၈) ဖန်တီးမှု နဲ့ Article 
တစ်ခါတလေ အသစ်အဆန်းလေးတွေ မပေးနိုင်တဲ့ တင်ပြပုံကို စာဖတ်သူများဟာ ငြီးငွေ့ တက်ကြပါတယ် ။ အထက်ပါ ဖော်ပြပါ အချက်များနဲ့ လည်း ကိုက်ညီင်္ပြီး လန်ပျံနေအောင်  ရေးနိုင်ပေမဲ့ လူတွေဟာ အသစ်အဆန်းကို မှ ကြိုက်တာ ထုံးစံပါ ။ တခါတလေ ဖြစ်နိုင်ရင် စာဖတ်သူနဲ့ စာရေးသူ ဆွေးနွေနိုင်တဲ့ အစီအစဉ်လေး တွေ Feedback ပြန်ပေးနိုင်တဲ့ အစီအစဉ်လေးတွေ လုပ်သင့်ပါတယ် ။
ဘာလို့ လဲဆိုတော့ လူတွေ ဘာလိုနေတယ်ဆိုတာ သိပြီး အသစ်အဆန်းတွေ ဖန်တီးပေးနိုင် တဲ့ အချမ်းသာဆုံး Technical Company များဟာ Apple တို့  Facebook တို့ ဘာလို့ ဖြစ်နေရသလဲဆိုတာ သဘောပေါက်ရပါမယ်။ ကျနော်တို့ ရှေ့ ဆက်ဘယ်လိုပုံလေးတွေ ဖန်းတီးမယ်ဆိုတာ ကျနော်တို့ ကိုယ်တိုင် ရှာဖွေ၍ သော်လည်ကောင်း ၊ Survey ဆင်း၍ သော်လည်ကောင်း ၊ အဖွဲ့ လိုက်  လေ့လာ၍ သော်လည်ကောင်း ဖန်တီးနေရင် ထိုအတွက် Burning Desire ဖြစ်နေရမည် ။
ဤတွင် Learning Social Media Trend @ Attractive Writing Skills တစ်ခန်းရပ်သည်။
လင်းတန်ဆောင်@Freddy
21.3.2013 ( Thusday)
Fred Rangoon. Powered by Blogger.
Life always goes on
About Me
Fred Rangoon
Alis - Freddy
Blogger , Writer ,Techie , Digital Marketer ,
Freelance Graphic Designer , Photographer
Traveller , Marketing Consultant , Idea Creator, Learner .
and Home-made chef
Contact : tazaung.pr@gmail.com
Search This Blog
Blog Archive
Labels List Numbered
Instagram
recent posts
Pages
Follow us
Photo Profile
Taylor Wong Architecture Designer
The Japanese call it Hanakotoba, and King Charles II brought it to Sweden from Persia in the 17th century. Read More
Popular Gallery