Saturday, February 2, 2013

မြင်းကျားလေး လား နွားပေါက်လေးလား

ပြီးခဲ့ တဲ့  ဇန်န၀ါရီလ ၆ ရက်နေ့ မှာ ဒီအကောင်လေးကို Tampa's Lowry Park Zoo မှာ မွေးဖွားခဲ့ ပါတယ် ။ ဘာ ကောင်လေးလဲဆိုတော့.. သစ်ကုလားအုပ်မျိုးဝင် အော်ကပီ (okapi ) ဆိုတဲ့ နို့ တိုက်သတ္တ၀ါ လေး တစ်ကောင်ပါပဲ ။
အာဖရိက အလယ်ပိုင်းဒေသ ဒ၀ယ်လာတောမှာသာ တွေ့ နိုင်ပါတယ် ။ အလွန်ရှားပါးတဲ့  မျိုးစိတ်ဖြစ်ပြီး ကမ္ဘာ့တိရိစ္ဆာန်ရုံပေါင်း ၂၈ ရုံတွင် ၁၀၆ ကောင်သာ ရှိပါတယ် ။

ဒီအကောင်လေးကို မေမေ ဘက်တီ နဲ့ ဖေဖေ ဇက် တို့ မှ မွေးဖွားခဲ့ပြီး အခုဆို လောရီ တိရိစ္ဆာန်ရုံမှာ နေထိုင်ပါတယ် ။အခု အော်ကပီလေးဟာ ၉၆ ပေါင်သာ လေးပါတယ် ။ နေ့ စဉ် မိခင် ဖြစ်သူနဲ့ ပြေးလွား ကစားတက်ပြီး ၊ အော်ကပီမျိုးစိတ်များ ပြုမှုတက်တဲ့  သားရဲတိရိစ္ဆာန်များမှ ပုန်းရှောင်ခြင်းအလေ့ အကျင့် ရှိပါတယ် ။

Ref; vetstreet

တရုတ်မီလီယံနာတစ်ယောက် လေသန့် ဗူးရောင်းမည်


တရုတ်မီလီယံနာ သူဌေးတစ်ယောက်ဟာ မိမိနေတဲ့ မွေးရပ်မြေမှာဆိုးဝါးလှတဲ့ လေထုညစ်ညမ်းမှုကြောင့် သန့် စင်တဲ့ လေများကို ဘူးများဖြင့် ရောင်းချမယ်လို့ သိရပါတယ် ။

ချန်းဂေါင်ဗောင် ဆိုတဲ့ တရုတ်နိုင်ငံမှ ဒေါ်လာ သန်း ၇၄၀ မီလျံနာသူဌေးဟာ လေသန့် တွေကို အချိုရည်ဘူးထဲမှာ ထည့်ပြီး တရုတ်ငွေ၅ယွန်နဲ့  ရောင်းချဖို့ စတင်နေပါပြီ လို့ သတင်းစကားများ ထွက်ပေါ်ထားပါတယ် ။ တိဘက်အရပ်မှ သန့် စင်တဲ့ လေများကို ထိုင်ဝမ်မှာ စက်ရုံ ကုန်ပစ္စည်းအနေနဲ့  လုပ်ပြီး အခြေတည် ဖြန့် ချီပါမယ်လို့ သိရပါတယ် ။

ချန်ဟာ ဒီလေသန့် ဘူး ထုတ်လုပ်ရေးနဲ့ ပတ်သတ်ပြီး မိမိတို့ ဒေသမှာ ကား ၊ စက်ရုံ ၊ အိမ်သုံး စသဖြင့် ဓာတ်ငွေ့ များစွာ ဖြင့် လေထုဟာ အလွန် ညစ်ညမ်းနေပါတယ် ။ ဒီလိုမျိုး လေသန့် မရှုရှိုက်နိုင်ဘူးဆိုရင် နောင် အနှစ် နှစ်ဆယ် သုံးဆယ် ၀န်းကျင်မှာ မိမိတို့ သားမြေးများ ဓာတ်ငွေ့ ကာ မျက်နှာဖုံးများ နဲ့ အောက်စီဂျင် တစ်ဘူးစီလွယ်ပြီး သွားလာနေရလိမ့်မယ် လို့  ပြောသွားပါတယ် ။

ဘီဂျင်းမြို့ ဟာ လေထု အင်မတန်မှ ညစ်ညမ်းနေတဲ့ အတွက် နာဆာ အာကာသ ကြည့်ရှု့ ယာဉ်မှ ကြည့်ရှု့ တဲ့အခါ ညစ်ညမ်းလေများကြောင့် မြို့ များပင် ဖုံးနေတာကို တွေ့ ရပါတယ်လို့ ဆိုပါတယ် ။

သဘာဝ ဘေးအန္တရယ်များဟာ တစ်နှစ်ထက် တစ်နှစ်ပိုဖြစ် များလာပါတယ် ။ချန်က"၂၀၁၂ မှာ ကမ္ဘာ ပျက်ခြင်းကို ဖြစ်ပေါ်ခဲ့ တာ တော့မဟုတ်ပါဘူး.. ဒါပေမဲ့  လူတွေက သဘာဝ ပတ်ဝန်းကျင်ကို မထိန်းသိမ်းပဲ သယံဇာတတွေကို ထိခိုက်အောင် လုပ်နေကြမယ် ဆိုရင် ပတ်ဝန်းကျင်ကြီးဟာ ညစ်ညမ်းလာပြီး မကြာခင် ကမ္ဘာပျက်နေ့  ကို ရောက်ရှိလာမှာပါ " လို့ ပြောခဲ့ပါတယ် ။

ကဲ... ချန် လိုဘဲ ကျနော်တို့ လည်း မိမိတာဝန်သိစိတ်နဲ့ သဘာဝ ပတ်ဝန်းကျင်များကို ထိန်းသိန်းကြပါစို့ လား ခင်ဗျာ ။

ref;stuff

မွေးမိဘများကို ဖေ့ဘွတ်ပေါ်မှာ ရှာတွေ့ တဲ့ ကောင်မလေး

ပြောရရင်တော့ Social Media ကြီးကောင်းကြောင်းကိုပဲ အမွန်းတင်ရမှာ ဖြစ်ပါတယ် ။ Like တစ်ခု Share လေးတစ်ခုက စလို့ Facebook ဆိုတဲ့ ကျယ်ပြန့် တဲ့  နက်ဝေါ့ခ်ကြီးမှာ မိသားစုနဲ့ ပြန် ဆုံဆည်းခဲ့ တယ်ဆိုတာ အိမ်မက်တွေ တကယ် ဖြစ်လာပါတယ်လို့ ဆိုရမှာပါ။

ဆိုင်မွန်... ဆိုတဲ့ ကောင်မလေး၊ သူမ အသက် ၁၈ နှစ်တုန်းကစလို့ စာတွေ ကပ်ပြီး မိဘအရင်းတွေကို သုံးနှစ်လောက် ရှာဖွေခဲ့ တယ် ။ သူမ ကို ဘယ်သူမွေးစားထားတယ်လို့ တော့ မပြောထားပေမဲ့ သူမ မိဘရင်းတွေကို ငယ်ငယ်ကထဲက တွေ့ ချင်ခဲ့တယ် ။ ဒါပေမဲ့ ဘာမှမထူးခဲ့ပါဘူး ။

နောက်ဆုံး Social Media ကို အသုံးပြုပြီး သူမမိဘတွေကို ရှာဖွေဖို့  ဆုံးဖြတ်ခဲ့တယ် ။ ဒါပေမဲ့  သူမ သိတာက သူမ မွေးမိဘတွေနဲ့ ပတ်သတ်တဲ့ အချက်အလက် တွေ ဆိုလို့  သူမကို မွေးဖွားခဲ့တဲ့ ဆေးရုံ နာမည် နဲ့ သူမ ငယ်နာမည် Whitney ဆိုတာပါပဲ ။ ပြီးတော့ သူမကို မွေးတဲ့ အချိန် သူတို့ က ဆယ်ကျော်သက် ၁၆ နှစ်လေးတွေဆိုတာပါ ။

ကျေးဇူးပြုပြီး ကျွန်မကို မွေးပေးခဲ့ တဲ့ မိဘကို ရှာပေးကြပါ.. ဆိုပြီး သိသလောက် အချက်အလက်တွေ ချရေး (ယခုနှစ် ) ဇန်န၀ါရီလ ၂၇ ရက်နေ့ မှာ စပြီး ဖေ့ဘွတ်မှာ သူမကိုယ်တိုင် ရိုက်ထားတဲ့ ပုံကို တင်ခဲ့တယ် ။ဒီ ပုံလေးဟာ ဖေ့ဘွတ်မှာ ချက်ချင်း ပြန့် သွားပါတယ် 14,000 likes နဲ့ 160,763 shares အထိ ရှိခဲ့တယ် ။

ကံကောင်းတယ်လို့ ဆိုရမှာပဲ နှစ်ရက်မြောက်နေ့ မှာ သူမဆီကို မွေးမိခင်ဟာ ဆိုက်ဆိုက်မြိုက်မြိုက် ရောက်ရှိလာပါတယ် ။ သူမငယ်ငယ်တုန်းက ပုံကို ကိုင်ပြီး ရောက်လာတဲ့ မိခင်ရင်း ကို ၀မ်းသာစွာနဲ့ တွေ့ ရှိခဲ့ တယ် ။

Social Media အားက တော်တော်ကို ကြီးတယ်လို့  ဆိုရမှာ ဖြစ်ပါတယ် ။ ဆိုင်မွန်တစ်ယောက် သူမကို Like တစ်ခု Share တစ်ခု နဲ့ ကူရှာပေးခဲ့တဲ့ မိတ်ဆွေ အားလုံးကို ကျေးဇူးတင်ပါတယ် ။ ပြီးတော့ သူမလို ဖေ့ဘွတ်မှာ မိဘရှာနေသူတွေလည်း အများအပြား ရှိနေပါတယ်လို့ ဆိုပါတယ် ။

ဗုဒ္ဒဟူးနေ့ မှာ တော့ အားလုံးကို ကျေးဇူးတင်တဲ့ စာရေးပြီး တင်ခဲ့ပါတယ်။
" All of you are the reason that I can say I now know my birth family. Please, please continue to use this page to talk, to connect, and to build a community of birth parents and adoptees who want to come together, for whatever purpose ... Thank you, thank you, thank you. Without you, I would still be searching "

ref;Mashable
လင်းတန်ဆောင်
Fred Rangoon. Powered by Blogger.

Life always goes on

About Me

Fred Rangoon

Alis - Freddy

Blogger , Writer ,Techie , Digital Marketer ,
Freelance Graphic Designer , Photographer
Traveller , Marketing Consultant , Idea Creator, Learner .
and Home-made chef

Contact : tazaung.pr@gmail.com

Search This Blog

Blog Archive

Labels List Numbered

Instagram

recent posts

Pages

Follow us

Photo Profile
Taylor Wong Architecture Designer

The Japanese call it Hanakotoba, and King Charles II brought it to Sweden from Persia in the 17th century. Read More

Popular Gallery