Sunday, December 15, 2013

အသက်၂၅ နှစ်မှာ သင်ယူရမဲ့ အရာ ၂၅ ခု



- သူများတွေကို ပြောင်းလဲဖို့ မကြိုးစားမိပါစေနဲ့ ။ သူတို့ မှာ ရှိတဲ့ နဂို အရည်အချင်းကို လက်ခံရင် လက်ခံပါ။ ဒါမှမဟုတ် ကိုယ် သဘောကျတဲ့ အရည်အချင်း ရှိတဲ့သူတွေကိုသာ ရှာပါ။

- ချစ်သူ ရည်းစား မရသေးခင်မှာ မိမိကိုယ်ကို ချစ်တက်ဖို့ သင်ယူပါ။
  ကိုယ့်ရဲ့ လှပ ခန့် ညားမှုကို ပိုင်ဆိုင်လိုတဲ့ သမီးရည်းစားမျိုးကို လက်မခံသလို။ ကိုယ်တိုင်လည်း ဒီစိတ်နဲ့ မရှာဖွေပါနဲ့ ။
  ဒါဟာ သင့်ကို ယုံကြည်မှု ရရှိစေမှာ မဟုတ်ပါဘူး။

- မိသားစုဝင် ဖြစ်ဖြစ် ၊ မိတ်ဆွေ ဖြစ်ဖြစ် ၊ တစ်စုံတစ်ယောက်ကို ဖြစ်ဖြစ် ချစ်တယ် ဆိုရင် ဖွင့်ပြောပါ။ နောက်ကျတယ် ဆိုတာမရှိပါဘူး။

- မိဘတွေနဲ့ အချိန်တွေ ဖြုန်းပေးပါ။ သင်အသက်အရွယ်ကြီးရင့်လာသလို ၊ သူတို့ တွေလည်း အတူတူပါပဲ။

-ဘေးပတ်ဝန်းကျင်က တစ်ယောက်ယောက် စေ့စပ်ခြင်း ၊ လက်ထပ်ခြင်း တွေ ပြုလုပ်တဲ့ အခါမှာ သင့်မှာ ရည်းစားမရှိသေးရင်လည်း
 ကိစ္စမရှိပါဘူး။ အဲ့ဒီလိုမျိုး အချိန်မှာ အဲ့ဒီလိုမျိုး လက်ထပ်ရမယ် ဆိုပြီး မိမိကိုယ်ကိုယ် သတ်မှတ်မထားပါနဲ့ ။ အေးဆေးပေါ့။

- အသက်ကြီးပြီး ပင်စင်ယူမှ ပိုက်ဆံစုပြီး ကမ္ဘာပတ်မယ် ၊ ခရီးထွက်မယ် ဆိုတဲ့ အချိန်ကို မစောင့်ပါနဲ့ ။
 သင် ငယ်ရွယ်ပြီး ၊ သွားလာနိုင်တုန်းမှာ လုပ်ပါ။ သွားပါ။ သင် ပင်စင်ယူတဲ့ အချိန်အထိ အသက်ရှည်မယ်လို့ ဘယ်သူမှ မသိနိုင်ဘူးလေ။

-  ကံဆိုးတဲ့ နေ့ ဆိုတာ အမြဲမရှိသလို ။ ကံကောင်းတဲ့ နေ့ ကလည်း အမြဲမရှိနိုင်ပါဘူး။
  ကံဆိုးတဲ့  အချိန်ကိုလည်း ဘယ်လိုကျော်ဖြတ်ရမလဲ ဆိုတာကို သင်ယူပြီး ၊ ကံကောင်းတဲ့ အချိန်တွေကိုလည်း ချစ်မြတ်နိုးတက်ပါစေ။

- မိမိဘ၀ကို အချိန်ဇယားကြီး အတိုင်း အစီအစဉ်မချပါနဲ့ ။ သင့်ဆန့် သော လက်က ဘယ်တော့ ကွေးမလဲ ဆိုတာ မသိနိုင်ပါဘူး။

- ကိုယ်နဲ့ အတူ ဘ၀ဇာတ်ခုံကြီးမှာ ကစားခဲ့ဖူးတဲ့ သူတွေကို ကောင်းကောင်းဆိုးဆိုး  ဘယ်တော့မှ မမေ့ပစ်ပါနဲ့ ။
  သူတို့ နဲ့ အတူတူသင်ယူရင်း သင်ရင်ကျက်မှုတွေ ရရှိလာတာပဲ ဖြစ်ပါတယ်။

- သင် ထိန်းချုပ်လို့ မရနိုင်တဲ့ သင့်ဘ၀အခြေအနေအပေါ် စိတ်ဖိစီးမှု  အများကြီး မထားပါနဲ့ ။ လွယ်လွယ်ကူကူ ပြီးဆုံးနိုင်ပေမဲ့
  ငယ်ရွယ်တဲ့ အချိန်မှာ လက်ခံနိုင်ဖို့ သင်ယူရမှာ ဖြစ်ပါတယ်။ ဘ၀ဆိုတာ လွယ်ကူဖို့ ကြီးပဲ ဖြစ်လာတာ မဟုတ်ပါဘူး။

- သင့်ဘ၀ ကို သူများတွေရဲ့  ဘ၀နဲ့ သွားမယှဉ်ပါနဲ့ ။ သင်ပျော်ရွင်ရမှာ မဟုတ်ပါဘူး။

- ပစ္စည်းဥစ္စာကို တွယ်တာမှုထက် သတိတရားကို ခိုင်မြဲထားပါ။

- အလှပြင်ပြီးနေတဲ့ အခိုက်ထက် သဘာဝအတိုင်းနေတဲ့ အချိန်မှာ ပိုပြီး ငြိမ်းချမ်းမှု ရရှိဖို့ သင်ယူပါ။
 သင့်မျက်နှာမှာ ၀က်ခြံတွေ ရှိရင်ရင်လည်း အဆင်ပြေသွားပါလိမ့်မယ်။ ဘယ်သူမှ ခြောက်ပြစ်ကင်း သဲလဲစင်ဆိုတာ မရှိပါဘူး။

- သင့်ကုန်ကျစရိတ်တွေ အတွက် ပေးချေဖို့ ငွေရတဲ့ အလုပ်အပေါ် ကျေးဇူးသိပါ။

- သင်ဟာ သာမန်လူတွေထက် အလုပ်ပိုလုပ်နိုင်တယ် ဆိုရင် သင့်ထက် ကံမကောင်းတဲ့ သူတွေကို ကူညီပေးလိုက်ပါ။

- Social Media က မိုက်ပါတယ်။ ဒါပေမဲ့ သင့်အချိန် အားလုံးကို သွားပြီးတော့ မမြုပ်နှံမိစေနဲ့ ။

- ကိုယ်ချစ်တဲ့ သူအတွက် အကောင်းဆုံး Birthday Wish ကို Facebook Post နဲ့ Text Message ပို့ တာထက်
  ကိုယ်တိုင် ဖုန်းခေါ်ပြီး ဆုတောင်းပေးတာ ဒါမှမဟုတ် ဘတ်ဒေးကဒ်လေး ပို့ ပေးတာက ပိုပြီး ကောင်းပါတယ်။

- သင့်ခန္တာကိုယ်ကိုယ် ဂရုစိုက်ပါ။ မာရသွန်ပြိုင်ပွဲဝင်ပြိုင်ပါ။ လူတွေက ဒီလိုပြိုင်ပွဲတွေက ၀င်ကြေး ဈေးကြီးတယ် ဆိုပြီး
  ပြောတက်ကြတယ် ။ ဒါပေမဲ့ ဘားမှာတော့ ဒီထက် အချိန်တွေ ဖြုန်းနိုင်တယ်လေ။

- မိမိ ဆိုရှယ်နက်ဝေါ့က ကြုံရာ လူတစ်ချို့ နဲ့ စကားပြောပါ။ ဒါက သင့်ကို အမြင်ကျယ်စေသလို သူငယ်ချင်းကောင်းများလည်း
  ရရှိစေမှာ ဖြစ်ပါတယ်။

- ကျရှုံးခြင်းဟာ စိတ်ဓာတ်ခိုင်မာခြင်းကို ဖြစ်ပေါ်စေပါတယ်။ ခက်ခဲတဲ့ အချိန်တွေကို ကျော်ဖြတ်ခဲ့သူ တစ်ယောက် အနေနဲ့ 
  ဒီနေ့ မှာ သင်ဘယ်လိုလူလဲ ဆိုတာ အသေအချာ ပြောနိုင်မှာပါပဲ။

- ကိုယ်ပိုင် ဆုံးဖြတ်ချက်တွေ ချနိုင်ဖို့ အတွက် သင်ယူပါ။ ကိုယ်နဲ့ ညီတဲ့ သူတွေဆီက အကြံညဏ်တွေယူတာက ကောင်းပါတယ်။
  ဒါပေမဲ့ နောက်ဆုံးမှာ ကိုယ့်ရဲ့ ကိုယ်ပိုင် သတ်မှတ်ချက်တွေနဲ့ သင်ယူနိုင်ရမှာ ဖြစ်ပါတယ်။

-  မတူညီတဲ့ ရိုးရာ ဓလေ့တွေကနေ မတူညီတဲ့ အစားအစာတွေကို မြည်းစမ်းပါ။
   သတ်သတ်လွတ်စားသူ ၊ အသီးအရွက်စားသူနဲ့ အသားစားသူတွေရဲ့ မတူညီမှုကို လေးစားပါ။

- သင့်အသက် ၂၀ ဖြစ်ဖြစ် ၂၅ ဖြစ်ဖြစ် သင့် စိတ်ပိုင်းဆိုင်ရာ ပြောင်းလဲမှုဟာ သင့်ဘ၀အတွက် အရေးအကြီးဆုံး ဖြစ်ပါတယ်။

- ကိုယ့် ရှင်သန်မှု အပေါ် ကိုယ် ချစ်မြတ်နိုးပါ။ လူတိုင်းက ကိုယ့်အလုပ်ကိုယ် မနှစ်သက်ကြပါဘူး။
  ဒါပေမဲ့ ဒီအချိန်မှာ ကိုယ် ဘာကို ဖြစ်ချင်တယ် ဆိုတာ  မြင်တွေ့ နိုင်ပြီး ၊ ဒီအပေါ်ကနေ စွန့် စားမှု ယူကာ မိမိဘ၀အတွက် အသစ်ကို ဖန်တီးပါ။

လင်းတန်ဆောင်
၁၅.၁၂.၂၀၁၃
Fred Rangoon. Powered by Blogger.

Life always goes on

About Me

Fred Rangoon

Alis - Freddy

Blogger , Writer ,Techie , Digital Marketer ,
Freelance Graphic Designer , Photographer
Traveller , Marketing Consultant , Idea Creator, Learner .
and Home-made chef

Contact : tazaung.pr@gmail.com

Search This Blog

Blog Archive

Labels List Numbered

Instagram

recent posts

Pages

Follow us

Photo Profile
Taylor Wong Architecture Designer

The Japanese call it Hanakotoba, and King Charles II brought it to Sweden from Persia in the 17th century. Read More

Popular Gallery