Showing posts with label ၀ါးတီး. Show all posts
Showing posts with label ၀ါးတီး. Show all posts

Thursday, March 30, 2017

ဗီယက်နမ် အမဲသားခေါက်ဆွဲ Pho အိမ်မှာ လုပ်စားကြမယ်



ဘော်ဒါတို့ ရေ ကျန်းမာတဲ့ Lifestyle ဖြစ်ဖို့ က ကျန်းမာတဲ့ အစားအစာတွေစားသောက်တာလည်း ပါဝင်ပါတယ်။
ဒီအထဲမှာမှ ကျန်းမာတဲ့ အစားအစာတွေကို သရုပ်ခွဲရရင် အဆီအဆိမ့်နည်းတာ စားပြီး ဘေးဥပုဒ်မဖြစ်တာတို့ ပေါ့လေ။
ကွီး အခု မျှဝေပေးမဲ့ အစားအစာကတော့ အရမ်းလွယ်ပြီး အိမ်မှာ ချက်ချင်းလုပ်စားလို့ ရတဲ့ ဗီယက်နန်  အမဲသား Pho ခေါက်ဆွဲပုံစံ ပြင်ဆင်စားသောက်တာပါပဲ။

ကျန်းမာရေးနဲ့ လည်း ညီညွတ်ပြီး အိမ်မှာပဲ ပြင်ဆင်ချက်ပြုတ်တာ ဖြစ်လို့ မမြင်ရတဲ့ အရာတွေပါဝင်တာလည်း မရှိပါဘူး။ ပြီးတော့ ပါဝင် ပစ္စည်းတွေက ရပ်ကွက်ဈေးထဲ သို့  စီးတီးမတ်တို့ မှာ ဝယ်ယူနိုင်ပါတယ်။


ပါဝင်ပစ္စည်းများ

  • အမဲသား ၁၀၀ဂရမ်
  • ကြက်ငရုတ်ကောင်းလုံး ၁၀၀ ဂရမ်
  • ဆန်ခေါက်ဆွဲခြောက် ၁ထုတ်
  • Sweet Basil တစ်စည်း
  • ရှမ်းနံနံ တစ်ခက်
  • ငရုတ်သီးအစိမ်း ၃တောင့်
  • ကြက်သွန်ဖြူ တစ်တက်
  • ဆား ၁ဇွန်း
  • ဟင်းခတ်မှုန့် ၁ဇွန်း စတဲ့ အမယ်တွေလိုပါတယ်။


အရင်ဆုံး ဆန်ခေါက်ဆွဲထုတ်က အခြောက်ဖြစ်လို့  ထုတ်ပြီး နာရီဝက်ခန့် ရေစိမ်ထားပါ ။ ပြီးရင် အမဲသားကို လေးထောင့်ပုံစံပါးပါးလှီးပါ ။ ပြီးရင်း ဆားနဲ့ ဂျင်းရိုက်ပြားထည့်ပြီး နှပ်ထားပါ။


ရေနွေး တစ်လီတာခန့် တည်ထားပါ။ ဆူလာရင် အမဲသားကို ထည့်ပါ ။ အမဲသား အမြုတ်တွေတက်လာရင် ဇွန်းနဲ့ ခပ်ထုတ်ပါ။ ဟင်းရည်ကြည် အောင် ဖြစ်ပါတယ်။ ပြီးရင် ကြက်သားလုံးထည့်ပါ။ ၁၅မိနစ်လောက် တည်ထားပါ။


Sweet Bisal ကို တစ်ရွက်ချင်း ဖြစ်အောင် သင်ထားပါ။ ငရုတ်သီးကို ပါးပါးလှီးထားပါ။

ဆန်ခေါက်ဆွဲ ရေစိမ်ထားတာကို စစ်ပြီး ခေါက်ဆွဲစား ပန်းကန်မှာထည့်ပါ။ ဆနိခေါက်ဆွဲကို ကိုင်ကြည့်ရင် မာနေတာမျိုး မဖြစ်ရပါ။ မာနေပါက ရေထပ်စိမ်ပေးရမှာ ဖြစ်ပါတယ်။
အသားပြုတ်ရည် ကို ဆား နဲ့ ဟင်းခတ်မှုန့် ထည့်ပါ။ အပေါ့အငံမြည်းပြီး လိုသလောက် ထပ်ထည့်နိုင်ပါတယ်။ အသားကျက်လောက်ပြီ ဆိုရင်တော့ အရသာလည်း အဆင်ပြေပြီဆိုရင် ခေါက်ဆွဲပန်းကန်ထဲ လောင်းချပါ။



ပြီးရင် အပေါ်ကနေ  Sweet Bisal ရွက် ၊ ငရုတ်သီးစိမ်းနဲ့ ရှမ်းနံနံ ဖြူးပေးပါ။ 

စားလို့ ရပါပြီ ခင်ဗျ။ Nom Nom 😋😋


ဒီအစားအစာ ကတော့ ကိုယ်တိုင် ပြင်ဆင်စားသုံးတာ ဖြစ်တဲ့အတွက် အပိုငွေလည်း မကုန်တော့ပါဘူး။ လွယ်လွယ်ကူကူနဲ့ စားသုံးနိုင်မှာ ဖြစ်ပါတယ်။
အမဲသားက သံဓာတ် နဲ့ ပရိုတိန်းဓာတ်ကို ရရှိစေပါတယ်
အရွက်ကတော့ အင်တီအောက်ဆင့်ဒင့် နဲ့ ဗီတာမင် ဓာတ် ရရှိစေပါတယ်။ ဆီလုံးဝမသုံးထားတဲ့အတွက် အဆီတက်မှာ စိတ်ပူစရာမလိုပါဘူး ခင်ဗျ ။

အားလုံးအဆင်ပြေကြပါစေ
You can cook it 😉

Fred Rangoon



Tuesday, September 1, 2015

Taco , Mexican Food (တာကို)


တခါတလေ ဒေသအစားအစာများကို စားသုံးရင်း အပြောင်းအလဲ အနေနဲ့ အစားအသောက် အရသာ ဗဟုသုတ ရှာဖွေသင့်တယ်လို့ ထင်ပါတယ်။

နိုင်ငံတကာ အစားအစာတွေကလည်း ဒီနိုင်ငံရဲ့ ဝင်ငွေနဲ့ ယှဉ်ရင် စားသုံးဖို့ ချင့်ချိန်ရပါသေးတယ်။
ပြီးခဲ့တဲ့ တနင်္လာနေ့ က လစာလေး ထုတ်တုန်း အိတ်လေးလည်း နည်းနည်းဖောင်းတော့ အပြောင်းအလဲလေးလည်း ဖြစ်အောင် ( သူများမေးရင်လည်း ပြန်ပြောနိုင်အောင် ) မက္ကစီကန် အစားအစာလေး တစ်ခုကို ရှာဖွေရင်း သွားရောက် မြည်းစမ်းခဲ့ပါတယ်။
သူကတော့ ဖွင့်ထားတာ သိပ်တော့မကြာလှသေးပါဘူး ။ နာမည်က Tin Tin Yangon ပါ ။
မက္ကစီကန် အစားအစာဆိုရင် စားဖူးတဲ့သူ တော်တော်များများ သိကြတာက Taco နဲ့  Burrito ပါ။ အထဲမှာ အစာသွပ်ထားတဲ့ အစားအစာပုံစံမျိုးတွေပါပဲ။

ဂျူံအပြားလို လုပ်ထားတဲ့ မုန့် အခြပ်လေးကို အထဲမှာ အစာတွေ သွပ်ပြီး စားကြပါတယ်။ အစာသွပ်ကို လုပ်ထားတဲ့ အထဲက အရာတွေကတော့ ကြက်သွန်နီဥကြီးကို အတုံးအစိတ်လေးတွေ လှီးထားတာရယ် ။ ငရုတ်ပွသီး၊ ခရမ်းချဉ်သီး ၊ နံနံပင် ၊ ချီအမျှဉ်လေးတွေရယ် ၊ ခရမ်းချဉ်သီး ဆော့စ် ဒါမှမဟုတ် သံပုရာသီးကိုအရည်ညစ်ပေးထားတာ ပါပါတယ်။သူ ရဲ့ အသက်ကတော့ အသားတွေပါ။
အမဲသားကင် ၊ ကြက်သား နဲ့ ဝက်သားကင်တို့ နဲ့ ရွေးချယ်စားရတာဟာ အရသာ ရှိပါတယ်။ သူက ဘေးက အပြားကို အမာနဲ့ အပျော့ ဆိုပြီး ခွဲထားပေးပါတယ်။ ဒီတော့ မှာတဲ့ အခါ Hard နဲ့ Soft ဆိုပြီး ရွေးပေးရပါတယ်။
ဒီအစားအစာတွေဟာ မက္ကစီကန်လူမျိုးတွေရဲ့ အဓိက စားသုံးကြတဲ့ အစားအစာလည်း ဖြစ်ပါတယ်။ သူတို့ ဆီမှာ ဆိုရင်တော့ ကားလေးနဲ့ လမ်းဘေးမှာ ထိုးရောင်းတာမျိုးလည်း ရှိပါတယ်။
အရသာကတော့ ချဉ်ငံစပ်နဲ့ ပါးစပ်မှာ ခပ်ရှိန်းရှိန်း ဖြစ်စေပါတယ်။ အရသာလည်း ရှိပါတယ်။ Salsa ဆော့နဲ့ စားရတာ ပိုကောင်းပါတယ်။


ပြောချင်တာကတော့ .. မက္ကစီကန် အစားအစာ စမ်းစားကြည့်မယ် ဆိုရင် Taco ကို အရင်ဆုံး မြည်းဖို့ အကြံပေးလိုပါတယ်။ ကိုယ်တွေ မြန်မာပါးစပ်နဲ့ လည်း တည့်ပါတယ်လို့  smile emoticon
ဈေးနှုန်းကတော့ Taco သုံးခုလောက် ပါတာ တစ်ပွဲကို USD 5 - 7$ လောက်ရှိပါတယ်။
နေရာကတော့ ဘိုကလေးဈေးလမ်း အလယ်ဘလောက် ( Success English Class ရှိတဲ့လမ်း ) မှာပါ။


Raiting:Taste : ++++Price : +++Service :++++

Fred_Rangoon

Saturday, May 3, 2014

ဝမ်းတိုဟူးသုတ်

- နယ်က အကောင်းဆုံး သွားရေစာပေါ့။ ကျနော်တို့  ဇာတိမြို့ မှာ ဆိုရင် ဆောင်းဦးပိုင်းလောက်ကနေ နွေရာသီအထိ စားကြတဲ့ ရာသီစာလေးပါ။

ဘယ်မှာ ရနိုင်သလဲ ဆိုတော့ တကူးတကတော့ ရှာစရာမလိုပါဘူး ။ သူ့ ရာသီရောက်ပြီဆိုရင် တစ်ချို့  အိမ်လေးတွေကနေ တနိုင်တပိုင် စားပွဲ ခုံလေးချပြီး တစ်နိုင်စာ ရောင်းကြတယ်။
မြို့ အနီးအနား ရွာက ရှမ်းမလေးတွေကတော့ အထမ်းနဲ့  လိုက်ရောင်းတယ်။

တစ်ပွဲကို ၂၀၀-၃၀၀ လောက် ပေးရတယ်။
ကလေး ပေါက်စနက စလို့  လူကြီး လူငယ် မရွေးကြိုက်ကြတယ်။
ကုလားပဲ နဲ့ လုပ်ထားတယ် တဲ့ အ၀ါရောင်လေးနဲ့ ဟာကို ၀မ်းတိုဟူး လို့  ခေါ်ပြီး
ဆန်နဲ့  လုပ်ထားတဲ့ အဖြူရောင် ဟာကို ဆန်တိုဟူးလို့ ခေါ်ကြတယ်။

သူ့ တို့ အားလုံးကို ထည့်တဲ့ အမယ်ကတော့ အကုန် အတူတူပဲ။
အိမ်က ရှမ်းစပ်တဲ့ မေမေက လုပ်ကျွေးဖူးတော့ ဘယ်လို လုပ်သလဲ ဆိုတာ သိနေတယ်။

ပထမ မက်လင်သီး ( အချဉ်သီး ) အခြောက် ကို ရေနွေးနဲ့  အချဉ် ဖျော်တယ်။ အရည်ကျည်လေးတွေပေါ့။ ကြက်သွန်ဖြူကို ထောင်းပြီး ဆားရည်နဲ့ သပ်သပ် ထည့်ထားတယ်။
ငံပြာရည် ကို ပုလင်းလိုက်ချထားတယ်။ နံနံပင်လှီးပြီး ပန်းကန်နဲ့ ထည့်ထား။ ကြာညှိ့  လည်း ပါတယ်။ ရန်ကုန်မှာတော့ အနောက်ရည် ဆိုလားပဲ ခေါ်ကြတယ်။ မြေပဲကို လှော် အခွံ ချွတ်ပြီး ထောင်းထား။ ကြက်သွန်နီကို ပါးပါးလှီးပြီး ရဲနေအောင် ကြော်တယ်။

အမယ်တွေ အဆင်သင့်ဖြစ်ရင် စားလို့ ရပါပြီ ။တိုဟူးကို မိမိ စားချင်သလို အနေတော် လှီး။
မက်လင်သီးရည်ကို ထမင်းစားဇွန်း တစ်ဇွန်းစာ ထည့်။
ဟင်းခတ်မှုန့် ထည့်။ ငံပြာရည် ထမင်းစားဇွန်း တစ်ဇွန်းစာ ထည့် ။
ကြက်သွန်ဖြူ ဆားရည်ကိုလိုသလောက် ထည့် ။
ကြာညို့  ..လက်ဖက်ရည် တစ်ဇွန်းစာထည့်။ မြေပဲထောင်းလေးကို အပေါ်က ဖြူး။
ကြက်သွန်ကြော်ကို ထပ်အုပ် ပြီးတော့ နံနံပင်ထည့် လိုက်ရင် စားလို့ ရပါပြီဗျာ။

---- Yummy !!

Photo Credit @ Ko Inle Prince
Fred Rangoon. Powered by Blogger.

Life always goes on

About Me

Fred Rangoon

Alis - Freddy

Blogger , Writer ,Techie , Digital Marketer ,
Freelance Graphic Designer , Photographer
Traveller , Marketing Consultant , Idea Creator, Learner .
and Home-made chef

Contact : tazaung.pr@gmail.com

Search This Blog

Blog Archive

Labels List Numbered

Instagram

recent posts

Pages

Follow us

Photo Profile
Taylor Wong Architecture Designer

The Japanese call it Hanakotoba, and King Charles II brought it to Sweden from Persia in the 17th century. Read More

Popular Gallery