Showing posts with label Leadership. Show all posts
Showing posts with label Leadership. Show all posts
Saturday, August 29, 2015
Comfort Zone ကနေ ရုန်းထွက် ပြောင်းလဲကြပါစို့ 
အောင်မြင်မှုကို ဘာနဲ
့တိုင်းတာသလဲ ?
မိမိ ရည်မှန်းချက်
ပြီးမြောက်ခြင်း ၊ ချမှတ်ထားသော အချိန်ကာလတစ်ခုတွင် ပြီးစီးအောင် လုပ်ကိုင်နိုင်ခြင်း
၊ လူသိများခြင်း ၊ မိမိလုပ်ဆောင်ချက်သည် ရေရှည်တည်တံ့နေခြင်း စသဖြင့် လူတိုင်း မိမိ
ကိုယ်ပိုင်စံနှုန်းများဖြင့် အောင်မြင်မှုကို တိုင်းတာ တက်ကြပါတယ်။
သို့ သော် အောင်မြင်မှု
ဆိုသည်မှာ
Wednesday, August 26, 2015
နိုင်ငံခြား ဝန်ထမ်းများလာတဲ့ ရန်ကုန်
မြန်မာနိုင်ငံဟာ
လွန်ခဲ့တဲ့ နှစ်အနည်းငယ်က စပြီး တစ်စတစ်စ ပြောင်းလဲလာပြီ
ဆိုတာ အသေအချာပါပဲ။
နိုင်ငံခြား
ရင်းနှီးမြုပ်နှံ့ မှုတွေ အတော်များများ ဝင်လာပြီးနောက်
ထိုအခြေအနေနဲ့ အတူ နိုင်ငံတကာက ကျွမ်းကျင်ဝန်ထမ်းများINGO
အလုပ်လုပ်ကိုင်ကြတဲ့ နိုင်ငံခြားသားများဟာ ရန်ကုန်မြို့ မှာ အတော်လေး နေရာချလာတာကို
တွေ့ ရပါတယ်။
Wednesday, July 2, 2014
ခရီးသွားဝန်ဆောင်မှု လုပ်ငန်းပိုင်ရှင် စွန့် ဦးလူငယ်များ
Names: Aden Levin and Rob Tominey
Company: Mainstage Travel
Ages: 24 and 25
Website: Mainstagetravel.co.uk
လူအများစုဟာ သူတို့ ဘ၀ ရဲ့ အသက်အရွယ် ၂၆ နှစ်ခန့် မှာ ဟိုးဟိုးကျော်
ချမ်းသာ အောင်မြင်သွားသူတွေတော့ မဖြစ်နိုင်ကြပါဘူး ။ ဒါပေမဲ့ Aiden Levin နဲ့ Rob
Tominey ဆိုတဲ့ လူငယ်နှစ်ဦးကတော့ ဟိုးဟိုးကျော် အောင်မြင်တဲ့ သူတွေ အဖြစ်ရပ်တည်လာနိုင်ခဲ့ပါတယ်။
သူတို့ အောင်မြင်ခဲ့တဲ့ အဓိက လုပ်ငန်းကတော့ Mainstage လို့ အမည်ရတဲ့
တန်ဖိုးနည်း ခရီးသွားလုပ်ငန်းကြောင့်ပဲ ဖြစ်ပါတယ်။ ၂၀၁၁ ခုနှစ်မှာ စတင်ခဲ့ပြီး အဲ့ဒီတုန်းက
ဗြိတိန်ပေါင် တစ်သိန်းလောက်နဲ့ စတင်ခဲ့ကြပါတယ်။ အခု ဆိုရင်တော့ သူတို့  လုပ်ငန်းအောင်မြင်မှုက
တစ်နေ့ ထက် တစ်နေ့  တိုးတိုးလာပြီး အံ့မခန်း အောင်မြင်မှုတွေ ရရှိနေပါပြီ ။
သူ့ တို့ စီးပွားရေးကို ဖော်ပြချက်ကတော့ လူငယ်တွေရဲ့ ခရီးသွားလို
ခြင်းပြင်းပြစိတ်ကို နိုးဆွပေးလိုက်ခြင်းပါတဲ့။
သူတို့ ရဲ့  တက္ကသိုလ်ကျောင်းသားဘ၀မှာ ဒီလုပ်ငန်းကို စတင်လုပ်ကိုင်ဖို့ အကြောင်းဖန်လာတာကတော့
ကျောင်းသားများ အားလပ်ရက်မှာ ခရီးသွားဖို့  ၀န်ဆောင်မှုပေးလို့ ရနိုင်တဲ့ ဈေးကွက်တစ်ခုကို
မြင်သွားလို့ ပဲ ဖြစ်ပါတယ်။ငွေကုန်ကြေးကျ နည်းနည်းနဲ့  နေရာတော်တော်များများကို ရောက်ရှိသွားဖို
့က တက္ကသိုလ်ကျောင်းသားဘ၀မှာ အတွေ့ အကြုံနဲ့  ပတ်ဝန်းကျင် ဗဟုသုတတွေကို လိုလား တဲ့ လူငယ်တွေရဲ
့စိတ်ကူးပါပဲ။ ထိုလိုအပ်ချက်ကို သူငယ်ချင်း နှစ်ယောက်က သိခဲ့တဲ့ အတွက် ယခုလိုဝန်ဆောင်မှု
လုပ်ငန်းကနေ ၀န်ဆောင်မှု ပေးရင်း အောင်မြင်လာခဲ့ကြပါတယ်။
သူတို့ ဝန်ဆောင်မှု လုပ်ငန်းအတွက် ပထမဆုံး ဈေးနှုန်း လျော့ထားတဲ့
သက်သာတဲ့ ခရီးသွား ၀န်ဆောင်မှု လုပ်ငန်းများကို ချိတ်ဆက်ရပါတယ်။ ခရီးသွားလာဖို့ အတွက်
လေယာဉ်ခ၊ နေထိုင်စရိတ် ၊ သွားလာစရိတ် စတဲ့ ဟာတွေကို လျော့ဈေးနဲ့  တစ်ခါထဲ အပြတ် ၀န်ဆောင်မှု
ပေးတဲ့ အစီအစဉ်ကို ၁၂၀ ပေါင် လောက်နဲ့ ရနိုင်တဲ့ အထိ ရောင်းချပေးပါတယ်။
ဒါဟာ ကုမ္မဏီတစ်ခု အတွက် လည်ပတ်ဖို့ တော်တော် ခက်ခဲတဲ့ ရောင်းချမှု
အမြတ်အစွန်းနည်းပါးနိုင်တဲ့ ဈေးနှုန်းပါပဲ။ ဒါပေမဲ့ စတင်တဲ့ ပထမနှစ် အချိန်မှာဘဲ ပေါင် ၅၀၀၀၀ ခန့် အမြတ်အစွန်း ရရှိခဲ့ပါတယ်။ ၂၀၁၄
မှာတော့ ပေါင် ကိုးသိန်းလောက် အမြတ်အစွန်း ရရှိနိုင်မယ်လို့  သူတို့ က ခန့် မှန်းထားပါတယ်။
MainStage Travel ၀န်ဆောင်မှု ကုမ္မဏီဟာ သူတို့  စတင်ခဲ့တဲ့ အချိန်မှာ
သတင်းအင်တာဗျူးများ မှာလည်း ဖော်ပြခဲ့ ပါတယ်။ အထူးသဖြင့် ဗြိတိန်သတင်းဌာနဖြစ်တဲ့
BBC မှာလည်းသူတို့ စတင်ခဲ့ပုံအကြောင်းကို ဖော်ပြခဲ့ချိန်မှာလည်း ရင်းနှီးမြုပ်နှံလိုသူများ
ပေါ်ပေါက်လာခဲ့ပါတယ်။
သူတို့ ကိုယ်တိုင် လည်း လေးလေးစားစားနဲ့ ဖောက်သည်များကို တင်ဆက်လေ့ရှိပြီး
တစ်သိန်းတန် ရင်းနှီးမြုပ်နှံမှု မှ ရှေ့ ဆောင် ဖန်တီးသူများ အဖြစ် ခံယူထားပါတယ်။
Mainstage ရဲ့  ခံယူချက်ကတော့ ကျနော်တို့  ကုမ္မဏီဟာ ဈေးနှုန်းသင့်တဲ့
ဝန်ဆောင်မှု လုပ်ငန်းတွေထဲက တစ်ခု ဖြစ်စေချင်ပါတယ်။ ထို့ အတူ အရည်အသွေးမနိမ့်တဲ့ ခရီးသွား
ဝန်ဆောင်မှုကိုလည်း ပေးချင်ပါတယ်တဲ့။ ဒါဟာ သူတို့ ရဲ့  စေတနာ ဖြစ်ပါတယ်။
Ref:startup
Tuesday, May 20, 2014
Mashable နဲ့  သူ၏ ဖခင်
ခေတ်ပေါ် နည်းပညာ ၀ဘ်ဆိုက်တွေထဲမှာ ဆိုရင် အခုလက်ရှိ ကမ္ဘာ့ Top Ten စာရင်းဝင် တစ်ခု ဖြစ်တဲ့ Mashable ၀ဘ်ဆိုက်ကို မေ့ လို့ မဖြစ်ပါဘူး။ ခေတ်နဲ့ အညီ နည်းပညာနဲ့  တစ်ရင်းတစ်နှီးရှိတဲ့ သူတိုင်းဟာ ဒီဆိုက်လေးကို သိကြပြီး နေ့ စဉ် Article အစုံအလင်ကို တင်ဆက်ပေးနေတဲ့ ဆိုက်လေး တစ်ခုပါပဲ။ အခု ဒီ ဆိုက်ကို တည်ထောင်ခဲ့တဲ့ လူငယ် အကြောင်းကို လူငယ်များ အားကျအတုယူနိုင်အောင် မိတ်ဆက်တင်ပြပေးချင်ပါတယ်။
Mashable ရဲ့  Founder နဲ့  CEO တစ်ဦး ဖြစ်တဲ့ Peter Cashmore ဟာ အသက် ၁၉ နှစ် အရွယ်မှာ ဒီဆိုက်ကို ထောင့်ခဲ့တာ ဖြစ်ပါတယ်။ အဲ့ဒီတုန်းက ၂၀၀၅ ခုနှစ် ဆိုတော့ အခုဆိုရင် ၂၈ အရွယ်သာ ရှိသေးတဲ့ လူငယ်တစ်ယောက်ပါပဲ။
Peter ဟာ စကော်တလန်နိုင်ငံ Banchory မြို့ မှာ ကြီးပြင်းခဲ့ပါတယ်။ အခုဆိုရင် စကော့တလန် နဲ့  အမေရိက ကြားမှာ အလုပ်ကိစ္စနဲ့ သွားလာရင် အချိန်ကုန်လေ့ရှိတယ်။
၂၀၀၉ ခုနှစ်တုန်းက Inc စွန့်ဦးတီထွင် မဂ္ဂဇင်း မှာ "30 Under 30" ဆိုတဲ့ လူငယ် လုပ်ငန်းရှင် တစ်ဦး အဖြစ် အသိအမှတ်ပြုခံရပါတယ်။ Forbes မဂ္ဂဇင်းမှာလည်း ၀ဘ်ဆိုက်လောက က လူကြိုက်များတဲ့ သူများ "Top 25 Web Celebs" ဆိုတဲ့ စာရင်းမှာလည်း ၀င်ခဲ့ပါတယ်။
CNN အတွက် အပတ်စဉ် နည်းပညာနဲ့ Social Media အကြောင်းအရာများကို ရေးသားပေးလေ့ရှိပြီး Time Magazine ရဲ့  လူထုကို အလွမ်းမိုးနိုင်ဆုံး ၁၀၀ စာရင်းမှာလည်း ပါဝင်ခဲ့ပါသေးတယ်။
Peter ရဲ့  ပြင်းပြတဲ့  ရည်မှန်းချက်က Mashable ကို တည်ထောင်ခြင်းဖြင့် နည်းပညာနဲ့ ဆိုရှယ်နက်ဝေါ့ တွေဟာ လူသားတွေရဲ့ အပြောင်းအလဲကို ထင်ဟင်စေရန် ဖြစ်ပြီး ပြန်လည်ပြုပြင်ထားတဲ့ ယဉ်ကျေးမှုများက Mashable ကို ပြုလုပ်ဖို့  သူ့ ကို မောင်းနှင်စေခဲ့တာ ဖြစ်ပါတယ်။
မီဒီယာရဲ့  ပညာရှိလို့  သူ့ ကို ဖော်ညွန်းကြပြီး နည်းပညာရှင် မျိုးဆက်သစ်လူငယ်များကို အလွမ်းမိုးနိုင်ဆုံး သူ အဖြစ် သတ်မှတ်ခံရသူ ဖြစ်ပါတယ်။
Mashable ၀ဘ်ဆိုက်ရဲ့  အောင်မြင်မှုများကို လေ့လာရရင် ၂၀၀၉ ခုနှစ်မှာတော့ The 25 Best Blogs စာရင်းဝင်ခဲ့ပါတယ်။ Social Media ရဲ့  One Stop Shop တစ်ခုထဲနဲ့ အကုန် ဖတ်လို့ ရတဲ့ ဆိုက် တစ်ခု အနေနဲ့  မှတ်တမ်း တင်ခံရပါတယ်။ 2013 ခုနှစ် March လမှာတော့ ထိုဝဘ်ဆိုက်ရဲ့  Twitter မှာ Follower ၃၂သန်းအထိ ရှိခဲ့ပါတယ်။ Facebook စာမျက်နှာမှာလည်း ၁သန်းကျော် ရှိခဲ့ပါတယ်။
ဆိုရှယ် မီဒီယာ ဆိုက်တွေဖြစ်တဲ့ Digg, Facebook, Google, Twitter, YouTube, ESPN, Cafemom နဲ့  Pandora စတဲ့ ဆိုက်တွေနဲ့ အပါအ၀င် Mashable ကလည်း First Open Web Awards ဆုကို ရရှိခဲ့ပါသေးတယ်။
လင်းတန်ဆောင်
ref:wiki , Mashable linkedIn
Fred Rangoon. Powered by Blogger.
Life always goes on
About Me
About Me
Fred Rangoon
Alis - Freddy
Alis - Freddy
Blogger , Writer ,Techie , Digital Marketer ,Contact : tazaung.pr@gmail.com
Freelance Graphic Designer , Photographer
Traveller , Marketing Consultant , Idea Creator, Learner .
and Home-made chef
Search This Blog
Blog Archive
-
▼
2017
(4)
- ► 03/12 - 03/19 (2)
- ► 02/12 - 02/19 (1)
-
►
2016
(6)
- ► 10/16 - 10/23 (1)
- ► 07/31 - 08/07 (1)
- ► 04/17 - 04/24 (1)
- ► 02/07 - 02/14 (1)
- ► 01/31 - 02/07 (1)
- ► 01/10 - 01/17 (1)
-
►
2015
(17)
- ► 11/29 - 12/06 (1)
- ► 10/04 - 10/11 (1)
- ► 09/27 - 10/04 (1)
- ► 08/30 - 09/06 (2)
- ► 08/23 - 08/30 (3)
- ► 08/16 - 08/23 (1)
- ► 08/09 - 08/16 (1)
- ► 07/05 - 07/12 (3)
- ► 03/29 - 04/05 (2)
- ► 03/01 - 03/08 (1)
- ► 02/08 - 02/15 (1)
-
►
2014
(20)
- ► 12/21 - 12/28 (1)
- ► 11/30 - 12/07 (1)
- ► 09/07 - 09/14 (1)
- ► 08/24 - 08/31 (1)
- ► 08/10 - 08/17 (1)
- ► 07/27 - 08/03 (1)
- ► 07/13 - 07/20 (1)
- ► 06/29 - 07/06 (1)
- ► 06/22 - 06/29 (1)
- ► 05/18 - 05/25 (2)
- ► 05/04 - 05/11 (1)
- ► 04/27 - 05/04 (1)
- ► 04/20 - 04/27 (4)
- ► 04/13 - 04/20 (1)
- ► 03/30 - 04/06 (1)
- ► 01/19 - 01/26 (1)
-
►
2013
(52)
- ► 12/15 - 12/22 (1)
- ► 11/24 - 12/01 (1)
- ► 11/10 - 11/17 (2)
- ► 10/27 - 11/03 (1)
- ► 09/29 - 10/06 (2)
- ► 09/22 - 09/29 (1)
- ► 09/15 - 09/22 (4)
- ► 09/01 - 09/08 (1)
- ► 08/25 - 09/01 (1)
- ► 08/18 - 08/25 (1)
- ► 07/28 - 08/04 (1)
- ► 07/07 - 07/14 (2)
- ► 06/30 - 07/07 (2)
- ► 06/23 - 06/30 (1)
- ► 06/09 - 06/16 (4)
- ► 06/02 - 06/09 (1)
- ► 04/21 - 04/28 (1)
- ► 04/14 - 04/21 (3)
- ► 03/31 - 04/07 (4)
- ► 03/24 - 03/31 (4)
- ► 03/17 - 03/24 (3)
- ► 03/10 - 03/17 (1)
- ► 03/03 - 03/10 (3)
- ► 02/24 - 03/03 (3)
- ► 02/03 - 02/10 (1)
- ► 01/27 - 02/03 (3)
Labels List Numbered
- Food (2)





