မြန်မာနိုင်ငံအတွင်းမရှိမဖြစ်လိုအပ်သော Apps 5 မျိုး
မြန်မာနိုင်ငံအတွင်းမိုဘိုင်းလ် သုံးစွဲသူ နှင့် အင်တာနက် ၀င်ရောက် မှု အရှိန် မြင့် တက် လာသည်နှင့် အမျှ ဆက်သွယ်ရေးလူမှု ကွန်ယက်နှင့် စီးပွားရေးလုပ်ငန်းလုပ်သူများအတွက် မရှိမဖြစ် လိုအပ်တဲ့ Apps များလည်းရှိလာပါတယ်။ ဒီတော့် သည်အပတ်အတွင်း မြန်မာနိုင်ငံမှာ Top လူသိများပြီး Top ဖြစ်နေတဲ့ Apps 5 ခုကိုတင်လိုက်ရပါတယ်။
Viber
မိမိ သူငယ်ချင်း၊ မိတ်ဆွေ ၊ မိဘဆွေမျိုး ၊ ချစ်ရတဲ့ သူတွေနဲ့ ဆက်သွယ်ရေးကို အလျင်အမြန် လုပ်ချင်တယ်၊ ကုန်ကြသက်သာပြီးလုပ်ငန်းဆောင်တာ အ၀၀ကို မြန်မြန်လုပ်ချင်တယ်ဆိုရင်တော့ Viber ဟာမရှိမဖြစ်လိုအပ်တဲ့ Apps ဖြစ်ပါတယ်။ မြန်မာပြည်အတွင်း Mobile Internet ဆောင်သူ ၁၀ ယောက် မှာ ၉ ယောက် လောက်တော့ Viberကိုသုံးပါတယ်။ Android, Mac OS, Blackberry OS, iOS, Linux နှင့် အခြားသော Windows Phone များအတွက်ပါ compatiable အံဝင်ခွင်ကြဖြစ်ပါတယ်။ သုံးဆွဲ သူများအနေနဲ့ ရုပ်၊ အသံ၊ ပုံ နှင့် voice recording များကို ပါ easy share အနှေနှင့် လျှင်မြန်စွာလုပ်နိုင်ပါတယ်။ Mobile Internet Phone နှင့်ဆက်နွယ်နေသည်မို့ ပြောဆိုမည့်သူရဲ့ ဖုန်းနံပါတ်တော့ လိုပါတယ်။ ကုမ္ပဏီကတော့ အစ္စရေး နိုင်ငံ မှ အခြေခံပြီးလွန်ခဲ့တဲ့ February 14, 2014 မှာRakutenဂျပန်ကုမ္ပဏီမှ ဒေါ်လာသန်းပေါင်း 900 နဲ့ ၀ယ်လိုက်ပါတယ်။ ၀န်ဆောင်မှုနှင့် ထုတ်လုပ်မှုပိုင်းဆိုင်ရာမှာတော့ အစ္စရေး နိုင်ငံမှ အခြေခံပြီးဆက်လက်လုပ်ဆောင်နေပါတယ်။