Saturday, February 18, 2017

စားမယ်..ဝါးမယ်.. ဟိုချီမင်းမှာကွယ်



ဟိုချီမင်း ( Saigon ဟာ ကိုယ့်အမြင်မှာ ဆိုင်ကယ်တွေနဲ့ ယာဉ်ကြော တော်တော်ရှုပ်တဲ့ မြို့  ၊ အမြဲတမ်း အလုပ်ရှုပ်နေတဲ့ မြို့  ၊ လမ်းတိုင်းမှာ စားစရာ ဆိုင်တိုင်းလိုလို တွေ့ ရတဲ့ မြို့ .. ပြီးတော့ စားစရာတွေလည်း ကောင်းတဲ့ မြို့ လို့  မြင်တယ်လေ။
ဗီယက်နမ်ဆိုတာနဲ့  ကိုယ့်မျက်လုံးထဲမှာ အရင်ဆုံး ပြေးမြင်လိုက်တာက ကော်ဖီနဲ့  စားစရာတွေပါ ။ ဟိုရောက်ရင် ဘယ်သွားမယ်.. ဘာလုပ်မယ်.. ဆိုတာက တစ်ပိုင်းထား ။ သူများနိုင်ငံရောက်တုန်းမှာ သူတို့  ယဉ်ကျေးမှုကို လေ့လာဖို့ အနီးစပ်ဆုံးက သူတို့ စားတဲ့ အစားအစာနဲ့ စားသုံးပုံတွေမှာပါ။
ကိုယ်အထင်ကလည်း နိုင်ငံတနိုင်ငံရဲ့ ယဉ်ကျေးမှုကို လေ့လာမယ် ဆိုရင် သူတို့ နိုင်ငံက ဆောက်ထားတဲ့ လမ်းပန်းတံတား မိုးမျှော် အဆောက်အဦးတွေထက် သူတို့ ရဲ့ ရိုးရာ အစားအစာတွေ အရသာတွေ နေထိုင်ပုံတွေကို လေ့လာတာက ပိုပြီး နီးစပ်မယ်လို့ ထင်မိတယ်လေ။
ဥပမာ ။ ။ ကိုယ်တွေ နိုင်ငံမှာ ဆိုရင် တိုင်းရင်းသားတွေလည်း စုံတော့ ဘယ်တိုင်းရင်းသားကတော့ဖြင့် ဘယ်လိုမျိုးစားတယ်။ အချို အငံ အဆီ အနည်းအများ ။ ကချင်စာ ဆိုရင် ဘယ်လို ၊ ရှမ်းစာ ဆိုရင် ဘယ်လို စသဖြင့် အစားအစာကို စားကြည့်ပြီး ယဉ်ကျေးမှု နေထိုင်မှုကိုပါ လေ့လာနိုင်တာမျိုးပေါ့။
အခု ကိုယ်ရောက်ခဲ့တဲ့ အချိန်လေးမှာပဲ.. ဟိုချီမင် မြို့ ခံ သူငယ်ချင်း ကောင်းမှုနဲ့  စားချင်တာလေးတွေစားခဲ့ရလို့  ဘော်ဒါတို့ ကို ဝေမျှပါရစေလား ။
ဟိုချီမင်း က ဗီယက်နမ်ရဲ့  မြို့ကြီးထဲက တစ်မြို့ ဖြစ်ပြီး ကိုယ်တွေဆီမှာ ဆိုရင် မန္တလေးလိုမြို့ လိုမျိုးပါ။
ဆိုင်ကယ်တွေ တအားပေါပြီး ။ လူတိုင်းလိုလို ဆိုင်ကယ်စီးကြပါတယ်။ ကားကလည်း မြို့ပတ်ကား နဲ့ အငှားကားလောက်က လွဲရင် ကိုယ်ပိုင်ကား နည်းပါတယ်။ ဘာလို့ လဲဆိုတော့ ဆိုင်ကယ်နဲ့ ဆိုရင် ဝီးခနဲ မောင်းသွားပြီး ထားစရာနေရာ အခက်အခဲလည်း နည်းလို့ ထင်ပါတယ် ။ ပြဿနာ တစ်ခုကတော့ ဆိုင်ကယ် Traffic လို့  ဆိုရမလား.. တစ်မြို့လုံး ဆိုင်ကယ်တွေချည်းနဲ့ ပိတ်နေတာပါပဲ။
ရာသီဥတု အနေနဲ့ဆိုရင်လည်း အခုလို ရာသီ ( ရန်ကုန်မှာ မဆိုရုံအေးတဲ့အချိန်) မှာတောင် ပူအိုက်အိုက်နိုင်လှပါတယ်။ ဒီတော့ အတိုလေးတွေပဲ ဝတ်ကြတာများပါတယ်။ ကဲ.. မိတ်ဆက်တာလေးတွေ ခဏထားပြီး စားစရာ အကြောင်းရှေ့ ဆက်အုံးစို့ ။
ဗီယက်နမ်ဆိုတာ ကမ္ဘာ့အကောင်းဆုံး ကော်ဖီ ရတဲ့ နေရာ ဆိုပြီး နာမည်လည်း ကြီးတာကို ။ ပြီးတော့ ကိုယ်ကလည်း ကော်ဖီသရဲလေ ။ ဒါကြောင့် စရောက်ရောက်ချင်းမှာပဲ ဘော်ဒါက ဘာစားချင်လဲ ဘာလုပ်ချင်လဲ မေးတော့.. ငါ့ကို ဗီယက်နမ်ကော်ဖီ တိုက်ပါ။ မင်းတို့ ဗီယက်နမ် ကော်ဖီကောင်းတယ် ကြားတယ် ပြောတော့။ ပထမဆုံး ခေါ်သွားတာက ....


Vietnam Coffee Drip @Trung Nguyen Cafe

ကဲ.. ဒီကော်ဖီသောက်ချင်လွန်းလို့ ရယ်.. ဒီဆိုင်လေးက သိပ်ခေတ်စားတာ မကြာသေးဘူး ဆိုတာ ကြောင့်ရယ် ရောက်သွားတာ။ ကော်ဖီဆိုင်လေးက သဲအပြည့်ခင်းထားတဲ့ အခန်းမှာ လုပ်ထားတယ် ဆိုရင် အံ့များ သြလေမလားပဲ။ တကယ်ပါ။ မှန်ကာထားတဲ့ ကော်ဖီဆိုင်မှာ အဲကွန်းလေးနဲ့ ထိုင်ပြီး ဖိနပ်ချွတ်ထားတဲ့ ခြေထောက်ကို သဲမှာ နစ်ပြီး Drip Coffee သောက်ရတဲ့ အရသာ ဆိုတာလေ.. ။

This is A must ပါ။ ကိုယ်တော့ နေရာ အသိအချာမသိဘူး။ Ho Chi Min Youth Center နားမှာပဲ ။

Saigon မြစ်နားမှာ Saigon ကော်ဖီသောက်မယ်။

Saigon Cafe ဆိုတာကတော့ Ho Chi Min မှာ နေရာတိုင်းလိုလို ရှိတဲ့ ကော်ဖီဆိုင်ပါပဲ ။ ကိုယ်တွေမြစ်ကမ်းဘေးကို သွားတော့ လေညှင်းလေးခံတော့ ကော်ဖီသောက်ချင်လာတယ်။ ဒါနဲ့ အဲ့ဒီ မြစ်ကမ်းနားမှာပဲ Saigon  
ကော်ဖီဆိုင် ရှိပါတယ်။ ထိုင်တော့မသောက်နဲ့  ယူသွားပြီး ကမ်းနားလမ်းလေးမှာ လမ်းလျှောက်သောက် လေလည်း တဖြူးဖြူးနဲ့ ရှယ်ပဲမောင်။ သောက်ရင်းလမ်းလျှောက်ရလို့ ဘယ်လိုကုန်သွားမှန်းတောင် မသိခဲ့။



Fruit Bowl @ Red Apple 

ဒါကတော့ Red Apple ဆိုတဲ့ လမ်းဘေးဆိုင်လေးမှာ ထိုင်စားခဲ့တဲ့ သီးစုံရေခဲသုပ်ပါ။ သရက်သီး ၊ ပိန္ဒဲသီး ၊ ကီဝီ ၊ စပျစ် ၊ တယ်သီး ၊ သမင်မျက်လုံး( နှင်းသီး)  ၊ ဂျယ်လီ စတာလေးတွေရဲ့ အပေါ်မှာ ဒိန်ချဉ်အခဲလေး တင်ထားပေးတယ်။ ရေခဲကို ခွဲပြီးသား အမှုန့် လေးတွေ ပန်းကန်တစ်ခုနဲ့ ထပ်ချပေးတယ်။ စားရတာ တော်တော်လတ်ဆတ်တယ်။ ရေခဲကလည်း လိုသလောက်ပဲ ထည့်ဆိုတော့ ကိုယ့်စိတ်ကြိုက် ထည့်စားပေါ့ ။ လူငယ်တွေ တော်တော်များများ လာစားတာ တွေ့ တယ်။



Bun Cha - အိုဘားမား ဗျက်နမ်မှာ စားခဲ့တဲ့ အစားအစာ

လိုင်းပေါ်မှာ တော်တော်လေး နာမည်ကြီးခဲ့တဲ့ ဗျက်နမ်အစားအစာလေးပေါ့။ အိုဘားမား ဟနွိုင်းလမ်းဘေးက ဆိုင်လေး တစ်ဆိုင်မှာ စားခဲ့တာ ဆိုပြီး နာမည်ကြီးခဲ့တာလေး ။ သူက ဘာလဲဆိုတော့ ဝက်သားကင်ထားတာကို သင်္ဘောသီးအစိမ်းကို အချိုရည်နဲ့ စိမ်းထားတဲ့ ဟာလေး ပြီးတော့ ဘေးမှာ မုန့်ဟင်းခါးလို ခေါက်ဆွဲအဖက်တွေပါတယ်။ အဲ့ဒါကိုမှ ပေးထားတဲ့ အရွက်တွေနဲ့ ရောစားရတာ ။ စားရတာ တော်တော်အရသာရှိတယ်။ ခေါက်ဆွဲလို့  ပြောပေမဲ့ သူက ဟိုဟာလေး ဒီဟာလေး စပ်ပြီး ထည့်စားရတာ ဆိုတော့ ကိုရီးယားဝက်သားကင်စားတဲ့ ပုံစံလိုပဲ အရွက်တွေ အသားတွေ ထည့်ပြီး သွင်းရတာမျိုးပါ။



Bahn Mi - ဗီယက်နမ် အသားညှပ်ပေါင်မုန့် 

သူကတော့ အသားညှပ်ပေါင်မုန့် လိုပါပဲ ။ အဲ့ ဒါပေမဲ့ ထူးခြားတာ တစ်ခုက သူ့ ထည့်ပေးတဲ့ အချဉ်ရည် ခေါ်မလား ။ အသားအနှစ်ရည် ခေါ်မလား ။ ချိုသလိုတော့ ရှိတယ်။ အဲ့ဒါကို နံနံပင်တို့ သခွားသီးတို့  အသားတို့  ထည့်ထားပေးတဲ့ အသားညှပ်ပေါင်မုန့် မှာ ဆမ်းစားရတာ ..တော်တော်ကောင်းပေါ့။ ( အိမ်ကျရင် လုပ်စားရမယ် :P )





Spring Roll

ဗီယက်နမ် ကော်ပြန်လိပ်ကတော့ နာမည်ကြီးပေါ့နော်။ သူက အထဲမှာ အရွက်တွေ အစုံပဲ ပုစွန်နဲ့ ထည့်လိပ်ထားတာ။ အဲ့ဒါလေးကို မြေပဲထောင်းနဲ့ လုပ်ထားတဲ့ ဆော့အချိုနဲ့ တို့ စားဖို့ လုပ်ထားပေးတယ်။ စားကြည့်တော့ အထဲက အရွက်တွေထဲမှာ ဘာပါလဲတော့ မသိဘုူး ။ ပူရှိန်းလေး ဖြစ်နေသေးတယ်။ ကြက်သွန်မြိတ်လည်း ပါတယ်။တစ်ခုကို လေးကိုက်လောက်တော့ စားရပါတယ်။



Fried Spring Roll 

ဗီယက်နမ် ကော်ပြန့် မှာပဲထပ်ပြီး ကြော်ထားတဲ့ သဘောပါ။ ပေးထားတဲ့ အရွက်တွေနဲ့ အတူတူ စားရပါတယ်တဲ့ ။ မဟုတ်ရင် ဒါ ဗီယက်နမ်စာ စားတယ်လို့ ဆိုလို့ မရဘူးလို့  ဆိုနိုင်တယ်။




Hu Tiu 

သူကတော့ ကိုယ်တွေဆီမှာ ဆိုရင် ရှမ်းခေါက်ဆွဲလို ခေါက်ဆွဲအသားကို အသားစွပ်ပြုတ်ရည်နဲ့ ထည့်ပေးတာ ။ ကြက်သားတုံးလေးတွေပါတယ်။ သူတို့ ခေါက်ဆွဲစားရင် ထည့်စားတဲ့ အရွက်လေးတွေ ထည့်စားရတယ်။ အစပ်အပေါ့ အငံကတော့ ကိုယ့်အတွက် အနေတော်ပဲ။ ပေါ့ရင်တော့ ငံပြာရည် ဘူး ထားထားပေးတယ်။ ကြိုက်သလို ထည့်စားရတယ်။



Banh Canh

မြီးရှည်ခေါက်ဆွဲလိုပါပဲ ။ ခုနကလိုပဲ အသားပြုရည်ရယ် အသားတွေရယ် ထည့်ထားပေးတာ။ ပြီးတော့ တိုဟူးလေးတွေပါတယ်။ အရသာကတော့ အသားပြုတ်ရည်ကြောင့်ထင်တယ် ချိုပြီး ခံတွင်းမြိန်တယ်။



Pho - ဖာ(လ်) @Pho Hoa Pastuer 

ကဲ.. ဗီယက်နမ် က မြို့  တစ်ခုကို ရောက်မှတော့ ဒါလေးမစားခဲ့ရင် Mission Complete ဖြစ်ခဲ့တယ်လို့  ဆိုလို့ မရဘူး လို့  ပြောလို့ ရတယ်။ သူက ဗီယက်နမ် အမဲသား ခေါက်ဆွဲပါ။ ပန်းကန်အကြီးကြီးထဲမှာ အမဲသား အသား ၊ အရွတ် ၊ အသည်း နဲ့ ပုဆိုးကြမ်းတွေပါ ထည့်ထားပေးတယ်။ အဲ့ဒီအတိုင်းတော့ နယ်ဖတ်စားလို့ မရဘူးနော်။ ပေးထားတဲ့ အရွက်တွေ အကုန်လုံးကို ကိုယ်စားချင်သလောက် ထည့်ရတယ်။ အဲ့အရွက်တွေမပါရင် မပြည့်စုံဘူုးလို့ ဆိုလို့ ရတယ်။ အရွက်ကတော့ ရှမ်းနံနံပါတယ်။ ဆလပ်ရွက် နဲ့ တခြားအရွက်တွေ ပါတယ်။ တစ်ပွဲမှာလည်း အဖက်တွေ အများကြီးပါတော့ အကုန်လုံးတောင် မကုန်ဘူး ။


Fred Rangoon







Fred Rangoon. Powered by Blogger.

Life always goes on

About Me

Fred Rangoon

Alis - Freddy

Blogger , Writer ,Techie , Digital Marketer ,
Freelance Graphic Designer , Photographer
Traveller , Marketing Consultant , Idea Creator, Learner .
and Home-made chef

Contact : tazaung.pr@gmail.com

Search This Blog

Blog Archive

Labels List Numbered

Instagram

recent posts

Pages

Follow us

Photo Profile
Taylor Wong Architecture Designer

The Japanese call it Hanakotoba, and King Charles II brought it to Sweden from Persia in the 17th century. Read More

Popular Gallery