Friday, March 22, 2013
ပုံပြင်လေးတစ်ပုဒ်မှ သင်ခန်းစာ
--- တခါက မုဆိုးတစ်ယောက်ဟာ တိရစ္ဆာန်များရဲ့ အသိညဏ်ဆိုင်ရာကို စစ်ဆေးဖို့ စမ်းသပ်မှု တစ်ခု လုပ်ခဲ့တယ်တဲ့ ။ စမ်းသပ်မှု ကတော့ ကြီးကြီးမားမားတော့ မဟုတ်ပါဘူး။ 
ပထမဆုံး တိရစ္ဆာန်ထဲမှ ခွေးအ ကို ခွဲခြားဝေဖန်နိုင်တဲ့ အသိညဏ်ရှိ မရှိ စမ်းသပ်ဖို့ ခွေးအများ နေထိုင်ရာ ဂူတစ်ခုကို အသံပြုလိုက်တယ် ။ပြီးတော့ မလှမ်းမကမ်း က ခြုံတစ်ခုမှာ ပုန်းနေလိုက်တယ်။ အဲ့ဒီမှာ ဂူထဲက ခွေးအ အုပ်စုဟာ ထွက်လာပြီး ဟောင်ကြပါလေရော။ ဒါနဲ့ မုဆိုးဟာ တွေတဲ့နေရာက ခဲတစ်လုံးကို ကောက်လိုက်ပြီး ခွေးအ အုပ်ထဲကို ပစ်လိုက်တော့... ခွေးအများဟာ ခဲကို ရန်သူအမှတ်နဲ့  ကိုက်ခဲပြီး ဆူညံနေကြပါတယ်။
ဒီလိုနဲ့  မုဆိုးဟာ ခွေးအ များရဲ့  အသိဥာဏ် ကို မှတ်သားလိုက်တယ် ။ခွေးအ များရဲ့ စဉ်းစားဆင်ခြင်နိုင်စွမ်း ဘယ်လောက် ရှိမရှိ ဆိုတာကိုပေါ့ ။ 
နောက်တစ်ခေါက်ကျတော့... တောဘုရင်လို့ ခေါ်တဲ့ ကေသရာဇာ ခြင်္သေ့ မင်းကို ဘယ်လောက် အထိ စဉ်းစားဆင်ခြင်နိုင်စွမ်း ရှိသလဲဆိုတာကို ပြန်စမ်းသပ်ပါတယ် ။
ဒီတော့ ခြင်္သေ့ မင်း နေတဲ့ ဂူကို သွားတယ်။ ဒီတစ်ခါတော့ သစ်ပင် တစ်ပင်ပေါ်တက်ပြီးတော့ 
နေရာ ယူလိုက်တယ်။ ခြင်္သေ့က အင်အားကြီးတော့ ရန်ပြုလာရင် ကာကွယ်နိုင်အောင်လို့ ပေါ့ ပြီးမှ ထုံးစံအတိုင်း အသံပြုလိုက်တယ် ။
အချိန်တော်တော်ကြာ ဆူညံသံတွေ ဘာတွေ အော်ပေမဲ့ ခြင်္သေ့မင်းက ထွက်မလာဘူး ။ သူ့ ရဲ့ ပိုင်နက်မှာပဲ ငြိမ်နေပြီး ရန်သူလား ဘာလားဆိုပြီး အကဲခတ် နေတယ် ။ ခြင်္သေ့မင်း ထွက်မလာတော့ မုဆိုးဟာ ဒီတစ်ခါ ခဲနဲ့  ဂူထဲကို ပစ်ပြီး ပြန်စမ်းတယ် ။ ခဲက ခြင်္သေ့ မင်း ဂူထဲကို ရောက်တော့.. ဒီတခါမှ ခြင်္သေ့မင်းဟာ ထွက်လာတယ် ။
 ပြီးတော့ ခဲကို အနံ့ ခံတယ် ။ ခဲလာရာ လမ်းကြောင်းကို ကြည့်တယ် ။ ပြီးတော့ မုဆိုးရှိတဲ့ ဘက် ခဲ ပေါက်တဲ့ ဘက်ကို အနံ့ ခံတယ် ။ မုဆိုးရဲ့ အနံ့ ကို လေကြောင်းကနေ အနံရတော့ တွေ့ သွားတယ်။ မုဆိုးကိုလည်း အကဲခတ်တယ် ။ မိမိကို တကယ် ရန်ပြုနိုင်စွမ်း မရှိတာရယ် မုဆိုးရောက်နေတဲ့ နေရာက သူလှမ်းမမီနိုင်တဲ့ နေရာဆိုတာ တွေ့ သွားတော့ ခြင်္သေ့ဟာ တစ်ချက်ကြည့်ပြီး မိမိနေထိုင်တဲ့ ဂူထဲကိုပြန်ဝင်သွားတယ် ။ 
မုဆိုးကလည်း ခြင်္သေ့ တော်တော်ကြာကြာလေး ဂူထဲ ၀င်သွားတာ တွေ့ မှ သစ်ပင်ပေါ်က ဆင်းပြီး ခြင်္သေ့မင်းရဲ့  စဉ်းစားဆင်ခြင်နိုင်စွမ်းကို အသိအမှတ်ပြုလိုက်တယ် ။ 
တောဘုရင် ခေါ်ထိုက်ပါပေတယ် ။ တောဘုရင် ပီသပါတယ်နဲ့ 
တိရိစ္ဆာန်ဖြစ်သော်ငြားလည်း ဘယ်လောက် အထိ ဝေဖန် ပိုင်းခြားနိုင်စွမ်း ရှိသည် ဆိုတာကို မုဆိုးဟာ သဘောပေါက်သွားတယ်။
....................................................................
ဒါကတော့ ပုံပြင်လို့ ခေါ်မလား..ပညာပေးလို့ ခေါ်မလား.. 
အဓီက နဲ့ သာမညကို ခွဲခြားနိုင်တယ်လို့ ခေါ်မလား..
အသိဥာဏ် ရှိတာနဲ့  အသိဥာဏ် မရှိတာကို နှိုင်းယှဉ်တယ်လို့ ခေါ်မလား...
ပြဿနာများနဲ့ ကြုံလာတဲ့ အခါ နဲ့ ပြဿနာ ရှာခံရတယ်လို့ ထင်ရတဲ့ အခါ
ကျနော်တို့ တစ်တွေ ဘယ်လိုဖြေရှင်းကြမလဲဆိုတာကိုပဲ ပေးချင်တဲ့ အကြောင်းအရာလေးပဲလား ဆိုတာ... ဖတ်ရှုသူ မိတ်ဆွေများ မိမိကိုယ်ပိုင်စဉ်းစားဆင်ခြင် နိုင်စွမ်းဖြင့် တွေးတောကြပါကုန် ။
ဖတ်ဖူးတာလေး ရေးရေးကနေ ပြန် မှန်းဆပြီး ရေးသားမျှဝေပါတယ်။
Wednesday, March 20, 2013
Social Media မှာ ဆွဲဆောင်မှု ရှိသော အရေးအသားဖြစ်ဖို့ 
Attractive Writing Skills
အွန်လိုင်းပေါ်မှာ Article တစ်ခုအတွက် ဖြစ်ဖြစ် ၊ ဗဟုသုတ အချက်အလက်များကို ရေးသားမျှဝေဖို့ ပဲ ဖြစ်ဖြစ်.. ရေးသားပုံရေးသားနည်းဟာ အရေးကြီးပါတယ်။ မိမိရေးသားတင်ပြပုံဟာ စာဖတ်သူကို ဆွဲဆောင်နိုင်ဖို့  ယေဘုယျကျတဲ့ အချက်တွေရယ်၊ထိထိရောက်ရောက် ဖြစ်စေတဲ့ အချက်တွေရယ် ရှိပါတယ်။ စာဖတ်သူကို ပထမ စာကြောင်း ဖတ်လိုက်တာနဲ့ .. ဆက်ဖတ်ချင်လာအောင် ဆွဲဆောင် လုပ်နိုင်ဖို့ ကလည်း အရည်အချင်းတစ်ခုပါပဲ ။
ဒီလို အရေးအသား တင်ပြပုံတွေကို ဘယ်လို ထိထိရောက်ရောက်ဖြစ်အောင် ရေးသားမယ် နဲ့ ဘယ်လို အချက်တွေနဲ့  ညီအောင် 
ရေးသားမယ်ဆိုတာကို လေ့လာ တင်ပြချင်ပါတယ်။
ပထမဆုံး ဆိုရှယ် နက်ဝေါ့ဖြစ်တဲ့ ဖေ့ဘွတ်မှာ ရေးသားတဲ့ ပုံစံမှာ ... အရေးကြီးတဲ့ အချက်တွေက ..
(၁) စာလုံး အဖြတ်အတောက် ကို သတိပြုပါ။
အဓီက က လေးထောင့်ကျကျ ဘောက်စ် တစ်ခုမှာ ရေးသားတဲ့ အခါ စာလုံးအဖြတ်အတောက်နဲ့  အထားအသို ဖြစ်တဲ့ (ရရစ်) (ရပင့်) (အောက်ကမြင်)(တစ်ချောင်းငင်) စတဲ့ အရေးကြီးတဲ့ စကားလုံး အထောက်အပံ့များကို မှန်ကန်တဲ့ Keyboard မှ စာလုံးကို ရိုက်ပြီး
 ရေးသားတက်ရပါတယ်။
ဥပမာ။ ။ လုပ်ကိုင်နေကြသည်။ ကို 
             လုပ်ကိုင်နေကြသည် ။ ဆိုတာမျိုးမဖြစ်အောင် သတိပြုရပါမယ်။
စကားလုံး လေးလုံး(သို့ ) သုံးလုံးကို Space Bar တစ်ချက် ပုတ်ပြီး ရေးရမှာ ဖြစ်ပါတယ်။ကီးကွတ်တစ်ခုထဲက(  ရရစ်ကြီး၊  ရရစ်ငယ် ) စာလုံးအမှန်ကို Shift ခံပြီး ထည့်ရပါမယ်။
(၂) စာလုံးပေါင်းမှန်ရပါမယ်။
ဆောင်ထားသင့်ပါတယ်။
မှားတက်တဲ့ ပုံစံများကတော့။   ။ ဟု ဆိုလိုခြင်း ကို .... ဟု ဆိုလိုချင်း
                                            ( စားခြင်း၊ သွားခြင်း၊လာခြင်း အပြုအမူနောက်မှာ ခြင်းကို သုံးပါတယ်။ )
                                            ချင်းကတော့...စားတဲ့" ချင်း"ကိုပဲ သုံးပါတယ်။
                                             လုပ်နေကျ ကို .... လုပ်နေကြ  
                                             (အမြဲ လုပ်တက်တဲ့ အလုပ်နောက်မှာ စားနေကြ၊ သွားနေကြ၊လာနေကြ ...ထိုကြကို သုံးပါတယ်၊)
                                              ကျ ဆိုတဲ့ စကားလုံးကိုတော့ စာမေးပွဲကျ ၊ အမြင့်မှ ပြုတ်ကျ
ဘဲ နဲ့  ပဲ အသုံးပြု ပုံကလည်း မှားတက်ပါတယ် ။
ငြင်းတဲ့ စကားလုံးနောက်မှာ " ဘဲ " ကို သုံးပါတယ် ။ မလုပ်ဘဲ..မစားဘဲ..မလာဘဲ..မနေဘဲ...။
ပဲ ကတော့.. သူပဲ..ငါပဲ .ဟိုမှာပဲ..ဒီမှာပဲ.. ။
(၃) တင်ပြလိုတဲ့ အကြောင်းအရာ ကို ကိုယ်ပိုင်အရေးအသားနဲ့ တင်ပြရပါမယ်။
အဓီက က ဘာသာပြန် ရေးသားတဲ့ သူများပါ  ။ သူများရေးထားတာ တော့ ဟုတ်ပါပြီ..။ဘာသာမပြန်ခင် မကိုးကားခင်  ဒါကို အရင်ဆုံးဖတ်ပါ..။ စိတ်ထဲမှာ တစ်ခုခု ကျန်သွားသည် အထိ ပြန်ဖတ်ပါ ။ ကိုယ်စိတ်ထဲမှာ ကျန်တဲ့ ပုံစံ က ကိုယ့် ကိုယ်ပိုင် အရေးအသားပါပဲ ။ ကိုယ် ဘယ်လို နားလည်သွားသလဲ ဆိုတာကို ပြန်ချဲ့ ပြီး အစဖော်ရေးသားရမှာ ဖြစ်ပါတယ် ။
ဒါပေမဲ့ သတိပြုစရာကတော့ ကိုယ်ပိုင် အရေးအသားမှာ သတင်းရေးသားတဲ့ သူတစ်ယောက် အနေနဲ့ ရေးသားခွင့်မရှိပါဘူး ။ သူက သတင်းအင်္ဂါရပ် (W) ခြောက်လုံးနဲ့ ညီအောင် ရယ် ဘက်မလိုက်ဘဲ သတင်းကို သတင်း အနေနဲ့ ပြန်ရေးရလို့ ပဲ ဖြစ်ပါတယ်။
သတင်းအင်္ဂါရပ်များ
—ဘာဖြစ်တာလဲ              (What)
—ဘယ်သူဖြစ်တာလဲ         (Who)
—ဘယ်တုန်းကဖြစ်တာလဲ   (When)
—ဘယ်နေရာမှာဖြစ်တာလဲ  (Where)
—ဘာကြောင့်ဖြစ်တာလဲ     (why) 
—ဘယ်လိုဖြစ်တာလဲ         (How)
(၄) တင်ပြတဲ့ စာနဲ့ လိုက်ဖက်တဲ့ ရုပ်ပုံ ပါရှိရပါမယ်။
မိမိတင်ပြတဲ့ အကြောင်းအရာဟာ တင်ပြလိုတဲ့ ဓာတ်ပုံ ပါသင့်ပါတယ် လို့ မှတ်ချက်ပြုချင်ပါတယ်။ မဂ္ဂဇင်း လို စာအုပ် တစ်အုပ်မှာ ကဗျာ ရေးတာ ပဲ ဖြစ်ဖြစ်၊ ဆောင်းပါးရေးတာပဲ ဖြစ်ဖြစ် ဘယ်နေရာမဆို လိုက်ဖက်တဲ့ ရုပ်ပုံများကို ထည့်သွင်းကြတာ စာဖတ်သူကို ဆွဲဆောင်စေဖို့ တစ်ခုတည်းသော ဖော်ညွန်းချက်အနေနဲ့ သုံးကြတာကို တွေ့ ကြမှာပါ။
သတိပြုရမှာက . မိမိတင်ပြတဲ့ စာနဲ့ လိုက်ဖက်တဲ့ ပုံတွေသာ ဖြစ်ပါစေ ။ Business အကြောင်း ဆောင်းပါးရေးရင် အလုပ်လုပ်နေတဲ့ ဆွေးနွေးနေတဲ့ ရုံးဝန်ထမ်းပုံနဲ့ လူပုံ ထည့်တာ သူတို့ ဒီစာကို ဖော်ညွန်းချင်တယ်ဆိုတာ သဘောပေါက်စေချင်လို့ ပဲ ဖြစ်ပါတယ်။ တင်ပြပုံနဲ့ မဆိုင်တဲ့ ရုပ်ပုံ ထည့်ခြင်းကတော့ မပြုသင့်ပါဘူး..။
ဥပမာ အချစ်ကဗျာတစ်ပုဒ်ကို ရေးပြီး တင်လိုက်ရင် အချစ်နဲ့ ပတ်သတ်တဲ့  Romance ပုံလေးတွေသာ ဖြစ်သင့်ပါတယ် ။မဆီမဆိုင် တင်ပြသူ မိမိရဲ့  ဖလမ်းဖလမ်းထနေတဲ့ ပုံနဲ့ တွဲပြီး တင်ပြတာတော့ မဖြစ်သင့်ပါဘူး ။ အဓီက ကတော့ မိမိတင်ပြလိုတဲ့ အကြောင်းအရာ နဲ့  မဆီလျှော်တဲ့ ပုံ မဖြစ်သင့်ပါ။
(၅) တင်ပြတဲ့သူ နာမည်ပါရပါမယ်။
စာပုဒ် အဆုံးမှာ ဘယ်သူ ဘယ်ဝါ ဖြစ်ပါတယ် ဆိုတာလေး ထည့်သွင့်ပေးပါ ။ ဒါ မိမိရေးထားတဲ့ ဟာဆိုပြီး အသိအမှတ်လေးတော့ ပြုခံဖို့ သင့်ပါတယ်။ ပြီးတော့ ဘယ်သူ ဘယ်ဝါ ရေးတယ်ဆိုတာ လေးထည့်ထားတော့ စာဖတ်သူများက ဘယ်သူရေးထားတဲ့ စာပါလားဆိုပြီး စိတ်ထဲ စွဲနေမယ့် အပြင် စာရေးသူတိုင်းဟာ မိမိရေးသားတဲ့အကြောင်းအရာကို မိမိတာဝန်ယူရမှာ ဖြစ်သည့်အတွက် ဖြေရှင်းချက်တွေ ဘာတွေ ရှိလာရင် ထိပ်တိုက်ရင်ဆိုင်နိုင်မှာ ဖြစ်ပါတယ် ။
ဥပမာ ..မိမိရေးသားမှုကို ကော်ပီကူးရေးသားမှုများ ရှိလာရင် ဖြေရှင်းနိုင်မည့် အပြင်  ရေးသားသူ ဘယ်သူ ဘယ်ဝါဆိုတာ ပါတဲ့အတွက် သဘောကျတဲ့  Online Media က ဖော်ပြလိုလျှင် မိမိဆီကို တိုက်ရိုက်ဆက်သွယ်လာနိုင်တဲ့ Marketing တစ်မျိုးဖြစ်လာနိုင်ပါတယ်။
(၆) မိမိကိုယ်ပိုင်ရေးသားချက် မဟုတ်ရင် ကိုးကားချက် ( Credit ) ထည့်သွင်းရပါမယ်။
ဘာသာပြန်ရေးသားသူများ သတိထားစရာပါ ။ အွန်လိုင်းကနေ ခပ်တည်တည်ကောက်ပြီး ဘာသာပြန်လိုက်တယ် ။ နောက် ကိုယ့်နာမည်ကြီး ကောက်တပ်ပြီး မိမိရေးသည်တို့  ဘာတို့  မလုပ်သင့်ပါဘူး ။ ဘယ်ဆိုက်ကနေ ကူးယူပြီး ဖော်ပြပါတယ် ။ ကိုးကားပါတယ် ဆိုတာလေးတော့ မူရင်း တင်ပြသူကို လေးစားတဲ့ အနေနဲ့ ထည့်သွင်းသင့်ပါတယ် ။ ဒါကလည်း မီဒီယာ Ethnic တစ်ခု ဖြစ်ပါတယ်။
(၇) စကားပြေ အရေးအသားနဲ့ စကားပြောဟန် အရေးအသားကို သတိပြု ခွဲခြားတက်ရပါမယ်။
Social Media မှာ ရေးသားကြတဲ့စာများဟာ သတင်းစာများ ၊ ဂျာနယ်များ အတွက် ရေးတဲ့ စာများ မဟုတ်ပါ ။ ထို့ အတွက် ဖတ်ရင် စိတ်ဝင်စားမှု ရှိအောင် ဘယ်လိုနည်းနဲ့ ရေးမလဲဆိုတာ ကိုယ်တိုင် ဆုံးဖြတ်ရမှာ ဖြစ်ပါတယ် ။ ဒါကတော့ ကိုယ်ဘယ်လို နဲ့ ဘယ်လိုင်းသွားတယ်ဆိုတာ အပေါ်မူတည်ပါတယ်။ Social Media ကို သုံးသူများဟာ ၅ မိနစ်ထက် ပိုတဲ့ တင်ပြချက်ကို ဖတ်ရှုဖို့ စိတ်ဝင်စားမှု နည်းကြတယ်လို့ သိရပါတယ်။ ဒါကြောင့် ဘယ်လိုအရေးအသားက ငါးမိနစ်လောက်မှာ မိမိပေးချင်တဲ့ Message ကို ပေးမယ် ။ စာဖတ်သူကို ဆွဲဆောင်နိုင်မယ်ဆိုတာ သတိချပ်စရာပါ ။
(၈) ပြန်စစ်ပါ ၊ ပြန်ဖတ်ပါ 
Article တစ်ခုကို ရေးပြီးသွားပြီး ဆိုရင် ပြန်စစ်ဖို့ ကတော့ မမေ့ သင့်ပါဘူး ။ မိမိပြန်ဖတ်ကြည့်ရင်း ကိုယ်သာ စာဖတ်သူဆိုရင် လို့  ခံစားပြီး ဖတ်ပေးပါ ။ ဒါမှ လိုတာတွေ ပိုတာတွေ တွေ့ မှာပါ ။ စာလုံးအဖြတ်အတောက် မှန် မမှန်တွေ ၊ အထားအသို နဲ့  စင်းလုံးချောမချောကို ကြည့်ပါ။ ရေးထားတာတော့ ပြီးသွားပါပြီ မိမိပေးချင်တဲ့ အကြောင်းအရာ ပေါ်မပေါ်ကလည်း ပြန်ဖတ်ရင်း ဆန်းစစ်သွားပါ ။
(၈) ဖန်တီးမှု နဲ့ Article 
တစ်ခါတလေ အသစ်အဆန်းလေးတွေ မပေးနိုင်တဲ့ တင်ပြပုံကို စာဖတ်သူများဟာ ငြီးငွေ့ တက်ကြပါတယ် ။ အထက်ပါ ဖော်ပြပါ အချက်များနဲ့ လည်း ကိုက်ညီင်္ပြီး လန်ပျံနေအောင်  ရေးနိုင်ပေမဲ့ လူတွေဟာ အသစ်အဆန်းကို မှ ကြိုက်တာ ထုံးစံပါ ။ တခါတလေ ဖြစ်နိုင်ရင် စာဖတ်သူနဲ့ စာရေးသူ ဆွေးနွေနိုင်တဲ့ အစီအစဉ်လေး တွေ Feedback ပြန်ပေးနိုင်တဲ့ အစီအစဉ်လေးတွေ လုပ်သင့်ပါတယ် ။
ဘာလို့ လဲဆိုတော့ လူတွေ ဘာလိုနေတယ်ဆိုတာ သိပြီး အသစ်အဆန်းတွေ ဖန်တီးပေးနိုင် တဲ့ အချမ်းသာဆုံး Technical Company များဟာ Apple တို့  Facebook တို့ ဘာလို့ ဖြစ်နေရသလဲဆိုတာ သဘောပေါက်ရပါမယ်။ ကျနော်တို့ ရှေ့ ဆက်ဘယ်လိုပုံလေးတွေ ဖန်းတီးမယ်ဆိုတာ ကျနော်တို့ ကိုယ်တိုင် ရှာဖွေ၍ သော်လည်ကောင်း ၊ Survey ဆင်း၍ သော်လည်ကောင်း ၊ အဖွဲ့ လိုက်  လေ့လာ၍ သော်လည်ကောင်း ဖန်တီးနေရင် ထိုအတွက် Burning Desire ဖြစ်နေရမည် ။
ဤတွင် Learning Social Media Trend @ Attractive Writing Skills တစ်ခန်းရပ်သည်။
လင်းတန်ဆောင်@Freddy
21.3.2013 ( Thusday)
Monday, March 18, 2013
ကျနော် ထရိန်နာ ၂
ရခိုင်ပြည်နယ် ဂွမြို့ နယ် ၊ ရွာသစ်ကုန်း ကျေးရွာ
၉ ရက်နေ့ တွင် မီဒီုမှ စတင် ထွက်ခွာပြီး ည ၁၂နာရီခန့် တွင် ရောက်ရှိ။ အိမ်ခြေ ရှစ်ဆယ်ခန့် သာ ရှိသော ကျေးရွာ တစ်ခုဖြစ်ပြီး မီဒိုကို ထိုသင်တန်း အတွက် ဂျာနယ်မှ တဆင့်ဆက်သွယ်ဟု သိရသည်။
Organizer မှာ တို့ ဖြစ်ပြီး ကျေးရွာရှိ ၀န်ထမ်းများ ဖြစ်သည်။
သင်ကြားရေးနှင့်ပတ်သတ်၍
အသက် ၁၀ နှစ်ကျော်ခန့် မှ ၃၀ ကျော်အထိ ပါဝင်၍ ပထမနေ့ တွင် သုံး သုတ် ခွဲ၍ သင်ကြားရသည်။ မနက်ပိုင်း ၈နာရီမှ ၁၂ နာရီအထိ၊ နေ့ လည် ၁နာရီမှ ၅ နာရီ အထိ၊ ည ၆နာရီမှ ၁၀ နာရီ အထိ ။ သုံးသုတ်ဖြစ်ပြီး ညပိုင်းတွင်  အသက် ၁၆ခန့် မှ၃၀ ကျော်အထိ အထက်တန်းကျောင်းသား၊ တက္ကသိုလ်ကျောင်းသား ၊ အိမ်အလုပ် နှင့် ၀န်ထမ်းအလုပ်လုပ်နေသူများ ပါဝင်သည်။ အများစုမှ သင်ကြားသည့် နေ့ မှ စပြီး ပြီးဆုံးသည် အထိ စိတ်ဝင်စားမှု ရှိစွာဖြင့် သင်ယူကြသည်ကို တွေ့ ရသည်။
အခက်အခဲများ
ကျေးရွာတွင် လျှပ်စစ်မီးမ ရရှိပါ ။ မီးစက်ဖြင့် သင်ကြားရသည်။ ဖုန်းလိုင်းမမိ သဖြင့် အင်တာနက် မရရှိပါ ။ အင်တာနက် သင်ကြားရန် မဖြစ်နိုင်ပါ။ သို့ သော် သင်ကြားသူ အများစုမှ အင်တာနက် သင်ကြားချင်ကြသည်။
ရွာသစ်ကုန်း လူငယ်စုစည်းမှု အဖွဲ့ 
၁၀ ရက်နေ့ တွင် စတင်သင်ကြားသော ၃ရက်တာ ကွန်ပျူတာ အခြေခံသင်တန်းရှိ ညပိုင်း ၆နာရီမှ ၁၀ နာရီ အထိ အတန်းတွင် ရွာသစ်ကုန်းရွာမှ လူငယ်များ ၁၆ဦးခန့် ပါဝင်သည်။ အသက် ၁၇ ခန့် မှ ၃၀ ကျော်အထိ ဖြစ်ပြီး အထက်တန်း ကျောင်း မှ ဘွဲ့ ရ အထိပါဝင်သည်။ ကွန်ပျူတာ သင်တန်းအချိန်မှာ သုံးရက်တာ ဖြစ်သည့်အပြင် တစ်နေ့ လေးနာရီခန့် သာ သင်ကြားပေးရသဖြင့် သူတို့ အတွက် အချိန် အတိုင်းအတာ အနေဖြင့် အတော်နည်းသည်။  ထိုရွာ၏ အားနည်းချက် အရ ဖုန်းလိုင်းမမိသဖြင့် အင်တာနက် အခြေခံကို သင်ကြားမပေးနိုင်ခဲ့ ။ ထို့ ကြောင့် Leadership Training တစ်ခုကို ထို လူငယ်များအတွက် စီစဉ်ပေးခဲ့သည်။ ၁၁ ရက်နေ့ မနက် ကိုးနာရီခန့် တွင် ထိုသင်တန်းကို စတင်ခဲ့သည်။ 
ပထမနေ့ တွင် Activity Game များဖြင့် လူငယ်များကို Motivation ပြုလုပ်ပေးပြီး လူထုဆက်ဆံရေးပိုင်း ကို စတင်ထိတွေ့ ပေးခဲ့သည်။ ထို့ နောက် လူငယ်များ၏ တက်ကြွမှုများကို တွေ့ ရသဖြင့် မိမိရပ်ရွာ အကျိုးအတွက် မည်သည့် အသင်းကို ပြုလုပ်လိုပါသလဲ ဟုသော ခေါင်းစဉ်ဖြင့် လေးယောက်တစ်ဖွဲ့ ခွဲပြီး တိုင်ပင်ခိုင်းသည် ။ ထို့ နောက် အဖွဲ့ လေးဖွဲ့  ထွက်လာပြီး မိမိတို့ အဖွဲ့ ပြုလုပ်လိုသည်များကို Presentation လုပ်ခိုင်းသည်။ အဖွဲ့ လေးဖွဲ့ မှာ ကျေးရွာဖွံ့ ဖြိုး တိုးတက်ရေးအတွက် စာကြည့်တိုက်လုပ်လိုသော အဖွဲ့ ၊ ဆက်သွယ်ရေးကောင်းလိုသော အဖွဲ့ ၊ ကွန်ပျူတာ သင်တန်း အဖွဲ့ ၊ ပညာရေးအတွက် စာသင်ကျောင်း တည်ထောင်လိုသော အဖွဲ့ စသဖြင့် တက်ကြွစွာ ပြုလုပ်လိုကြသည်ကို တွေ့ ရသည်။ input အနေဖြင့် မိမိတို့ ဖြစ်လိုသည်များကို စည်းစည်းလုံးလုံး ပူးပေါင်း ဆောင်ရွက်ကြရန် တိုက်တွန်းထားသည်။
သို့ နှင့် ရည်ရွက်ချက် တူသော အဖွဲ့ နှစ်ဖွဲ့ ခန့် ကို ပူးပေါင်းစေလိုက်သဖြင့် စုစုပေါင်း လူရှစ်ဦး တစ်ဖွဲ့ ဖြင့် နှစ်ဖွဲ  ဖြစ်သွားသည်။  ထပ်မံ ပူးပေါင်းလိုက်သော အဖွဲ့ နှစ်ခုကို မိမိတို့ အချင်းချင်း ရည်ရွယ်ချက်များ ပူးပေါင်း တိုင်ပင်စေ ပြီး အဖွဲ့ လုပ်ဆောင်မည့် အချက်များကို ကြေငြာရင်း ပထမနေ့ သင်တန်းကို ပြီးဆုံးလိုက်သည်။
ရည်ရွယ်ချက်များကို ပြောကြားစေပြီး စည်းရုံးရေးဝင်သည်။ နောက်ဆုံး အဖွဲ့ ကြီတစ်ခု အနေဖြင့် ကျေးရွာ ဖွံ့ ဖြိုးတိုးတက်ရေး လူငယ် ၁၆ဦးပါဝင်သော ရွာသစ်ကုန်းလူငယ်စုစည်းမှု အဖွဲ့ တစ်ခု ဖြစ်ပေါ် လာတော့သည်။
သင်တန်းကာလမှာ သုံးရက်သာ ဖြစ်သော်လည်း ရွာခံ လူငယ်များမှာ တော်ကြပါတယ်။ ကွန်ပျူတာကို အခြေခံအသုံးချနည်းကို ထိထိရောက်ရောက် အသုံးပြုနိုင်သွားတာကို တွေ့ ရပါတယ်။ နောက် ကျေးရွာ စာကြည့်တိုက် ဖွင့်လှစ်ပြီး အဖွဲ့ ပိုင် ကွန်ပျူတာ ဖြစ်မြောက်ရေး အတွက် ၀ိုင်းဝန်းဆောင်ရွက်ကြမည် ကိုလည်း သိရပါတယ်။ ဖုန်းလိုင်းမမိသော ထို ကျေးရွာတွင် ဖုန်းတာဝါတိုင် လာဆောက်မည်ဟု  သတင်းကြားသဖြင့် ထို ဖုန်းလိုင်းမိသော နေရာတွင် စာကြည့်တိုက်ဖြစ်မြောက်ရေး ဆောင်ရွက်ရန် တိုက်တွန်းမိသည်။ ဒါမှသာ သူတို့ ဆက်သွယ်ရေး ကောင်းကောင်း ရရှိနိုင်မည် မဟုတ်ပါလား။
လင်းတန်ဆောင်@Freddy
18.3.2013
ရွာသစ်ကုန်းကျေးရွာ ၊ ဂွမြို့ နယ် - ၉.၃.၂၀၁၃ မှ ၁၄.၃.၂၀၁၃ အထိ
Fred Rangoon. Powered by Blogger.
Life always goes on
About Me
Fred Rangoon
Alis - Freddy
Blogger , Writer ,Techie , Digital Marketer ,
Freelance Graphic Designer , Photographer
Traveller , Marketing Consultant , Idea Creator, Learner .
and Home-made chef
Contact : tazaung.pr@gmail.com
Search This Blog
Blog Archive
Labels List Numbered
Instagram
recent posts
Pages
Follow us
Photo Profile
Taylor Wong Architecture Designer
The Japanese call it Hanakotoba, and King Charles II brought it to Sweden from Persia in the 17th century. Read More
Popular Gallery