အိမ်/ခန်း ငှားခါနီး စစ်ဆေးရမယ့် အရာတွေ
အိမ်တစ်အိမ် သို့မဟုတ် အခန်း တစ်ခန်း ငှားတော့မယ်ဆိုရင် စစ်ဆေးရမယ့် အရာတွေ အင်မတန် များပါတယ်။ သို့ပေမယ့် အောက်ပါ အချက်များကိုတော့ မမေ့မလျော့ အရင်စစ်ဆေးသင့်ပါတယ်။
- အိမ်အပြင်အခြေအနေ
အကယ်၍ ငှားတဲ့အိမ်က ခြံနဲ့ဖြစ်နေရင် ခြံအထဲမှာ ဘယ်လို ဖီးချားတွေ ပါတယ်ဆိုတာကို သေချာ လေ့လာဖို့ လိုပါတယ်။ ပြီးတော့ အိမ်၊အခန်း ရဲ့  ပတ်ဝန်းကျင်၊ လမ်း က မိမိသွားလာရေးအတွက် အဆင်ပြေသင့်လျော်မှု ရှိမရှိ စစ်ဆေးရပါမယ်။
- အိမ်အတွင်း အခြေအနေ
အခန်းဖွဲ့ထားမှုက ကိုယ့်ရဲ့ လိုအပ်ချက်နဲ့ ကိုက်ညီဖို့လိုအပ် ပါတယ်။ မိသားစုဝင်များရင် များသလောက် အိပ်ခန်း ဘယ် နှစ်ခန်း ပါတယ်ဆိုတာသေချာ စစ်ဆေး လေ့လာရမှာ ဖြစ်ပါတယ်။ အိမ်သာ၊ရေချိုးခန်း ပါပြီး၊ ရေရရှိမှု၊ မီးရရှိမှု ပုံမှန် ရှိမရှိကို သေချာ စစ်ဆေး လေ့လာရမှာ ဖြစ်ပါတယ်။
- လုံခြုံရေး
တံခါးပေါက် ကြံ့ ခိုင်မှုရှိမရှိ၊ အိမ်က ကြံ့ ခိုင်မှုရှိမရှိ၊ ပတ်ဝန်းကျင် လုံခြုံမှု ရှိမရှိကို စစ်ဆေးရမှာ ဖြစ်ပါတယ်။
- တတ်နိုင်တဲ့ငွေကြေး
မိမိတတ်နိုင်တဲ့ ငွေကြေးပမာဏက အမှန်တော့ ပထမဆုံး စဉ်းစားရမယ့် အချက် ဖြစ်ပါတယ်။ ငွေကြေး တစ်ခု တတ်နိုင်ပြီဆိုမှ ယင်းငွေကြေးနဲ့ သင့်လျော်တဲ့ အိမ်ကို ငှားရမယ်ဆိုတာ စဉ်းစားရတာ ဖြစ်ပါတယ်။ အေးဂျင့်နဲ့ ဂျာနယ်တွေ၊ ပွဲစားတွေက ဖော်ပြ၊ ပြောပြတဲ့ ဈေးနှုန်းနဲ့ အိမ်တွေကိုလည်း မိမိ တတ်နိုင်သလောက် စုံစမ်း နိုင်ပါတယ်။
- စာရွက်စာတမ်း
၆ လ စာချုပ်လား သို့မဟုတ် ၁ နှစ် စာချုပ်လား သေချာ ဆွေးနွေးတိုင်ပင်ရပါမယ်။ အိမ်အငှား စာချုပ် ချုပ်ပြီး ရုံနဲ့ မပြီးသေး ပါဘူး။ လက်ရှိ မြန်မာပြည်အနေအထားရ သန်းခေါင်စာရင်းတိုင်တဲ့ အလေ့အထလည်း ရှိထား ရတာကြောင့် နီးစပ်ရာ ရပ်ကွက်ရုံးတွေမှာ စာရွက်စာတမ်းများ သေချာ လုပ်ထားဖို့ လိုအပ် ပါတယ်။
အထက်ပါ ဖော်ပြ၊ ရှင်းပြချက်များက သာမန်လူတစ်ယောက်အနေနဲ့ သိသင့်တဲ့ ရွေးထားသော အိမ်သို့ မငှားခင် စဉ်းစားရမယ့် အခြေခံအချက်လေးတွေ ပဲ ဖြစ်ပါတယ်။