Tuesday, February 26, 2013

Online Business နှင့် အွန်လိုင်းတွင် ကုန်ပစ္စည်းရောင်းခြင်းကို လေ့လာခြင်း


အမှန်တကယ်တော့ လတ်တလော E Banking System မရှိသေးတဲ့ မြန်မာနိုင်ငံအနေနဲ့ ကုန် ပစ္စည်းများကို အွန်လိုင်းမှာ တင် ရောင်းတဲ့ အခါ လေ့လာသိရှိရသလောက် အချို့ သော ကုန်ပစ္စည်းများမှာ ၀ယ်ယူသူ မှ ကြည့်ရှုပြီး နှစ်သက်ရာများကို မှာယူသော အခါ မိမိတို့  ဖုန်းနံပါတ် ၊ နေရပ်လိပ်စာ ၊ ဖေ့ဘွတ် အကောင့်တို့  ဖြင့်သာ အသုံးပြုပြီး ၀ယ်ယူတာကို
တွေ့ ရပါတယ် ။ ထိုအခြေအနေတွင် ရောင်းသူ ပိုင်ရှင် နှင့် အမှန်တကယ် ၀ယ်ယူသူများ အဘက်ဘက်မှ နှစ်နာမှုများ ရှိနေတာကို လည်း
တွေ့ ရပါတယ် ။

သို့ သော်လည်း အများစုမှာ တစ်ပိုင်တစ်နိုင် တင်ရောင်းသော စီးပွားရေးမှ ထိုအားပေးမှုများဖြင့် ကိုယ်ပိုင်ဆိုင်များ ဖွင့်လာဖို့ ရည်ရွယ်ပြီး လုပ်ကိုင်နေကြတာ ပဲ ဖြစ်ပါတယ် ။ ထို့ ကြောင့် လတ်တလောကို မကြည့်ဘဲ ရေရှည်ကို ကြည့်ပါက မကြာခင် ပွင့်လင်း လာတော့ မည်မြန်မာနိုင်ငံ ဘဏ်စီးပွားရေး အခြေအနေဟာ E-Commence ကို ကောင်းမွန်စွာ အသုံးချနိုင်တော့ မှာ ဖြစ်ပါတယ် ။

အခု တင်ပြမည့် အွန်လိုင်း အသုံးပြု ကုန်ပစ္စည်း ရောင်းဝယ်ခြင်းဟာ လတ်တလော မြန်မာနိုင်ငံမှာ အသုံးပြု တွင်ကျယ်နေတဲ့  အွန်လိုင်း အသုံးပြု Marketing ဖြစ်ပြီး
ရောင်းသူ ၀ယ်သူ အဘက်ဘက်မှ ရှုထောင့် အမြင်များ နဲ့  လေ့လာ တင်ပြထား တာ ဖြစ်ပါတယ် ။

ရောင်းသူဘက်မှ ကြည့်ရရလျှင်....

ရောင်းချသူ အမျိုးအစား(၁)


ဖေ့ဘွတ် အသုံးပြုပြီး ကုန်ပစ္စည်များ ရောင်းချလိုသော အခါ မိမိတို့ ဘက်မှ တဆင့်ဝယ်ယူရောင်းချသူများ ၊ ပစ္စည်းနှင့်ရရှိနိုင်သော မော်ဒလ်များမှာ လက်ဝယ်တွင် မရှိသေးသော်လည်း ၀ယ်ယူလိုသူမှ အမှာစာပို့ သော အခါ မှတ်ယူပြီး တဆင့်ပြန်လည်ရောင်းချတာကို တွေ့ ရပါတယ် ။
တစ်ဖက်မိမိတို့  တဆင့်ဝယ်ယူသော ကုန်ပစ္စည်း များကို စင်္ကာပူ၊ ထိုင်း စသော နေရာများမှ အဓီက မှာယူလေ့ရှိကြပြီး အမှာစာ အရ စာရင်းအတိအကျ မှာယူပြီး ၀ယ်ယူလိုသူများကို Delivery System များ ဖြစ်သော အိမ်အရောက် ပို့  ၀န်ဆောင်မှု ၊ မိမိရောင်းချသော နေရာ
(အိမ်၊စတိုးဆိုင်) စသည့်တွင် လာယူရသော ၀န်ဆောင်မှု စသဖြင့် ရောင်းချတာကို
တွေ့ ရပါတယ် ။ ထိုရောင်းချမှု မျိုးမှာ အရင်းအနှီးနည်းပြီး ၀ယ်သူမှာသလောက် ပစ္စည်းအရေအတွက် ဖြင့် အော်ဒါ ပစ္စည်း ရောက်ချိန်ကို စောင့်ဆိုင်းပြီး ရောင်းချပေးတာ ဖြစ်ပါတယ်။


ရောင်းချသူ အမျိုးအစား(၂)

ကိုယ်ပိုင် အရင်းအနှီးဖြင့် ဖွင့်လှစ်ထားသော ဆိုင်ရှိ ကုန်ပစ္စည်းများကို ရောင်းချသော အခါ အွန်လိုင်းကို အသုံးချရောင်းချ ခြင်းသည် မိမိ ကုန်ပစ္စည်းကို ကြေငြာသည့် သဘောပိုပါတာကို တွေ့ ရပါတယ်။
မိမိဆိုင်ရှိ ကုန်ပစ္စည်းများကို ရောင်းထွက်လိုခြင်း ၊ ပြင်ပ ကြေငြာများ
အတွက် ဘက်ဂျက်ကို ထိထိရောက်ရောက် အသုံးမပြုနိုင်ခြင်းများ ၊ ကြေငြာအားနည်းခြင်း စသောအခါ ဆိုရှယ်မီဒီယာကို အသုံးပြုကြတာ ဖြစ်ပါတယ် ။ ထို ရောင်းချသူများဘက်က ၀ယ်ယူလိုသည့် ကုန်ပစ္စည်းများမှာ ချက်ချင်းရရှိနိုင်ပြီး ၀န်ဆောင်မှု ကဏ္ဍကတော့ နည်းပါးတာကို တွေ့ ရပါတယ် ။ ဥပမာ အိမ်အရောက် ၀န်ဆောင်မှု ၊ အွန်လိုင်းမှ
မှာယူနိုင်မှု နည်းပြီး အားသာချက်အနေနဲ့ ရရှိလိုသည့် ကုန်ပစ္စည်းများကို ထိုဆိုင်တွင် ရမရ လေ့လာနိုင်ပြီး မှ မိမိကိုယ်တိုင် ရွေးချယ်နိုင်ခွင့်နှင့် ချက်ချင်းဝယ်ယူ ရရှိနိုင်တာပဲ ဖြစ်ပါတယ်။

ဝယ်ယူသူဘက်မှ ကြည့်လျှင်...

ဝယ်ယူသူ အမျိုးအစား(၁)

အွန်လိုင်းမှာ ၀ယ်ယူသူများထဲမှ အမျိုးအစား တစ်မျိုးမှာ မိမိတို့  ထိုင်ရာမှ မထဘဲ အင်တာနက် အသုံးပြုရုံဖြင့် ကုန်ပစ္စည်းကို ၀ယ်ယူနိုင်တာကို သဘောကျသူများ ဖြစ်ပါတယ် ။ ငွေကုန်ကြေးကျ ခံနိုင်သူများ ၊မိမိလိုချင်သည့် ပစ္စည်းနှင့် မိမိတက်နိုင်သည့် ပမာဏရှိသော ကုန်ပစ္စည်းကို လေ့လာချင့်ချိန်ပြီး မှာယူတာကို တွေ့ ရပါတယ်။
ထိုသူများမှာ ကုန်ပစ္စည်း အသစ်အဆန်းများကို မှာယူရတာ ပိုမိုသဘောကျပြီး ပြင်ပ နေရာတကာတွင် အလွယ်တကူ ရရှိနိုင်သော ကုန်ပစ္စည်းများကို မနှစ်ချိုက်သူများပဲ ဖြစ်ပါတယ် ။

ဝယ်ယူသူ အမျိုးအစား(၂)


အွန်လိုင်းသည် မိမိအတွက် စိတ်ပန်းဖြေရုံသာမက ကုန်ပစ္စည်းကိုပါ အပျင်းပြေ လေ့လာနိုင်တာကို သဘောကျသူ ဖြစ်ပါတယ် ။ ၀ယ်ယူသူ(၁) နှင့် အသုံးပြုပုံချင်း ခပ်ဆင်ဆင်ရှိပေမဲ့ တကယ်အမှာပစ္စည်းများကို မှာယူပြီး ပစ္စည်းရောက်လာပါက ပြန် အကြောင်းမကြားသူများလည်း ဖြစ်နိုင်ပါတယ် ။ ထိုသူများကိုတော့ ရောင်းချသူ (၁) များမှ သတိထား ဆက်ဆံရမှာ ဖြစ်ပါတယ် ။


**အွန်လိုင်းမှ ရောင်းချခြင်း အားသာချက် အားနည်းချက်များ**

အားသာချက်

ကုန်ပစ္စည်းများကို အလွယ်တကူ ရွေးချယ် ရရှိနိုင်ပါတယ် ။ ပစ္စည်းများ အမျိုးအစား အစုံအလင် မိမိ လေ့လာနိုင်ပါတယ် ။ အွန်လိုင်းရှော့ပင် ထွက်လို့ ရနိုင်တယ်။ ၀ယ်ဝယ် မ၀ယ်ဝယ် မိမိကို စောင့်ကြည့်နေမဲ့သူမရှိ ၊ မိမိကြိုက်ရင်ကြည့် မကြိုက်ရင် ကျော်သွားလို့ ရတယ် ။စိတ်ပြေလက်ပျောက် လည်း ဖြစ်တယ် ။ မိမိလိုချင်တဲ့ ကုန်ပစ္စည်းရဲ့ Feedback
တွေ သိနိုင်တယ် ။

အားနည်းချက်

တကယ်ဝယ်ယူလိုသူဘက်မှ ကြည့်လျှင် ကုန်ပစ္စည်း ကောင်းမကောင်း အာမခံချက်ကို မရရှိနိုင်ပါဘူး ။ ဒါပေမဲ့  ၀ယ်ယူသူများ ဘက်မှ ပြန်ပေးတဲ့ Feedback Comment များကို ဖတ်ပြီးမှသာ ချင့်ချိန်ဝယ်ယူသင့်ပါတယ် ။
ရောင်းသူဘက်မှ ကြည့်လျှင် အမှာစာရပြီး ပြန်မဆက်သွယ်သူများနဲ့ ဆုံလျှင် စိတ်ညစ်ရမှာ ဖြစ်ပါတယ် ။

အဓီက အကြောင်းအရင်းများကို လေ့လာကြည့်လျှင် E Banking System
မဖွံ့ ဖြိုးသေးတဲ့ အတွက် ရောင်းသူ ၀ယ်သူများ အဘက်ဘက်မှ နစ်နာမှု များ ရှိနေတာ ဖြစ်ပါတယ် ။ အခြေအနေများ အဆင်ပြေ ချောမွေ့ လာပါက အွန်လိုင်းမှ ဘဏ် ကုတ်လေး ရေးလိုက်ရုံဖြင့် အိမ်အရောက်ပို့ သော ကုန်ပစ္စည်းများ၊ တရားဝင် အွန်လိုင်းမာကတ်တင်း မှတ်ပုံတင်ပြီး ကုန်ပစ္စည်း အာမခံချက်ရှိသော ကုန်ပစ္စည်းများ ၊ မိမိ ဘဏ်ကုတ်များ ဖြင့် ၀ယ်ယူရသဖြင့် မှာပြီး မေ့ချင်ယောင်ဆောင်လို့ မရနိုင်တော့မှာပဲ ဖြစ်ပါတယ်။

တင်ဆက်သူ - လင်းတန်ဆောင်

ရေအောက်မှာ အသက်ရှင်နေတဲ့သူတွေလား ?

ဂျပန်နိုင်ငံက အနုပညာပြတိုက်တစ်ခုမှာပြသထားတဲ့ ရေကန်တုပါတဲ့ ။ 
 ရေကန်ပုံစံ ကန်တစ်ခုပြုလုပ်ထားပြီး ရေမျက်နှာပြင်နေရာမှာအလွန်ပါးတဲ့ မှန်အကြည်တစ်ချပ်ကို 
အုပ်လိုက်ပြီး အပေါ်မှာ ရေအနည်းငယ်တင်ပေးလိုက်တော့နေရောင်ထိုးတဲ့ အခါ ကန်တစ်ခုလုံ ရေပြည့်နေတဲ့ ပုံစံဖြစ်သွားပါတယ်။အမှန်က ကန်မျက်နှာပြင်မှာပဲ မှန်အကြည်နဲ့ ကာထားတဲ့ ရေရှိတာပါ။

ကန်အောက်ပိုင်းမှာ လူဝင်ဖို့ တံခါးလုပ်ထားတဲ့ အတွက် ၀င်လိုက်ရင် မိမိကိုယ်တိုင် ရေပြည့်နေတဲ့ ရေကန်အောက် ရောက်နေသလိုဖြစ်နေပါတယ်။
ရေကန်စပ်မှာ ရေကန်ပေါ်တက်တဲ့  ဘားလှေကားလေးပါ လုပ်ထားတော့ ပိုတူသွားပါတယ်။

ဒီအနုပညာကို ဖန်တီးသူကတော့ အာဂျင်တီးနားမှ ထူးထူးဆန်းဆန်း အနုပညာ ဖန်တီးရှင်Leandro Erlich ပဲဖြစ်ပါတယ် ။

 
Lynn Ta Zaung<>လင်းတန်ဆောင်

"သဲကြောင်"

သဲကြောင်လို့ ခေါ်တဲ့ ကြောင်အမျိုးအစားဟာ ကန္တာရ မှာ ရှင်သန်ပေါက်ဖွားတဲ့ ကြောင်ဖြစ်ပါတယ် ။
သဲသောင်များမှာ တွင်းတူးနေတက်ပြီး အာဖရိကမြောက်ပိုင်းနဲ့ တောင်ပိုင်းစွန်း ဒေသများတွင် သာမက အာရှတိုက်အလယ်ပိုင်း ဒေသများမှာလည်း တွေ့ ရတက်ပါတယ် ။

၂၀၀၂ ခုနှစ်တုန်းက ဒီသဲကြောင်ရဲ့ အရွယ်အစားကို လေ့လာပြီး အသေးဆုံးကြောင် အဖြစ် မှတ်တမ်းတင်ခံထားရတာ ဖြစ်ပါတယ်။

နှားရွက် ကားကားနဲ့ သေးသေးကွေးကွေး ပုံစံရှိ သဲကြောင်များဟာ
သဲသောင်များနဲ့ ကျောက်ဆောင်များရှိ တွင်းများမှာ နေထိုင်တက်ပါတယ်။ ပြီးတော့ တစ်ကောင်နဲ့ တစ်ကောင်ဆက်သွယ်ရာမှာ ကျောက်ဆောင် ၊ အရာဝတ္တုများကို ကုတ်ခြစ် အမှတ်အသားပြုခြင်း ၊ ကျင်ငယ်ရည်ပေါက်၍ အနံ့ ပေးခြင်းဖြင့် ဆက်သွယ်တယ်လို့ လည်း သိရပါတယ်။

ref;Wiki
Lynn Ta Zaung<>လင်းတန်ဆောင်
Fred Rangoon. Powered by Blogger.

Life always goes on

About Me

Fred Rangoon

Alis - Freddy

Blogger , Writer ,Techie , Digital Marketer ,
Freelance Graphic Designer , Photographer
Traveller , Marketing Consultant , Idea Creator, Learner .
and Home-made chef

Contact : tazaung.pr@gmail.com

Search This Blog

Blog Archive

Labels List Numbered

Instagram

recent posts

Pages

Follow us

Photo Profile
Taylor Wong Architecture Designer

The Japanese call it Hanakotoba, and King Charles II brought it to Sweden from Persia in the 17th century. Read More

Popular Gallery