Showing posts with label Knowledge. Show all posts
Showing posts with label Knowledge. Show all posts
Monday, August 1, 2016
ဖက်ထုပ်ဆိုင်ပိုင်ရှင် ညီအစ်မ နှစ်ဦးပြောတဲ့ ဝန်ဆောင်မှု
နယူးယောက်ရဲ့ East Village အရပ်မှာ ထိုင်ဝမ် ဖက်ထုပ်ဆိုင် ဖွင့်ထားတဲ့ ညီအစ်မနှစ်ယောက်ရဲ့  အကြောင်းပါ။
မိခင် ဆီက နည်းလမ်းနဲ့ ဒီဆိုင်လေးကို ဖွင့်ဖြစ်ခဲ့တဲ့ ညီအစ်မနှစ်ယောက်ဟာ ယခင်က စာရင်းကိုင်နဲ့ ဖက်ရှင်အလုပ်တွေကို စွန့် လွတ်ပြီးဒီ ဆိုင်လေးကို စွန့် ဦးဖန်တီးတဲ့ အနေနဲ့ ဖွင့်ခဲ့ကြပါတယ်။ လခစား ဘဝကနေ ထွက်လိုက်တော့ ကိုယ်ပိုင်ဝင်ငွေဆိုတာကြီးကြီးမားမားမရှိတဲ့ ဘဝကိုကျော်လွန်ခဲ့ရတယ်။
အခုဆိုရင် နောက်ထပ် ဆိုင်ခွဲ တစ်ခု ဖွင့်ဖို့ အတွက် နေရာတစ်ခုကိုတောင် ပြန်ရွေးနေပါပြီ။ သူတို့ ဖက်ထုပ်ဆိုင်လေး နာမည်က Mimi Cheng လို့ ခေါ်ပါတယ်တဲ့။
သူတို့ ဒီလို စွန့် ဦးဖန်တီးတဲ့ လုပ်ငန်းလေးကို ဘယ်လိုစတင်ဖြစ်ခဲ့သလဲ ၊ ဘယ်လို အခက်အခဲတွေကို ကျော်ဖြတ်ခဲ့သလဲ ဆိုတာကို လေ့လာကြည့်ရအောင်..
Mimi Cheng ဆိုတာက Mimi ဆိုတဲ့ ကျွန်မတို့ အမေရဲ့ အိမ်နာမည်ကို ယူထားတာပါ။ ပြီးတော့ အမေ့ရဲ့ အရသာရှိတဲ့ ထိုင်ဝမ်လက်ရာကို အစွဲပြုပြီး ပေးထားတာ။ ကျွန်မတို့  ယုံကြည့်တာက ကောင်းမွန်တဲ့ အစားအစာ ဆိုတာ သင့်တင့်မျှတတဲ့ ဈေးနှုန်းရှိပြီး အလွယ်တကူ စားသုံးနိုင်မယ်။ ကျွန်မတို့  အစားအသောက်တွေဆိုတာ အိမ်မှာ နေ့ စဉ်လုပ်တဲ့ လက်ရာတွေပါ ။ လတ်ဆတ်တဲ့ အသားနဲ့  အော်ဂဲနစ် ဟင်းသီးဟင်းရွက်တွေကို သုံးထားပါတယ်။ ဒါတွေက အစားအစာကို ပိုပြီး အရသာရှိစေပါတယ်။
ညီအစ်မ နှစ်ယောက် အလုပ် အတူတူ လုပ်ရတဲ့ အချိန်မှာ ဘယ်အချက်က အကောင်းဆုံး ဖြစ်မလဲ
ညီအစ်မ နှစ်ယောက် အတူတူ ဖွင့်တဲ့ ဆိုင်ဆိုတော့ သိပ်ပြီး ထွေထွ ထူးထူး ညှိစရာတော့ မရှိပါဘူး။ တစ်ယောက်နဲ့ တစ်ယောက် ဆိုင်ထိုင်မဲ့ အချိန်တွေကို အချိန်ဇယားတွေ ဆွဲပြီး လုပ်ထားလိုက်တယ်။ အပြင်ထွက်စရာ ဘာတွေ ရှိရင်လည်း တစ်ယောက်တစ်လှည့်စီ အချိန်ပေးလို့ ရတယ်။ ဒီတော့ အလုပ်ထဲမှာလည်း ပိုပြီးအချိန်တွေ ပေးနိုင်တဲ့အတွက်ဖန်တီးမှု နဲ့  တီထွင်ကြံဆ မှုတွေက အတူတူစဉ်းစားရတာတွေ ပိုကောင်းလာတယ်။
ညီအစ်မ နှစ်ယောက် အတူတူ အလုပ်လုပ်ရတဲ့ အချိန်မှာ ဘယ်အရာက အခက်ခဲဆုံး ဖြစ်မလဲ
မွေးချင်းတွေ အားလုံးမှာ ရှည်လျားတဲ့ ရင်းနှီးမှု အတိတ်တွေ ကိုယ်စီရှိကြတယ်။ ဒါတွေက အလုပ်နဲ့ ပတ်သတ်ပြီး သဘောထားမတိုက်ဆိုင်တာတွေ ဘာတွေ ရှိခဲ့ရင်နဂိုဆက်ဆံရေးကို ဖြစ်စေဖို့ ပိုပြီးလွယ်ကူစေတယ်။ တစ်ခါတလေ..ညှိရတာတွေ ရှိပေမဲ့ အလုပ်လုပ်တဲ့ နေရာမှာ ကောင်းတဲ့ ဆက်ဆံရေးတွေကို ပြန် စဉ်းစားပြီး လုပ်ဖြစ်ပါတယ်။
ဘာတွေက သင်တို့ ကို နေ့ စဉ် အားတက်စေသလဲ?
အရင်ဆုံး ကိုယ့်ဘက်က ကောင်းမွန်တဲ့ ဆက်ဆံရေး ပေးခြင်းက ကိုယ့်ကိုယ် အားတက်စေပြီး အလုပ်တွေ ပိုမိုလုပ်ချင်စိတ် ဖြစ်ပေါ်စေပါတယ်။ပြီးတော့ ကျွန်မတို့ Team လေးကို မိသားစုဝင်တွေလို ဆက်ဆံတယ်။ နောက် ကိုယ့်ရဲ့  ဖောက်သည်တွေကို ဒီလိုမျိုး ဆက်ဆံတယ်။ Mimi Cheng က ကျွန်မတို့ ကို လူသိစေတဲ့ ပရောဂျက် တစ်ခုလည်း ဖြစ်ပါတယ်။မိသားစုရဲ့  ကိုယ်ပိုင် ချက်ပြုတ်နည်း လက်ရာကို မျှဝေခြင်းပါပဲ။ ပြီးတော့ လူတွေကို ကျွန်မတို့ ဆီလာပြီး စကားပြောထွက်လာစေဖို့ ဖိတ်ကြားတဲ့ ပုံစံလိုမျိုးပါ။
ကိုယ်တွေဆီကို လာတဲ့ လူတွေကို အမြဲတမ်းလည်း ကြိုဆိုနေပါတယ်။ ကျွန်မတို့ လုပ်ချင်စိတ် ထက်သန်တာကို နေ့ တိုင်လုပ်နိုင်တယ်။ ဘာလို့ လဲ ဆိုတော့သူတို့ ကိုခွင့်တောင့်စရာမလိုဘဲ ကိုယ်တွေဆီ ရောက်လာအောင် စွမ်းဆောင်နိုင်လို့ ပါပဲ။ ဒါက တကယ်ကို ထူုးခြားတဲ့ ဝန်ဆောင်မှု လုပ်ငန်းတစ်ခုပါတဲ့။
Follower 18.8 K ရှိတဲ့ Mimi Cheng ရဲ့  Instagram မှာ သူတို့  ဖန်တီးမှုလေးတွေကို လေ့လာကြည့်ရအောင် https://www.instagram.com/mimichengs
Fred Rangoon 
Tuesday, February 9, 2016
Make Space
ကိုယ်ပိုင် ပစ္စည်းတွေဟောင်းသွားရင် ဖြစ်ဖြစ် ၊ အသစ်ဝယ်ဖို့ ကြုံလာရင်ဖြစ်ဖြစ် အဟောင်းတွေကို ထားဖို့  နေရာကို အမြဲစဉ်းစားရတက်ပါတယ်။ကိုယ်ပိုင် တိုက်ခန်းနဲ့ ဆိုရင်တောင် နေရာကလည်း အတိအကျဖြစ်နေတာကြောင့်ဒါကလည်း လူတိုင်းကြုံရတဲ့ ပြဿနာတစ်ခုပါပဲ။
"ကိုယ့်အိမ်က ထားဖို့ နေရာမရှိတဲ့ ပစ္စည်းတွေကို ခေါက်ပြုပြီး ဒီဂျင်တယ် ဖိုင်လို DropBox မှာ သိမ်းထားလို့ လည်း မရဘူးလေ။ အိမ်ထောင်ပရိဘောဂပစ္စည်းတွေဆို ပိုဆိုးတာပေါ့။"
ဒီ အခြေအနေက Make Space ဆိုတဲ့ စွန့် ဦးလုပ်ငန်းလေးကို စတင်စေခဲ့ပါတယ်။ အောက်တိုဘာလ ၂၀၁၃ ခုနှစ် နယူးယောက်မြို့ မှာပါ။
Tuesday, December 1, 2015
ကြောင်ကလေးFukumaru နဲ့  အဖွားအို Misao
ဂျပန်နိုင်ငံရဲ့ မြို့ တစ်ခုရဲ့ အပြင်မှာ မထင်မရှာ အဖွားအိုတစ်ဦး နဲ့  ကြောင်တစ်ကောင် နေထိုင်ပါတယ်။ ဒါဟာ ဂျပန်နိုင်ငံမှာ သက်ကြီးရွယ်အိုများ ပြုလုပ်လေ့ရှိတဲ့ တိရိစ္ဆာန်များနဲ့ တစ်ကိုယ်တည်း နေထိုင်တဲ့ အမူအကျင့်လည်း ဖြစ်ပါတယ်။
အဖွားအို နဲ့  ကြောင်ကလေးကတော့ ဒီဇာတ်လမ်းတွေထဲက ထူးထူးခြားခြား တစ်ခုပါပဲ။ မျက်လုံး အဝါရောင်တစ်ခု အပြာရောင် တစ်ခု ပိုင်ဆိုင်ထားတဲ့ ကြောင်ကလေး နာမည်ကတော့ Fukumaru ပါတဲ့ ။ ဒီကြောင်လေးဟာ နယ်နယ်ရရတော့ မဟုတ်ပါဘူး။ ထူးခြားတဲ့ မျက်လုံးပိုင်ဆိုင်တာမို့ လို့  Wallpaper များစွာကို ရိုက်ကူးခံရတဲ့ ကြောင်မော်ဒလ်လည်း ဖြစ်ပါတယ်။
Sunday, August 30, 2015
အသုံးပြုသူများ နူတ်ထွက်တာများလာတဲ့ သီချင်းဝန်ဆောင်မှု App - Spotify
Spotify ဆိုတာ အွန်လိုင်းကနေ သီချင်းနားထောင်လို့ ရတဲ့ ဝန်ဆောင်မှု တစ်ခုပါ ။ အခု Spotify ရဲ့  ပေါ်လစီ အသစ်မှာ သုံးစွဲသူတွေရဲ့ ဒေတာများကို ဖြည့်စွက်ဖို့  အလွန်အမင်း တောင်းဆိုထားတာ တွေ့ ရတဲ့ အတွက် အသုံးပြုသူများဟာ ဒီသီချင်း ဝန်ဆောင်မှုကနေ အသုံးပြုသူအဖြစ်မှ နူတ်ထွက်လာကြတယ် လို့  ဆိုပါတယ်။
Saturday, August 29, 2015
Comfort Zone ကနေ ရုန်းထွက် ပြောင်းလဲကြပါစို့ 
အောင်မြင်မှုကို ဘာနဲ့ တိုင်းတာသလဲ ?
မိမိ ရည်မှန်းချက် ပြီးမြောက်ခြင်း ၊ ချမှတ်ထားသော အချိန်ကာလတစ်ခုတွင် ပြီးစီးအောင် လုပ်ကိုင်နိုင်ခြင်း ၊ လူသိများခြင်း ၊ မိမိလုပ်ဆောင်ချက်သည် ရေရှည်တည်တံ့နေခြင်း စသဖြင့် လူတိုင်း မိမိ ကိုယ်ပိုင်စံနှုန်းများဖြင့် အောင်မြင်မှုကို တိုင်းတာ တက်ကြပါတယ်။
သို့ သော် အောင်မြင်မှု ဆိုသည်မှာ
Tuesday, August 25, 2015
ကျန်းမာသော လူနေမှု ပုံစံ ဖြစ်စေဖို့ သိရှိထားရမည့် အချက်များ
ကောင်းမွန်သော အစားအသောက်ပုံစံ
အလုပ်များတဲ့ သူအဖို့  အစားစားတက်တဲ့ အချိန်ဟာ နည်းပါးသလို တခါတလေ အချိန် ကျော်သွားတက်တာလည်း ရှိပါတယ်။ ဒီတော့ မနက်စာ၊နေ့ လည်စာ ကို အဓိက ထားပြီး မပြတ်တမ်း စားပေးဖို့ လိုပါတယ်။ မနက်စာကို နံနက် (၇)နာရီ မှ (၉)နာရီအတွင်း ကောင်းကောင်းစားပေးရပါမယ်။ ဘာလို့ လဲဆိုတော့
Monday, August 10, 2015
Mobile App လုပ်တော့မယ်ဆိုရင် App Icon ကို ဘယ်လိုအရောင် သုံးရင်ကောင်းမလဲ?
အပြာရောင်
 အပြာရောင်ဟာ လူကြိုက်အများဆုံးနဲ့ တကမ္ဘာလုံးမှာ အသုံးအများဆုံး အရောင်လည်း ဖြစ်ပါတယ်။ ဒါကြောင့် Apps ထုတ်လုပ်တဲ့ နေရာမှာလည်း တွင်တွင်ကျယ်ကျယ်အသုံးပြုတက်ကြပါတယ်။
တကယ်တမ်းတော့ သင့်မိုဘိုင်းဖုန်းကို ဖွင့်ပြီး App တွေကို ကြည့်လိုက်ရင် အရင်ဆုံးထင်းခနဲ
မြင်ရမှာကအပြာရောင်နဲ့ လုပ်ထားတဲ့ App တွေကိုပါ။ အပြာရောင်ဟာ နိုင်ငံတကာသုံး အရောင်လည်း
ဖြစ်ပြီးတော်တော်များများက သူတို့ ကုန်ပစ္စည်းတွေကို ခိုင်မာမှုနဲ့ ယုံကြည်မှု ခံစားချက်ကို ပေးစေလိုတဲ့
အခါမှာ အသုံးပြုတက်ကြပါတယ်။
အပြာရောင်သုံးထားတဲ့ App တွေကတော့ Facebook , Skype နဲ့  Twitter ပါဝင်တာကို တွေ့ ရပါလိမ့်မယ်။
Wednesday, April 1, 2015
အသံလှိုင်းဖြင့် မီးငြိမ်းနိုင်တော့မည်
George Mason တက္ကသိုလ်မှာ တက်နေတဲ့ အင်ဂျင်နီယာ ကျောင်းသား နှစ်ယောက် ဖြစ်တဲ့ Robertson နဲ့  Viet Tran တို့ ဟာ လောင်နေတဲ့ မီးတောက်ကို မိမိတို့  ဖန်တီးထားတဲ့ အသံလှိုင်း ကိရိယာ နဲ့ ငြိမ်းသက်နိုင်ဖို့  ဖန်တီးခဲ့ကြပါတယ်။
Monday, March 2, 2015
မြန်မာနိုင်ငံအတွင်းမရှိမဖြစ်လိုအပ်သော Apps 5 မျိုး
မြန်မာနိုင်ငံအတွင်းမိုဘိုင်းလ် သုံးစွဲသူ နှင့် အင်တာနက် ၀င်ရောက် မှု အရှိန် မြင့် တက် လာသည်နှင့် အမျှ ဆက်သွယ်ရေးလူမှု ကွန်ယက်နှင့် စီးပွားရေးလုပ်ငန်းလုပ်သူများအတွက် မရှိမဖြစ် လိုအပ်တဲ့ Apps များလည်းရှိလာပါတယ်။ ဒီတော့် သည်အပတ်အတွင်း မြန်မာနိုင်ငံမှာ Top လူသိများပြီး Top ဖြစ်နေတဲ့ Apps 5 ခုကိုတင်လိုက်ရပါတယ်။
Viber
မိမိ သူငယ်ချင်း၊ မိတ်ဆွေ ၊ မိဘဆွေမျိုး ၊ ချစ်ရတဲ့ သူတွေနဲ့ ဆက်သွယ်ရေးကို အလျင်အမြန် လုပ်ချင်တယ်၊ ကုန်ကြသက်သာပြီးလုပ်ငန်းဆောင်တာ အ၀၀ကို မြန်မြန်လုပ်ချင်တယ်ဆိုရင်တော့  Viber ဟာမရှိမဖြစ်လိုအပ်တဲ့ Apps ဖြစ်ပါတယ်။ မြန်မာပြည်အတွင်း Mobile Internet ဆောင်သူ ၁၀ ယောက် မှာ ၉ ယောက် လောက်တော့ Viberကိုသုံးပါတယ်။  Android, Mac OS, Blackberry OS, iOS, Linux နှင့် အခြားသော Windows Phone များအတွက်ပါ compatiable အံဝင်ခွင်ကြဖြစ်ပါတယ်။ သုံးဆွဲ သူများအနေနဲ့ ရုပ်၊ အသံ၊ ပုံ နှင့် voice recording  များကို ပါ easy share အနှေနှင့် လျှင်မြန်စွာလုပ်နိုင်ပါတယ်။ Mobile Internet Phone နှင့်ဆက်နွယ်နေသည်မို့ ပြောဆိုမည့်သူရဲ့ ဖုန်းနံပါတ်တော့ လိုပါတယ်။ ကုမ္ပဏီကတော့  အစ္စရေး  နိုင်ငံ မှ အခြေခံပြီးလွန်ခဲ့တဲ့ February 14, 2014 မှာRakutenဂျပန်ကုမ္ပဏီမှ ဒေါ်လာသန်းပေါင်း 900 နဲ့ ၀ယ်လိုက်ပါတယ်။ ၀န်ဆောင်မှုနှင့် ထုတ်လုပ်မှုပိုင်းဆိုင်ရာမှာတော့ အစ္စရေး နိုင်ငံမှ အခြေခံပြီးဆက်လက်လုပ်ဆောင်နေပါတယ်။
Fred Rangoon. Powered by Blogger.
Life always goes on
About Me
Fred Rangoon
Alis - Freddy
Blogger , Writer ,Techie , Digital Marketer ,
Freelance Graphic Designer , Photographer
Traveller , Marketing Consultant , Idea Creator, Learner .
and Home-made chef
Contact : tazaung.pr@gmail.com
Search This Blog
Blog Archive
Labels List Numbered
Instagram
recent posts
Pages
Follow us
Photo Profile
Taylor Wong Architecture Designer
The Japanese call it Hanakotoba, and King Charles II brought it to Sweden from Persia in the 17th century. Read More
Popular Gallery