Sunday, June 2, 2013

ရေခွက် တစ်ခွက်



Stress Management သင်တန်းတစ်ခုမှာ ဖြစ်ပါတယ်။ စိတ်ပညာကို အဓီက သင်ကြားပေးတဲ့
ဆရာမ ဖြစ်သူဟာ သင်ခန်းစာ တစ်ခု အနေနဲ့  ကျောင်းသားတွေကို မေးခွန်းတစ်ခု မေးလိုက်ပါတယ်။

ရေတစ်ဝက်ပဲ ရှိတဲ့ ဖန်ခွက်ကို မြောက်ပြပြီး ဒါ ဘယ်လောက်လေးမယ်ထင်သလဲတဲ့

သင်တန်းသား အများစုဟာ မိမိတို့ စိတ်ကူးရှိသလောက် ဖြေကြပါတယ်။
အမျိုးမျို အဖုံဖုံပါပဲ။

နောက်ဆုံးမှာ သင်တန်းဆရာမဟာ ...
အမှန်တော့ ဒါဟာ သူ့ အလေးချိန်ဘယ်လောက်ရှိသလဲ ဆိုတာက အရေးကြီးတာမဟုတ်ပါဘူး။
ဒီခွက်ကို ကိုင်ထားတဲ့ အချိန်ကြာမြင့်မှု သာ အရေးကြီးတာ ဖြစ်ပါတယ်။
အကယ်လို့ ဒီဖန်ခွက်ကို တစ်မိနစ်လောက် ကိုင်ထားမယ်ဆိုရင် ပြဿနာမရှိသေးပါဘူး။
တစ်နာရီလောက် ကိုင်ထားမယ် ဆိုရင် လက်မောင်းတွေ စတင် ကိုက်ခဲလာမှာ ဖြစ်ပါတယ်။
တစ်နေ့ လောက်သာ ကိုင်ထားရမယ်ဆိုရင် သေချာတယ် လက်တွေ ထုံကျင်ပြီး ညှောင်းညာနေမှာ ဖြစ်ပါတယ်။

ဒီဖန်ခွက်ကို ကိုင်ထားတဲ့ အခြေအနေတိုင်းမှာ ဖန်ခွက်အလေးချိန်က ပြောင်းမသွားပါဘူး။
ဒါပေမဲ့  ဘယ်လောက်အထိ ကိုင်ထားတဲ့ အချိန်ပေါ်မှာ မူတည်ပြီးသာ လေးလာတယ် ညှောင်းလာတယ် ဆိုပြီး ခံစားရတာ ဖြစ်ပါတယ်။

ဟုတ်ပါတယ်။ ကျွနိုပ်တို့  ဘ၀မှာ ရှိတဲ့ ယုံကြည်ချက်တစ်ခုမှာ ထားတဲ့ စိတ်ဖိဆီးမှုတွေနဲ့ ပူပန်မှုတွေဟာ ဒီဖန်ခွက်လိုပါပဲ။
စစခြင်းတုန်းကတော့ ကိုယ်ဘာမှ မခံစားရဘူးပေါ့။ နောက်တော့ နည်းနည်း ကြာလာတော့ ဒီအတွက် စတင်ပြီး နာကျင်မှုတွေ ခံစားလာရပြီ ။
ဒီလိုနဲ့ ရက်ပေါင်းများစွာ ရှည်လာတဲ့ အထိ ဆုပ်ကိုင်လာတဲ့ အခါ သင်တို့ ဟာ အားအင်တွေ လျော့စပြုလာပြီ ကြွက်သားတွေ လျှော့ရဲလာပြီ။

ဒီလို အခြေအနေမျိုးမှာ ဘာလုပ်ကြမလဲ...

"Remember to put the glass down"

Fred Rangoon. Powered by Blogger.

Life always goes on

About Me

Fred Rangoon

Alis - Freddy

Blogger , Writer ,Techie , Digital Marketer ,
Freelance Graphic Designer , Photographer
Traveller , Marketing Consultant , Idea Creator, Learner .
and Home-made chef

Contact : tazaung.pr@gmail.com

Search This Blog

Blog Archive

Labels List Numbered

Instagram

recent posts

Pages

Follow us

Photo Profile
Taylor Wong Architecture Designer

The Japanese call it Hanakotoba, and King Charles II brought it to Sweden from Persia in the 17th century. Read More

Popular Gallery