ဝမ်းတိုဟူးသုတ်
- နယ်က အကောင်းဆုံး သွားရေစာပေါ့။ ကျနော်တို့  ဇာတိမြို့ မှာ ဆိုရင် ဆောင်းဦးပိုင်းလောက်ကနေ နွေရာသီအထိ စားကြတဲ့ ရာသီစာလေးပါ။ဘယ်မှာ ရနိုင်သလဲ ဆိုတော့ တကူးတကတော့ ရှာစရာမလိုပါဘူး ။ သူ့ ရာသီရောက်ပြီဆိုရင် တစ်ချို့  အိမ်လေးတွေကနေ တနိုင်တပိုင် စားပွဲ ခုံလေးချပြီး တစ်နိုင်စာ ရောင်းကြတယ်။
မြို့ အနီးအနား ရွာက ရှမ်းမလေးတွေကတော့ အထမ်းနဲ့  လိုက်ရောင်းတယ်။
တစ်ပွဲကို ၂၀၀-၃၀၀ လောက် ပေးရတယ်။
ကလေး ပေါက်စနက စလို့  လူကြီး လူငယ် မရွေးကြိုက်ကြတယ်။
ကုလားပဲ နဲ့ လုပ်ထားတယ် တဲ့ အ၀ါရောင်လေးနဲ့ ဟာကို ၀မ်းတိုဟူး လို့  ခေါ်ပြီး
ဆန်နဲ့  လုပ်ထားတဲ့ အဖြူရောင် ဟာကို ဆန်တိုဟူးလို့ ခေါ်ကြတယ်။
သူ့ တို့ အားလုံးကို ထည့်တဲ့ အမယ်ကတော့ အကုန် အတူတူပဲ။
အိမ်က ရှမ်းစပ်တဲ့ မေမေက လုပ်ကျွေးဖူးတော့ ဘယ်လို လုပ်သလဲ ဆိုတာ သိနေတယ်။
ပထမ မက်လင်သီး ( အချဉ်သီး ) အခြောက် ကို ရေနွေးနဲ့  အချဉ် ဖျော်တယ်။ အရည်ကျည်လေးတွေပေါ့။ ကြက်သွန်ဖြူကို ထောင်းပြီး ဆားရည်နဲ့ သပ်သပ် ထည့်ထားတယ်။
ငံပြာရည် ကို ပုလင်းလိုက်ချထားတယ်။ နံနံပင်လှီးပြီး ပန်းကန်နဲ့ ထည့်ထား။ ကြာညှိ့  လည်း ပါတယ်။ ရန်ကုန်မှာတော့ အနောက်ရည် ဆိုလားပဲ ခေါ်ကြတယ်။ မြေပဲကို လှော် အခွံ ချွတ်ပြီး ထောင်းထား။ ကြက်သွန်နီကို ပါးပါးလှီးပြီး ရဲနေအောင် ကြော်တယ်။
အမယ်တွေ အဆင်သင့်ဖြစ်ရင် စားလို့ ရပါပြီ ။တိုဟူးကို မိမိ စားချင်သလို အနေတော် လှီး။
မက်လင်သီးရည်ကို ထမင်းစားဇွန်း တစ်ဇွန်းစာ ထည့်။
ဟင်းခတ်မှုန့် ထည့်။ ငံပြာရည် ထမင်းစားဇွန်း တစ်ဇွန်းစာ ထည့် ။
ကြက်သွန်ဖြူ ဆားရည်ကိုလိုသလောက် ထည့် ။
ကြာညို့  ..လက်ဖက်ရည် တစ်ဇွန်းစာထည့်။ မြေပဲထောင်းလေးကို အပေါ်က ဖြူး။
ကြက်သွန်ကြော်ကို ထပ်အုပ် ပြီးတော့ နံနံပင်ထည့် လိုက်ရင် စားလို့ ရပါပြီဗျာ။
---- Yummy !!
Photo Credit @ Ko Inle Prince