Social Marketing ကို လေ့လာကြမယ်
အခန်း(၁)
Social Marketing ဆိုတာ ဘာလဲ..? ဥပမာ ပြောရရင် အွန်လိုင်းကနေ ကြေငြာခြင်း ၊ အင်တာနက် အသုံးပြုပြီး မိမိ ကုန်ပစ္စည်း ၊ Product ကို လူသိများအောင် ကြေငြာခြင်း ဖြန့် ဝေခြင်း တစ်ခုလို့ ပြောလို့ ရပါတယ် ။
Social Marketing တစ်ခု လုပ်ဖို့ အတွက် အရင်ဆုံးကြီးမားတဲ့  အွန်လိုင်း လူမှု ကွန်ယက်ကြီး တစ်ခုကို သုံးရပါတယ်။ ဒီကွန်ယက်ကြီးကို ကျွန်တော်တို့ က Social Media လို့ ခေါင်းစဉ်တပ်ပါတယ် ။ Social Media ထဲမှာ ဆိုရင်တောင် ကျနော်တို့ လေ့လာမိသလောက် အကြမ်းဖျဉ်းပြောရရင် ….
Collaborative projects - ပူးပေါင်းရေးသားကြတဲ့ ပရောဂျက်
ဒါက ဥပမာ ညွန်းရရင် ၀ီကီပီဒီယား(Wikipedia )လို့ ခေါ်တဲ့ အွန်လိုင်းစွယ်စုံကျမ်း မှာ လူတိုင်း အချက်အလက် အကြောင်းအရာတွေကို စုပေါင်းရေးကြတယ် ။ လူတွေ မသိတဲ အကြောင်းအရာ တွေ ကို သိတဲ့သူတွေက ၀ိုင်းဝန်းရေးသား ပံ့ပိုးပေးတယ် ။ စုပေါင်းရေးသားကြတယ် ။ ဒါကြောင့် ၀ီကီမှာ အချက်အလက်များစွာက ကျနော်တို့ လိုချင်တိုင်း အရံသင့် အကြောင်းသင့် ရှိနေတယ် ။ လူတိုင်းက ပါဝင်ရေးသားနေတဲ့ အတွက် ပိုစုံပြီး အသစ် အသစ်တွေ ရတယ် ။ ဗဟုသုတ ပိုရတယ် ။ ဒါက အွန်လိုင်း အသုံးပြုတဲ့သူကို တိုက်ရိုက်အကျိုးပြုတာ တစ်ခုပေါ့ ။
Blogs and micro blogs - ဘလော့ရေးပြီး ပြန်ရှယ်
အခု ခေတ်စားနေတဲ့  တွစ်တာ(Twitter ) ကို ဥပမာပေးပြီး ပြောပါမယ် ။ မိမိရေးသားထားတဲ့ အကြောင်းအရာ ၊ သတင်းအချက်အလက်များကို လူတွေကို အသိပေးမျှဝေဖို့ လိုလာပြီဆိုရင် တစ်ပုဒ်လုံး အနေနဲ့ ဖော်ပြပြီး ရှယ် ဖို့ က လူတွေ စိတ်ဝင်စားမှု ရချင်မှ ရမယ် ။ ပိုပြီး ကျယ်ကျယ်ပြန့် ပြန့် သိချင်မှ သိမယ်..ဒီတော့ အသေးစားဘလော့လို့ ခေါ်တဲ့ ( မိမိယခင် ဘလော့မှာရေးသားထားတဲ့) ထိမိတဲ့ အပိုင်း ၊ ဖော်ပြချင်တဲ့  အပိုင်းကို ယူပြီး တွစ်တာမှာ ရှယ်တယ် ။ နောက် မိမိ မူရင်း ရေးထားတဲ့  လင့်ကို လင့်အကျဉ်းချုပ်တဲ့ ဂူဂဲလ် short url တို့  မှာ လင့်အကျဉ်း လုပ်ပြီး ထပ်ပေါင်းပေးတယ် ။
ဥပမာ ။ ။ ဂျက်စတင်ဘီဘာနဲ့ ဆီလီနာ ဂိုးမက် တို့  လမ်းခွဲပြီဆိုပြီး အောက်မှာ လင့်အတိုလေး ချိတ်ပေးလိုက်ရင်.. စိတ်ဝင်စားမှု ပိုပြီး လူတွေက နိပ်ကြည့်ချင်တယ်လေ ။ (ဒါပေမဲ့  လင့်ဗိုင်းရပ်က ခေတ်စားနေတော့ သတိထားပြီးတော့ သာ နိပ်ကြပေါ့ ။)
Content communities - လိုချင်တဲ့ အချက်အလက်တွေကိုရုပ်သံနဲ့ ရနိုင်တဲ့ ရပ်ဝန်းတစ်ခု
ဒါကတော့ … လူတိုင်း Catagories အလိုက် မိမိ ၀ါသနာပါတဲ့လိုင်းကို လေ့လာလို့ ရနိုင်တဲ့ နေရာ ကတော့ Youtube လို့ ပြောလို့ ရပါတယ် ။ ရုပ်သံ သီချင်းတွေကတော့ ထိပ်ရှေ့ ပြေးတဲ့ လူကြိုက်အများဆုံးနဲ့ အရှာဖွေ ခံရဆုံး အွန်လိုင်း မီဒီယာတစ်ခုပေါ့ ။ နောက်မှ သင်ခန်းစာတွေ ၊ Project တွေ ၊ Siminar တွေ ၊ ကဏ္ဍမျိုးစုံ ပါတဲ့ ဖျော်ဖြေရေးတွေကို လူတိုင်း လွတ်လပ်စွာ မျှဝေနိုင်တဲ့ လွတ်လပ်တဲ့ အွန်လိုင်း မီဒီယာလို့  ဆိုနိုင်တယ် ။
Social networking sites-လူမှုကွန်ယက်မှ ချိတ်ဆက်ခြင်း
ဒါကို ကျနော်တို့  အထိရောက်ဆုံး ပြောနိုင်တာက Facebook ပါ ။ နေ့ စဉ် သန်းချီရှိတဲ့ လူတွေက ဒီနက်ဝေါ့ခ် ကို ချိတ်ဆက် အသုံးပြုနေကြတယ် ။ Co-founder လိုပြောလို့ ရတဲ့ Mark Zuckerbug တစ်ယောက်ရဲ့  အိုင်ဒီယာနဲ့ ယနေ့ ခေတ် ကျနော်တို့ တစ်တွေ လူချင်း မိတ်ဆက်တဲ့ အခါ ဖေ့ဘွတ် သုံးလား လို့  မိတ်ဆက်ရတဲ့အထိ ဖြစ်ခဲ့တဲ့ ကွန်ယက်ကြီးပါ ။
ဒီကွန်ယက်ကြီးမှာ စောစောက ပြောတဲ့ ဘလော့တွေ ရှယ်နိုင်တယ် ။ ဘာသာပေါင်းစုံနဲ့ မျှဝေထားတဲ့ အခန်းကဏ္ဍပေါင်းစုံတဲ့ အချက်အလက် ၊ သတင်းတွေ အချိန်နဲ့  တစ်ပြေးညီ ဖတ်ရှုနိုင်တယ် ။ ရုပ်သံတွေ မျှဝေနိုင်တယ်၊ ကြည့်ရှု့ နိုင်တယ် ။
မိမိ Product ကို လူသိများအောင်စက္ကန့် ပိုင်းအတွင်း ကြေငြာနိုင်တယ်။ အပျင်းပြေ ဆိုရှယ် ဂိမ်းတွေ ဆော့နိုင်တယ်။ ချက်တင်လည်း လုပ်နိုင်တယ် ။ ကိုယ်ကြိုက်တဲ့ အနုပညာရှင်နဲ့ လည်း မိတ်ဆွေ ဖြစ်နိုင်တဲ့ အထိ တဖြည်းဖြည်း ကမ္ဘာ့ ရွာကနေ ကင်တန်းလေး တစ်ခု ဖြစ်လာတဲ့ နေရာလေးတစ်ခုပါ ။ ပြီးတော့ လူသားတွေ ရဲ့ ဒုတိယ ဘ၀တစ်ခုလို့ တောင် အသံထွက်နေကြပါပြီ ။
ဟုတ်ပြီ… ကျနော်တို့  Social Marketing တစ်ခုကို ဘယ်လိုလုပ်မလဲဆိုတာကို ပြန်ပြောရရင်၊ အခုပြောတဲ့ Social Media ကို အသုံးပြုပြီး ကျနော်တို့ Product တွေကို လူသိများအောင် ၊ ဈေးကွက်ဝင်အောင် လုပ်ဆောင်လို့ ရနိုင်တယ် ။ စက္ကန့် ပိုင်းအတွင် မိမိ ရောင်းချင်တဲ့ ပစ္စည်း တစ်ခုဟာ နာမည်အကြီးဆုံး နဲ့  လူကြိုက်အများဆုံး ၊ လူတိုင်းကလည်းမိမိရဲ့  တကယ် ကောင်းတဲ့  Product ကို တဖွဖွပြောဆိုနေကြပြီး ၊ ၀ယ်ယူသူများ ပါးစပ်မှာ တသသ နဲ့  လေလှိုင်း မာကတ်တင်း ၀န်ဆောင်မှုတောင် အပိုအနေနဲ့ ရသွားနိုင်တယ် လို့ စိတ်ကူးယဉ်ကြည့်ပါ ။ ကဲ အခု လက်တွေ့ လုပ်ဆောင်ဖို့  အချက်တွေကို နည်းနည်းလောက် ပြောကြည့်ကြ မယ် ။
ပထမဆုံး Facebook ကို သုံးမယ်။ ဘာလို့ လို့ ဆိုတော့ အထိရောက်ဆုံး ဖြစ်မဲ့ နည်းကို ရွေးလိုက်တယ်လို့  နားလည်ရမှာ ဖြစ်ပါတယ် ။ ကျနော်တို့ က အောက်ပါ အချက်တွေကို ဦးစားပေးပါတယ် ။
-ကျည်ဆံ အရင်ဖြည့်ပါ ။
-တကယ့်ဝန်ဆောင်မှုကို သိသာအောင် ဖော်ပြပါ။
-ထိရောက်တဲ့ အရေးအသားဖြစ်ပါစေ။
-ထူးထူးခြားခြား တွေ တင်ဆက်ပါ။
-Win-Win Situation ဖြစ်အောင် ဖန်တီးပါ။
-ဆွဲဆောင်မှု ရှိတဲ့ ကြေငြာဆိုတာ။
ဆက်လက်ဖော်ပြပါမည် ။
လင်းတန်ဆောင်
9.2.2013