Monday, October 17, 2016

မိုးမျှော်လှေကား (သို့  ) တောင်ဝိုင်းတောင်







မစီစဉ်ထားဘဲ ကောက်ခါ ငင်ခါ လိုက်ဖြစ်သွားတဲ့ ခရီးလေးပါ ။ Tour နဲ့ သွားတော့ ထွေထွေထူးထူးစီစဉ်စရာ မလိုဘူးလေ။ ဆိုတော့ အလိုက်သင့်လေး လိုက်သွားလိုက်တယ်။ ည ကိုးနာရီကားလေး စီးပြီး မနက်ကျတော့ ဒီနေရာလေးကို ရောက်ခဲ့ပါတယ်။


ဇာတ်လမ်းက ဒီမှာစပါပြီ။ ဘားအံကနေ စထွက်ကထဲက မိုးက အုံ့ ချင်ချင် ဖြစ်နေတာ မနက်လည်း ရောက်တော့ မိုးတွေက ကျလာပါရော။ ဒါပေမဲ့ ကိုယ်တွေက သွားမယ် ဆို သွားမယ် လာထားပဲ ။ ဒီိလိုနဲ့ တောင်ဝိုင်းကို ချီတက်လာကြပါတယ်။ တောင်ဝိုင်းကို Express ကားနဲ့  သွားလို့ မရပါဘူး။ လမ်းက မြေကြီးလမ်း ပြီးတာ့ ချိုင့်တွေ ၊ တောင်တက်တောင်ဆင်းလမ်းတွေပါ၊ဒီတော့ တခြားကားအသေးလေးတွေတဆင့်စီးပြီး သွားရပါတယ်။  အနည်းဆုံး တောင်ခြေလောက်ကို ရောက်ဖို့ နာရီဝက်လောက် မောင်းရပါတယ်။ ဒီတော့ စီးလာတဲ့ Express ကားပေါ်ကဆင်း Tour က စီစဉ်ပေးတဲ့ Light Track ကားတွေနဲ့  တောင်ခြေဘက် ဆက်လိမ့်ရပါတယ်။ ခုနကပြောသလိုပဲလမ်းက နည်းနည်းဆိုးတော့ ကားအောက်ပိုင်းလည်း ခဏခဏဆောင့်မိတယ်။ ဒီတော့ ကိုယ်ပိုင်ကားနဲ့ သွားကြမယ် ဆိုရင် ကားအောက်ပိုင်း မြင့်တဲ့ ကားလေးတွေနဲ့ လာမှ အဆင်ပြေပါလိမ့်မယ်။ဒီနယ်က လူတွေကတော့ ဆိုင်ကယ်နဲ့ လာကြတာတွေ့ ပါတယ်။ ပြဿနာက ကိုယ်တွေ လာတော့ မိုးတွေ နည်းနည်းရွာနေပါတယ်။ အဲ့ဒီတော့ လမ်းတွေက ရွံ့ တွေဘာတွေ ထနေပါရော။  ပါလာတဲ့ သူတစ်ချို့ က တောင်တက်လို့ ဖြစ်ပါ့မလား။ ဘာညာဖြစ်ကုန်ရော ။ ကိုယ်တွေအဖွဲ့ ကတော့ သွားမယ် ဆိုသွားမယ် လာထားလေ။ ဒီတော့ အိပ်ထဲမှာ ရေဘူးထည့် ၊ ဦးထုတ်ထည့် ၊ ထီးတွေဘာတွေရှိရင်ထည့်ုပြီး ချီတက်ပါတယ်။ Light truck ကားတွေကို တောင်အခြေအထိ ရောက်အောင် မောင်းလို့ မရဘူး ။ လမ်းကလည်း မိုးရွာထားတော့ တော်တော် ဆိုးပါတယ်။ ဒီလိုနဲ့ တောင်ခြေကို ဝေါကင်းရိုက်ရပါတယ်။

တခြား Tour အဖွဲ့ တွေလည်း အများကြီးတွေ့ ရတယ်။ အနည်းဆုံး ကိုယ်တွေသွားတဲ့ နေ့  ( သီတင်းကျွတ်လပြည့်နေ့ က ) လူတော်တော်များများလာကြတယ်။ မရှိဘူးဆိုရင် အနည်းဆုံး လူဦးရေ ၅၀၀ ကနေ ၁၀၀၀ ပဲ။ တောင်ဝိုင်းတောင်က ခုတလောမှ နာမည်ကြီးလာတာဆိုတော့ လာတဲ့ သူတွေ တော်တော်များတယ်လို့ ဆိုတယ်။ အရင်ကတော့ ကရင်ပြည်နယ်က လည်ပတ်ဖို့ နေရာတွေ များပေမဲ့ ပြည်တွင်း ပဋိပက္ခလေးတွေ ရှိနေတာကြောင့် သွားဖို့ လာဖို့  နည်းနည်း သတိထားရတယ်။ ပြောရရင် ပေါ်တာဆွဲတယ် ဘာညာပြောကြတယ်လေ။

(ပြီးခဲ့တဲ့ နှစ်က ကျုံထော်ဘက် ရောက်ဖူးတာ လမ်းတစ်လျှောက်တော်တော်လေး လှတယ်။ အခုကတော့ စစ်ဖြစ်နေလို့  အဲ့ဒီဘက်ကို ပိတ်ထားတယ်။ )

ဒီနှစ်ကတော့  ဘားအံက တောင်ဝိုင်းတောင်က လှေကားနဲ့ ရိုက်ထားတဲ့ ပုံတွေက ဖေ့ဘွတ်မှာ တော်တော်လေး တက်လာတော့ လူတွေကလည်း ထူးထူးဆန်းဆန်း လှလှပပဆိုရင် စိတ်ဝင်စားတက်ကြတော့ ဒီနေရာလေးကို လူပိုသိလာကြတယ်။


တောင်ပေါ်စတက်ပြီ

တောင်ခြေကနေ တောင်ဝိုင်းတောင်ကို လှမ်းကြည့်တဲ့ အချိန်မှာ ဆိုရင် တော်တော်လှတယ်လို့ ပြောလို့ ရတယ်။ ဘားအံဘက်ကတောင်တွေက တော်တော်ထူးဆန်းတယ်။ ကိုယ်တွေလည်း တောင်ပေါ်သားပါပဲ။ ဒါပေမဲ့ ကိုယ်တွေဘက်က တောင်တွေက တစ်ခုနဲ့ တစ်ခု ဆက်နေတာများတယ်။ ဘားအံဘက်ကတော့ တောင်တွေကတော့ ကျွန်းစုတွေက တောင်တွေလိုလို ၊ လင်းနို့ ဂူ ၊ ထုံးကျောက်ဂူ တောင်ပုံစံတွေ။ တစ်ခုနဲ့ တစ်ခုကလည်း သီးခြားစီ ။ ပြီးတော့ မြေသားတောင်မဟုတ်ဘူး။ ကျောက်သားတွေပိုများတယ်။
တောင်ဝိုင်းတောင် ပုံစံလေးကတော့ တောင်ခုံခုံလေး နှစ်ခု ဆက်နေတဲ့ ပုံလေးပါ။ တော်တော်မတ်တယ်။ စတက်တော့ တောင်ခြေစခန်းလေးက လွဲရင် စလာကထဲက မတ်စောက်တယ်။ မြေပြန့် မရှိဘူး ။ စတက်မယ် ဆိုကထဲက မတ်မတ်ကြီးကို တက်ဖို့ သာ ပြင်ထားပဲ။ တောင်လမ်းက နည်းနည်းကျဉ်းတယ်။ တစ်ခု သတိထားရမှာက စတက်ကထဲက လမ်းက ဒီလမ်းက အတက်လည်း ဖြစ်သလို အဆင်းလည်း ဖြစ်တယ်။ ဒီတော့ တောင်ပေါ်က ဆင်းလာတဲ့ သူတွေနဲ့လမ်းတွေက နည်းနည်းကျဉ်းတော့ ပိုသတိထားရတယ်။ အစပိုင်းကတည်းက တောင်က မတ်မတ်ကြီးကို တက်လာတော့ တော်တော်ပင်ပန်းတယ်။ နားရင်း တက်ရင်းပေါ့လေ။



နားနေစခန်း

တောင်ပေါ်မှာ စခန်းသုံးခုရှိတယ်။ အဆင့်သုံးဆင့်ပေါ့။ တောင်တက်တာ အပေါ်ရောက်လေလေ စခန်းတစ်ခုစီကို ကျော်သွားရတယ်။ တောင်က တော်တော်မတ်တော့ ပစ္စည်း ပစ္စယ အများကြီး သယ်လို့ အဆင်မပြေဘူး ။ ပြောရရင် စခန်းတွေဆိုပေမဲ့ မုန့် ဆိုင်တွေ ဘာဆိုင်တွေ  ရှိလိမ့်မယ် မမျှော်လင့်နဲ့  ။ နားဖို့  နေရာလေး ဝါးခုံဖြစ်ဖြစ် ကျောက်သားပြင်လေး ဖြစ်ဖြစ် ဒါပဲရှိမယ်။ တောင်တက်လမ်းကျဉ်းလေးမှာအရမ်းမတ်တဲ့ နေရာတွေမှာ ဝါးလှေကားထစ်လေးတွေ ရှိတယ်။ ဘေးမှာ ဝါးနဲ့လုပ်ထားတဲ့ လက်ရန်းလေးတွေ လုပ်ထားပေးတယ်။



လမ်းခရီး

ခက်ခဲတယ်လို့ ထင်ရတာ တစ်ခုက တောင်တက်လမ်းက ကျဉ်းပြီး ကျောက်သားတွေချည်းပဲ ဆိုတော့ လက်တွေဘာတွေ ကျောက်သားတွေနဲ့  ထိမိမှာ သတိထားရတယ်။ ကျောက်သားတွေကို ကြည့်လိုက်တော့ အထဲမှာ သစ်ပင်ကနေ ကျောက်သားဖြစ်နေတာမျိုးတွေ တွေ့ ရတယ်။ ဘေးတစ်လျှောက်လုံး သစ်ပင်တွေ နွယ်ပင်တွေတွေ့ ရတယ်။ တော်တော်လေးလည်း ပင်ပန်းတယ်။ ချွေးကတော့အသေထွတ်တယ်။ ဆိုတော့ ရေများများ သောက်ဖို့ လိုတယ်။

စခန်းနှစ်ခုလောက် ကျော်ပြီးတဲအခါမှာ လမ်းမှာ လှေကားလုပ်ပေးနေတဲ့ အဘိုးတစ်ယောက်လည်း တွေ့ တယ်။ ကရင်က လူတွေရဲ့ ချစ်စရာ ကောင်းတာ တစ်ခုက ဒီလိုမျိုး ကုသိုလ် လုပ်တဲ့အခါမှာ  စေတနာသန့် တယ်။ ဘာကို မျှော်ကိုးပြီး လုပ်တယ်ဆိုတာမျိုး နည်းကြတယ်။ ပြောရရင် ကောင်းမှု များများလုပ်ကြတယ်ပေါ့။

( ကျောက်ကလပ်တို့  ဘာတို့  နေရာမှာဆိုရင်တောင် ဘုန်းကြီးက ၂၄ နာရီ လာသမျှလူကို ထမင်းကျွေးထားတာ ၊ ရွာကလူတွေက သီးနှံတွေကို လှည်းနဲ့တိုက်ပြီး လူတွေကို ကျွေးဖို့ ဘုန်းကြီးကို လာလှူထားတာတွေ စတာတွေ သိရတာကြောင့်ပါ။ဤကာ စကားချပ် )

လမ်းတစ်လျှောက်လုံးမှာတော့ အသက်ကို ဝဝရှူ ။ အမောဖြေ ပြန်တက်။ အပေါ်က လူတွေက ရောက်ပြီ ရောက်ပြီပြော ။ အားတင်းပြန်တက်။ တစ်ချို့တွေကတော့ လမ်းတစ်ဝက်မှာပဲ တပ်ခေါက်သွားကြတယ်။ ကိုယ်တွေကတော့ တက်မယ်ဆိုရင် တက်မယ်ပဲလေ။ ဘာတဲ့ ငုတ်မိသဲတိုင် ၊ တက်နိုင်ဖျားရောက် ဆိုတဲ့ စကားအတိုင်းပဲလေ။ ငိငိ လူကတော့ လျှာထွက်ပြီး လေးဖက်ထောက်တက်လို့ တက် ( တောင်ကလည်းမတ်လို့ ပါ )

စခန်း ၃ခုကို အောင်မြင်စွာ ကျော်ဖြတ်ပြီး သကာလ စုစုပေါင်း ၁နာရီလောက်မှာ တောင်ဝိုင်းထိပ်ကို ရောက်လာပါတယ်။ အရှေ့ က လူတွေကတော့ အော်လိုက်တက်သွားလိုက်နဲ့ ပေါ့။ တောင်ထိပ်နားမှာတောင် လူတွေ ကြပ်နေလို့  ၁၅ မိနစ်လောက် ပိတ်မိနေသေးတယ်။ ခုနက ပြောသလို အဆင်းအတက်လမ်းက တစ်ခုထဲ ပြီးတော့ ကျဉ်းကျဉ်းလေးပါ။ အဲ့ဒီထိပ်ရောက်ရင် ပိုသတိထားရမှာက လမ်းကျဉ်းကျဉ်းလေးဘေးမှာ ချောက်ကြီးပါ။ လမ်းနံရံတွေကလည်း ကျောက်သားတွေပါ။ ဒီတော့ ချောမကျအောင် သတိထားစေလိုပါတယ်။ လမ်းကလည်းကျဉ်းတော့ အဆင်းလူတွေကို အတက်လူတွေက ဂရုတစိုက် ကိုင်ပြီး တွဲပေးကြတယ်။ ဒါတော့ ချစ်စရာကောင်းတဲ့ အမူအကျင့်လေးပါ။ ကိုယ်တွေ လူမျိုးတွေရဲ့  ကူညီတက်တဲ့ အကျင့်လေးတွေပေါ့။




တောင်ထိပ်ကို ရောက်ပြီ။

တောင်ထိပ်ကို ရောက်တော့ ခုနက လူမပီသတော့နိုင်အောင် ပုံပျက်ခဲ့သမျှ စပ်ဖြီးဖြီးနဲ့ အားလုံးက ပျော်နေကြတာကိုတွေ့ ပါတယ်။ :P တောင်ထိပ်ရဲ့  သံလှေကားကို စတင်ခြေချမိလိုက်တဲ့ အခါမှာ I’m super ဆိုတဲ့ ခံစားချက်လေး ခံစားရတယ်။ ဟုတ်တယ်လေ။ အောက်မှာ ချောက်ကြီးကို ပြီးတော့ သံလှေကားအောက်မှာလည်း ကျောက်ချွန်တွေကို တိုးလျိုးပေါက်မြင်နေရတယ်လေ။ ဆိုတော့ ဒီအပေါ်တက်လာနိုင်တာ နည်းတဲ့ ပါဝါလားလေ။

တောင်ပေါ်ကနေ မြင်ရတဲ့ အရသာလေးက တော်တော်လေးကို အရသာရှိပါတယ်။ လေတွေလည်း တိုးဝှေ့ နေပြီး လူလည်း လန်းဆန်းလာတယ်။ မြင်ရတဲ့ ရှုခင်းကလည်း အသံရှူမှားလောက်အောင် လှပလွန်းတယ်။ လယ်ကွင်းတွေ ၊ တောင်တွေ ပြီးတော့ တိမ်တိုက်တွေ နဲ့  ဘယ်လိုပြောရမလဲ ဆိုတော့ အရမ်းမိုက်တယ်ပေါ့။

တောင်ထိပ်ရောက်တဲ့ လူတိုင်းရဲ့ ရည်ရွယ်ချက်ကတော့ ဓာတ်ပုံ လှလှလေး ရိုက်ဖို့ ပါ။ တောင်ဝိုင်လေးက ကျဉ်းကျဉ်းလေးပါ။ လူ ၅၀-၁၀၀ လောက်ပဲ ခြေချလို့ ရပါတယ်။ အလယ်မှာ စေတီတစ်ဆူရှိပါတယ်။ ဒါပေမဲ့ ဘုရားရှိခိုးလို့ တော့ ကောင်းကောင်းရမယ် မထင်ပါဘူး ။ လူတွေများပြီး ရှုပ်နေတဲ့ အတွက် မတ်တပ်ရပ်ပြီး လက်အုပ်သာချီနိုင်ပါတယ်။

တောင်ပေါ်မှာ နာရီဝက်လောက်တော့ နေပြီး ရှုခင်းလှလှလေးတွေ ဓာတ်ပုံရိုက်လိုက် ။ အတူတူပါလာတဲ့ ဘော်ဒါတွေကို စောင့်လိုက်နဲ့  လုပ်နေရင် အပန်းဖြေရပါတယ်။ လေလေး တဖြူးဖြုးနဲ့ ဆိုတော့ စိတ်လည်း တော်တော်လေး ကြည်ပါတယ်။

တောင်ဝိုင်းတောင်က အဓိက သံလှေကားနဲ့ နာမည်ကြီးတာဆိုတော့ အဲ့ဒီနေရာလေးမှာ ဓာတ်ပုံလှလှလေး ရိုက်ခဲ့ဖို့ ကတော့ A Must ပါ။ ကိုယ်ကတော့ ရုပ်မလှတော့ ကျောလေးပဲ ရိုက်လာခဲ့တယ်။ ဟိဟိ



တောင်ဆင်း

တောင်တက်ပြီးတော့ တောင်ဆင်းကိုလည်း အဓိက ထားပြီး ပြောချင်ပါတယ်။ တောင်တက်လမ်းကလည်း ခက်သလို တောင်ဆင်းလမ်းကလည်း ခက်ပါသေးတယ်။ ကိုယ်တွေထင်လိုက်တာက အတက်က ခက်မယ်ဆိုတော့ အဆင်းကျရင်တော့ လွယ်ပြီ မြန်ပြီပေါ့။
တက်တက်စင်အောင်လွဲပါတယ်။ အဆင်းမှာ ပိုကြောက်စရာ ကောင်းပါတယ်။ အဆင်းလမ်းက အတက်လမ်းမှာပဲ ဆိုတော့ လမ်းတွေက လူသွားတာများပြီး ချောနေပါတယ်။ ရွှံ့ တွေပေါပါတယ်။ အတက်မှာလို တောင်နံရံတွေကို ကုတ်ပြီးတက်လို့ မရပါဘူး။ ဆိုတော့ တချို့ အရမ်းချောပြီး မတ်စောက်တဲ့ နေရာဆိုရင် ဖင်ထိုင်ပြီး တရွတ်တိုက်ပြီး ဆင်းရပါတယ်။ အောက်မှာ ကျရင် ကျောက်သာေးတွနဲ့  လျိုကြီးပါ။ ဆိုတော့ နာမှာတော့ ကြောက်ပါတယ်။ ဖြည်းဖြည်းလေးပဲ ဆင်းဖို့ လိုပါတယ်။ တစ်ချို့ ကတော့ တောင်ဝှေ့ လေးတွေ ကိုင်လို့ ထောက်ပြီး ဆင်းပါတယ်။ ကိုယ်ကတော့ ဖိနပ်က ရွံတွေပေကုန်လို့  ခြေဗလာနဲ့ ဆင်းပါတယ်။ အဲ့ဒီမျိုးမလုပ်မိပါစေနဲ့  ။ ကိုယ်ကတော့ခံစားလိုက်ရတယ်။ အောက်က လမ်းက ကျောက်သားတွေဆိုတော့ ခြေထောက်တော်တော်နာပါတယ်။ ဖြစ်နိုင်ရင် ကုက်အားကောင်းတဲ့ ဖိနပ် ၊ ရွံ ထဲစီးလို့ ရတဲ့ ဖိနပ် ၊ စစ်ဖိနစ်လိုမျိုး အကြမ်းခံတဲ့ ဖိနပ်တွေစီးလာသင့်ပါတယ်။ Slipper  တို့  ကွင်းထိုးဖိနပ်တို့ မစီးပါနဲ့ ။ ပြတ်တာတွေ ချောတာတွေ ရှိတက်ပါတယ်။ မြဲပြီး ကုတ်အားကောင်းတဲ့ ဖိနပ်သာ စီးဖို့ လိုပါတယ်။ လမ်းကလည်း အတက်အဆင်းတစ်လမ်းထဲမှာ ကျဉ်းလည်း ကျဉ်းတော့ လူတွေ အတက်အဆင်း သတိထားပြီး ရှောင်ရပါတယ်။

တောင်အောက်ကို လေးဖက်ထောက်ပြီး ဆင်းသွားလိုက်ရတဲ့ သကာလမှာတော့ ရွံ့အလိမ့်လိမ့်နဲ့  ကိုယ်တွေ ပြန်ရောက်လာပါတယ်။ တောင်ခြေက ချောင်းကလေးမှာ ရေဆေးပြီး အဝတ်အစားတွေလဲရပါတယ်။ Energy Drink တွေ  100 Plus တွေ မှီဝဲရပါတယ်။ တစ်ခုကောင်းသွားတာက ဖြည်းဖြည်းပဲ ဆင်းလာတဲ့ အတွက် ထိခိုက်မှု ကြီးကြီးကျယ်ကျယ်တော့ မရှိပါ ဘူး ။ အတူပါလာတဲ့ တစ်ချို့ ဆိုရင် အဆင်းမှာ ချော်လဲပြီး ကျောက်သားနဲ့ ပွတ်မိတာတွေ ၊ ခြေထောက်ကွဲတာမျိုးတွေ ဖြစ်ကြပါတယ်။


အကယ်၍ စွန့် စားရတာ ကြိုက်တယ် ဆိုရင် အကြံပြုလိုတာကတော့ ..
လမ်းကြမ်းတဲ့ အတွက် ကိုယ်ပိုင်ကားနဲ့ လာရင် ကားမြင့်မြင့်နဲ့ သာလာပါ။
မဟုတ်ရင် Tour နဲ့ လာရင် သူတို့ စီစဉ်ပေးတဲ့ အတိုင်း လာလို့ ရပါတယ်။
ရေဘူးတွေ ဘာတွေ သယ်လာပါ။ ကျောပိုးအိတ်ယူလာပါ။ ပစ္စည်းအများကြီး မထည့်ပါနဲ့  ။
ရေရယ်။ ထိခိုက်ရင် သုံးနိုင်တဲ့ ဆေးတွေရယ်။ ဦးထုတ် မိုးရွာရင် မိုးကာအကျီ သယ်လာဖို့ လိုပါတယ်။
ဖိနပ်ကတော့ ကုတ်အားကောင်းတဲ့ ဖိနပ် ၊ ခပ်ထူထူ အကြမ်းခံတဲ့ ဖိနပ်စီးဖို့ လိုပါတယ်။
တောင်မတက်ခင်မှာ အသက်ဝဝရှုပါ။ မတက်ခင် ရေအရမ်းမသောက်ပါနဲ့ ။ တောင်တက်ရင်း ရေဆာမှ ရေသောက်ပါ။

တောင်အောက်ကို မထိမခိုက် မနာမကျင်နဲ့ အောင်အောင်မြင်မြင် ဆင်းနိုင်သွားပြီဆိုရင်တော့ ဒီ Mission ကို သင်အောင်မြင်သွားပါပြီ။ဆိုတော့ နောက်တစ်ခါ ထပ်တက်အုံးမလားမေးရင် ဘော်ဒါတစ်ယောက်မှာ ၈ ယောက်လောက်က ဟင်အင့် လို့ ဖြေတက်ကြပါတယ်။ မိတ်ဆွေဆိုရင်ကော ဒီတောင်တက်ပြီး ပြန်ဆင်းလာရင် ဘာဖြေမလဲ သိချင်ပါသေးတယ်။






Fred Rangoon. Powered by Blogger.

Life always goes on

About Me

Fred Rangoon

Alis - Freddy

Blogger , Writer ,Techie , Digital Marketer ,
Freelance Graphic Designer , Photographer
Traveller , Marketing Consultant , Idea Creator, Learner .
and Home-made chef

Contact : tazaung.pr@gmail.com

Search This Blog

Blog Archive

Labels List Numbered

Instagram

recent posts

Pages

Follow us

Photo Profile
Taylor Wong Architecture Designer

The Japanese call it Hanakotoba, and King Charles II brought it to Sweden from Persia in the 17th century. Read More

Popular Gallery