Saturday, April 19, 2014
အောင်မြင်လိုသူများ ဂရုစိုက်သင့်တဲ့ စကားလုံး(၇)ခု
မိတ်ဆွေ အောင်မြင်ချင်တယ် မဟုတ်လား ။ လူတိုင်းကတော့ အောင်မြင်ချင်တာပဲလေ။  ဒါပေမဲ့ တစ်ချို့ သော စကားလုံး အပြုအမူတွေက ကိုယ်ရဲ့  အောင်မြင်မှုကို တူးဆွစေနိုင်တဲ့ အခွင့်အရေးတွေ ဖြစ်လာတယ်တဲ့။
ဘာတွေများ ဖြစ်မလဲ ဆိုတာ လေ့လာကြည့်ကြတာပေါ့။
တစ် - ဒါက ငါ့အလုပ်ထဲမှာ မပါဘူး။ ငါလုပ်ရမှာ မဟုတ်ဘူး ။
လက်ရှိလုပ်နေတဲ့ အလုပ်တစ်ခုပဲထားပါတော့။ သင့်ရဲ့  အလုပ်တာဝန်တွေကလည်း သေသေချာချာ သတ်မှတ်ထားတယ်။ ကိုယ်လုပ်ရမဲ့ အလုပ်ပေါ် မူတည်ပြီးအကြံညဏ်ကောင်းတွေ ၊ ပိုမိုသာလွန်တဲ့ လုပ်ရည် ကိုင်ရည် နဲ့ လုပ်ပိုင်ခွင့်တွေ ကလည်း ရှိပါရဲ့ ။ သို့ ပေမဲ့ လပေါင်းများစွာနဲ့ နှစ်အတန်အသင့် လုပ်ခဲ့ဖူးတဲ့ လုပ်ရည်ကိုင်ရည် အရ သင့် လုပ်နိုင်မှု စွမ်းရည် ကို ချဲ့ ထွင်ရပါမယ်။ ပုံစံပြောင်းရပါမယ်။ သင့်အရည်အချင်းက ရပ်တန့် နေရမှာ မဟုတ်ပါဘူး။
ဒီတော့ ရာထူးမှာ ပါတဲ့ တာဝန်ဟာလည်း သင့်အတွက် လုပ်ရိုးလုပ်စဉ် အလုပ် တစ်ခု ဖြစ်သည့်အပြင် လုပ်သက် အတိုင်းအတာ တစ်ခုမှာ  ကျွမ်းကျင်ပိုင်နိုင်မှု ရှိပြီ ဖြစ်တဲ့ အတွက် ထိုထက် ပိုမို တဲ့ စွမ်းဆောင်ရည်ကို ထုတ်ဖော်ရပါလိမ့်မယ်။ ကိုယ့်ရဲ့ အလုပ်ရှင်နဲ့ လည်း ပွင့်ပွင့်လင်းလင်းတိုင်ပင်ပြီး သင့် အတွေ့ အကြုံ သစ်အတွက် အရည်အချင်းအသစ်တွေကို ဖန်တီးရမှာ ဖြစ်ပါတယ်။ အဲ့ဒီအတွင်း ရရှိလာမဲ့ တစ်ဖက်က စောဒက တက်မှုတွေ ၊ စိတ်ဖိဆီးမှုတွေကိုလည်း ကြံကြံခံ ယူတက်ရပါမယ်။ အပေါ်က လှေကားတစ်ထစ်ကို တက်လှမ်းပါ။ ရောက်ရှိနေတဲ့ လှေကားထစ်မှာပဲ သင့် လုပ်နိုင်စွမ်းတွေကို ကန့် သတ်မထားပါနဲ့ ။  ရပ်တန့် မထားပါနဲ့ ။
နှစ် - ဖြစ်နိုင်မှာ မဟုတ်ပါဘူး။
မဖြစ်နိုင်ဘူးလို့ ဆိုနိုင်တဲ့ ဟာတွေက အနည်းငယ်သာ ရှိပါတယ်။ တကယ်လုပ်ကြည့်ရင် ပြဿနာတွေကို ဖြေရှင်း တက်သွားရင် အရာရာ လုပ်ကိုင်ရ လွယ်ကူလာပါလိမ့်မယ်။ ဥပမာ  တကယ်တော်တဲ့ မန်နေဂျာအများစု နဲ့ စီမံခန့် ခွဲရေး ကျွမ်းကျင်သူတွေဟာ ပြဿနာတွေကို ရှေ့ ကနေ ဆုံးဖြတ်ရတာကို လိုလားကြပြီး ပူးပေါင်း ဆောင်ရွက်ခြင်းလှေကားကို ထောင်ကာ အမြင့်ကို တက်လှမ်းကြပါတယ်။ ပြဿနာတွေကို ဖြေရှင်းဖို့  လက်လျော့လိုက်တာထက် မရရအောင် ဖြေရှင်းဖို့ ပိုလိုလားတဲ့ သူဆိုရင် သင်ဟာ သင်လုပ်ကိုင်နေတဲ့ အဖွဲ့ မှာ တန်ဖိုးရှိတဲ့ အသင်းသား တစ်ယောက် ဦးဆောင်သူ တစ်ဦး ဖြစ်လာမှာ မလွဲမသေပါပဲ။
သုံး - ဒါ ငါ့အမှားမဟုတ်ဘူး
 တစ်ခုခုလုပ်တိုင်း အပြစ်တင်ဖို့ ချည်း စဉ်းစားနေတဲ့သူကို ဘယ်သူမှ အလုပ်အတူ တွဲလုပ်ချင်မှာ မဟုတ်ပါဘူး။ နောက်ဆုံးတော့လည်း ကိုယ့်အပေါ် အပြစ်တင်တဲ့ သူ နဲ့ ကိုယ်သာ ကြားထဲမှာ ရှိတဲ့ အချိန် အခိုက် အတန့် လေးက ပြဿနာ တစ်ခု အနေနဲ့ မြင်လိုက်ပါ။ ကိုယ်ရဲ့ အမှားအတွက်လည်း တာဝန်ယူပါ။ သူများတွေ ကျရှုံးခဲ့ဖူးတဲ့ အချက် တွေကိုလည်း နမူနာ ယူပါ။ အမှားကို ၀န်ခံရဲတဲ့ ပုံစံ ရှိပါစေ ။ အမှားတွေကို သင်ယူတက်ပါစေ။ ပြဿနာ စတင် ကြီး ထွားလာစေတဲ့ အချက်အလက်တွေကို လေ့လာတက်ပါစေ။ သူများကို အပြစ်ချည်းပဲ ပုံချနေရင် အဲ့ဒီအမှားတွေကနေ သင်ဘယ်လိုမှ တကယ်သင်ယူနိုင်မှာ မဟုတ်ပါဘူး။
လေး - ခဏလေး တစ်မိနစ်လောက် ဆိုရင် ပြီးတော့မှာပါ။
စက္ကန့် ခြောက်ဆယ် အတွင်း တကယ် ဘာမှ မပြီးမြောက်နိုင်ပါဘူး။ ကတိတွေ ဇွတ်ပေးတာတွေ ။ အမှာစာတွေ ကြိုလုပ်တာတွေ မလုပ်ပါနဲ့ ။ တစ်မိနစ်လောက်ပဲ ကြာမယ် လို့  ပြောလိုက်ရုံပေမဲ့ အဲ့ဒီ တစ်မိနစ် အတွင်း အလုပ်မပြီးပြတ်နိုင်ရင် သင့်လုပ်အားတွေအပေါ်မှာလည်း ဘေးထွက် ဆိုးကျိုး ထိခိုက်မှုတွေ ရှိနိုင်ပါတယ်။
ငါး - ရတယ် ဘာမှကူစရာမလိုဘူး။
စူပါဟီးရိုးလိုမျိုး တစ်ယောက်ထဲ လှုပ်ရှားမှုတွေဆိုတာ ရုပ်ရှင်ထဲမှာပဲ ကြည့်လို့ ကောင်းပါတယ်။  ဒါပေမဲ့ ကုမ္မဏီလို ၊ အဖွဲ့  အစည်းလို နေရာမှာတော့ ဒီလိုသွားလုပ်လို့ အဆင်မပြေနိုင်ပါဘူး။ တစ်ယောက်ထဲ ပရောဂျက်တွေ လုပ်နိုင်မယ် ၊ အလုပ်တွေလုပ်နိုင်မယ် လို့  သင် ထင်ကောင်းထင်လိမ့်မယ် ဒါပေမဲ့ ပူးပေါင်းဆောင်ရွက်မှုဆိုတာ လိုအပ်ပါတယ်။ ကိုယ်နဲ့  ရည်ရွယ်ချက်ခြင်း တူတဲ့သူတွေကို  ခေါင်းဆောင်ကောင်း တစ်ယောက် အနေနဲ့ ဦးဆောင်ပြီး အလုပ်လုပ်ရတာရယ် ၊ တစ်ယောက်ထဲ ကိုယ့်ဝမ်းစာအတွက် ကိုယ် ကြိုးစား လုပ်ကိုင်နေရတဲ့ အခြေအနေချင်း မတူညီပါဘူး။
ခြောက် - တရား မမျှတဘူး
ခုနှစ် - ဒီနည်းနဲ့ ပဲ အားလုံးလုပ်ခဲ့တာပဲ
နည်းလမ်း တစ်ခုထဲကို လုပ်သမျှအရာရာတိုင်းအတွက် ထပ်သလဲသလဲ အသုံးပြုခြင်းဟာ စီးပွားရေး တစ်ခုကို ပြုလုပ်ဖို့  မဖြစ်နိုင်ပါဘူး။ နည်းဗျူဟာသစ် တွေ လိုပါတယ်။  ဈေးကွက်ရဲ့ အပြောင်းအလဲတွေကိုလည်း အမြဲတမ်း လေ့လာ နေရ ပါမယ်။ နည်းလမ်း တစ်ခုထဲမှာ ရှင်သန်နေခြင်းဟာ အခွင့်အရေးကြီးတွေကို လက်လွတ်ခံရစေတက်ပါတယ်။ ပုစ္ဆာ အဖြေများကို ဖန်တီးဖြေရှင်းနိုင်မှု ၊ ဆန်းသစ် တီထွင်နိုင်မှုတို့ ကို သင့်နဲ့ အတူ ယူလာခဲ့ပါ ။ သင့်ကို အနာဂတ်မှာ အဖွဲ့  အစည်းကြီး တစ်ခုကို ဦးတည်းမောင်းနှင်နိုင်တဲ့ သူ ဖြစ်လာစေမှာပါ။
လူတိုင်းကတော့ အောင်မြင်လိုကြပါတယ်။ ဒါကြောင့် သင့်ကို နောက်ပြန်မလှည့်သွားစေနိုင်တဲ့ ဒီ စကားလုံးတွေကိုသာ သတိထားပြီး အသုံးပြုပါ။ ဒီ ရှောင်ရန် နည်းလမ်းတွေကို သတိထားနိုင်ပြီ ဆိုရင် သင့်အနာဂတ်မှာ အောင်မြင်တဲ့ စူပါစတား တစ်ယောက် ဖြစ်လာမှာ အသေအချာပဲပေါ့။
လင်းတန်ဆောင်
Ref: Ilya Pozin -The 7 Things Successful People Never Say
Fred Rangoon. Powered by Blogger.
Life always goes on
About Me
Fred Rangoon
Alis - Freddy
Blogger , Writer ,Techie , Digital Marketer ,
Freelance Graphic Designer , Photographer
Traveller , Marketing Consultant , Idea Creator, Learner .
and Home-made chef
Contact : tazaung.pr@gmail.com
Search This Blog
Blog Archive
Labels List Numbered
Instagram
recent posts
Pages
Follow us
Photo Profile
Taylor Wong Architecture Designer
The Japanese call it Hanakotoba, and King Charles II brought it to Sweden from Persia in the 17th century. Read More
Popular Gallery