Sunday, September 22, 2013

သင့်ဆံပင် အလှအတွက် မီးဖိုချောင်ထဲက လျှို့ ဝှက်ချက်များ




ကျန်းမာတဲ့ ဆံပင်ပိုင်ရှင်များ ဖြစ်ချင်တာက လူသားတိုင်း ဆန္ဒပါပဲ။
သဘာဝ နဲ့ မွေးရာပါ ဗီဇအရ လူတိုင်းဟာ အမျိုးမတူတဲ့ ဆံပင်အမျိုးအစားများ
ပိုင်ဆိုင်ထားကြပါတယ်။ သာမန်ဆံပင် ကျန်းမာသန်စွမ်းတဲ့ သူများက ကိစ္စမရှိပေမဲ့။ ဆိုးဆိုးရွာရွာ ပျက်စီးနေတဲ့ ဆံပင်ပိုင်ရှင်များကတော့
တစ်နေ့ နဲ့ တစ်နေ့  စိတ်ညစ်ဖို့ ကောင်းလောက်အောင် ပြုပြင်နေရတာတွေ ရှိပါတယ်။



ဈေးကြီးကြီး ပေးပြီး ဆိုင်မှာ ပြုပြင်မှ ပြန်ကောင်းမွန်လာတဲ့ ဆံပင်တွေ
ရှိသလို ။ တစ်ချို့ က ဓာတုဆေးတွေ ပါတဲ့အတွက် ဓာတ်မတည်မှု တွေ ဖြစ်ပေါ်ပြီး နဂို မိမိမှာ ရှိတဲ့ ပုံစံထက် ပိုဆိုးလာနိုင်တာလည်း ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။ ဒီမှာ ကျနော်တို့ အင်တာနက် ကျေးဇူးနဲ့  ရရှိထားတဲ့ ဆံပင်ပြုပြင်ခြင်း ဆိုင်ရာ နည်းလမ်းလေးတွေအတွက် မီးဖိုချောင်မှာရှိတဲ့ အရာလေးတွေနဲ့ အန္တရယ် ကင်းကင်း လုပ်ကြည့်ကြရအောင် ။


ခြောက်သွေ့ တဲ့ ဆံပင် အတွက် - သံလွင်ဆီ နဲ့ ကြက်ဥ

သံလွင်ဆီ လက်ဖက်ရည်ဇွန်း ၃ ဇွန်းစာ နဲ့ ကြက်ဥ နှစ်လုံး ကို ရောမွေ
လိုက်ပါ ။ပြီးတော့ မိမိ ရဲ့ ဆံပင်မှာ သုတ်လိမ်းပေးပြီး မိနစ် ၂၀ခန့်  ထားလိုက်ပါ။ ပြီးရင် ခေါင်းလျှော်ရည်မလိုဘဲ ရေနဲ့ သာ
ခေါင်းလျှော်ပေးပါ။ သံလွင် ဆီက မိမိဆံပင် ရေဓာတ်ကို ဖြည့်တင်းပေးနိုင်ပြီး ကြက်ဥက ဆံပင်ကို ပရိုတိန်းေ ပးစွမ်းတဲ့အတွက်ဆံပင်ကို သန်သန်မာမာ
နဲ့ ကြီးထွားစေနိုင်မှာ ဖြစ်ပါတယ်။


အဆီပြန်သော ဆံပင် - ပန်းသီး ဗီနီကာ နဲ့ သံပရာသီး

ပန်းသီးကနေ ထုတ်ထားတဲ့ ဗီနီကာရည်ကို တစ်ခွက်ရဲ့  လေးပုံ တစ်ပုံခန့် အချိုးချပြီး လတ်လတ်ဆပ်ဆပ် သံပရာရည်ညစ်ထားတဲ့ အထဲ ပေါင်းထည့်ပါ။
ပြီးတော့ ဆံပင်မှာ ၁၅ မိနစ်ခန့် ထားပြီး အဆီတွေကို စုတ်ယူပါစေ။
ပြီးမှ ရေနဲ့ ဆေးချပါ။
ပန်းသီးဗီနီကာ ဟာ အဆီပြန်တဲ့ ဆံပင်အတွက် အကောင်းဆုံး ကွန်တီရှင်နာ ပေါင်းတင်ဆေးဖြစ်ပြီး ဆံပင်ကို ပျော့ပြောင်းစေကာ လှပစေပါတယ်။
ဆံပင်ကို PH အဆင့်အထိ သန့် စင်မှု ပေးနိုင်ပြီး ဘတ်တီးရီးယားတွေကို သေစေနိုင်ပါတယ်။ ဒါ့အပြင် ဘောက်ထတာကိုလည်း ပျောက်ကင်းစေပါတယ်။


ခြောက်သွေ့ ပြီး ကြမ်းတမ်းတဲ့ ဆံပင် ၊ အဖျားနှစ်ခွ ဆံပင်များ - ငှက်ပျောသီး ၊ ပျားရည် နဲ့ သစ်စိမ့်ဆီ

ငှက်ပျောသီး တစ်ဝက်ကို ပျားရည် ထမင်းစားဇွန်း နှစ်ဇွန်းနဲ့ ရော ကာသစ်စိမ့်  ဆီ နည်းနည်းထည့်ပါ။ ပြီးတော့ နေရာ အနှံ သုတ်လိမ်းပေး
ရေချိုးတဲ့ အခါ သုံးတဲ့ ခေါင်းစွပ်နဲ့ မိနစ် ၂၀ လောက် စွပ်ထားပေးပါ။ ပြီးရင် ရေဆေးချပါ။
ငှက်ပျောသီးက ဆံပင်ကို ရေဓာတ်ဖြည့်တင်းပေးနိုင်ပြီး ချောမွေ့ စေပါတယ်။ ပြီးတော့ ဆံပင်နှစ်ခွ ဖြစ်ပြီး ကြမ်းတမ်းနေတာတွေကိုလည်း လှပစေမှာ ဖြစ်ပါတယ်။


ဆံပင်အမျိုးအစား အားလုံး အတွက် - ထောပတ်သီးနဲ့ ပျားရည်

ထောပတ်သီးကို အနှစ်ခြစ်ယူပြီး သဘာဝ ပျားရည် ထမင်းစားဇွန်း တစ်ဇွန်းနဲ့ ရောပြီး မိမိဆံပင်ကို မိနစ် ၂၀ ခန့်  နှပ်ထားပေးပါ ။ ပြီးရင် ရေဆေးချပါ။
ထောပတ်သီးက ဗီတာမင်နဲ့ အဟာရဓာတ်တို့  ကြွယ်ဝပြီး ဗီတာမင် အီးနဲ့  ပရိုတိန်းဓာတ် နှစ်ခုစလုံး ပါဝင်နေတဲ့ အတွက် ဒီလိုပေါင်းတင်ပေးရင် နူးညံ့ပြီး
ကျန်းမာတဲ့ ဆံပင် အလှကို ရရှိစေမှာ ဖြစ်ပါတယ်။ ပျားရည်ကတော့ ဆံပင်မှာ ကပ်ညှိနိုင်တဲ့ သဘာဝ ပိုးမွားငယ်များကို ဖယ်ရှားပေးနိုင်ါတယ်။

မိမိနဲ့ သက်ဆိုင်တဲ့ ဆံပင်ပျက်စီမှု ကုထုံးများကို အခုချက်ချင်း မီးဖိုချောင်မှာ ရှာပြီး ကုလိုက်လို့ ရပါပြီ ။ ဈေးကြီးတဲ့ ပေါင်းတင်ဆေးတွေ ၊ ဆံသားပြုပြင်ဆေးတွေထက်ေ ဘးဥပါဒ်ကင်းတဲ့ အထက်ပါနည်းများကို ပြုလုပ်ပြီး ကျန်းမာတဲ့ ဆံပင်ပိုင်ရှင်များ ဖြစ်အောင် ဖန်တီးလိုက်ရအောင်။

ပြီးတော့ ဒီနည်းလေးတွေ ကောင်းတယ် ဆိုရင် မိမိနဲ့ သက်ဆိုင်တဲ့ မိတ်ဆွေတွေကိုလည်း ရှယ်ပေးလိုက်ပါအုံး ။


Ref; Daily Helth Tips
လင်းတန်ဆောင်

Related Articles

0 comments:

Post a Comment

Fred Rangoon. Powered by Blogger.

Life always goes on

About Me

Fred Rangoon

Alis - Freddy

Blogger , Writer ,Techie , Digital Marketer ,
Freelance Graphic Designer , Photographer
Traveller , Marketing Consultant , Idea Creator, Learner .
and Home-made chef

Contact : tazaung.pr@gmail.com

Search This Blog

Blog Archive

Labels List Numbered

Instagram

recent posts

Pages

Follow us

Photo Profile
Taylor Wong Architecture Designer

The Japanese call it Hanakotoba, and King Charles II brought it to Sweden from Persia in the 17th century. Read More

Popular Gallery