Mashable နဲ့  သူ၏ ဖခင်
ခေတ်ပေါ် နည်းပညာ ၀ဘ်ဆိုက်တွေထဲမှာ ဆိုရင် အခုလက်ရှိ ကမ္ဘာ့ Top Ten စာရင်းဝင် တစ်ခု ဖြစ်တဲ့ Mashable ၀ဘ်ဆိုက်ကို မေ့ လို့ မဖြစ်ပါဘူး။ ခေတ်နဲ့ အညီ နည်းပညာနဲ့  တစ်ရင်းတစ်နှီးရှိတဲ့ သူတိုင်းဟာ ဒီဆိုက်လေးကို သိကြပြီး နေ့ စဉ် Article အစုံအလင်ကို တင်ဆက်ပေးနေတဲ့ ဆိုက်လေး တစ်ခုပါပဲ။ အခု ဒီ ဆိုက်ကို တည်ထောင်ခဲ့တဲ့ လူငယ် အကြောင်းကို လူငယ်များ အားကျအတုယူနိုင်အောင် မိတ်ဆက်တင်ပြပေးချင်ပါတယ်။
Mashable ရဲ့  Founder နဲ့  CEO တစ်ဦး ဖြစ်တဲ့ Peter Cashmore ဟာ အသက် ၁၉ နှစ် အရွယ်မှာ ဒီဆိုက်ကို ထောင့်ခဲ့တာ ဖြစ်ပါတယ်။ အဲ့ဒီတုန်းက ၂၀၀၅ ခုနှစ် ဆိုတော့ အခုဆိုရင် ၂၈ အရွယ်သာ ရှိသေးတဲ့ လူငယ်တစ်ယောက်ပါပဲ။
Peter ဟာ စကော်တလန်နိုင်ငံ Banchory မြို့ မှာ ကြီးပြင်းခဲ့ပါတယ်။ အခုဆိုရင် စကော့တလန် နဲ့  အမေရိက ကြားမှာ အလုပ်ကိစ္စနဲ့ သွားလာရင် အချိန်ကုန်လေ့ရှိတယ်။
၂၀၀၉ ခုနှစ်တုန်းက Inc စွန့်ဦးတီထွင် မဂ္ဂဇင်း မှာ "30 Under 30" ဆိုတဲ့ လူငယ် လုပ်ငန်းရှင် တစ်ဦး အဖြစ် အသိအမှတ်ပြုခံရပါတယ်။ Forbes မဂ္ဂဇင်းမှာလည်း ၀ဘ်ဆိုက်လောက က လူကြိုက်များတဲ့ သူများ "Top 25 Web Celebs" ဆိုတဲ့ စာရင်းမှာလည်း ၀င်ခဲ့ပါတယ်။
CNN အတွက် အပတ်စဉ် နည်းပညာနဲ့ Social Media အကြောင်းအရာများကို ရေးသားပေးလေ့ရှိပြီး Time Magazine ရဲ့  လူထုကို အလွမ်းမိုးနိုင်ဆုံး ၁၀၀ စာရင်းမှာလည်း ပါဝင်ခဲ့ပါသေးတယ်။
Peter ရဲ့  ပြင်းပြတဲ့  ရည်မှန်းချက်က Mashable ကို တည်ထောင်ခြင်းဖြင့် နည်းပညာနဲ့ ဆိုရှယ်နက်ဝေါ့ တွေဟာ လူသားတွေရဲ့ အပြောင်းအလဲကို ထင်ဟင်စေရန် ဖြစ်ပြီး ပြန်လည်ပြုပြင်ထားတဲ့ ယဉ်ကျေးမှုများက Mashable ကို ပြုလုပ်ဖို့  သူ့ ကို မောင်းနှင်စေခဲ့တာ ဖြစ်ပါတယ်။
မီဒီယာရဲ့  ပညာရှိလို့  သူ့ ကို ဖော်ညွန်းကြပြီး နည်းပညာရှင် မျိုးဆက်သစ်လူငယ်များကို အလွမ်းမိုးနိုင်ဆုံး သူ အဖြစ် သတ်မှတ်ခံရသူ ဖြစ်ပါတယ်။
Mashable ၀ဘ်ဆိုက်ရဲ့  အောင်မြင်မှုများကို လေ့လာရရင် ၂၀၀၉ ခုနှစ်မှာတော့ The 25 Best Blogs စာရင်းဝင်ခဲ့ပါတယ်။ Social Media ရဲ့  One Stop Shop တစ်ခုထဲနဲ့ အကုန် ဖတ်လို့ ရတဲ့ ဆိုက် တစ်ခု အနေနဲ့  မှတ်တမ်း တင်ခံရပါတယ်။ 2013 ခုနှစ် March လမှာတော့ ထိုဝဘ်ဆိုက်ရဲ့  Twitter မှာ Follower ၃၂သန်းအထိ ရှိခဲ့ပါတယ်။ Facebook စာမျက်နှာမှာလည်း ၁သန်းကျော် ရှိခဲ့ပါတယ်။
ဆိုရှယ် မီဒီယာ ဆိုက်တွေဖြစ်တဲ့ Digg, Facebook, Google, Twitter, YouTube, ESPN, Cafemom နဲ့  Pandora စတဲ့ ဆိုက်တွေနဲ့ အပါအ၀င် Mashable ကလည်း First Open Web Awards ဆုကို ရရှိခဲ့ပါသေးတယ်။
လင်းတန်ဆောင်
ref:wiki , Mashable linkedIn
0 comments:
Post a Comment