ရင်နာရတဲ့ ဓာတ်ပုံ
Nadia Abushaban ဆိုတဲ့ အမျိုးသမီး တစ်ဦးဟာ သူမရဲ့ Twitter အကောင့်မှာ ဓာတ်ပုံတစ်ပုံကို
တင်ခဲ့ပါတယ်။ ဒါကတော့ ကလေးလေး တစ်ယောက်က လက်မြောက်ထားတဲ့ ပုံဖြစ်ပါတယ်။
ဒီပုံက ဘာတွေ ထူးခြားစေသလဲ။
ဓာတ်ပုံကို ရိုက်ထားတဲ့သူကတော့ ဂျာနယ်လစ်တစ်ဦးဖြစ်ပြီး စစ်ဖြစ်နေတဲ့ ဆီရီးယား နိုင်ငံမှာ နေထိုင်တဲ့ ကလေးငယ် တစ်ဦးကို ရိုက်ကူးထားတာ ဖြစ်ပါတယ်။
ဖိုတိုဂျာနယ်လစ်က သူမက ဓာတ်ပုံ ရိုက်ဖို့ ချိန်လိုက်တော့ သူမက သူမကို သေနတ်နဲ့ ချိန်ထားတယ် ထင်ပြီး လက်မြောက်ခဲ့ပါတယ်တဲ့။ ဂျာနယ်လစ်ဟာ ကလေးငယ်ရဲ့ အဖြစ်ကို သနားမိတာကြောင့် အင်တာနက်ပေါ် တင်ပြီး ထိုအဖြစ်အဖျက်ကို မျှဝေခဲ့ရာ ပြန်လည် မျှဝေသူ သိန်းချီရှိခဲ့ပါတယ်။
ကလေးငယ်ရဲ့ ချစ်စရာ ကောင်းပြီး အပြစ်ကင်းလှတဲ့ မျက်လုံး ဟာ သူ့ အသည်းကို ခွဲလိုက်သလိုပါပဲတဲ့။
ဆီရီးယားမှာ သူမလို ကလေးငယ်များစွာဟာ စစ်ဘေးရဲ့ အကျိုးအပြစ် ကို ပြင်ပအနေနဲ့ သာမက စိတ်ဒဏ်ရာအရပါ ခံစားနေရပါတယ်။
ဒီပုံအောက်မှာ ထည့်သွင်း ဖော်ပြထားတဲ့ စာသားကလည်း ရင်နာစရာပါပဲ။
It just breaks my heart to look into the eyes of this cute little innocent girl.
The world has failed her. Humanity has failed her. We've failed her.
ကမ္ဘာကြီးက သူမအပေါ် ကျဆုံးခဲ့ပါတယ်။ လူသား ဆန်မှုတွေကလည်း သူမ အပေါ် ကျဆုံးခဲ့ပါတယ်။
ကျနော်တို့ အားလုံးလည်း သူမရဲ့ မျက်လုံးအကြည့်အောက် အမူအရာအောက်မှာ ကျဆုံးခဲ့ကြပါပြီ။
လင်းတန်ဆောင်
Source : Storypick
0 comments:
Post a Comment