နွားရိုင်းသတ်ပွဲတော် ဆန့် ကျင်ရေး ကန်ပိန်း
- မက်စီကိုမြို့ တော်မှာ ပြုလုပ်လေ့ ရှိတဲ့ နွားရိုင်းသတ်ပွဲတော် ကို တိရိစ္ဆာန် ညင်းပမ်းမှု တားဆီးသော အနေဖြင့် ၊တိရိစ္ဆာန် အရေးလုပ်ရှားသူများ ပါဝင်သော ဆန္ဒပြပွဲ ပါဖောမန့် တစ်ခုကို ပြီးခဲ့တဲ့ ပိတ်ရက်တုန်းက မက်စီကိုလမ်း တစ်နေရာမှာ ပြုလုပ်ခဲ့ပါတယ် ။
ဆန္ဒပြပွဲတွင် တက်ကြွလှုပ်ရှားသူ အယောက် ၂၀၀ ကျော်ခန့် ရှိပြီး ၊ မိမိတို့ အကျီများကို ချွတ်ကာ
သွေးအတုများလောင်းချပြီး အသားကင်သော တုတ်တံဖြင့် နွားရိုင်းများကို ထိုးသော လှံပမာ ပြုလုပ် တပ်ဆင်ခဲ့ ကြပါတယ် ။
ဒီဆန္ဒပြပွဲကို ဦးဆောင်သူများကတော့ AnimaNaturalis လို့ အမည်ရတဲ့ တိရစ္ဆာန် အရေးပါဝင်သူများ အဖွဲ့ မှ ဖြစ်ပါတယ် ။
ဒီဆန္ဒပြပွဲကတော့ နွားသတ်ပွဲနဲ့  ပတ်သတ်ပြီး ဆန့် ကျင်တဲ့ အကြီးကျယ်ဆုံး တစ်ခု ဖြစ်တယ်လို့ လည်း ဆိုပါတယ် ။
ဦးဆောင်သူ တစ်ယောက်က ဒီဆန္ဒပြပွဲရဲ့ ရည်ရွယ်ချက်က နိုင်ငံရေး အခန်းကဏ္ဍတစ်ခုမှာ ဒီဆိုးရွားမှုတစ်ခုကို
သိသိသာသာမြင်စေဖို့  ၊ မီဒီယာကနေ ဒီလို တိရိစ္ဆာန်များကို ဆိုးဆိုးဝါးဝါးညင်းပမ်းနိုပ်စက်ပြီး သတ်ဖြတ်နေတာတွေကို
ရပ်တန့် စေနိုင်ဖို့ ရည်ရွယ်ထားတယ် လို့  သိရပါတယ် ။
ဒီနွားရိုင်းသတ်ပွဲမှာ တစ်နှစ်ကို နွားပေါင်း ကိုးထောင်ခန့်  သတ်ဖြတ်ခံနေရတယ်လို့  မှတ်တမ်းများ အရ သိရပါတယ်။
မက်စီကိုရဲ့  နွားရိုင်းသတ်ပွဲ ဓလေ့ ဟာ လွန်ခဲ့ တဲ့ ၁၆ရာစုလောက်ကထဲက စတင်ခဲ့ တာလို့ လည်း သိရပါတယ် ။
ဒီဖော်ပြထားတဲ့ ဓာတ်ပုံများကို ကြည့်ရင်တော့ AnimaNaturalis အဖွဲ့ ရဲ့ ထူးခြားတဲ့ ပါဖောမန့် များကို တွေ့ ရမှာဖြစ်ပါတယ် ။
Ref;worldcrunch
0 comments:
Post a Comment