Monday, July 8, 2013

အင်တာနက် အလကားမရနိုင်တဲ့ နေရာ ( No Free WiFI Zone )


ခေါင်းစဉ် ကို ကြည့်ရင်တော့ ဂွကျတယ်လို့ ထင်မိမှာပါ။ Wifi ဖရီးမရတဲ့ နေရာတဲ့ ။ ဇာတ်လမ်းက ဒီလိုပါ။

လူစည်ကားတဲ့ နေရာအတော်များများ နဲ့  စားသောက်ဆိုင်များမှာ လူဝင်လူထွက် များစေလိုတဲ့ အခါ အင်တာနက် အလကားအသုံးပြုနိုင်တာတို့  ၀ိုင်ဖိုင်အင်တာနက် အသုံးပြုနိုင်တာတို့ နဲ့  လူများကို ဆွဲဆောင် တက်ကြပါတယ်။

အခု နေရာကတော့ No Wifi Zone ပါ ။ အင်တာနက် မရနိုင်တာ မဟုတ်ပါဘူး။ အင်တာနက် တမင်ကို ပိတ်ထားတာ ဖြစ်ပါတယ်။ ငါးမီတာ ပတ်လည်မှာ ဘာအင်တာနက် လိုင်းကိုမှ ဖွင့်မထားဘဲ ပိတ်ထားတာ ဖြစ်ပါတယ်။ကိုယ်ပိုင်အင်တာနက်တောင် အသုံးမပြုနိုင်ပါဘူး။

ဘာကြောင့်လဲ..?

Tuesday, July 2, 2013

အမျိုးသား နဲ့ အမျိုးသမီး ဘာတွေ ယှဉ်မလဲ ?




#စွမ်းဆောင်ရည်တိုင်းတာချက်

အမျိုးသမီးများဟာ တစ်ပြိုင်နက် အလုပ်များစွာ လုပ်နိုင်စွမ်းရှိပါတယ်။
အမျိုးသမီးများရဲ့  ဦးနှောက်ဟာ အချိန်ခဏလေး အတွင်းမှာ လုပ်ငန်း ဆောင်တာ များစွာကို လုပ်ဆောင်နိုင်တဲ့ ပုံစံအဖြစ် ဖန်တီး ထားပါတယ်။
တီဗီကြည့်ရင်း ဖုန်းပြောနိုင်သလို ထို့ အတူ  ချက်ပြုတ်ရေး ပါ တပါးတည်း လုပ်ဆောင်နိုင်ပါတယ်။

အမျိုးသားများဟာ တစ်ကြိမ်မှာ အလုပ်တစ်ခုထဲကိုပဲ လုပ်ဆောင်နိုင်ပါတယ်။
အမျိုးသားများရဲ့  ဦးနှောက်ဖွဲ့ စည်းပုံအရ တစ်ချိန်မှာ အလုပ်တစ်ခုကိုပဲ အာရုံစိုက်လုပ်ဆောင်ဖို့ ဖန်တီးထား ဖြစ်ပါတယ်။ ဖုန်းပြောနေရင် တီဗီမကြည့်မနိုင်သလို ၊ တီဗီပိတ်ပြီးမှ ပြောလိုတာကို ပြောနိုင်တာပါ။ အလုပ်တစ်ခုကို တစ်ချိန်မှာ တစ်ခါပဲ လုပ်ဆောင်နိုင်ပြီး မတူညီနဲ့  အလုပ်အများကြီးလုပ်ဖို့ မစွမ်းသာပါဘူး။


Monday, July 1, 2013

Social Media Page Creator မှ Social Media Community Manager အဖြစ်သို့ 


Facebook မှာ Page တစ်ခု လုပ်တာဟာ သိပ်တော့ မထူးဆန်းပါဘူး။ မိမိဝါသနာ ပါရာ အကြောင်းအရာများကို ဖန်တီးဖို့  ၊ မျှဝေဖို့  ၊ ရေးသားဖို့  စတာတွေကို အပျော်တမ်းအဖြစ် Facebook အကောင့် ရှိတဲ့ သူတိုင်း လုပ်နိုင်တဲ့ အရာတစ်ခု ဖြစ်ပါတယ်။ ဒီလို အပျော်တမ်းကနေ Professional အလုပ်အကိုင် အခွင့်အလမ်း တစ်ခု အဖြစ် ဖန်တီးလာကြတာကို တွေ့ မြင်ရလာတော့ ကိုယ်တိုင်လည်း Page များကို ဖန်တီးသူ ၊ မျှဝေသူ ၊ ရေးသားသူ ပီပီ ဒီ Position တစ်ခုကို မကြာခင်မှာ တွင်ကျယ်လာတော့မည့် အခွင့်အလမ်း တစ်ခု အနေနဲ့  လေ့လာတင်ပြချင်ပါတယ်။

Saturday, June 29, 2013

ဘီစကွတ် မီးကျွမ်းလေးတွေ



အဲ့ဒီတုန်းက ကျနော်က ကလေးငယ်ငယ်လေး တစ်ယောက်အရွယ်ပဲ ရှိပါသေးတယ်။ ကျနော့်
မေမေက နေ့ စဉ် အိမ်မှု ကိစ္စတွေ လုပ်ရင်း တစ်နေ့ တာ အချိန်တွေကို ကုန်ဆုံးတက်တဲ့ အိမ်ရှင်မ တစ်ယောက်ပါ။

ကြာတော့ ကြာခဲ့ပြီ ..။ဒီလိုပဲ ညဦးပိုင်း အချိန်လေးမှာ .. မေမေဟာ မိသားစုအတွက် ညစာကို ပြင်ဆင်ပေးနေခဲ့တယ်။
ကြက်ဥကြော်ရယ် ၊ ၀က်အူချောင်းရယ် ပြီးတော့ တော်တော်ကြီး တူးနေတဲ့ ဘီစကွတ်မုန့် တွေကို ညစာအတွက် မိသားစု စားပွဲဝိုင်းမှာချပေးခဲ့တယ်။ ဘယ်သူများ ဒါကို သတိပြုမိကြမလဲ ဆိုပြီး ကျနော် စောင့်ကြည့်နေခဲ့တာကိုလည်း အမှတ်ရပါသေးတယ်။

ဖေဖေဟာ ဒီမီးကျွမ်းနေတဲ့ ဘီစကွတ်မုန့် တွေကို မြင်သွားတယ်။ ဒါပေမဲ့ ဘာမှမဖြစ်သလိုပဲ.. မေမေ့ ကို ပြုံးပြလိုက်ပြီး ဒီနေ့  ကျနော် ကျောင်းမှာ ဘယ်လိုလဲ ဆိုတာတွေ မေးနေတာပါ။ အဲ့ဒီညက ဖေဖေ ဘာတွေ ပြောသလဲဆိုတာကို သေချာတော့မမှတ်မိတော့ပါဘူး။ ဘီစကွတ်တွေကို ထောပတ်နဲ့  တို့ ပြီး မိန်ရေ ယှက်ရေ စားလိုက်တာကိုတော့ တွေ့ ပါတယ်။

ဒီလိုနဲ့ ညစာ စားပွဲ အပြီး ကျနော်လည်း ဗိုက်ဝလို့ စားပွဲကနေ ထတော့ မေမေက ဖေဖေ့ကို ဘီစကွတ်မီးကျွမ်းသွားတဲ့ အတွက် တောင်းပန်နေတာကို တွေ့ လိုက်ရတယ်။ ဖေဖေ က မေမေ့ ကို ပြန်ပြောလိုက်တာကို ကျနော် မမေ့ ပါဘူး။

အို အချစ်ရယ်.. ကိုက မီးကျွမ်းနေတဲ့ ဘီစကွတ်ကို ကြိုက်ပါတယ် တဲ့။

ဒီလိုနဲ့ ညပိုင်း ကျနော် အိပ်ရာ ၀င်တော့ ဖေဖေ့ကို အနမ်းလေးပေးပြီး ... မေးခွန်းလေးမေးခဲ့တယ်။
ဖေဖေ ဘီစကွတ်မီးကျွမ်းကို တကယ် ကြိုက်တာလား ဆိုပြီးတော့လေ။ ဖေဖေက ကျနော့်ကို လက်မောင်းနဲ့ ပွေ့ ဖက်ပြီး ပြောပြခဲ့တယ်။ သားမေမေက တစ်နေ့ လုံး အိမ်အလုပ်တွေ မနားတမ်း လုပ်နေရတာ..တကယ်ပင်ပန်းပါတယ်။ ဒါပေမဲ့ အဲ့ဒီထက် ဘီစကွတ်ကို မီးကျွမ်းတာလေးနဲ့  ဘယ်သူ့ ကိုမှ စိတ်ထိခိုက်မှု တွေ မဖြစ်စေချင်ဘူးတဲ့ လေ။


Friday, June 14, 2013

ကျနော် လေးစားတဲ့ ဘလော့ဂါ



သူ့ စာကနေ ကျနော် ခွန်အားတွေ အများကြီး ရရှိခဲ့တယ်..
အထီးကျန်တဲ့ အချိန်တိုင်းက ..
သူ့ စာက ဖြေသိမ့်မှု ကို ပေးတယ်..

သူမ ဖေ့ဘွတ်မှာ ပုဂ္ဂိုလ်ရေး အတိုက်ခိုက်ခံရပြီးကထဲက
သူမ အကောင့်ကို ဖျတ်သွားတယ်...
ဒါပေမဲ့ သူမဟာ စိတ်ဓာတ်ခိုင်မာတဲ့ သူတစ်ယောက်

သူမကို တိုက်ခိုက်တဲ့သူဆီက
သူမ သင်ယူတယ်..
သူမ ပြင်သင့်တာပြင်တယ်..

သူမကို လေးစာပါတယ်..
သတိလည်း ရနေတယ်..

အထီးကျန်တဲ့အချိန်တိုင်း
ကိုယ့်ကိုယ် အားငယ်နေတဲ့ အချိန်တိုင်း
သူမ ပေ့ခ်ျမှာ စာတွေ သွားသွားဖတ်ရတယ်

သူမ စာတွေက ဘာသာပြန်ထားတာ ဖြစ်ဖြစ်
ကိုယ်တိုင် ရေးထားတာ ဖြစ်ဖြစ်...
သေချာတာက သူမ အဆိပ်ရည် တွေ
လောင်းခဲ့တာတော့ မဟုတ်ဘူး ။

သူမ စာတွေ သာ မဖတ်မိခဲ့ရင်
ကျနော်လည်း ဒီနေရာမှာ ရှိမှာမဟုတ်ပါဘူး

သူမကို ဘယ်လိုပဲ ပုတ်ခတ်ပုတ်ခတ်
သူမကို ဘယ်လိုပဲ တိုက်ခိုက်ကြပါစေ
မပြိုလဲတက်ဘဲ..
ဆက်လက် မျှဝေပေးနေတဲ့..
သူမကို ...
ကျနော် တကယ်လေးစားပါတယ်

သူမ လို
စိတ်ဓာတ် ခိုင်မာအောင်
သင်ယူရအုံးမယ်
သူမ လို
အကျိုးရှိ စာတွေ များများ မျှဝေနိုင်အောင်
ကျနော် ကြိုးစားပါအုံးမယ်..။

: လင်းတန်ဆောင်

အလုပ်တစ်ခု မှာ ဖြစ်ချင်စိတ်က အဓီက ပါ



အဘိုးအို တစ်ဦးဟာ ရွာလေး တစ်ရွာမှာ တစ်ယောက်ထဲ နေထိုင်ပါတယ်။
သူပိုင်တဲ့ ခြံလေးမှာ အာလူးတွေ စိုက်ဖို့  ကြိုးစားပေမဲ့ အသက်အရွယ် က စကားပြောလာတော့ အရင်ကလို အလုပ်မလုပ်နိုင်တော့ဘူး။ 
ခြံကို အားသုံးပြီး မြေတွေ တူးဆွဖို့ လိုနေတယ်လေ။

အဘိုးအိုကို ကူညီပေးနိုင်မဲ့ တစ်ဦးတည်းသော သားကလည်းပြစ်မှု တစ်ခုနဲ့ 
ထောင်ကျလို့ နေရှာတယ်။ ဒီလိုနဲ့ သားကို သတိရပြီး စာတစ်စောင် ရေးလိုက်တယ်။

အဘိုးအို အခုဖြစ်ဖျက်နေတဲ့ အခြေအနေတွေကို သားသိအောင်
ဒီလို ရေးလိုက်ပါတယ်။

"ချစ်တဲ့ သားလေး

ဖေဖေ အခုတလော စိတ်ထဲမှာ နေလို့ မကောင်းဘူး။ ဘာလို့ လဲဆိုတော့ ဒီနှစ်
ဖေဖေတို့ ခြံအတွက်အာလူးစိုက်ဖို့ ကို မြေတောင် မတူးနိုင်တော့ဘူး သားရယ်။
ဖေဖေ ဒီလိုမလုပ်နိုင်တာကို စိတ်ညစ်မိတယ်။
ဒီ ခြံလေးက သွားလေသူ သားမေမေကိုယ်တိုင် အပင်လေးတွေနဲ့ ဝေေ၀ဆာဆာ စိုက်ပျိုးခဲ့တာလေ။ အခု သား သာ ရှိနေရင် ကောင်းမှာပဲ ။ သားက ဖေဖေ့ အစား ခြံထဲက မြေတွေကို တူးဆွရင်း သားမေမေကြိုက်တဲ့
အာလူးတွေလည်း စိုက်နိုင်မှာ။ သား သာ ထောင်မကျနေရင် ဖေဖေ့အစား တူးပေးနိုင်မယ် မဟုတ်လား သားရေ။

ချစ်တဲ့ ဖေဖေ "


ဒီစာကို ပို့ ပြီး မကြာခင်မှာပဲ.. ထောင်ထဲက သားဖြစ်သူ ဆီကနေ ကြေးနန်းစာတို တစ်စောင်ရောက်ရှိလာပါတယ်။

"ဖေဖေ ခြံထဲက မြေတွေကို မတူးမိပါစေနဲ့ ။ သား အဲ့ဒီမှာ လက်နက်တွေ မြုပ်ထားတယ်။ "

မကြာပါဘူး ။နောက်တစ်နေ့ မနက်မှာပဲ ရဲတွေ ရယ် ရပ်ကွက်လူကြီးတွေရယ် ရောက်လာပြီး သတင်းရထားတဲ့ လက်နက်ရှာရန် အတွက် တစ်ခြံလုံးက မြေတွေကို တူးဆွပါတော့တယ်။ ဒါပေမဲ့ တစ်ခြံလုံးသာ နှံ့ သွားတာ ဘာလက်နက်မှ မတွေ့ ပါဘူး ။ ဒီလိုနဲ့  ရွာထဲမှာ ဆူဆူညံညံတော့ ဖြစ်သွားတာပေါ့။

စိတ်ရှုပ်သွားတဲ့ အဘိုးအိုဟာ သူ့ သားဆီကို စာပြန်ရေးလိုက်ပါတယ်။
ခြံထဲကို ရဲတွေ လာရှာတဲ့ အကြောင်းနဲ့  သူသား ဘာတွေ လုပ်ထားသလဲ ဆိုတာကို မေးလိုက်တာပါ။

အဘိုးဟိုရဲ့ သားဆီက စာပြန်လို့ လာပါတယ်။

"အဖေရေ..အခု အဖေစိုက်ချင်တဲ့ အာလူးတွေ စိုက်လို့ ရပြီထင်တယ်။
ဖေဖေ့ အတွက် သားတက်နိုင်တဲ့ ဒီနေရာကနေ ပဲ အကောင်းဆုံး လုပ်ပေးလိုက်တာပါ။"

---------
ပုံပြင်မှ မှတ်သားဖွယ်ရာ - သင့်ဘ၀မှာ ကမ္ဘာလုံးရဲ့ ဘယ်နေရာမှာ သင်ရှိနေပါစေ ၊ သင့်နှလုံးသားထဲက နက်နက်နဲနဲ လုပ်ချင်တဲ့ ဆုံးဖြတ်ချက် တစ်ခု ရှိမယ်ဆိုရင် ၊ အခုဘဲလုပ်ဆောင်လိုက်ပါ ။



Tuesday, June 11, 2013

ဆရာဝန်နဲ့ သူ၏ လူနာများ



မနက်ခင်းလေး တစ်ခုမှာ ဆေးခန်းကို ကျောနာလို့ ရောက်လာတဲ့ လူနာတစ်ယောက်ကို
ဆရာဝန်က မေးပါတယ်။

"ခင်ဗျား ကျောက ဘယ်လိုကြောင့် နာရတာတုန်း ကို ခင်ဆွေ"

"ဆရာရယ်...ကျနော် ညဘက် အလုပ်လုပ်ရတယ်ဆိုတာ ဆရာသိပါတယ်။ မနက်ကပေါ့ဗျာ
အလုပ်က စောစောဆင်းလို့ အိမ်ပြန်ရောက်တယ်။ မိန်းမအိပ်နေတဲ့အခန်းမှာ အသံကြားတာနဲ့ 
ဟာ ဒါ မိန်းမနဲ့ တခြား တစ်ယောက် အတူတူ ရှိနေတာပဲ ဆိုပြီး အိမ်ပေါ်ပြေးတက်လာတော့
တစ်ယောက်မှ မရှိဘူး ။ ဒါပေမဲ့ ၀ရန်တာ အပြင်ဘက်ကို ကြည့်လိုက်တော့ အ၀တ်အစားဖို့ ယို့ ဖားယားနဲ့ 
လူတစ်ယောက် အားကုန် ပြေးနေတာမြင်တာနဲ့  တွေတဲ့ ရေခဲသေတ္တာ အသေးလေးနဲ့ ကောက်ပေါက်လိုက်တာ
အခုလို ကျောနာသွားရတာပဲ ဆရာရယ်...။ "

ဒါနဲ့ ဆေးပေးလိုက်ပြီး ..ဒုတိယ လူနာတစ်ယောက်ကိုခေါ်လိုက်ပါတယ်။

ဒုတိယ လူနာကြည့်ရတာ ကားတိုက်ခာံးရသလို ပါပဲ။ ဆရာဝန်က မေးလိုက်ပါတယ် ။

"ခုနက လူနာကို ကြည့်ရတာ ဆိုးတယ် ထင်နေတာ ခင်ဗျားက ပိုဆိုးနေပါလား
ဘယ်လို ဖြစ်တာတုန်း ဗျ.."

ဒုတိယ လူနာက.." ဆရာရယ် ကျနော် အခုတလော အလုပ်အကိုင်မဲ့ နေတယ်ဆိုတာ
ဆရာ သိပါတယ်။ ဒီနေ့ ဗျာ အလုပ်အသစ် ရလို့ ပထမဆုံး သွားရမဲ့ နေ့ ။ မေ့ပြီး နိုးစက် မလုပ်မိဘူး
ဒါနဲ့ နောက်ကျပြီဆိုပြီး အကျီတွေ ဘာတွေ ကောက်ဝတ်လို့ .. ပြေးထွက်လာတဲ့အချိန်မှာပဲ..
ဆရာ ယုံမလာတောင် မသိဘူး.. ပျံလာတဲ့ ရေခဲသေတ္တာကြီးနဲ့ ခိုက်မိတော့ အခုလို ဖြစ်တာပါပဲ.."

ဒီလိုနဲ့ ဆရာဝန်က ဆေးထည့်ပေးပြီး မကြာခင် တတိယ လူနာတစ်ယောက် ရောက်လာပါတယ်။

ဒီ လူနာကတော့ ခုနက လူနာနှစ်ယောက်ထက် အဆိုးဆုံးပါ ။ ဆရာဝန်က လုံးဝ မင်သက်သွားရပြီး
" ခင်ဗျား....ဘာ..ဖြစ်..လာ...တာ.. လဲ..."

"ကျနော် ရေခဲသေတ္တာထဲ ၀င်ထိုင်နေတုန်း..သုံးထပ်တိုက်ပေါ်ကနေ တစ်ယောက်ယောက်က
ပစ်ချလိုက်လို့ ပါ..ဆရာရယ်. T_T "

တိန်..!

သမိုင်းကြောင်းထဲက နာမည်ကြီး အွန်လိုင်း ရှော့ ပင်း amazon.com

Amazon.com

သူ့ နာမည်က Jett Bezos (ဂျက်ဘီဇာ့) ငယ်စဉ်ကထဲက စမတ်ကျကျနေတက်သူ တစ်ဦး ။ 
မိခင်ဖြစ်သူနဲ့  ပထွေးတို့ က ထက်မြတ်မည့် သူ တစ်ယောက်လို့  ရိပ်မိကြတဲ့ အတွက် ဥာဏ်ရည် ဥာဏ်သွေး ထက်မြတ်တဲ့ ကလေးများ ပရိုဂရမ် ကျောင်း တစ်ခုမှာ တက်ရောက် သင်ကြားစေခဲ့ တယ်။ ဂျက်ဟာ ၁၉၈၅ ခုနှစ်မှာပဲ အင်တာနက် နဲ့  ရင်းနှီးနေသူ တစ်ယောက် ဖြစ်ခဲ့တယ်။

ထိုခေတ် ကာလမှာ အင်တာနက်ကို အမေရိကန် စစ်တပ် အသိုင်းအ၀ိုင်း လောက်ပဲ အသုံးပြုနိုင်သေးပြီး အပြင်မှာ အင်တာနက်ကို ကိုင်တွယ် ဖူးသူ မဆိုထားနဲ့ ကြားဖူးသူဟု ဆို၍ပင် မဆိုသလောက်သာ ရှိသေးတဲ့ အချိန် ဖြစ်ပါတယ်။

Sunday, June 2, 2013

ရေခွက် တစ်ခွက်



Stress Management သင်တန်းတစ်ခုမှာ ဖြစ်ပါတယ်။ စိတ်ပညာကို အဓီက သင်ကြားပေးတဲ့
ဆရာမ ဖြစ်သူဟာ သင်ခန်းစာ တစ်ခု အနေနဲ့  ကျောင်းသားတွေကို မေးခွန်းတစ်ခု မေးလိုက်ပါတယ်။

ရေတစ်ဝက်ပဲ ရှိတဲ့ ဖန်ခွက်ကို မြောက်ပြပြီး ဒါ ဘယ်လောက်လေးမယ်ထင်သလဲတဲ့

သင်တန်းသား အများစုဟာ မိမိတို့ စိတ်ကူးရှိသလောက် ဖြေကြပါတယ်။
အမျိုးမျို အဖုံဖုံပါပဲ။

နောက်ဆုံးမှာ သင်တန်းဆရာမဟာ ...
အမှန်တော့ ဒါဟာ သူ့ အလေးချိန်ဘယ်လောက်ရှိသလဲ ဆိုတာက အရေးကြီးတာမဟုတ်ပါဘူး။
ဒီခွက်ကို ကိုင်ထားတဲ့ အချိန်ကြာမြင့်မှု သာ အရေးကြီးတာ ဖြစ်ပါတယ်။
အကယ်လို့ ဒီဖန်ခွက်ကို တစ်မိနစ်လောက် ကိုင်ထားမယ်ဆိုရင် ပြဿနာမရှိသေးပါဘူး။
တစ်နာရီလောက် ကိုင်ထားမယ် ဆိုရင် လက်မောင်းတွေ စတင် ကိုက်ခဲလာမှာ ဖြစ်ပါတယ်။
တစ်နေ့ လောက်သာ ကိုင်ထားရမယ်ဆိုရင် သေချာတယ် လက်တွေ ထုံကျင်ပြီး ညှောင်းညာနေမှာ ဖြစ်ပါတယ်။

ဒီဖန်ခွက်ကို ကိုင်ထားတဲ့ အခြေအနေတိုင်းမှာ ဖန်ခွက်အလေးချိန်က ပြောင်းမသွားပါဘူး။
ဒါပေမဲ့  ဘယ်လောက်အထိ ကိုင်ထားတဲ့ အချိန်ပေါ်မှာ မူတည်ပြီးသာ လေးလာတယ် ညှောင်းလာတယ် ဆိုပြီး ခံစားရတာ ဖြစ်ပါတယ်။

ဟုတ်ပါတယ်။ ကျွနိုပ်တို့  ဘ၀မှာ ရှိတဲ့ ယုံကြည်ချက်တစ်ခုမှာ ထားတဲ့ စိတ်ဖိဆီးမှုတွေနဲ့ ပူပန်မှုတွေဟာ ဒီဖန်ခွက်လိုပါပဲ။
စစခြင်းတုန်းကတော့ ကိုယ်ဘာမှ မခံစားရဘူးပေါ့။ နောက်တော့ နည်းနည်း ကြာလာတော့ ဒီအတွက် စတင်ပြီး နာကျင်မှုတွေ ခံစားလာရပြီ ။
ဒီလိုနဲ့ ရက်ပေါင်းများစွာ ရှည်လာတဲ့ အထိ ဆုပ်ကိုင်လာတဲ့ အခါ သင်တို့ ဟာ အားအင်တွေ လျော့စပြုလာပြီ ကြွက်သားတွေ လျှော့ရဲလာပြီ။

ဒီလို အခြေအနေမျိုးမှာ ဘာလုပ်ကြမလဲ...

"Remember to put the glass down"

Sunday, April 21, 2013

ထူးဆန်းတဲ့ အမွှာညီအစ်မ



တစ်ကမ္ဘာလုံးမှာ မျိုးပွားမှုရဲ့  ထူးခြားသဘာဝ အရ မွေးဖွားလာတဲ့ ကလေးငယ်များဟာ ကိုယ်ခန္တာ ဆက် အမွှာများ အနေနဲ့  ရှင်သန်လာကြတာ အများအပြား ရှိပါတယ်။း

အခုလည် ထူးဆန်းရှင်သန်မှု အနေနဲ့ မွေးဖွားကြီးပြင်လာခဲ့တဲ့ ..
ခေါင်းနှစ်လုံး ညီအစ်မ အကြောင်းကို မျှဝေလိုပါတယ်။

Abigail Loraine Hensel and Brittany Lee Hensel (born March 7, 1990)

ဟန်စဲလ် ညီအစ်မ ဟာ ခေါင်းနှစ်လုံး နဲ့ ကိုယ်တစ်ခုသာ ရှိတဲ့ ညီအစ်မ ဖြစ်ပါတယ်။ ခေါင်းနှစ်လုံး ဖြစ်နေတဲ့ ခန္တာ ကိုယ်မှာ အဆုတ် သုံးခြမ်း ၊ ကျောရိုး ၊ နှံရိုး နှစ်ခု ၊အသည်းတစ်ခု ၊ အစာအိမ် နှစ်ခု မျိုးပွားအင်္ဂါ် တစ်ခု
တို့ ဖြင့် အသက်ရှင် သန်လာရပါတယ်။

အင်္ဂါ အစိတ်အပိုင်း တစ်ချို့ ဟာ တစ်စုံထဲသာ ပါရှိသည့် အတွက် ဘယ်လိုမှ ခွဲစိတ်ဖို့ မဖြစ်နိုင်တဲ့  အနေအထား ဖြစ်ပါတယ်။ ဒီလိုနဲ့ အသက်ရှင်နေထိုင်ခဲ့တဲ့ နှစ် ၂၀ ကျော်ခဲ့ ပြီ ဖြစ်ပါတယ်။

ပျော်ပျော်နေတက်တယ်.. တစ်ဦးနဲ့ တစ်ဦး အလွန်ချစ်ကြပြီး ဆေးပညာအရ ဘယ်လိုမှ လွတ်လပ်စွာ အသက်ရှင်နေထိုင်ဖို့ ခက်ခဲတယ်လို့ ဆိုခဲ့ပေမဲ့.. ဒီညီအစ်မ နှစ်ယောက် ဟာ ထူးခြားစံပြ အမွှာများဖြစ်တယ်ဆိုတာ မလွဲနိုင်ပါဘူး ။


လင်းတန်ဆောင်

Friday, April 19, 2013

အလုပ်မှာ အတွေးအခေါ်နဲ့ စိတ်ဓာတ်ကို ဘယ်လိုမြင့်တင်ကြမလဲ




“Your attitude, not your aptitude, will determine your altitude.” ~ Zig Ziglar

လူသားတိုင်းမှာ မိမိ ရှင်သန်ကြီးပြင်းလာခဲ့ ရတဲ့ ဘ၀အပေါ်မူတည်ပြီး အတွေးအခေါ်နဲ့ စိတ်ဓာတ်တို့ ဟာ ပြောင်းလဲတက်ကြပါတယ်။

လူ့ ဘောင် အဖွဲ့ အစည်း တစ်ခုမှာ ကိုယ်ဟာ ၀င်ဆန့် ဖို့ လုပ်တော့မယ် ၊ လုပ်ငန်းဆောင်တာတွေကို ဆောင်ရွက်တော့မယ်ဆိုရင် အရင်ဆုံး ကိုယ်စတင်မည့် နေရာ ၊ ဒေသ ၊ လူမှုဆက်ဆံရေး စသဖြင့် ထိတွေ့ လေ့လာရတော့မှာ ဖြစ်ပါတယ်။

ဒီလို ဘ၀ အတွက် ရုန်းကန်ရတဲ့ အချိန်မှာ အတားအဆီးနဲ့ အခက်အခဲဆိုတာ အောင်မြင်မှု ဆိုတဲ့ အရာ မရောက်ခင် ကြိုရှိနေတက်တဲ့ ၀ိသေသများပဲ ဖြစ်ပါတယ်။ အခက်အခဲတွေ ကြုံလာပါပြီတဲ့ ကိုယ့် အနေနဲ့ ဘယ်လို ကျော်ဖြတ်နိုင်မလဲ..။ တစ်သက်လုံး သင်မကုန်တဲ့ သင်ခန်းစာတွေက လား ၊ လုပ်ကိုင်ဖော်များနဲ့ တိုင်ပင်မှု တွေနဲ့ လား ၊ ဒီအတိုင်း ဘာလာလာ ရင်ဆိုင်လိုက်မဟဲ့ ဆိုတဲ့ ခံယူချက်များနဲ့ လား.. လူသားတစ်ဦးချင်းစီ အပေါ် မူတည်ပြီး ကွဲပြားလာပါပြီ။

အရာအားလုံးကလည်း ဟတ်ချလောင်း ဆိုပြီး လိုတိုင်းတ ဖြစ်သွားမဲ့ ကိစ္စများ၊ အလွယ်တကူ ကျော်ဖြတ်နိုင်မဲ့ အတားအစီးများ မဟုတ်တော့ .. လူသားတိုင်း ရင်ဆိုင်ဖို့ မလွဲမသွေ ကြုံရမှာပါ။

ဘယ်လိုပြင်ဆင်ကြမလဲ..ဘယ်လိုကျော်ဖြတ်ကြမလဲ..?
ဒီမှာ မျှဝေပေးဖို့ နည်းလမ်းဆယ်ခုလောက်ကို ရွေးထားပါတယ်။ အမှန်တော့ လူတိုင်းနဲ့ ဆိုင်ပါတယ်။ အားလုံးလည်း လေ့လာပြီး လိုက်နာသင့်ပါတယ်။ ဒါက ကိုယ့်ဘ၀အတွက် အရည်အချင်း ကောင်းများ ပေါ်ထွက်လာဖို့  လမ်းကြောင်းတစ်ခုဆိုတာပါပဲ။

၁။ ကိုယ် လုပ်ကိုင်နေပုံများကို ပြန်လည် ဆန်းစစ်ပါ


ကိုယ်လုပ်ပြီးခဲ့ သမျှကို ပြန်လည် ဆန်းစစ်ကြည့်ပါ။ ကိုယ်တကယ် ဒီအလုပ်အတွက် အချိန်ပေးလုပ်ထားတာ ဘာအတွက်ဆိုတာ ရယ် ၊ ဘာကြောင့် လုပ်ရတယ်ဆိုတာရယ်ကို အလုပ်လုပ်တိုင်း ဆန်းစစ်ပါ။

၂။ အချိန် စီမံခန့် ခွဲထားတဲ့ ပုံကို ဆန်းစစ်ပါ။


တစ်နေ့ တာ လုပ်ပိုင်ခဲ့တဲ့ အချိန်ဇယားကို ပြန်ဆန်းစစ်ပါ။ ဦးစားပေးလုပ်ရတာတွေ ၊ မျှော်လင့်ချက် ကြီးကြီးမားမားနဲ့ လုပ်ခဲ့တာတွေ စသဖြင့် အချိန်ဘယ်လောက် အထိ သုံးခဲ့ ရတယ်ဆိုတာကို ဆန်းစစ်ရမှာပါ။

၃။ အေးချမ်းဆိတ်ငြိမ်တဲ့ အနားယူချိန်ကို ဖန်တီးပါ။

အလုပ်လုပ်ချိန်မှာ အလုပ်လုပ်ပြီး အနားယူသင့်တဲ့ အချိန် ၊ ထမင်းစား ၊ ကော်ဖီသောက်ချိန် စတာတွေကို တိတိကျကျ အချိန်ပေးပါ။ အလုပ်တွေချည်းပဲ စုလုပ်နေမယ်။ Break ပေးချိန်ကိုလည်း အလုပ်ချိန် အနေနဲ့ ပိုလုပ်မိတာမျိုးတော့ ကောင်းမွန်တဲ့ စိတ်အေးချမ်းမှုကို ရနိုင်မှာ မဟုတ်ပါဘူး။

၎။ ကိုယ် အကြောက်ဆုံးဖြစ်နေတဲ့ ကိစ္စများ နဲ့ ပတ်သတ်လာရင်။

လူတိုင်းမှာ ကိုယ်မလုပ်နိုင်ဘူး ထင်တဲ့ ၊ကိုယ်လုပ်ရမှာ ကြောက်လန့် နေမိတဲ့ (အလုပ်အကိုင်) တစ်ချို့ ကို တခြားရှုထောင့်ကနေ လေ့လာကြည့်ပါ။ ကိုယ်ဘာလို့ ကြောက်လန့် ရတဲ့ အထိ မလုပ်နိုင်သလဲဆိုတာမျိုးတွေပါ ။ မလုပ်နိုင်တာကို ပိုပြီး လေ့လာဖို့ လိုပါတယ်။

၅။ မနက်စောစောထပါ။


မနက်စောစော ထပါ။ အရင်က ထချိန်ထက် မိနစ် သုံးဆယ်လောက် ကြိုစောပြီး ထကြည့်ပါ။ အထူးသဖြင့် ရုံးတက်ရမဲ့ နေ့ များဖြစ်တဲ့ တနင်္လာနေ့ ကနေ သောကြ်ာနေ့ အထိ ကြိုးစားပြီး စောစော ထကြည့်ပါ ။ တစ်နေ့ လုံး သက်သောင့်သက်သာနဲ့ 
နေထိုင်ကောင်းနေတာကို ခံစားရမှာပါ။

၆။ နံနက်စာ ကို မမေ့မလျော့စားပါ။

နံနက်စာကို စားလိုက်ခြင်းက တစ်နေ့ တာအတွက် အကောင်းဆုံး လောင်စာကို ဖြည့်ပေးလိုက်တာပဲလို့  မှတ်ယူရပါမယ်။ နံနက်စာက အလုပ်မှာ တစ်နေကုန် လန်းဆန်းတက်ကြွမှုကို ဖြည့်ဆည်းပေးနိုင်ပါတယ်။

၇။ လူတွေနဲ့ ဆက်သွယ်ပါ ။


သင့်ကို အလုပ် အလုပ် ဆိုတဲ့ ကမ္ဘာကြီးကနေ အားလပ်ချိန်တွေမှာ အချိန်ဖြုန်းပေးနိုင်မဲ့ သူတွေကို ဆက်သွယ်ပါ။ သင်နဲ့ အတူ အပြင်ထွက်ဖို့ နှစ်ခါ မခေါ်ရတဲ့ သူတွေကိုပေါ့ ။

၈။ ပျော်စရာ နေ့ ရက်တွေကို ပြုလုပ်ရပါမယ်။


တနင်္လာကစလို့ သောကြ်ာနေ့ အထိ ပျော်စရာနေ့ ရက်တွေ ဖြစ်အောင် ဖန်တီးပါ ။ အဓီက က အလုပ်လုပ်ရတာ ပျော်တယ်ဆိုတာမျိုးပါ။ ဒါမှ အားလပ်ရက်များမှာ တကယ် တက်ကြွတဲ့ အချိန်ကောင်းလေးတွေကို ပိုင်ဆိုင်ရမှာပါ။

၉။ ကောင်းသတင်းတွေကိုသာ ဖတ်ပါ။

စိတ်ညစ်စရာ ၊ စိတ်ပျက်စရာ သတင်း အချက်အလက် များကို ဆိုရှယ်နက်ဝေါ့ သုံးပြီး ဖတ်ရှုခြင်း လေ့လာခြင်းကို ရှောင်ပါ။ ကလစ်တောင် မလုပ်မိပါစေနဲ့ ။ ဒီအစား သင်ကြိုက်တဲ့ ၊ ၀ါသနာပါတဲ့ အကြောင်းအရာများကို လေ့လာပါ။ သီချင်း ကောင်းလေးတွေကို နားထောင်ပါ။

၁၀ ။ မိမိကိုယ်ကိုယ် ဆင်မြန်းပေးပါ ။

အ၀တ်အစားကို အကောင်းစားကြီး မဟုတ်ရင်တောင် သန့် သန့် ပြန့် ပြန့် နဲ့ ကြည့်ပျော်ရှု ပျော်ရှိ စေမဲ့ ၀တ်စားဆင်ယင်မှု ဖြစ်သင့်ပါတယ်။ ၀တ်စားဆင်ယင်မှု ဟာ မိမိကိုယ်ကိုယ် အရည်အချင်းမြင့်တင်ပေးနိုင်တဲ့ အပြင် ကိုယ့်ကိုယ် ယုံကြည်မှုလည်း တိုးစေတယ်ဆိုတာ လက်ခံရမှာ ဖြစ်ပါတယ်။

တစ်ချို့ အချိန်တွေမှာ ကျနော်တို့ ဟာ ကိုယ့်အကျင့်စရိုက် တစ်ချို့ ကို လှုပ်ရမ်းခါပစ်ရပါမယ်။ မကောင်းဘူး ထင်ရတဲ့ အကျင့်တစ်ခုကို ဖျောက်ပြီး ကောင်းမွန်တဲ့ အကျင့်တစ်ခုကို တည်ဆောက်ကြည့်ပါ။

ပရော်ဖက်ရှင်နယ် အောင်မြင်မှု တစ်ခုရဲ့ သော့ချက်က ကိုယ်ရေးကိုယ်တာ နဲ့ သက်မွေးမှု ကို ထပ်တူ ကျ တိုးတက်အောင် ပြုလုပ်ခြင်း ပဲ ဖြစ်ပါတယ်။ သင့်ရဲ့ အောင်မြင်မှု နဲ့ ပျော်ရွင်မှုဟာ အလုပ်ထဲမှာတင်မဟုတ်ဘဲ အပြင်မှာပါ မိမိကိုယ်ကိုယ် တည်ငြိမ်အောင် ထိန်းသိမ်းနိုင်ခြင်းပါပဲ။ သင့်ရဲ့ အတွေးအခေါ်နဲ့ စိတ်ဓာတ်ကို သင့်နှလုံးသားက ခိုင်းစေမှု အတိုင်း အခုမှစပြီး လိုက်လျောပေးလိုက်ပါ။

မိတ်ဆွေတို့ အောင်မြင်မှုများအတွက် ရေရှည်မှာ ကြီးမားတဲ့ အခွင့်အလမ်းများ ဖြစ်ပေါ်လာစေဖို့  အခုကထဲက ဆောင်ရွက်ပါတော့။


လင်းတန်ဆောင်
19.4.2013 ( 12:20 ) AM

" ၀ါရင့် အီးနံ့ ရှုသူများ ၀င်ငွေကောင်းနေ"

သူများ လေလည်တာကို ရှုတာ ပိုက်ဆံအများကြီး ရတယ်ဆိုရင် ဟားရယ်မိလေးမလား..? တကယ် လေလည်တာ ရှုပြီး ၀င်ငွေ ကောင်းနေတဲ့သူတွေ ရှိတယ်ဆိုတာလေး လက်တို့ ချင်လို့ ပါ ။

တရုတ်ပြည်မှာ တကယ်ဝင်ငွေ ကောင်းနေတဲ့ အလုပ်ဖြစ်ပြီး ၀ါရင့် အီးနံ့ ရှု ပညာရှင် တစ်ယောက်ရဲ့ တစ်နှစ်လုပ်အားခက ပျဉ်းမျှကို ပေါင် ၃၁၀၀၀ မျှရပါတယ် ။

ဒါကို ဖတ်ပြီး တကယ်ကို တွန့် သွားမလား.. ဟုတ်လို့ လားဆိုပြီး အံ့သြသွားမလား...မျက်လုံးပင့်မိမလား... တစ်ခုခုလုပ်မိတယ်ဆိုရင်လည်း ဆက်ဖတ်သွားပါအုံးလေ ။


တရုတ်သတင်းဌာနတစ်ခု ရဲ့ ဖော်ပြချက် အရ အမိုက်ဆုံးအလုပ်နဲ့ 
ရုပ်ပိုင်းဆိုင်ရာ ကျန်းမာရေး အတွက် လူတွေရဲ့  လေလည်တဲ့ 
အနံ့ ကို ရှုပြီး ကျန်းမာရေး စစ်ဆေးပေးတဲ့ အလုပ်တစ်ခုလို့ ဆိုပါတယ် ။

လာရောက်စစ်ဆေးတဲ့ သူတွေ လေလည်လိုက်တဲ့ အခါ ထိုအနံကို ပညာရှင်မှ ရှုရှိုက်ပြီး .. အစာအိမ် နဲ့ အူလမ်းကြောင်းမှာ ရောဂါပိုးမွှားတွေ ရှိနေသလား..? အစာလမ်းကြောင်း ကောင်းမကောင်း ..? ကိုယ်တွင်း ရောဂါများအကြောင်းကို လေလည်လိုက်တဲ့ အနံ့ ကနေ စစ်ဆေးရပါတယ် ။

နောက်ဆုံး ကိုယ်လေလည်လိုက်တဲ့ အနံ့ ဟာ ကြက်သွန်ဖြူနံ့ လိုဖြစ်ဖြစ် ၊ ကြက်သွန်မိတ်နံ့ လို ဖြစ်ဖြစ် ပညာရှင်မှ ဆန်းစစ်ပေးပြီး မိမိစားတဲ့ အစားအသောက် နဲ့ ပတ်သတ်ပြီး မိမိကိုယ်မှာ ဘယ်ဓာတ်တွေများနေတယ်၊ လိုနေတယ် ဆိုတာနဲ့ 
ဆောင်ရန် ရှောင်ရန်များကိုပါ ထည့်သွင်း အကြံပြု ပြောကြားပေးတာ ဖြစ်ပါတယ် ။

အသံကြားရတာတော့ တကယ်ကသိကအောင့်နိုင်တဲ့ အလုပ်ဖြစ်နေမဲ့ 
တစ်ဖက်မှာလည်း ၀င်ငွေကောင်းတဲ့ အလုပ်ဆိုတာ ငြင်းလို့ မရပါဘူး ။
ကဲ ဒီလောက်ဆိုရင် သင်လည်း မိမိ နှာခေါင်း အာရုံခံကောင်းပြီး အနံ့ ခံရုံနဲ့  ၀င်ငွေကောင်းတာ ကြိုက်တယ်ဆိုရင် ဒီလိုအလုပ်မျိုးရှိနေတယ် ဆိုတာကိုလည်း ထည့်သွင်း စဉ်းစားဖို့ အကြံပေးပါရစေ ။


ref ;gizmodo
Lynn Ta Zaung<>လင်းတန်ဆောင်

နွားရိုင်းသတ်ပွဲတော် ဆန့် ကျင်ရေး ကန်ပိန်း

- မက်စီကိုမြို့ တော်မှာ ပြုလုပ်လေ့ ရှိတဲ့ နွားရိုင်းသတ်ပွဲတော် ကို တိရိစ္ဆာန် ညင်းပမ်းမှု တားဆီးသော အနေဖြင့် ၊
တိရိစ္ဆာန် အရေးလုပ်ရှားသူများ ပါဝင်သော ဆန္ဒပြပွဲ ပါဖောမန့် တစ်ခုကို ပြီးခဲ့တဲ့ ပိတ်ရက်တုန်းက မက်စီကိုလမ်း တစ်နေရာမှာ ပြုလုပ်ခဲ့ပါတယ် ။

ဆန္ဒပြပွဲတွင် တက်ကြွလှုပ်ရှားသူ အယောက် ၂၀၀ ကျော်ခန့် ရှိပြီး ၊ မိမိတို့ အကျီများကို ချွတ်ကာ
 သွေးအတုများလောင်းချပြီး အသားကင်သော တုတ်တံဖြင့် နွားရိုင်းများကို ထိုးသော လှံပမာ ပြုလုပ် တပ်ဆင်ခဲ့ ကြပါတယ် ။



ဒီဆန္ဒပြပွဲကို ဦးဆောင်သူများကတော့ AnimaNaturalis လို့ အမည်ရတဲ့ တိရစ္ဆာန် အရေးပါဝင်သူများ အဖွဲ့ မှ ဖြစ်ပါတယ် ။
ဒီဆန္ဒပြပွဲကတော့ နွားသတ်ပွဲနဲ့  ပတ်သတ်ပြီး ဆန့် ကျင်တဲ့ အကြီးကျယ်ဆုံး တစ်ခု ဖြစ်တယ်လို့ လည်း ဆိုပါတယ် ။

ဦးဆောင်သူ တစ်ယောက်က ဒီဆန္ဒပြပွဲရဲ့ ရည်ရွယ်ချက်က နိုင်ငံရေး အခန်းကဏ္ဍတစ်ခုမှာ ဒီဆိုးရွားမှုတစ်ခုကို
သိသိသာသာမြင်စေဖို့  ၊ မီဒီယာကနေ ဒီလို တိရိစ္ဆာန်များကို ဆိုးဆိုးဝါးဝါးညင်းပမ်းနိုပ်စက်ပြီး သတ်ဖြတ်နေတာတွေကို
ရပ်တန့် စေနိုင်ဖို့ ရည်ရွယ်ထားတယ် လို့  သိရပါတယ် ။

ဒီနွားရိုင်းသတ်ပွဲမှာ တစ်နှစ်ကို နွားပေါင်း ကိုးထောင်ခန့်  သတ်ဖြတ်ခံနေရတယ်လို့  မှတ်တမ်းများ အရ သိရပါတယ်။
မက်စီကိုရဲ့  နွားရိုင်းသတ်ပွဲ ဓလေ့ ဟာ လွန်ခဲ့ တဲ့ ၁၆ရာစုလောက်ကထဲက စတင်ခဲ့ တာလို့ လည်း သိရပါတယ် ။

ဒီဖော်ပြထားတဲ့ ဓာတ်ပုံများကို ကြည့်ရင်တော့ AnimaNaturalis အဖွဲ့ ရဲ့ ထူးခြားတဲ့ ပါဖောမန့် များကို တွေ့ ရမှာဖြစ်ပါတယ် ။

Ref;worldcrunch

Fred Rangoon. Powered by Blogger.

Life always goes on

About Me

Fred Rangoon

Alis - Freddy

Blogger , Writer ,Techie , Digital Marketer ,
Freelance Graphic Designer , Photographer
Traveller , Marketing Consultant , Idea Creator, Learner .
and Home-made chef

Contact : tazaung.pr@gmail.com

Search This Blog

Blog Archive

Labels List Numbered

Instagram

recent posts

Pages

Follow us

Photo Profile
Taylor Wong Architecture Designer

The Japanese call it Hanakotoba, and King Charles II brought it to Sweden from Persia in the 17th century. Read More

Popular Gallery