Saturday, February 18, 2017
စားမယ်..ဝါးမယ်.. ဟိုချီမင်းမှာကွယ်
ဟိုချီမင်း ( Saigon ) ဟာ ကိုယ့်အမြင်မှာ ဆိုင်ကယ်တွေနဲ့ ယာဉ်ကြော တော်တော်ရှုပ်တဲ့ မြို့  ၊ အမြဲတမ်း အလုပ်ရှုပ်နေတဲ့ မြို့  ၊ လမ်းတိုင်းမှာ စားစရာ ဆိုင်တိုင်းလိုလို တွေ့ ရတဲ့ မြို့ .. ပြီးတော့ စားစရာတွေလည်း ကောင်းတဲ့ မြို့ လို့  မြင်တယ်လေ။
ဗီယက်နမ်ဆိုတာနဲ့  ကိုယ့်မျက်လုံးထဲမှာ အရင်ဆုံး ပြေးမြင်လိုက်တာက ကော်ဖီနဲ့  စားစရာတွေပါ ။ ဟိုရောက်ရင် ဘယ်သွားမယ်.. ဘာလုပ်မယ်.. ဆိုတာက တစ်ပိုင်းထား ။ သူများနိုင်ငံရောက်တုန်းမှာ သူတို့  ယဉ်ကျေးမှုကို လေ့လာဖို့ အနီးစပ်ဆုံးက သူတို့ စားတဲ့ အစားအစာနဲ့ စားသုံးပုံတွေမှာပါ။
ကိုယ်အထင်ကလည်း နိုင်ငံတနိုင်ငံရဲ့ ယဉ်ကျေးမှုကို လေ့လာမယ် ဆိုရင် သူတို့ နိုင်ငံက ဆောက်ထားတဲ့ လမ်းပန်းတံတား မိုးမျှော် အဆောက်အဦးတွေထက် သူတို့ ရဲ့ ရိုးရာ အစားအစာတွေ အရသာတွေ နေထိုင်ပုံတွေကို လေ့လာတာက ပိုပြီး နီးစပ်မယ်လို့ ထင်မိတယ်လေ။
ကိုယ်အထင်ကလည်း နိုင်ငံတနိုင်ငံရဲ့ ယဉ်ကျေးမှုကို လေ့လာမယ် ဆိုရင် သူတို့ နိုင်ငံက ဆောက်ထားတဲ့ လမ်းပန်းတံတား မိုးမျှော် အဆောက်အဦးတွေထက် သူတို့ ရဲ့ ရိုးရာ အစားအစာတွေ အရသာတွေ နေထိုင်ပုံတွေကို လေ့လာတာက ပိုပြီး နီးစပ်မယ်လို့ ထင်မိတယ်လေ။
ဥပမာ ။ ။ ကိုယ်တွေ နိုင်ငံမှာ ဆိုရင် တိုင်းရင်းသားတွေလည်း စုံတော့ ဘယ်တိုင်းရင်းသားကတော့ဖြင့် ဘယ်လိုမျိုးစားတယ်။ အချို အငံ အဆီ အနည်းအများ ။ ကချင်စာ ဆိုရင် ဘယ်လို ၊ ရှမ်းစာ ဆိုရင် ဘယ်လို စသဖြင့် အစားအစာကို စားကြည့်ပြီး ယဉ်ကျေးမှု နေထိုင်မှုကိုပါ လေ့လာနိုင်တာမျိုးပေါ့။
အခု ကိုယ်ရောက်ခဲ့တဲ့ အချိန်လေးမှာပဲ.. ဟိုချီမင် မြို့ ခံ သူငယ်ချင်း ကောင်းမှုနဲ့  စားချင်တာလေးတွေစားခဲ့ရလို့  ဘော်ဒါတို့ ကို ဝေမျှပါရစေလား ။
ဟိုချီမင်း က ဗီယက်နမ်ရဲ့  မြို့ကြီးထဲက တစ်မြို့ ဖြစ်ပြီး ကိုယ်တွေဆီမှာ ဆိုရင် မန္တလေးလိုမြို့ လိုမျိုးပါ။
ဆိုင်ကယ်တွေ တအားပေါပြီး ။ လူတိုင်းလိုလို ဆိုင်ကယ်စီးကြပါတယ်။ ကားကလည်း မြို့ပတ်ကား နဲ့ အငှားကားလောက်က လွဲရင် ကိုယ်ပိုင်ကား နည်းပါတယ်။ ဘာလို့ လဲဆိုတော့ ဆိုင်ကယ်နဲ့ ဆိုရင် ဝီးခနဲ မောင်းသွားပြီး ထားစရာနေရာ အခက်အခဲလည်း နည်းလို့ ထင်ပါတယ် ။ ပြဿနာ တစ်ခုကတော့ ဆိုင်ကယ် Traffic လို့  ဆိုရမလား.. တစ်မြို့လုံး ဆိုင်ကယ်တွေချည်းနဲ့ ပိတ်နေတာပါပဲ။
ရာသီဥတု အနေနဲ့ဆိုရင်လည်း အခုလို ရာသီ ( ရန်ကုန်မှာ မဆိုရုံအေးတဲ့အချိန်) မှာတောင် ပူအိုက်အိုက်နိုင်လှပါတယ်။ ဒီတော့ အတိုလေးတွေပဲ ဝတ်ကြတာများပါတယ်။ ကဲ.. မိတ်ဆက်တာလေးတွေ ခဏထားပြီး စားစရာ အကြောင်းရှေ့ ဆက်အုံးစို့ ။
ဗီယက်နမ်ဆိုတာ ကမ္ဘာ့အကောင်းဆုံး ကော်ဖီ ရတဲ့ နေရာ ဆိုပြီး နာမည်လည်း ကြီးတာကို ။ ပြီးတော့ ကိုယ်ကလည်း ကော်ဖီသရဲလေ ။ ဒါကြောင့် စရောက်ရောက်ချင်းမှာပဲ ဘော်ဒါက ဘာစားချင်လဲ ဘာလုပ်ချင်လဲ မေးတော့.. ငါ့ကို ဗီယက်နမ်ကော်ဖီ တိုက်ပါ။ မင်းတို့ ဗီယက်နမ် ကော်ဖီကောင်းတယ် ကြားတယ် ပြောတော့။ ပထမဆုံး ခေါ်သွားတာက ....
ဆိုင်ကယ်တွေ တအားပေါပြီး ။ လူတိုင်းလိုလို ဆိုင်ကယ်စီးကြပါတယ်။ ကားကလည်း မြို့ပတ်ကား နဲ့ အငှားကားလောက်က လွဲရင် ကိုယ်ပိုင်ကား နည်းပါတယ်။ ဘာလို့ လဲဆိုတော့ ဆိုင်ကယ်နဲ့ ဆိုရင် ဝီးခနဲ မောင်းသွားပြီး ထားစရာနေရာ အခက်အခဲလည်း နည်းလို့ ထင်ပါတယ် ။ ပြဿနာ တစ်ခုကတော့ ဆိုင်ကယ် Traffic လို့  ဆိုရမလား.. တစ်မြို့လုံး ဆိုင်ကယ်တွေချည်းနဲ့ ပိတ်နေတာပါပဲ။
ရာသီဥတု အနေနဲ့ဆိုရင်လည်း အခုလို ရာသီ ( ရန်ကုန်မှာ မဆိုရုံအေးတဲ့အချိန်) မှာတောင် ပူအိုက်အိုက်နိုင်လှပါတယ
ဗီယက်နမ်ဆိုတာ ကမ္ဘာ့အကောင်းဆုံး ကော်ဖီ ရတဲ့ နေရာ ဆိုပြီး နာမည်လည်း ကြီးတာကို ။ ပြီးတော့ ကိုယ်ကလည်း ကော်ဖီသရဲလေ ။ ဒါကြောင့် စရောက်ရောက်ချင်းမှာပဲ ဘော်ဒါက ဘာစားချင်လဲ ဘာလုပ်ချင်လဲ မေးတော့.. ငါ့ကို ဗီယက်နမ်ကော်ဖီ တိုက်ပါ။ မင်းတို့ ဗီယက်နမ် ကော်ဖီကောင်းတယ် ကြားတယ် ပြောတော့။ ပထမဆုံး ခေါ်သွားတာက ....
Vietnam Coffee Drip @Trung Nguyen Cafe
ကဲ.. ဒီကော်ဖီသောက်ချင်လွန်းလို့ ရယ်.. ဒီဆိုင်လေးက သိပ်ခေတ်စားတာ မကြာသေးဘူး ဆိုတာ ကြောင့်ရယ် ရောက်သွားတာ။ ကော်ဖီဆိုင်လေးက သဲအပြည့်ခင်းထားတဲ့ အခန်းမှာ လုပ်ထားတယ် ဆိုရင် အံ့များ သြလေမလားပဲ။ တကယ်ပါ။ မှန်ကာထားတဲ့ ကော်ဖီဆိုင်မှာ အဲကွန်းလေးနဲ့ ထိုင်ပြီး ဖိနပ်ချွတ်ထားတဲ့ ခြေထောက်ကို သဲမှာ နစ်ပြီး Drip Coffee သောက်ရတဲ့ အရသာ ဆိုတာလေ.. ။
ကဲ.. ဒီကော်ဖီသောက်ချင်လွန်းလို
This is A must ပါ။ ကိုယ်တော့ နေရာ အသိအချာမသိဘူး။ Ho Chi Min Youth Center နားမှာပဲ ။
Saigon မြစ်နားမှာ Saigon ကော်ဖီသောက်မယ်။
Saigon Cafe ဆိုတာကတော့ Ho Chi Min မှာ နေရာတိုင်းလိုလို ရှိတဲ့ ကော်ဖီဆိုင်ပါပဲ ။ ကိုယ်တွေမြစ်ကမ်းဘေးကို သွားတော့ လေညှင်းလေးခံတော့ ကော်ဖီသောက်ချင်လာတယ်။ ဒါနဲ့ အဲ့ဒီ မြစ်ကမ်းနားမှာပဲ Saigon ကော်ဖီဆိုင် ရှိပါတယ်။ ထိုင်တော့မသောက်နဲ့  ယူသွားပြီး ကမ်းနားလမ်းလေးမှာ လမ်းလျှောက်သောက် လေလည်း တဖြူးဖြူးနဲ့ ရှယ်ပဲမောင်။ သောက်ရင်းလမ်းလျှောက်ရလို့ ဘယ်လိုကုန်သွားမှန်းတောင် မသိခဲ့။
Saigon Cafe ဆိုတာကတော့ Ho Chi Min မှာ နေရာတိုင်းလိုလို ရှိတဲ့ ကော်ဖီဆိုင်ပါပဲ ။ ကိုယ်တွေမြစ်ကမ်းဘေးကို သွားတော့ လေညှင်းလေးခံတော့ ကော်ဖီသောက်ချင်လာတယ်။ ဒါနဲ့ အဲ့ဒီ မြစ်ကမ်းနားမှာပဲ Saigon ကော်ဖီဆိုင် ရှိပါတယ်။ ထိုင်တော့မသောက်နဲ့  ယူသွားပြီး ကမ်းနားလမ်းလေးမှာ လမ်းလျှောက်သောက် လေလည်း တဖြူးဖြူးနဲ့ ရှယ်ပဲမောင်။ သောက်ရင်းလမ်းလျှောက်ရလို့ ဘယ်လိုကုန်သွားမှန်းတောင
Fruit Bowl @ Red Apple
ဒါကတော့ Red Apple ဆိုတဲ့ လမ်းဘေးဆိုင်လေးမှာ ထိုင်စားခဲ့တဲ့ သီးစုံရေခဲသုပ်ပါ။ သရက်သီး ၊ ပိန္ဒဲသီး ၊ ကီဝီ ၊ စပျစ် ၊ တယ်သီး ၊ သမင်မျက်လုံး( နှင်းသီး) ၊ ဂျယ်လီ စတာလေးတွေရဲ့ အပေါ်မှာ ဒိန်ချဉ်အခဲလေး တင်ထားပေးတယ်။ ရေခဲကို ခွဲပြီးသား အမှုန့် လေးတွေ ပန်းကန်တစ်ခုနဲ့ ထပ်ချပေးတယ်။ စားရတာ တော်တော်လတ်ဆတ်တယ်။ ရေခဲကလည်း လိုသလောက်ပဲ ထည့်ဆိုတော့ ကိုယ့်စိတ်ကြိုက် ထည့်စားပေါ့ ။ လူငယ်တွေ တော်တော်များများ လာစားတာ တွေ့ တယ်။
ဒါကတော့ Red Apple ဆိုတဲ့ လမ်းဘေးဆိုင်လေးမှာ ထိုင်စားခဲ့တဲ့ သီးစုံရေခဲသုပ်ပါ။ သရက်သီး ၊ ပိန္ဒဲသီး ၊ ကီဝီ ၊ စပျစ် ၊ တယ်သီး ၊ သမင်မျက်လုံး( နှင်းသီး) ၊ ဂျယ်လီ စတာလေးတွေရဲ့ အပေါ်မှာ ဒိန်ချဉ်အခဲလေး တင်ထားပေးတယ်။ ရေခဲကို ခွဲပြီးသား အမှုန့် လေးတွေ ပန်းကန်တစ်ခုနဲ့ ထပ်ချပေးတယ်။ စားရတာ တော်တော်လတ်ဆတ်တယ်။ ရေခဲကလည်း လိုသလောက်ပဲ ထည့်ဆိုတော့ ကိုယ့်စိတ်ကြိုက် ထည့်စားပေါ့ ။ လူငယ်တွေ တော်တော်များများ လာစားတာ တွေ့ တယ်။
Bun Cha - အိုဘားမား ဗျက်နမ်မှာ စားခဲ့တဲ့ အစားအစာ
လိုင်းပေါ်မှာ တော်တော်လေး နာမည်ကြီးခဲ့တဲ့ ဗျက်နမ်အစားအစာလေးပေါ့။ အိုဘားမား ဟနွိုင်းလမ်းဘေးက ဆိုင်လေး တစ်ဆိုင်မှာ စားခဲ့တာ ဆိုပြီး နာမည်ကြီးခဲ့တာလေး ။ သူက ဘာလဲဆိုတော့ ဝက်သားကင်ထားတာကို သင်္ဘောသီးအစိမ်းကို အချိုရည်နဲ့ စိမ်းထားတဲ့ ဟာလေး ပြီးတော့ ဘေးမှာ မုန့်ဟင်းခါးလို ခေါက်ဆွဲအဖက်တွေပါတယ်။ အဲ့ဒါကိုမှ ပေးထားတဲ့ အရွက်တွေနဲ့ ရောစားရတာ ။ စားရတာ တော်တော်အရသာရှိတယ်။ ခေါက်ဆွဲလို့  ပြောပေမဲ့ သူက ဟိုဟာလေး ဒီဟာလေး စပ်ပြီး ထည့်စားရတာ ဆိုတော့ ကိုရီးယားဝက်သားကင်စားတဲ့ ပုံစံလိုပဲ အရွက်တွေ အသားတွေ ထည့်ပြီး သွင်းရတာမျိုးပါ။
လိုင်းပေါ်မှာ တော်တော်လေး နာမည်ကြီးခဲ့တဲ့ ဗျက်နမ်အစားအစာလေးပေါ့။ အိုဘားမား ဟနွိုင်းလမ်းဘေးက ဆိုင်လေး တစ်ဆိုင်မှာ စားခဲ့တာ ဆိုပြီး နာမည်ကြီးခဲ့တာလေး ။ သူက ဘာလဲဆိုတော့ ဝက်သားကင်ထားတာကို သင်္ဘောသီးအစိမ်းကို အချိုရည်နဲ့ စိမ်းထားတဲ့ ဟာလေး ပြီးတော့ ဘေးမှာ မုန့်ဟင်းခါးလို ခေါက်ဆွဲအဖက်တွေပါတယ်။ အဲ့ဒါကိုမှ ပေးထားတဲ့ အရွက်တွေနဲ့ ရောစားရတာ ။ စားရတာ တော်တော်အရသာရှိတယ်။ ခေါက်ဆွဲလို့  ပြောပေမဲ့ သူက ဟိုဟာလေး ဒီဟာလေး စပ်ပြီး ထည့်စားရတာ ဆိုတော့ ကိုရီးယားဝက်သားကင်စားတဲ့ ပုံစံလိုပဲ အရွက်တွေ အသားတွေ ထည့်ပြီး သွင်းရတာမျိုးပါ။
Bahn Mi - ဗီယက်နမ် အသားညှပ်ပေါင်မုန့် 
သူကတော့ အသားညှပ်ပေါင်မုန့် လိုပါပဲ ။ အဲ့ ဒါပေမဲ့ ထူးခြားတာ တစ်ခုက သူ့ ထည့်ပေးတဲ့ အချဉ်ရည် ခေါ်မလား ။ အသားအနှစ်ရည် ခေါ်မလား ။ ချိုသလိုတော့ ရှိတယ်။ အဲ့ဒါကို နံနံပင်တို့ သခွားသီးတို့  အသားတို့  ထည့်ထားပေးတဲ့ အသားညှပ်ပေါင်မုန့် မှာ ဆမ်းစားရတာ ..တော်တော်ကောင်းပေါ့။ ( အိမ်ကျရင် လုပ်စားရမယ်
:P )
သူကတော့ အသားညှပ်ပေါင်မုန့် လိုပါပဲ ။ အဲ့ ဒါပေမဲ့ ထူးခြားတာ တစ်ခုက သူ့ ထည့်ပေးတဲ့ အချဉ်ရည် ခေါ်မလား ။ အသားအနှစ်ရည် ခေါ်မလား ။ ချိုသလိုတော့ ရှိတယ်။ အဲ့ဒါကို နံနံပင်တို့ သခွားသီးတို့  အသားတို့  ထည့်ထားပေးတဲ့ အသားညှပ်ပေါင်မုန့် မှာ ဆမ်းစားရတာ ..တော်တော်ကောင်းပေါ့။ ( အိမ်ကျရင် လုပ်စားရမယ်
Spring Roll
ဗီယက်နမ် ကော်ပြန်လိပ်ကတော့ နာမည်ကြီးပေါ့နော်။ သူက အထဲမှာ အရွက်တွေ အစုံပဲ ပုစွန်နဲ့ ထည့်လိပ်ထားတာ။ အဲ့ဒါလေးကို မြေပဲထောင်းနဲ့ လုပ်ထားတဲ့ ဆော့အချိုနဲ့ တို့ စားဖို့ လုပ်ထားပေးတယ်။ စားကြည့်တော့ အထဲက အရွက်တွေထဲမှာ ဘာပါလဲတော့ မသိဘုူး ။ ပူရှိန်းလေး ဖြစ်နေသေးတယ်။ ကြက်သွန်မြိတ်လည်း ပါတယ်။တစ်ခုကို လေးကိုက်လောက်တော့ စားရပါတယ်။
Fried Spring Roll
ဗီယက်နမ် ကော်ပြန့် မှာပဲထပ်ပြီး ကြော်ထားတဲ့ သဘောပါ။ ပေးထားတဲ့ အရွက်တွေနဲ့ အတူတူ စားရပါတယ်တဲ့ ။ မဟုတ်ရင် ဒါ ဗီယက်နမ်စာ စားတယ်လို့ ဆိုလို့ မရဘူးလို့  ဆိုနိုင်တယ်။
Hu Tiu
သူကတော့ ကိုယ်တွေဆီမှာ ဆိုရင် ရှမ်းခေါက်ဆွဲလို ခေါက်ဆွဲအသားကို အသားစွပ်ပြုတ်ရည်နဲ့ ထည့်ပေးတာ ။ ကြက်သားတုံးလေးတွေပါတယ်။ သူတို့ ခေါက်ဆွဲစားရင် ထည့်စားတဲ့ အရွက်လေးတွေ ထည့်စားရတယ်။ အစပ်အပေါ့ အငံကတော့ ကိုယ့်အတွက် အနေတော်ပဲ။ ပေါ့ရင်တော့ ငံပြာရည် ဘူး ထားထားပေးတယ်။ ကြိုက်သလို ထည့်စားရတယ်။
Banh Canh
မြီးရှည်ခေါက်ဆွဲလိုပါပဲ ။ ခုနကလိုပဲ အသားပြုရည်ရယ် အသားတွေရယ် ထည့်ထားပေးတာ။ ပြီးတော့ တိုဟူးလေးတွေပါတယ်။ အရသာကတော့ အသားပြုတ်ရည်ကြောင့်ထင်တယ် ချိုပြီး ခံတွင်းမြိန်တယ်။
မြီးရှည်ခေါက်ဆွဲလိုပါပဲ ။ ခုနကလိုပဲ အသားပြုရည်ရယ် အသားတွေရယ် ထည့်ထားပေးတာ။ ပြီးတော့ တိုဟူးလေးတွေပါတယ်။ အရသာကတော့ အသားပြုတ်ရည်ကြောင့်ထင်တယ် ချိုပြီး ခံတွင်းမြိန်တယ်။
Pho - ဖာ(လ်) @Pho Hoa Pastuer
ကဲ.. ဗီယက်နမ် က မြို့  တစ်ခုကို ရောက်မှတော့ ဒါလေးမစားခဲ့ရင် Mission Complete ဖြစ်ခဲ့တယ်လို့  ဆိုလို့ မရဘူး လို့  ပြောလို့ ရတယ်။ သူက ဗီယက်နမ် အမဲသား ခေါက်ဆွဲပါ။ ပန်းကန်အကြီးကြီးထဲမှာ အမဲသား အသား ၊ အရွတ် ၊ အသည်း နဲ့ ပုဆိုးကြမ်းတွေပါ ထည့်ထားပေးတယ်။ အဲ့ဒီအတိုင်းတော့ နယ်ဖတ်စားလို့ မရဘူးနော်။ ပေးထားတဲ့ အရွက်တွေ အကုန်လုံးကို ကိုယ်စားချင်သလောက် ထည့်ရတယ်။ အဲ့အရွက်တွေမပါရင် မပြည့်စုံဘူုးလို့ ဆိုလို့ ရတယ်။ အရွက်ကတော့ ရှမ်းနံနံပါတယ်။ ဆလပ်ရွက် နဲ့ တခြားအရွက်တွေ ပါတယ်။ တစ်ပွဲမှာလည်း အဖက်တွေ အများကြီးပါတော့ အကုန်လုံးတောင် မကုန်ဘူး ။
ကဲ.. ဗီယက်နမ် က မြို့  တစ်ခုကို ရောက်မှတော့ ဒါလေးမစားခဲ့ရင် Mission Complete ဖြစ်ခဲ့တယ်လို့  ဆိုလို့ မရဘူး လို့  ပြောလို့ ရတယ်။ သူက ဗီယက်နမ် အမဲသား ခေါက်ဆွဲပါ။ ပန်းကန်အကြီးကြီးထဲမှာ အမဲသား အသား ၊ အရွတ် ၊ အသည်း နဲ့ ပုဆိုးကြမ်းတွေပါ ထည့်ထားပေးတယ်။ အဲ့ဒီအတိုင်းတော့ နယ်ဖတ်စားလို့ မရဘူးနော်။ ပေးထားတဲ့ အရွက်တွေ အကုန်လုံးကို ကိုယ်စားချင်သလောက် ထည့်ရတယ်။ အဲ့အရွက်တွေမပါရင် မပြည့်စုံဘူုးလို့ ဆိုလို့ ရတယ်။ အရွက်ကတော့ ရှမ်းနံနံပါတယ်။ ဆလပ်ရွက် နဲ့ တခြားအရွက်တွေ ပါတယ်။ တစ်ပွဲမှာလည်း အဖက်တွေ အများကြီးပါတော့ အကုန်လုံးတောင် မကုန်ဘူး ။
Fred Rangoon
Monday, October 17, 2016
မိုးမျှော်လှေကား (သို့  ) တောင်ဝိုင်းတောင်
မစီစဉ်ထားဘဲ ကောက်ခါ ငင်ခါ လိုက်ဖြစ်သွားတဲ့ ခရီးလေးပါ ။ Tour နဲ့ သွားတော့ ထွေထွေထူးထူးစီစဉ်စရာ မလိုဘူးလေ။ ဆိုတော့ အလိုက်သင့်လေး လိုက်သွားလိုက်တယ်။ ည ကိုးနာရီကားလေး စီးပြီး မနက်ကျတော့ ဒီနေရာလေးကို ရောက်ခဲ့ပါတယ်။
ဇာတ်လမ်းက
ဒီမှာစပါပြီ။ ဘားအံကနေ စထွက်ကထဲက မိုးက အုံ့ ချင်ချင် ဖြစ်နေတာ မနက်လည်း ရောက်တော့
မိုးတွေက ကျလာပါရော။ ဒါပေမဲ့ ကိုယ်တွေက သွားမယ် ဆို သွားမယ် လာထားပဲ ။ ဒီိလိုနဲ
့တောင်ဝိုင်းကို ချီတက်လာကြပါတယ်။ တောင်ဝိုင်းကို Express ကားနဲ့  သွားလို့ မရပါဘူး။
လမ်းက မြေကြီးလမ်း ပြီးတာ့ ချိုင့်တွေ ၊ တောင်တက်တောင်ဆင်းလမ်းတွေပါ၊ဒီတော့ တခြားကားအသေးလေးတွေတဆင့်စီးပြီး
သွားရပါတယ်။ အနည်းဆုံး တောင်ခြေလောက်ကို
ရောက်ဖို့ နာရီဝက်လောက် မောင်းရပါတယ်။ ဒီတော့ စီးလာတဲ့ Express ကားပေါ်ကဆင်း Tour က
စီစဉ်ပေးတဲ့ Light Track ကားတွေနဲ့  တောင်ခြေဘက် ဆက်လိမ့်ရပါတယ်။ ခုနကပြောသလိုပဲလမ်းက
နည်းနည်းဆိုးတော့ ကားအောက်ပိုင်းလည်း ခဏခဏဆောင့်မိတယ်။ ဒီတော့ ကိုယ်ပိုင်ကားနဲ
့သွားကြမယ် ဆိုရင် ကားအောက်ပိုင်း မြင့်တဲ့ ကားလေးတွေနဲ့ လာမှ အဆင်ပြေပါလိမ့်မယ်။ဒီနယ်က
လူတွေကတော့ ဆိုင်ကယ်နဲ့ လာကြတာတွေ့ ပါတယ်။ ပြဿနာက ကိုယ်တွေ လာတော့ မိုးတွေ နည်းနည်းရွာနေပါတယ်။
အဲ့ဒီတော့ လမ်းတွေက ရွံ့ တွေဘာတွေ ထနေပါရော။
ပါလာတဲ့ သူတစ်ချို့ က တောင်တက်လို့ ဖြစ်ပါ့မလား။ ဘာညာဖြစ်ကုန်ရော ။ ကိုယ်တွေအဖွဲ
့ကတော့ သွားမယ် ဆိုသွားမယ် လာထားလေ။ ဒီတော့ အိပ်ထဲမှာ ရေဘူးထည့် ၊ ဦးထုတ်ထည့် ၊
ထီးတွေဘာတွေရှိရင်ထည့်ုပြီး ချီတက်ပါတယ်။ Light truck ကားတွေကို တောင်အခြေအထိ ရောက်အောင်
မောင်းလို့ မရဘူး ။ လမ်းကလည်း မိုးရွာထားတော့ တော်တော် ဆိုးပါတယ်။ ဒီလိုနဲ့ တောင်ခြေကို
ဝေါကင်းရိုက်ရပါတယ်။
တခြား
Tour အဖွဲ့ တွေလည်း အများကြီးတွေ့ ရတယ်။ အနည်းဆုံး ကိုယ်တွေသွားတဲ့ နေ့  ( သီတင်းကျွတ်လပြည့်နေ
့က ) လူတော်တော်များများလာကြတယ်။ မရှိဘူးဆိုရင် အနည်းဆုံး လူဦးရေ ၅၀၀ ကနေ ၁၀၀၀ ပဲ။
တောင်ဝိုင်းတောင်က ခုတလောမှ နာမည်ကြီးလာတာဆိုတော့ လာတဲ့ သူတွေ တော်တော်များတယ်လို
့ဆိုတယ်။ အရင်ကတော့ ကရင်ပြည်နယ်က လည်ပတ်ဖို့ နေရာတွေ များပေမဲ့ ပြည်တွင်း ပဋိပက္ခလေးတွေ
ရှိနေတာကြောင့် သွားဖို့ လာဖို့  နည်းနည်း သတိထားရတယ်။ ပြောရရင် ပေါ်တာဆွဲတယ် ဘာညာပြောကြတယ်လေ။
(ပြီးခဲ့တဲ့
နှစ်က ကျုံထော်ဘက် ရောက်ဖူးတာ လမ်းတစ်လျှောက်တော်တော်လေး လှတယ်။ အခုကတော့ စစ်ဖြစ်နေလို
့ အဲ့ဒီဘက်ကို ပိတ်ထားတယ်။ )
ဒီနှစ်ကတော့ ဘားအံက တောင်ဝိုင်းတောင်က လှေကားနဲ့ ရိုက်ထားတဲ့
ပုံတွေက ဖေ့ဘွတ်မှာ တော်တော်လေး တက်လာတော့ လူတွေကလည်း ထူးထူးဆန်းဆန်း လှလှပပဆိုရင်
စိတ်ဝင်စားတက်ကြတော့ ဒီနေရာလေးကို လူပိုသိလာကြတယ်။
တောင်ပေါ်စတက်ပြီ
တောင်ခြေကနေ
တောင်ဝိုင်းတောင်ကို လှမ်းကြည့်တဲ့ အချိန်မှာ ဆိုရင် တော်တော်လှတယ်လို့ ပြောလို
့ရတယ်။ ဘားအံဘက်ကတောင်တွေက တော်တော်ထူးဆန်းတယ်။ ကိုယ်တွေလည်း တောင်ပေါ်သားပါပဲ။ ဒါပေမဲ့
ကိုယ်တွေဘက်က တောင်တွေက တစ်ခုနဲ့ တစ်ခု ဆက်နေတာများတယ်။ ဘားအံဘက်ကတော့ တောင်တွေကတော့
ကျွန်းစုတွေက တောင်တွေလိုလို ၊ လင်းနို့ ဂူ ၊ ထုံးကျောက်ဂူ တောင်ပုံစံတွေ။ တစ်ခုနဲ
့တစ်ခုကလည်း သီးခြားစီ ။ ပြီးတော့ မြေသားတောင်မဟုတ်ဘူး။ ကျောက်သားတွေပိုများတယ်။
တောင်ဝိုင်းတောင်
ပုံစံလေးကတော့ တောင်ခုံခုံလေး နှစ်ခု ဆက်နေတဲ့ ပုံလေးပါ။ တော်တော်မတ်တယ်။ စတက်တော့
တောင်ခြေစခန်းလေးက လွဲရင် စလာကထဲက မတ်စောက်တယ်။ မြေပြန့် မရှိဘူး ။ စတက်မယ် ဆိုကထဲက
မတ်မတ်ကြီးကို တက်ဖို့ သာ ပြင်ထားပဲ။ တောင်လမ်းက နည်းနည်းကျဉ်းတယ်။ တစ်ခု သတိထားရမှာက
စတက်ကထဲက လမ်းက ဒီလမ်းက အတက်လည်း ဖြစ်သလို အဆင်းလည်း ဖြစ်တယ်။ ဒီတော့ တောင်ပေါ်က ဆင်းလာတဲ့
သူတွေနဲ့လမ်းတွေက နည်းနည်းကျဉ်းတော့ ပိုသတိထားရတယ်။ အစပိုင်းကတည်းက တောင်က မတ်မတ်ကြီးကို
တက်လာတော့ တော်တော်ပင်ပန်းတယ်။ နားရင်း တက်ရင်းပေါ့လေ။
နားနေစခန်း
တောင်ပေါ်မှာ
စခန်းသုံးခုရှိတယ်။ အဆင့်သုံးဆင့်ပေါ့။ တောင်တက်တာ အပေါ်ရောက်လေလေ စခန်းတစ်ခုစီကို
ကျော်သွားရတယ်။ တောင်က တော်တော်မတ်တော့ ပစ္စည်း ပစ္စယ အများကြီး သယ်လို့ အဆင်မပြေဘူး
။ ပြောရရင် စခန်းတွေဆိုပေမဲ့ မုန့် ဆိုင်တွေ ဘာဆိုင်တွေ ရှိလိမ့်မယ် မမျှော်လင့်နဲ့  ။ နားဖို့  နေရာလေး
ဝါးခုံဖြစ်ဖြစ် ကျောက်သားပြင်လေး ဖြစ်ဖြစ် ဒါပဲရှိမယ်။ တောင်တက်လမ်းကျဉ်းလေးမှာအရမ်းမတ်တဲ
့နေရာတွေမှာ ဝါးလှေကားထစ်လေးတွေ ရှိတယ်။ ဘေးမှာ ဝါးနဲ့လုပ်ထားတဲ့ လက်ရန်းလေးတွေ လုပ်ထားပေးတယ်။
လမ်းခရီး
ခက်ခဲတယ်လို
့ထင်ရတာ တစ်ခုက တောင်တက်လမ်းက ကျဉ်းပြီး ကျောက်သားတွေချည်းပဲ ဆိုတော့ လက်တွေဘာတွေ
ကျောက်သားတွေနဲ့  ထိမိမှာ သတိထားရတယ်။ ကျောက်သားတွေကို ကြည့်လိုက်တော့ အထဲမှာ သစ်ပင်ကနေ
ကျောက်သားဖြစ်နေတာမျိုးတွေ တွေ့ ရတယ်။ ဘေးတစ်လျှောက်လုံး သစ်ပင်တွေ နွယ်ပင်တွေတွေ
့ရတယ်။ တော်တော်လေးလည်း ပင်ပန်းတယ်။ ချွေးကတော့အသေထွတ်တယ်။ ဆိုတော့ ရေများများ သောက်ဖို
့လိုတယ်။
စခန်းနှစ်ခုလောက်
ကျော်ပြီးတဲအခါမှာ လမ်းမှာ လှေကားလုပ်ပေးနေတဲ့ အဘိုးတစ်ယောက်လည်း တွေ့ တယ်။ ကရင်က
လူတွေရဲ့ ချစ်စရာ ကောင်းတာ တစ်ခုက ဒီလိုမျိုး ကုသိုလ် လုပ်တဲ့အခါမှာ စေတနာသန့် တယ်။ ဘာကို မျှော်ကိုးပြီး လုပ်တယ်ဆိုတာမျိုး
နည်းကြတယ်။ ပြောရရင် ကောင်းမှု များများလုပ်ကြတယ်ပေါ့။
( ကျောက်ကလပ်တို
့ ဘာတို့  နေရာမှာဆိုရင်တောင် ဘုန်းကြီးက ၂၄ နာရီ လာသမျှလူကို ထမင်းကျွေးထားတာ
၊ ရွာကလူတွေက သီးနှံတွေကို လှည်းနဲ့တိုက်ပြီး လူတွေကို ကျွေးဖို့ ဘုန်းကြီးကို
လာလှူထားတာတွေ စတာတွေ သိရတာကြောင့်ပါ။ဤကာ စကားချပ် )
လမ်းတစ်လျှောက်လုံးမှာတော့
အသက်ကို ဝဝရှူ ။ အမောဖြေ ပြန်တက်။ အပေါ်က လူတွေက ရောက်ပြီ ရောက်ပြီပြော ။ အားတင်းပြန်တက်။
တစ်ချို့တွေကတော့ လမ်းတစ်ဝက်မှာပဲ တပ်ခေါက်သွားကြတယ်။ ကိုယ်တွေကတော့ တက်မယ်ဆိုရင်
တက်မယ်ပဲလေ။ ဘာတဲ့ ငုတ်မိသဲတိုင် ၊ တက်နိုင်ဖျားရောက် ဆိုတဲ့ စကားအတိုင်းပဲလေ။
ငိငိ လူကတော့ လျှာထွက်ပြီး လေးဖက်ထောက်တက်လို့ တက် ( တောင်ကလည်းမတ်လို့ ပါ )
စခန်း ၃ခုကို
အောင်မြင်စွာ ကျော်ဖြတ်ပြီး သကာလ စုစုပေါင်း ၁နာရီလောက်မှာ တောင်ဝိုင်းထိပ်ကို
ရောက်လာပါတယ်။ အရှေ့ က လူတွေကတော့ အော်လိုက်တက်သွားလိုက်နဲ့ ပေါ့။ တောင်ထိပ်နားမှာတောင်
လူတွေ ကြပ်နေလို့  ၁၅ မိနစ်လောက် ပိတ်မိနေသေးတယ်။ ခုနက ပြောသလို အဆင်းအတက်လမ်းက
တစ်ခုထဲ ပြီးတော့ ကျဉ်းကျဉ်းလေးပါ။ အဲ့ဒီထိပ်ရောက်ရင် ပိုသတိထားရမှာက လမ်းကျဉ်းကျဉ်းလေးဘေးမှာ
ချောက်ကြီးပါ။ လမ်းနံရံတွေကလည်း ကျောက်သားတွေပါ။ ဒီတော့ ချောမကျအောင် သတိထားစေလိုပါတယ်။
လမ်းကလည်းကျဉ်းတော့ အဆင်းလူတွေကို အတက်လူတွေက ဂရုတစိုက် ကိုင်ပြီး တွဲပေးကြတယ်။
ဒါတော့ ချစ်စရာကောင်းတဲ့ အမူအကျင့်လေးပါ။ ကိုယ်တွေ လူမျိုးတွေရဲ့  ကူညီတက်တဲ့ အကျင့်လေးတွေပေါ့။
တောင်ထိပ်ကို
ရောက်ပြီ။
တောင်ထိပ်ကို
ရောက်တော့ ခုနက လူမပီသတော့နိုင်အောင် ပုံပျက်ခဲ့သမျှ စပ်ဖြီးဖြီးနဲ့ အားလုံးက ပျော်နေကြတာကိုတွေ
့ပါတယ်။ :P တောင်ထိပ်ရဲ့  သံလှေကားကို စတင်ခြေချမိလိုက်တဲ့ အခါမှာ I’m super ဆိုတဲ့
ခံစားချက်လေး ခံစားရတယ်။ ဟုတ်တယ်လေ။ အောက်မှာ ချောက်ကြီးကို ပြီးတော့ သံလှေကားအောက်မှာလည်း
ကျောက်ချွန်တွေကို တိုးလျိုးပေါက်မြင်နေရတယ်လေ။ ဆိုတော့ ဒီအပေါ်တက်လာနိုင်တာ နည်းတဲ့
ပါဝါလားလေ။
တောင်ပေါ်ကနေ
မြင်ရတဲ့ အရသာလေးက တော်တော်လေးကို အရသာရှိပါတယ်။ လေတွေလည်း တိုးဝှေ့ နေပြီး လူလည်း
လန်းဆန်းလာတယ်။ မြင်ရတဲ့ ရှုခင်းကလည်း အသံရှူမှားလောက်အောင် လှပလွန်းတယ်။ လယ်ကွင်းတွေ
၊ တောင်တွေ ပြီးတော့ တိမ်တိုက်တွေ နဲ့  ဘယ်လိုပြောရမလဲ ဆိုတော့ အရမ်းမိုက်တယ်ပေါ့။
တောင်ထိပ်ရောက်တဲ့
လူတိုင်းရဲ့ ရည်ရွယ်ချက်ကတော့ ဓာတ်ပုံ လှလှလေး ရိုက်ဖို့ ပါ။ တောင်ဝိုင်လေးက ကျဉ်းကျဉ်းလေးပါ။
လူ ၅၀-၁၀၀ လောက်ပဲ ခြေချလို့ ရပါတယ်။ အလယ်မှာ စေတီတစ်ဆူရှိပါတယ်။ ဒါပေမဲ့ ဘုရားရှိခိုးလို
့တော့ ကောင်းကောင်းရမယ် မထင်ပါဘူး ။ လူတွေများပြီး ရှုပ်နေတဲ့ အတွက် မတ်တပ်ရပ်ပြီး
လက်အုပ်သာချီနိုင်ပါတယ်။
တောင်ပေါ်မှာ
နာရီဝက်လောက်တော့ နေပြီး ရှုခင်းလှလှလေးတွေ ဓာတ်ပုံရိုက်လိုက် ။ အတူတူပါလာတဲ့ ဘော်ဒါတွေကို
စောင့်လိုက်နဲ့  လုပ်နေရင် အပန်းဖြေရပါတယ်။ လေလေး တဖြူးဖြုးနဲ့ ဆိုတော့ စိတ်လည်း
တော်တော်လေး ကြည်ပါတယ်။
တောင်ဝိုင်းတောင်က
အဓိက သံလှေကားနဲ့ နာမည်ကြီးတာဆိုတော့ အဲ့ဒီနေရာလေးမှာ ဓာတ်ပုံလှလှလေး ရိုက်ခဲ့ဖို
့ကတော့ A Must ပါ။ ကိုယ်ကတော့ ရုပ်မလှတော့ ကျောလေးပဲ ရိုက်လာခဲ့တယ်။ ဟိဟိ
တောင်ဆင်း
တောင်တက်ပြီးတော့
တောင်ဆင်းကိုလည်း အဓိက ထားပြီး ပြောချင်ပါတယ်။ တောင်တက်လမ်းကလည်း ခက်သလို တောင်ဆင်းလမ်းကလည်း
ခက်ပါသေးတယ်။ ကိုယ်တွေထင်လိုက်တာက အတက်က ခက်မယ်ဆိုတော့ အဆင်းကျရင်တော့ လွယ်ပြီ မြန်ပြီပေါ့။
တက်တက်စင်အောင်လွဲပါတယ်။
အဆင်းမှာ ပိုကြောက်စရာ ကောင်းပါတယ်။ အဆင်းလမ်းက အတက်လမ်းမှာပဲ ဆိုတော့ လမ်းတွေက လူသွားတာများပြီး
ချောနေပါတယ်။ ရွှံ့ တွေပေါပါတယ်။ အတက်မှာလို တောင်နံရံတွေကို ကုတ်ပြီးတက်လို့ မရပါဘူး။
ဆိုတော့ တချို့ အရမ်းချောပြီး မတ်စောက်တဲ့ နေရာဆိုရင် ဖင်ထိုင်ပြီး တရွတ်တိုက်ပြီး
ဆင်းရပါတယ်။ အောက်မှာ ကျရင် ကျောက်သာေးတွနဲ့  လျိုကြီးပါ။ ဆိုတော့ နာမှာတော့ ကြောက်ပါတယ်။
ဖြည်းဖြည်းလေးပဲ ဆင်းဖို့ လိုပါတယ်။ တစ်ချို့ ကတော့ တောင်ဝှေ့ လေးတွေ ကိုင်လို
့ထောက်ပြီး ဆင်းပါတယ်။ ကိုယ်ကတော့ ဖိနပ်က ရွံတွေပေကုန်လို့  ခြေဗလာနဲ့ ဆင်းပါတယ်။
အဲ့ဒီမျိုးမလုပ်မိပါစေနဲ့  ။ ကိုယ်ကတော့ခံစားလိုက်ရတယ်။ အောက်က လမ်းက ကျောက်သားတွေဆိုတော့
ခြေထောက်တော်တော်နာပါတယ်။ ဖြစ်နိုင်ရင် ကုက်အားကောင်းတဲ့ ဖိနပ် ၊ ရွံ ထဲစီးလို့ ရတဲ့
ဖိနပ် ၊ စစ်ဖိနစ်လိုမျိုး အကြမ်းခံတဲ့ ဖိနပ်တွေစီးလာသင့်ပါတယ်။ Slipper တို့  ကွင်းထိုးဖိနပ်တို့ မစီးပါနဲ့ ။ ပြတ်တာတွေ
ချောတာတွေ ရှိတက်ပါတယ်။ မြဲပြီး ကုတ်အားကောင်းတဲ့ ဖိနပ်သာ စီးဖို့ လိုပါတယ်။ လမ်းကလည်း
အတက်အဆင်းတစ်လမ်းထဲမှာ ကျဉ်းလည်း ကျဉ်းတော့ လူတွေ အတက်အဆင်း သတိထားပြီး ရှောင်ရပါတယ်။
တောင်အောက်ကို
လေးဖက်ထောက်ပြီး ဆင်းသွားလိုက်ရတဲ့ သကာလမှာတော့ ရွံ့အလိမ့်လိမ့်နဲ့  ကိုယ်တွေ ပြန်ရောက်လာပါတယ်။
တောင်ခြေက ချောင်းကလေးမှာ ရေဆေးပြီး အဝတ်အစားတွေလဲရပါတယ်။ Energy Drink တွေ 100 Plus တွေ မှီဝဲရပါတယ်။ တစ်ခုကောင်းသွားတာက
ဖြည်းဖြည်းပဲ ဆင်းလာတဲ့ အတွက် ထိခိုက်မှု ကြီးကြီးကျယ်ကျယ်တော့ မရှိပါ ဘူး ။ အတူပါလာတဲ့
တစ်ချို့ ဆိုရင် အဆင်းမှာ ချော်လဲပြီး ကျောက်သားနဲ့ ပွတ်မိတာတွေ ၊ ခြေထောက်ကွဲတာမျိုးတွေ
ဖြစ်ကြပါတယ်။
အကယ်၍ စွန်
့စားရတာ ကြိုက်တယ် ဆိုရင် အကြံပြုလိုတာကတော့ ..
လမ်းကြမ်းတဲ့
အတွက် ကိုယ်ပိုင်ကားနဲ့ လာရင် ကားမြင့်မြင့်နဲ့ သာလာပါ။
မဟုတ်ရင်
Tour နဲ့ လာရင် သူတို့ စီစဉ်ပေးတဲ့ အတိုင်း လာလို့ ရပါတယ်။
ရေဘူးတွေ
ဘာတွေ သယ်လာပါ။ ကျောပိုးအိတ်ယူလာပါ။ ပစ္စည်းအများကြီး မထည့်ပါနဲ့  ။
ရေရယ်။ ထိခိုက်ရင်
သုံးနိုင်တဲ့ ဆေးတွေရယ်။ ဦးထုတ် မိုးရွာရင် မိုးကာအကျီ သယ်လာဖို့ လိုပါတယ်။
ဖိနပ်ကတော့
ကုတ်အားကောင်းတဲ့ ဖိနပ် ၊ ခပ်ထူထူ အကြမ်းခံတဲ့ ဖိနပ်စီးဖို့ လိုပါတယ်။
တောင်မတက်ခင်မှာ
အသက်ဝဝရှုပါ။ မတက်ခင် ရေအရမ်းမသောက်ပါနဲ့ ။ တောင်တက်ရင်း ရေဆာမှ ရေသောက်ပါ။
တောင်အောက်ကို
မထိမခိုက် မနာမကျင်နဲ့ အောင်အောင်မြင်မြင် ဆင်းနိုင်သွားပြီဆိုရင်တော့ ဒီ
Mission ကို သင်အောင်မြင်သွားပါပြီ။ဆိုတော့ နောက်တစ်ခါ ထပ်တက်အုံးမလားမေးရင် ဘော်ဒါတစ်ယောက်မှာ
၈ ယောက်လောက်က ဟင်အင့် လို့ ဖြေတက်ကြပါတယ်။ မိတ်ဆွေဆိုရင်ကော ဒီတောင်တက်ပြီး ပြန်ဆင်းလာရင်
ဘာဖြေမလဲ သိချင်ပါသေးတယ်။
Monday, August 1, 2016
ဖက်ထုပ်ဆိုင်ပိုင်ရှင် ညီအစ်မ နှစ်ဦးပြောတဲ့ ဝန်ဆောင်မှု
နယူးယောက်ရဲ
့East Village အရပ်မှာ ထိုင်ဝမ် ဖက်ထုပ်ဆိုင် ဖွင့်ထားတဲ့ ညီအစ်မနှစ်ယောက်ရဲ့  အကြောင်းပါ။
မိခင် ဆီက နည်းလမ်းနဲ
့ဒီဆိုင်လေးကို ဖွင့်ဖြစ်ခဲ့တဲ့ ညီအစ်မနှစ်ယောက်ဟာ ယခင်က စာရင်းကိုင်နဲ့ ဖက်ရှင်အလုပ်တွေကို
စွန့် လွတ်ပြီးဒီ ဆိုင်လေးကို စွန့် ဦးဖန်တီးတဲ့ အနေနဲ့ ဖွင့်ခဲ့ကြပါတယ်။ လခစား ဘဝကနေ
ထွက်လိုက်တော့ ကိုယ်ပိုင်ဝင်ငွေဆိုတာကြီးကြီးမားမားမရှိတဲ့ ဘဝကိုကျော်လွန်ခဲ့ရတယ်။
အခုဆိုရင် နောက်ထပ်
ဆိုင်ခွဲ တစ်ခု ဖွင့်ဖို့ အတွက် နေရာတစ်ခုကိုတောင် ပြန်ရွေးနေပါပြီ။ သူတို့ ဖက်ထုပ်ဆိုင်လေး
နာမည်က Mimi Cheng လို့ ခေါ်ပါတယ်တဲ့။
သူတို့ ဒီလို
စွန့် ဦးဖန်တီးတဲ့ လုပ်ငန်းလေးကို ဘယ်လိုစတင်ဖြစ်ခဲ့သလဲ ၊ ဘယ်လို အခက်အခဲတွေကို ကျော်ဖြတ်ခဲ့သလဲ
ဆိုတာကို လေ့လာကြည့်ရအောင်..
Mimi Cheng
ဆိုတာက Mimi ဆိုတဲ့ ကျွန်မတို့ အမေရဲ့ အိမ်နာမည်ကို ယူထားတာပါ။ ပြီးတော့ အမေ့ရဲ့ အရသာရှိတဲ့
ထိုင်ဝမ်လက်ရာကို အစွဲပြုပြီး ပေးထားတာ။ ကျွန်မတို့  ယုံကြည့်တာက ကောင်းမွန်တဲ့ အစားအစာ
ဆိုတာ သင့်တင့်မျှတတဲ့ ဈေးနှုန်းရှိပြီး အလွယ်တကူ စားသုံးနိုင်မယ်။ ကျွန်မတို့  အစားအသောက်တွေဆိုတာ
အိမ်မှာ နေ့ စဉ်လုပ်တဲ့ လက်ရာတွေပါ ။ လတ်ဆတ်တဲ့ အသားနဲ့  အော်ဂဲနစ် ဟင်းသီးဟင်းရွက်တွေကို
သုံးထားပါတယ်။ ဒါတွေက အစားအစာကို ပိုပြီး အရသာရှိစေပါတယ်။
ညီအစ်မ နှစ်ယောက်
အလုပ် အတူတူ လုပ်ရတဲ့ အချိန်မှာ ဘယ်အချက်က အကောင်းဆုံး ဖြစ်မလဲ
ညီအစ်မ နှစ်ယောက်
အတူတူ ဖွင့်တဲ့ ဆိုင်ဆိုတော့ သိပ်ပြီး ထွေထွ ထူးထူး ညှိစရာတော့ မရှိပါဘူး။ တစ်ယောက်နဲ
့တစ်ယောက် ဆိုင်ထိုင်မဲ့ အချိန်တွေကို အချိန်ဇယားတွေ ဆွဲပြီး လုပ်ထားလိုက်တယ်။ အပြင်ထွက်စရာ
ဘာတွေ ရှိရင်လည်း တစ်ယောက်တစ်လှည့်စီ အချိန်ပေးလို့ ရတယ်။ ဒီတော့ အလုပ်ထဲမှာလည်း ပိုပြီးအချိန်တွေ
ပေးနိုင်တဲ့အတွက်ဖန်တီးမှု နဲ့  တီထွင်ကြံဆ မှုတွေက အတူတူစဉ်းစားရတာတွေ ပိုကောင်းလာတယ်။
ညီအစ်မ နှစ်ယောက်
အတူတူ အလုပ်လုပ်ရတဲ့ အချိန်မှာ ဘယ်အရာက အခက်ခဲဆုံး ဖြစ်မလဲ
မွေးချင်းတွေ
အားလုံးမှာ ရှည်လျားတဲ့ ရင်းနှီးမှု အတိတ်တွေ ကိုယ်စီရှိကြတယ်။ ဒါတွေက အလုပ်နဲ့ ပတ်သတ်ပြီး
သဘောထားမတိုက်ဆိုင်တာတွေ ဘာတွေ ရှိခဲ့ရင်နဂိုဆက်ဆံရေးကို ဖြစ်စေဖို့ ပိုပြီးလွယ်ကူစေတယ်။
တစ်ခါတလေ..ညှိရတာတွေ ရှိပေမဲ့ အလုပ်လုပ်တဲ့ နေရာမှာ ကောင်းတဲ့ ဆက်ဆံရေးတွေကို ပြန်
စဉ်းစားပြီး လုပ်ဖြစ်ပါတယ်။
ဘာတွေက သင်တို
့ကို နေ့ စဉ် အားတက်စေသလဲ?
အရင်ဆုံး ကိုယ့်ဘက်က
ကောင်းမွန်တဲ့ ဆက်ဆံရေး ပေးခြင်းက ကိုယ့်ကိုယ် အားတက်စေပြီး အလုပ်တွေ ပိုမိုလုပ်ချင်စိတ်
ဖြစ်ပေါ်စေပါတယ်။ပြီးတော့ ကျွန်မတို့ Team လေးကို မိသားစုဝင်တွေလို ဆက်ဆံတယ်။ နောက်
ကိုယ့်ရဲ့  ဖောက်သည်တွေကို ဒီလိုမျိုး ဆက်ဆံတယ်။ Mimi Cheng က ကျွန်မတို့ ကို လူသိစေတဲ့
ပရောဂျက် တစ်ခုလည်း ဖြစ်ပါတယ်။မိသားစုရဲ့  ကိုယ်ပိုင် ချက်ပြုတ်နည်း လက်ရာကို မျှဝေခြင်းပါပဲ။
ပြီးတော့ လူတွေကို ကျွန်မတို့ ဆီလာပြီး စကားပြောထွက်လာစေဖို့ ဖိတ်ကြားတဲ့ ပုံစံလိုမျိုးပါ။
ကိုယ်တွေဆီကို
လာတဲ့ လူတွေကို အမြဲတမ်းလည်း ကြိုဆိုနေပါတယ်။ ကျွန်မတို့ လုပ်ချင်စိတ် ထက်သန်တာကို
နေ့ တိုင်လုပ်နိုင်တယ်။ ဘာလို့ လဲ ဆိုတော့သူတို့ ကိုခွင့်တောင့်စရာမလိုဘဲ ကိုယ်တွေဆီ
ရောက်လာအောင် စွမ်းဆောင်နိုင်လို့ ပါပဲ။ ဒါက တကယ်ကို ထူုးခြားတဲ့ ဝန်ဆောင်မှု လုပ်ငန်းတစ်ခုပါတဲ့။
Follower 18.8 K ရှိတဲ့ Mimi Cheng ရဲ့  Instagram မှာ သူတို့  ဖန်တီးမှုလေးတွေကို လေ့လာကြည့်ရအောင် https://www.instagram.com/mimichengs
Fred Rangoon
Fred Rangoon
Tuesday, April 19, 2016
ရန်ကုန်မြို့ တွင်း နဲ့ လမ်းဘေးဈေးဆိုင်
မိတ်ဆွေတို
့သိတဲ့ အတိုင်း ရန်ကုန်မြို့ ရဲ့ Downtown Area လို့ ပြောကြတဲ့ လမ်း ၄၀ ပန်းဆိုးတန်းလမ်းက
စလို့ ၁၅ လမ်း ၊ ဘုန်းကြီးလမ်း အထိက လမ်းဘေးဈေးသည်တွေ
ပေါမှပေါ ။
လမ်းဘေးဈေးသည်တွေဆိုတာကလည်း
တဖက်ကကြည့်ရင် တစ်ပိုင်တစ်နိုင် လုပ်စားကြတဲ့ သူတွေလည်း ဖြစ်သလို တစ်ဖက်ကနေ ကြည့်ပြန်ရင်
မြို့ ထဲမှာ လမ်းကြပ်တဲ့ အကြောင်းအရင်းမှာ ပါတဲ့ အကြောင်းအရင်း တစ်ခုက ဖြစ်ပြန်ရောလေ။
လူသွားလမ်း
ပလက်ဖောင်းတွေမှာ ဈေးတွေ ခင်းရုံတင်မက ၊ ကားရပ်နားရာ နေရာအထိပါ
ဈေးတွေ ခင်းလာကြလို
့ ကျနော်တို့ လို မြို့ ထဲမှာ သွားလာနေတဲ့သူတွေ အထူးသဖြင့် ညနေပိုင်းအချိန်တွေ ဆိုရင်
အဲ့နေရာတင် အချိန် နာရီဝက်ကနေ တစ်နာရီကျော်လောက် ကြာအောင် ကားစီးရတက်ပါတယ်။
အလုပ်က အပြန်
လူကပန်း ၊ စီးရတဲ့ ဘတ်စ်ကားက ကြပ် ၊ အဲကွန်းက မပါ ဒီလိုနဲ့ ပင်ပန်းမှု ဒဏ်တွေ နှစ်ဆင့်
သုံးဆင့် နဲ့ သွားရတဲ့ ယာဉ်ကြောက ကြပ်လိုက်ပြန်တော့..
အဲ့ဒီ ဖီလင်ကြီးကို
ဘယ်သူ့ မေးမေး စိတ်ကုန်တယ်လို့  ညည်းတွားကြမဲ့သူတွေချည်းပါပဲ။
ကိုယ်တွေဆီမှာ
ဘတ်စ်ကား၊ အိမ်စီးကား ၊ တက်စီ တို့ ကိုသာ အားထားပြီး သွားလာရတဲ့ သူတွေများတာမို့ လို
့သူများနိုင်ငံတွေလို အဲကွန်အပြည့်ဖွင့်ထားတဲ့ အမြန်ရထားတွေ ၊မြို့ ထဲ ဆိုင်ကယ်စီးခွင့်တွေကလည်း
မရဘူးလေ။ တစ်ချိန်ချိန်တော့ ဖြစ်လာမှာပါလို့ မျှော်လင့်ပေမဲ့အခုဖြစ်နေတဲ့ လတ်တလော ပြဿနာကို
ဖြေရှင်းဖို့ ကလည်း လိုပါတယ်။
လမ်းဘေးဈေးသည်
ကိစ္စ ဘယ်လိုရှင်းမလဲ
ရန်ကုန် စည်ပင်ကတော့
လမ်းဘေးဈေးသည်တွေကို အချိန်နဲ့ ဖွင့်ခိုင်းတယ် ( နေ့ လည် ၃နာရီ ကနေ ညနေ ၈နာရီ အထိ
) ပြောပေမဲ့ မွန်းတည့်ချိန်ကနေ စလို့  ဈေးသည်တွေက ရောက်ရှိနေကြပြီး စီးပွားရေး သောင်းကျန်းနေပြါပြီး။ ဒါကလည်း သူတို
့ဝမ်းစာမို့ လို့  ပိတ်ပင်ပြီးလည်း မပြောလိုပါဘူး ။ ဒါပေမဲ့ ဒီလိုမျိုး ပြည်သူတွေက ဒီဒဏ်ကို ဆက်လက်ခံနေရမှာလား ဆိုတော့လည်း
မဖြစ်သင့်ပါဘူး ။တကယ် လုပ်မယ် ဆိုရင် ရေရှည် Long Term ကို တွက်ပြီး စီမံကိန်းချရပါမယ်
ရေတို Short Term ကို ကြည့်ပြီးပဲ မလုပ်သင့်တော့ပါဘူး ။ ဥပမာပြောရရင် စည်းကမ်းမလိုက်နာလို
့ ဈေးသည်နဲ့ ဈေးပစ္စည်းတွေကို ကားပေါ် ဆွဲတင်တယ် ။ သိမ်းတယ် ။ ဒါက ဖြစ်လာရင် တော်တော်
ရုပ်လည်း ပျက်ပါတယ်။
Law
တိုင်းလွတ်တော်ကို
လမ်းဘေးဈေးသည်များ ဖယ်ရှားမည့် အဆိုကို တင်သွင်းမယ်လို့  ဂျာနယ်မှာ ဖတ်လိုက်ရပါတယ်။
ဖယ်ပြီးတော့ ဈေးရုံကြီးများ ပြုလုပ်ပေးပြီး ရောင်းချခွင့် ပြုရေး ဆိုတာကိုပါ ထည့်မယ်လို
့ဆိုပါတယ်။ ဒါတကယ် ဖြစ်လာမယ် ဆိုရင် ကောင်းပါတယ်။ ကားလမ်းပေါ်မှာ ကားသာရှိစေမယ် ။ လူုသွားလမ်း
ဖလက်ဖောင်းမှာ လူသာ အေးဆေး လျှောက်လို့ ရမယ် ဆိုရင် ယာဉ်တိုက်မှု နဲ့ ကားပိတ်တာတွေ လျော့စေလာနိုင်ပါတယ်။
သွားလာရတဲ့ သူတွေလည်း စိတ်ချမ်းသာ စေနိုင်မှာပါ။
နေရာသတ်မှတ်ပေးတဲ့
ကိစ္စ
ဘန်ကောက်ကို
သွားလည်တုန်းက Night Market တွေဆိုတာကို လည်ပတ်ကြည့်ပါတယ် ။ Local အကြိုက် ၊ ကမ္ဘာလှည့်တွေ
အကြိုက် ၊ စားချင်သောက်ချင်သူတွေ အကြိုက် ၊ ညအလှကို ကောင်းကောင်းခံစားချင်တွေ အကြိုက်
ဓာတ်ပုံရိုက်ချင်တဲ့သူတွေ အကြိုက် စသဖြင့်
ညဈေး အစုံအလင် တွေ့ ခဲ့ပါတယ်။ ရန်ကုန်မှာလည်း ဒီလိုမျိး ဖြစ်နိုင်ရင် လုပ်စေချင်ပါတယ်။
အရင်ဆုံး စဉ်းစားမိတာကတော့ ဗိုလ်တစ်ထောင် ဆိပ်ကမ်းပေါ့ ။ ကိုယ်တွေစီမှာ အတွဲထိုင်တဲ့
နေရာ ၊ အရက်သောက်တဲ့ နေရာ ဖြစ်မှန်းမသိ ဖြစ်နေပေမဲ့ ဘန်ကောက်မှာ ဒီလို မြစ်ဘေးက ဆိပ်ကမ်းလိုနေရာမှာ
ကမ္ဘာလှည့်ခရီးသည်တွေရော Local တွေပါ အဆင်ပြေပြေ ညဘက်ကို လည်ပတ် စားသောက်နိုင်အောင်
ပြုလုပ်ထားတဲ့ Asiantique လို နေရာမျိုးလေး လုပ်ထားတာကို တွေ့ ရပါတယ်။ တော်တော်လေးလည်း
လှပြီး ခရီးသွားတွေဆီက ငွေကို သဲ့ယူနိုင်လောက်အောင် အစားအသောက် ၊ အဝတ်အထည် ၊ ဘားဆိုင်
သန့် သန့်  ပြန့်  ပြန့် ကောင်းကောင်းလေးတွေ လုပ်ထားတာာ တွေ့ ရပါတယ်။
တရုတ်တန်း နဲ
့ ၁၉ လမ်း
တရုတ်တန်း ကို
ဖြစ်နိုင်ရင် ညဈေးတစ်ခု အနေနဲ့ ပြောင်းလို့  ညနေဘက် ၅နာရီလောက်ကနေ စပြီး ယာဉ်ကြောကို
လမ်းလွဲလိုက်ပြီး အဲ့နေရာလေးကို အစားအသောက်ကောင်းကောင်း ရှာဖွေ စားသောက်လို့ ရတဲ့ နေရာ
၊ ညဈေးပတ်လို့ ရတဲ့ နေရာ တစ်ခု ဖြစ်သင့်ပါတယ်။ မြို့ ထဲကို ဖြတ်မဲ့ ကားတွေကိုတော့
ကမ်းနားလမ်းဘက်ကို ခဏ လမ်းလွဲလိုက်ရင် အဆင်ပြေမယ် ထင်ပါတယ်။
ဘာလို့ လဲဆိုတော့
တရုတ်တန်းလမ်းက ဗန္ဒူလလမ်းကို တစ်လမ်းမောင်းသွားတာ ဆိုတော့ ညနေဘက် တရုတ်တန်းမှာ စားဖို
့သွားရင် ဘတ်စ်ကား ၊ အိမ်စီးကားတွေနဲ့  ရှောင်နေရပြီး လမ်းဘေးမှာ စားနေတဲ့သူတွေ ဘယ်တော့
ကားပွတ်မိမလဲ ရင်တမမ နဲ့  ကြည့်နေရလို့ ပါပဲ။
၁၉လမ်း ဆိုတာကလည်း
ဘန်ကောက်မှာ ဆိုရင် ခေါက်ဆန်လမ်း ( Khao San Road ) နဲ့ ဆင်တူပြီး ယမကာနဲ့ အစားအစာတွေ
ကောင်းကောင်း စားသောက်လို့ ရတဲ့ နေရာ လေးအဖြစ် သီးသန့် ရှိစေသင့်ပါတယ်။
Walking
Street Night Market တစ်ခု ဖြစ်လာစေဖို့  ဘုန်းကြီးလမ်းကနေ ဆူးလေအထိ လမ်းကို ညနေ ၅နာရီကနေ
၁၁ နာရီအထိ ယာယီပိတ်လိုက်ပြီး ဝင်လာသမျှကားတွေကို လမ်းလွဲလိုက်ရင် ဒီနေရာလေးက လမ်းလျှောက်လို
့ ကောင်းတဲ့ ညဈေးလေး ဖြစ်လာမှာ ပါ။
အင်းလျားကန်ဘောင်
အင်းလျားကန်ဘောင်က
အထိုင်လုပ်ထားတဲ့ ဆိုင်တန်းတွေထဲမှာ အကြော်ဆိုင်တန်းကြီးကို ပြောရရင် သိပ်ဘဝင်မကျလှပါဘူး
။ စားရတာလည်း အဆင်မပြေတဲ့ အတွက် ဒီဆိုင်တန်းကြီးကို ဖျတ်ပြီး ယာယီ ညဈေးလေး လုပ်သင့်ပါတယ်။
အစားအသောက်မျိုးစုံ ကို ကောင်းကောင်းဝယ်စားလို့ ရပြီး ကန်ဘောင်မှာ သူငယ်ချင်းတွေနဲ
့အတူတူ ထိုင်စားကြရင် ပျော်စရာ ကောင်းမှာပါ ။ နေရာတကာ စီးပွားရေးဆန်ဆန် လုပ်နေတာတွေ
လျော့ပြီး Win Win ဖြစ်စေမဲ့ဟာလေးတွေ စဉ်းစားသင့်ပါပြီ။ ကန်ဘောင်ကို လာရတဲ့ ရည်ရွယ်ချက်က
ညဈေးလေးလည်း ရှိမယ်။ စားသောက်စရာတွေ ကောင်းကောင်းစားပြီး သူငယ်ချင်းတွေနဲ့ အတူတူ လည်ပတ်မယ်။
အဲ အဆင်ပြေရင် Mobileသည် Second Hand ဆိုင်လေးတွေ Hand Made ဖန်စီ ဆိုင်လေးတွေပါ ထည့်ဖွင့်လိုက်တော့
.. ကဲ တခြားနိုင်ငံက လာလည်တဲ့သူတွေ အမှတ်တရ ပစ္စည်းတွေ ဝယ်လို့ ရတဲ့ နေရာပါ ဖြစ်သွားရောပေါ့။
ဒါဆို ညည အမှတ်တရ ပစ္စည်းဆိုင် ဆိုလို့  တကူးတက ရှာစရာ မလိုတော့ပါဘူး ။ ရိုးရာမပြတ်
အကြော်ဆိုင်လည်း ဖွင့်ချင်သေးသပ ဆိုရင်လည်း အကြော် ဆိုင်ဖွင့်ဖို့ ဆိုင်ကြီး ကနာကြီး
မလိုပါဘူး ။ ထိုင်ခုံအပုလေးတွေ ၊ ခေါက်ထီးအမိုးကြီးတွေနဲ့ ဖွင့်ရင်တောင် ရပါပြီ။ အဲ့ဒီနေရာကို
သပ်သပ်ရပ်ရပ်နဲ့  ကောင်းကောင်း လုပ်လိုက်ရင် Tourist Attraction နဲ့  Night Life ကောင်းကောင်း
ကျော်ဖြတ်လို့ ရတဲ့ နေရာလေးတောင် ဖြစ်သွားအုံးမှာပါ။
Fred Rangoon
Fred Rangoon
Fred Rangoon. Powered by Blogger.
Life always goes on
About Me
About Me
Fred Rangoon
Alis - Freddy
Alis - Freddy
Blogger , Writer ,Techie , Digital Marketer ,Contact : tazaung.pr@gmail.com
Freelance Graphic Designer , Photographer
Traveller , Marketing Consultant , Idea Creator, Learner .
and Home-made chef
Search This Blog
Blog Archive
-
▼
2017
(4)
- ► 03/12 - 03/19 (2)
- ► 02/12 - 02/19 (1)
-
►
2016
(6)
- ► 10/16 - 10/23 (1)
- ► 07/31 - 08/07 (1)
- ► 04/17 - 04/24 (1)
- ► 02/07 - 02/14 (1)
- ► 01/31 - 02/07 (1)
- ► 01/10 - 01/17 (1)
-
►
2015
(17)
- ► 11/29 - 12/06 (1)
- ► 10/04 - 10/11 (1)
- ► 09/27 - 10/04 (1)
- ► 08/30 - 09/06 (2)
- ► 08/23 - 08/30 (3)
- ► 08/16 - 08/23 (1)
- ► 08/09 - 08/16 (1)
- ► 07/05 - 07/12 (3)
- ► 03/29 - 04/05 (2)
- ► 03/01 - 03/08 (1)
- ► 02/08 - 02/15 (1)
-
►
2014
(20)
- ► 12/21 - 12/28 (1)
- ► 11/30 - 12/07 (1)
- ► 09/07 - 09/14 (1)
- ► 08/24 - 08/31 (1)
- ► 08/10 - 08/17 (1)
- ► 07/27 - 08/03 (1)
- ► 07/13 - 07/20 (1)
- ► 06/29 - 07/06 (1)
- ► 06/22 - 06/29 (1)
- ► 05/18 - 05/25 (2)
- ► 05/04 - 05/11 (1)
- ► 04/27 - 05/04 (1)
- ► 04/20 - 04/27 (4)
- ► 04/13 - 04/20 (1)
- ► 03/30 - 04/06 (1)
- ► 01/19 - 01/26 (1)
-
►
2013
(52)
- ► 12/15 - 12/22 (1)
- ► 11/24 - 12/01 (1)
- ► 11/10 - 11/17 (2)
- ► 10/27 - 11/03 (1)
- ► 09/29 - 10/06 (2)
- ► 09/22 - 09/29 (1)
- ► 09/15 - 09/22 (4)
- ► 09/01 - 09/08 (1)
- ► 08/25 - 09/01 (1)
- ► 08/18 - 08/25 (1)
- ► 07/28 - 08/04 (1)
- ► 07/07 - 07/14 (2)
- ► 06/30 - 07/07 (2)
- ► 06/23 - 06/30 (1)
- ► 06/09 - 06/16 (4)
- ► 06/02 - 06/09 (1)
- ► 04/21 - 04/28 (1)
- ► 04/14 - 04/21 (3)
- ► 03/31 - 04/07 (4)
- ► 03/24 - 03/31 (4)
- ► 03/17 - 03/24 (3)
- ► 03/10 - 03/17 (1)
- ► 03/03 - 03/10 (3)
- ► 02/24 - 03/03 (3)
- ► 02/03 - 02/10 (1)
- ► 01/27 - 02/03 (3)
Labels List Numbered
- Food (2)


























