Monday, March 18, 2013
ကျနော် ထရိန်နာ ၂
ရခိုင်ပြည်နယ် ဂွမြို့ နယ် ၊ ရွာသစ်ကုန်း ကျေးရွာ
၉ ရက်နေ့ တွင် မီဒီုမှ စတင် ထွက်ခွာပြီး ည ၁၂နာရီခန့် တွင် ရောက်ရှိ။ အိမ်ခြေ ရှစ်ဆယ်ခန့် သာ ရှိသော ကျေးရွာ တစ်ခုဖြစ်ပြီး မီဒိုကို ထိုသင်တန်း အတွက် ဂျာနယ်မှ တဆင့်ဆက်သွယ်ဟု သိရသည်။
Organizer မှာ တို့ ဖြစ်ပြီး ကျေးရွာရှိ ၀န်ထမ်းများ ဖြစ်သည်။
သင်ကြားရေးနှင့်ပတ်သတ်၍
အသက် ၁၀ နှစ်ကျော်ခန့် မှ ၃၀ ကျော်အထိ ပါဝင်၍ ပထမနေ့ တွင် သုံး သုတ် ခွဲ၍ သင်ကြားရသည်။ မနက်ပိုင်း ၈နာရီမှ ၁၂ နာရီအထိ၊ နေ့ လည် ၁နာရီမှ ၅ နာရီ အထိ၊ ည ၆နာရီမှ ၁၀ နာရီ အထိ ။ သုံးသုတ်ဖြစ်ပြီး ညပိုင်းတွင်  အသက် ၁၆ခန့် မှ၃၀ ကျော်အထိ အထက်တန်းကျောင်းသား၊ တက္ကသိုလ်ကျောင်းသား ၊ အိမ်အလုပ် နှင့် ၀န်ထမ်းအလုပ်လုပ်နေသူများ ပါဝင်သည်။ အများစုမှ သင်ကြားသည့် နေ့ မှ စပြီး ပြီးဆုံးသည် အထိ စိတ်ဝင်စားမှု ရှိစွာဖြင့် သင်ယူကြသည်ကို တွေ့ ရသည်။
အခက်အခဲများ
ကျေးရွာတွင် လျှပ်စစ်မီးမ ရရှိပါ ။ မီးစက်ဖြင့် သင်ကြားရသည်။ ဖုန်းလိုင်းမမိ သဖြင့် အင်တာနက် မရရှိပါ ။ အင်တာနက် သင်ကြားရန် မဖြစ်နိုင်ပါ။ သို့ သော် သင်ကြားသူ အများစုမှ အင်တာနက် သင်ကြားချင်ကြသည်။
ရွာသစ်ကုန်း လူငယ်စုစည်းမှု အဖွဲ့ 
၁၀ ရက်နေ့ တွင် စတင်သင်ကြားသော ၃ရက်တာ ကွန်ပျူတာ အခြေခံသင်တန်းရှိ ညပိုင်း ၆နာရီမှ ၁၀ နာရီ အထိ အတန်းတွင် ရွာသစ်ကုန်းရွာမှ လူငယ်များ ၁၆ဦးခန့် ပါဝင်သည်။ အသက် ၁၇ ခန့် မှ ၃၀ ကျော်အထိ ဖြစ်ပြီး အထက်တန်း ကျောင်း မှ ဘွဲ့ ရ အထိပါဝင်သည်။ ကွန်ပျူတာ သင်တန်းအချိန်မှာ သုံးရက်တာ ဖြစ်သည့်အပြင် တစ်နေ့ လေးနာရီခန့် သာ သင်ကြားပေးရသဖြင့် သူတို့ အတွက် အချိန် အတိုင်းအတာ အနေဖြင့် အတော်နည်းသည်။  ထိုရွာ၏ အားနည်းချက် အရ ဖုန်းလိုင်းမမိသဖြင့် အင်တာနက် အခြေခံကို သင်ကြားမပေးနိုင်ခဲ့ ။ ထို့ ကြောင့် Leadership Training တစ်ခုကို ထို လူငယ်များအတွက် စီစဉ်ပေးခဲ့သည်။ ၁၁ ရက်နေ့ မနက် ကိုးနာရီခန့် တွင် ထိုသင်တန်းကို စတင်ခဲ့သည်။ 
ပထမနေ့ တွင် Activity Game များဖြင့် လူငယ်များကို Motivation ပြုလုပ်ပေးပြီး လူထုဆက်ဆံရေးပိုင်း ကို စတင်ထိတွေ့ ပေးခဲ့သည်။ ထို့ နောက် လူငယ်များ၏ တက်ကြွမှုများကို တွေ့ ရသဖြင့် မိမိရပ်ရွာ အကျိုးအတွက် မည်သည့် အသင်းကို ပြုလုပ်လိုပါသလဲ ဟုသော ခေါင်းစဉ်ဖြင့် လေးယောက်တစ်ဖွဲ့ ခွဲပြီး တိုင်ပင်ခိုင်းသည် ။ ထို့ နောက် အဖွဲ့ လေးဖွဲ့  ထွက်လာပြီး မိမိတို့ အဖွဲ့ ပြုလုပ်လိုသည်များကို Presentation လုပ်ခိုင်းသည်။ အဖွဲ့ လေးဖွဲ့ မှာ ကျေးရွာဖွံ့ ဖြိုး တိုးတက်ရေးအတွက် စာကြည့်တိုက်လုပ်လိုသော အဖွဲ့ ၊ ဆက်သွယ်ရေးကောင်းလိုသော အဖွဲ့ ၊ ကွန်ပျူတာ သင်တန်း အဖွဲ့ ၊ ပညာရေးအတွက် စာသင်ကျောင်း တည်ထောင်လိုသော အဖွဲ့ စသဖြင့် တက်ကြွစွာ ပြုလုပ်လိုကြသည်ကို တွေ့ ရသည်။ input အနေဖြင့် မိမိတို့ ဖြစ်လိုသည်များကို စည်းစည်းလုံးလုံး ပူးပေါင်း ဆောင်ရွက်ကြရန် တိုက်တွန်းထားသည်။
သို့ နှင့် ရည်ရွက်ချက် တူသော အဖွဲ့ နှစ်ဖွဲ့ ခန့် ကို ပူးပေါင်းစေလိုက်သဖြင့် စုစုပေါင်း လူရှစ်ဦး တစ်ဖွဲ့ ဖြင့် နှစ်ဖွဲ  ဖြစ်သွားသည်။  ထပ်မံ ပူးပေါင်းလိုက်သော အဖွဲ့ နှစ်ခုကို မိမိတို့ အချင်းချင်း ရည်ရွယ်ချက်များ ပူးပေါင်း တိုင်ပင်စေ ပြီး အဖွဲ့ လုပ်ဆောင်မည့် အချက်များကို ကြေငြာရင်း ပထမနေ့ သင်တန်းကို ပြီးဆုံးလိုက်သည်။
ရည်ရွယ်ချက်များကို ပြောကြားစေပြီး စည်းရုံးရေးဝင်သည်။ နောက်ဆုံး အဖွဲ့ ကြီတစ်ခု အနေဖြင့် ကျေးရွာ ဖွံ့ ဖြိုးတိုးတက်ရေး လူငယ် ၁၆ဦးပါဝင်သော ရွာသစ်ကုန်းလူငယ်စုစည်းမှု အဖွဲ့ တစ်ခု ဖြစ်ပေါ် လာတော့သည်။
သင်တန်းကာလမှာ သုံးရက်သာ ဖြစ်သော်လည်း ရွာခံ လူငယ်များမှာ တော်ကြပါတယ်။ ကွန်ပျူတာကို အခြေခံအသုံးချနည်းကို ထိထိရောက်ရောက် အသုံးပြုနိုင်သွားတာကို တွေ့ ရပါတယ်။ နောက် ကျေးရွာ စာကြည့်တိုက် ဖွင့်လှစ်ပြီး အဖွဲ့ ပိုင် ကွန်ပျူတာ ဖြစ်မြောက်ရေး အတွက် ၀ိုင်းဝန်းဆောင်ရွက်ကြမည် ကိုလည်း သိရပါတယ်။ ဖုန်းလိုင်းမမိသော ထို ကျေးရွာတွင် ဖုန်းတာဝါတိုင် လာဆောက်မည်ဟု  သတင်းကြားသဖြင့် ထို ဖုန်းလိုင်းမိသော နေရာတွင် စာကြည့်တိုက်ဖြစ်မြောက်ရေး ဆောင်ရွက်ရန် တိုက်တွန်းမိသည်။ ဒါမှသာ သူတို့ ဆက်သွယ်ရေး ကောင်းကောင်း ရရှိနိုင်မည် မဟုတ်ပါလား။
လင်းတန်ဆောင်@Freddy
18.3.2013
ရွာသစ်ကုန်းကျေးရွာ ၊ ဂွမြို့ နယ် - ၉.၃.၂၀၁၃ မှ ၁၄.၃.၂၀၁၃ အထိ
Related Articles
0 comments:
Post a Comment
Fred Rangoon. Powered by Blogger.
Life always goes on
About Me
Fred Rangoon
Alis - Freddy
Blogger , Writer ,Techie , Digital Marketer ,
Freelance Graphic Designer , Photographer
Traveller , Marketing Consultant , Idea Creator, Learner .
and Home-made chef
Contact : tazaung.pr@gmail.com
Search This Blog
Blog Archive
Labels List Numbered
Instagram
recent posts
Pages
Follow us
Photo Profile
Taylor Wong Architecture Designer
The Japanese call it Hanakotoba, and King Charles II brought it to Sweden from Persia in the 17th century. Read More
Popular Gallery