Friday, March 22, 2013

ပုံပြင်လေးတစ်ပုဒ်မှ သင်ခန်းစာ




--- တခါက မုဆိုးတစ်ယောက်ဟာ တိရစ္ဆာန်များရဲ့ အသိညဏ်ဆိုင်ရာကို စစ်ဆေးဖို့ စမ်းသပ်မှု တစ်ခု လုပ်ခဲ့တယ်တဲ့ ။ စမ်းသပ်မှု ကတော့ ကြီးကြီးမားမားတော့ မဟုတ်ပါဘူး။ 

ပထမဆုံး တိရစ္ဆာန်ထဲမှ ခွေးအ ကို ခွဲခြားဝေဖန်နိုင်တဲ့ အသိညဏ်ရှိ မရှိ စမ်းသပ်ဖို့ ခွေးအများ နေထိုင်ရာ ဂူတစ်ခုကို အသံပြုလိုက်တယ် ။ပြီးတော့ မလှမ်းမကမ်း က ခြုံတစ်ခုမှာ ပုန်းနေလိုက်တယ်။ အဲ့ဒီမှာ ဂူထဲက ခွေးအ အုပ်စုဟာ ထွက်လာပြီး ဟောင်ကြပါလေရော။ ဒါနဲ့ မုဆိုးဟာ တွေတဲ့နေရာက ခဲတစ်လုံးကို ကောက်လိုက်ပြီး ခွေးအ အုပ်ထဲကို ပစ်လိုက်တော့... ခွေးအများဟာ ခဲကို ရန်သူအမှတ်နဲ့  ကိုက်ခဲပြီး ဆူညံနေကြပါတယ်။

ဒီလိုနဲ့  မုဆိုးဟာ ခွေးအ များရဲ့  အသိဥာဏ် ကို မှတ်သားလိုက်တယ် ။ခွေးအ များရဲ့ စဉ်းစားဆင်ခြင်နိုင်စွမ်း ဘယ်လောက် ရှိမရှိ ဆိုတာကိုပေါ့ ။ 

နောက်တစ်ခေါက်ကျတော့... တောဘုရင်လို့ ခေါ်တဲ့ ကေသရာဇာ ခြင်္သေ့ မင်းကို ဘယ်လောက် အထိ စဉ်းစားဆင်ခြင်နိုင်စွမ်း ရှိသလဲဆိုတာကို ပြန်စမ်းသပ်ပါတယ် ။

ဒီတော့ ခြင်္သေ့ မင်း နေတဲ့ ဂူကို သွားတယ်။ ဒီတစ်ခါတော့ သစ်ပင် တစ်ပင်ပေါ်တက်ပြီးတော့ 
နေရာ ယူလိုက်တယ်။ ခြင်္သေ့က အင်အားကြီးတော့ ရန်ပြုလာရင် ကာကွယ်နိုင်အောင်လို့ ပေါ့ ပြီးမှ ထုံးစံအတိုင်း အသံပြုလိုက်တယ် ။

အချိန်တော်တော်ကြာ ဆူညံသံတွေ ဘာတွေ အော်ပေမဲ့ ခြင်္သေ့မင်းက ထွက်မလာဘူး ။ သူ့ ရဲ့ ပိုင်နက်မှာပဲ ငြိမ်နေပြီး ရန်သူလား ဘာလားဆိုပြီး အကဲခတ် နေတယ် ။ ခြင်္သေ့မင်း ထွက်မလာတော့ မုဆိုးဟာ ဒီတစ်ခါ ခဲနဲ့  ဂူထဲကို ပစ်ပြီး ပြန်စမ်းတယ် ။ ခဲက ခြင်္သေ့ မင်း ဂူထဲကို ရောက်တော့.. ဒီတခါမှ ခြင်္သေ့မင်းဟာ ထွက်လာတယ် ။

 ပြီးတော့ ခဲကို အနံ့ ခံတယ် ။ ခဲလာရာ လမ်းကြောင်းကို ကြည့်တယ် ။ ပြီးတော့ မုဆိုးရှိတဲ့ ဘက် ခဲ ပေါက်တဲ့ ဘက်ကို အနံ့ ခံတယ် ။ မုဆိုးရဲ့ အနံ့ ကို လေကြောင်းကနေ အနံရတော့ တွေ့ သွားတယ်။ မုဆိုးကိုလည်း အကဲခတ်တယ် ။ မိမိကို တကယ် ရန်ပြုနိုင်စွမ်း မရှိတာရယ် မုဆိုးရောက်နေတဲ့ နေရာက သူလှမ်းမမီနိုင်တဲ့ နေရာဆိုတာ တွေ့ သွားတော့ ခြင်္သေ့ဟာ တစ်ချက်ကြည့်ပြီး မိမိနေထိုင်တဲ့ ဂူထဲကိုပြန်ဝင်သွားတယ် ။ 

မုဆိုးကလည်း ခြင်္သေ့ တော်တော်ကြာကြာလေး ဂူထဲ ၀င်သွားတာ တွေ့ မှ သစ်ပင်ပေါ်က ဆင်းပြီး ခြင်္သေ့မင်းရဲ့  စဉ်းစားဆင်ခြင်နိုင်စွမ်းကို အသိအမှတ်ပြုလိုက်တယ် ။ 

တောဘုရင် ခေါ်ထိုက်ပါပေတယ် ။ တောဘုရင် ပီသပါတယ်နဲ့ 
တိရိစ္ဆာန်ဖြစ်သော်ငြားလည်း ဘယ်လောက် အထိ ဝေဖန် ပိုင်းခြားနိုင်စွမ်း ရှိသည် ဆိုတာကို မုဆိုးဟာ သဘောပေါက်သွားတယ်။

....................................................................

ဒါကတော့ ပုံပြင်လို့ ခေါ်မလား..ပညာပေးလို့ ခေါ်မလား.. 
အဓီက နဲ့ သာမညကို ခွဲခြားနိုင်တယ်လို့ ခေါ်မလား..
အသိဥာဏ် ရှိတာနဲ့  အသိဥာဏ် မရှိတာကို နှိုင်းယှဉ်တယ်လို့ ခေါ်မလား...

ပြဿနာများနဲ့ ကြုံလာတဲ့ အခါ နဲ့ ပြဿနာ ရှာခံရတယ်လို့ ထင်ရတဲ့ အခါ
ကျနော်တို့ တစ်တွေ ဘယ်လိုဖြေရှင်းကြမလဲဆိုတာကိုပဲ ပေးချင်တဲ့ အကြောင်းအရာလေးပဲလား ဆိုတာ... ဖတ်ရှုသူ မိတ်ဆွေများ မိမိကိုယ်ပိုင်စဉ်းစားဆင်ခြင် နိုင်စွမ်းဖြင့် တွေးတောကြပါကုန် ။

ဖတ်ဖူးတာလေး ရေးရေးကနေ ပြန် မှန်းဆပြီး ရေးသားမျှဝေပါတယ်။

Related Articles

0 comments:

Post a Comment

Fred Rangoon. Powered by Blogger.

Life always goes on

About Me

Fred Rangoon

Alis - Freddy

Blogger , Writer ,Techie , Digital Marketer ,
Freelance Graphic Designer , Photographer
Traveller , Marketing Consultant , Idea Creator, Learner .
and Home-made chef

Contact : tazaung.pr@gmail.com

Search This Blog

Blog Archive

Labels List Numbered

Instagram

recent posts

Pages

Follow us

Photo Profile
Taylor Wong Architecture Designer

The Japanese call it Hanakotoba, and King Charles II brought it to Sweden from Persia in the 17th century. Read More

Popular Gallery