Friday, March 8, 2013

ရွှေဝါရောင် ကြောင်ကလေး ဘော့

 
-- အိမ်ခြေရာမဲ့ ဂီတဖျော်ဖြေရေး တစ်ယောက် ဖြစ်တဲ့ ဂျိမ်းစ် တစ်ယောက် သူ့ ဘ၀ကို ပြောင်းလဲစေခဲ့တဲ့  စာအုပ် ဇာတ်ကောင်ပိုင်ရှင် စွန့် ပစ် ကြောင်လေး ဘော့အကြောင်း ကို ဖော်ပြရရင် တကယ်ကောင်းတဲ့ ဇာတ်လမ်းလေး တစ်ပုဒ်ဆိုတာ စာဖတ်သူတို့ ကို သိစေချင် ပါတယ်။ 
ဂျိမ်းစ် တစ်ယောက် တစ်နေ့ လမ်းကြားလေးကို တစ်ခု ၀င်သွားခိုက် ခြေထောက်မှာ အတော်လေးအနာတရဖြစ်နေတဲ့ ကြောင်ဝါလေး တစ်ကောင်ကို တွေ့ ခဲ့ တယ်။ ဘယ်လိုမှ ပစ် မထားနိုင်တာကြောင့် ဒီကြောင်လေး ကို ဆေးထည့် ဆေးတိုက်လုပ်ပြီး ဒဏ်ရာ သက်သာအောင် လုပ်ပေးခဲ့တယ်။

 
နောက်ဆုံးမှာ ကြောင်လေးဟာ ပြန်လည်နလံထူလာတော့ အိမ်ခြေမဲ့  ဂျိမ်းတစ်ယောက် ကြောင်လေး ကို နူတ်ဆက်ဖို့ အချိန် တန်ပြီမို့  ထားသွားခဲ့တယ်။ ဒါပေမဲ့  ကြောင်ကလေး ဘော့တစ်ယောက် ဂျိမ်းစ် အနားက ဘယ်လိုမှထွက်ခွာမသွားခဲ့ ပဲ ..ဂျိမ်း ဘယ်သွားသွားလိုက်နေခဲ့ပါတယ်။ ဂျိမ်းတစ်ယောက် ဘော့ကို ဘယ်လိုမှ ချန်ထားလို့ မရတော့တဲ့ နောက်ဆုံး သူနဲ့ အတူ တူ နေဖို့ ခွင့်ပြုလိုက်ရတယ်။
ဂျိမ်းစ်...ဟာ ဂီတာလေးတီးပြီး လမ်းဘေးမှာ ပိုက်ဆံ ရှာရတဲ့ အလုပ်ကို လုပ်နေတဲ့သူ ဖြစ်ပါတယ် ။ သူလို နိုင်ငံမှာ ဒီလို ဂီတာ တီးပြီး တောင်းရမ်းကြသူတွေက အတော်အတန်ရှိတာမို့  လမ်းဘေးမှာ ဖျော်ဖြေတောင်းစားရတဲ့ ဂျိမ်းစ် ဟာ သာမန်လမ်းသွားလမ်းလာများရဲ့  ဂရုစိုက်မှုကို သိပ်တော့ မရခဲ့ ပါဘူး ။ ဒါပေမဲ့ ..ကြောင်ကလေး ဘော့ရောက်လာပြီးတဲ့နောက်.. သူဟာ လူကြိုက်များတဲ့  ဖျော်ဖြေတောင်းရမ်းသူ တစ်ယောက် ဖြစ်လာပါတယ်။ ချစ်စရာ ကောင်းတဲ့ ကြောင်ကလေး ဘော့ ဟာ လမ်းသွားလမ်းလာ ပရိသတ်များကို ဆွဲဆောင်မှု ပေးခဲ့တယ် ။ ဂျိမ်းစ် အတွက်တော့ လက်ကီးကောင်လေးလိုပါပဲ ။ 

 လည်စီးလေးကို ဆင်မြန်းထားတဲ့ ဘော့ ဟာ တမူထူးခြားတဲ့ ကြောင်ကလေးဆိုတာ လူတိုင်း မြင်ရုံနဲ့ သိကြတယ်။ ဂျိမ်းစ်ဟာ သူရဲ့ လမ်းဘေးမှာ ဖျော်ဖြေရတဲ့ ဘ၀ အကြောင်းကို စာအုပ် စတင်ထုတ်ဝေခဲ့တယ်။ သူ့ ရဲ့ စွန့် စားမှုတွေ ၊ဟာသ နဲ့ ဘ၀သရုပ် ဖော်ထား တဲ့ အကြောင်းအရာတွေ ရော ပေါ့။ 
စာအုပ်ရဲ့ ပထမဆုံးမှာ သူ့ ဘ၀ကို ပြောင်းလဲပေးခဲ့တဲ့ အိပ်မက်တစ်ခုလို ဖြစ်နေတဲ့  ကြောင်ကလေး ဘော့နဲ့ တွေ့ ဆုံခဲ့ ရတဲ့ အကြောင်းက အစချီထားပါတယ် ။



 သူနဲ့ ဘော့ တို့ စတင် သိကျွမ်းခဲ့ တဲ့ အချိန်တွေ ရယ် ၊ သူတို့ ဘ၀ကို ခက်ခက်ခဲခဲ ရုန်းကန်ခဲ့ ရတဲ့ အချိန်တွေ ကို ပြောရရင် ဒရမ်မာ တစ်ပုဒ်လို ကျယ်ပြန့် ခဲ့ တာကြောင့် ..ဒီလို စာအုပ်လေး ဖြစ်ပေါ်လာရတာလို့ လည်း သိရတယ်။ ဘ၀ကြီးက ခက်ခဲကြမ်းတမ်းတယ်ဆိုတာ သူနဲ့ အတူ ဘော့ လည်း ဒီလိုပဲ ပြောပြမယ်လို့ ထင်ပါတယ် ။

ဒါကတော့ ကြောင်တစ်ကောင်နဲ့ လမ်းဘေးဂီတ ဖျော်ဖြေရေးသမား တစ်ယောက် အကြောင်း ရေးထားတဲ့ ဖြစ်ရပ်မှန် ဇာတ်လမ်းလေးကို ဘော့ရဲ့ မိတ်ဆွေ ဂျိမ်းစ် က ရေးသားထားတာ ဖြစ်ပြီး " လမ်းဘေးကြောင်ကလေး နာမည် ဘော့ "ဆိုတဲ့  စာအုပ် တစ်အုပ် ဖြစ်လာရတဲ့ အကြောင်းကို မှတ်တမ်းတင်ထားတာ ဖြစ်ပါတယ်။

အဓီက ဖော်ပြချင်တာကတော့ လမ်းဘေးဖျော်ဖြေရေး သမား ဂျိမ်းစ် နဲ့ အတူ ကြမ်းတမ်းတဲ့ ဘ၀ တစ်လျှောက်လုံး အတူတူ ဖြတ်သန်းခဲ့ တဲ့ ကြောင်ကလေး ဘော့ရဲ့ ချစ်စရာ ပုံလေးများကို ရည်ရွယ်တင်ဆက် လိုက်တာပဲ ဖြစ်ပါတယ်။
Ref;Street Cat Named Bob - James Bowen

Related Articles

0 comments:

Post a Comment

Fred Rangoon. Powered by Blogger.

Life always goes on

About Me

Fred Rangoon

Alis - Freddy

Blogger , Writer ,Techie , Digital Marketer ,
Freelance Graphic Designer , Photographer
Traveller , Marketing Consultant , Idea Creator, Learner .
and Home-made chef

Contact : tazaung.pr@gmail.com

Search This Blog

Blog Archive

Labels List Numbered

Instagram

recent posts

Pages

Follow us

Photo Profile
Taylor Wong Architecture Designer

The Japanese call it Hanakotoba, and King Charles II brought it to Sweden from Persia in the 17th century. Read More

Popular Gallery