ကျနော် ထရိန်နာ
"ဆရာ ဆရာတို့ လာတာ ကျမတို့ အတွက် တကယ်ကောင်းတဲ့ အကျိုးရှိပါတယ် ။ ကျမတို့ အခု ကွန်ပျုတာ ဆိုတာကို ထိတွေ့ ခွင့်ရပြီ။"
ဆိုပြီး အသက် ၃၀ ကျော် ၄၀ လောက်ရှိမယ် ထင်တဲ့ ချင်းအမျိုးသမီးကြီးက စကားဆိုတယ်။
သူ့ အမျိုးတွေက နိုင်ငံခြား ရောက်နေကြတယ် ။ ဒါပေမဲ့ ဘယ်လို ဆက်သွယ်ရမယ်ဆိုတာ သူမသိခဲ့ဘူး ။ သူတို့ တွေ ပြောပြော နေတဲ့ အင်တာနက်ဆိုတာကို သူမသိဘူး ။ သိဖို့ လည်း မကြိုးစားမိခဲ့ဘူး။ ဖုန်းနဲ့ နိုင်ငံခြားကို ဆက်သွယ်ရတာ လွယ်တဲ့ ကိစ္စတော့ မဟုတ်ဘူး။
ဖုန်းတစ်ခါ တစ်ခါ ခေါ်ဖို့  အရေး နဲ့  တစ်မိနစ်လောက်ကို တော်တော်လေး စရိတ်ထောင်းနေတဲ့ ဒီနိုင်ငံကြီးမှာ..သူ့ အတွက် အင်တာနက် သုံးတယ်ဆိုတာ.. ကောက်ရိုးတစ်မျှင်လို့  ခေါ်နိုင်မလားပဲ ။
သင်တန်းပြီးတိုင်း Reflection လုပ်ခိုင်းတဲ့ Method ကို T O T မှာ ကျနော်ရခဲ့တော့ အသုံးတော့ဝင်သား ။ ဖေဖော်ဝါရီလ ဆန်းမှာ Trainer တစ်ယောက် အနေနဲ့ အလုပ်ဝင်ဖို့  အင်တာဗျူးတော့.. ဖရက်ဒီ အခု သင်ရမဲ့သူတွေထဲမှာ အသက်ကြီးတာတွေလည်း ပါမယ် ငယ်တာတွေလည်း ပါမယ် ။ ဒီတော့ သူတို့ ကို ဘယ်လိုပုံစံနဲ့ သင်မလဲတဲ့ ..။
Taining For Tainer ( TOT ) ကို MYF ကအနေနဲ့ Scholar လို့ ခေါ်မလား ။ နှစ်ပတ်သင်တန်း တက်ခွင့်ရတယ် ။ ဒီသင်တန်းမှာ Facilitator နဲ့  Facilitating Training Method တွေ သင်ပေးခဲ့တယ်။ ဒီက နေ ထွက်တဲ့သူငယ်ချင်းတွေက လူသူထဲမှာ ပြောရဲဆိုရဲ ပြီး ခေါင်းဆောင်မှုကို ပိုင်နိုင်နေကြတဲ့ သူတွေ ။ TOT ကို ရောက်လာတဲ့ သူတော်တော်များများက လူမှုနယ်ပယ် ၊ NGO နယ်ပယ် အသီးသီးက Trainer နဲ့ ဆရာ တွေ ။ ကျနော်က ဘာမှမဟုတ် ။ အထင်လည်း ကြီးလောက်ပါတယ် ။ ဘယ် Subjest နဲ့  Topic အတွက်မှ သီးသန့် မဟုတ်ဘဲ ။ ဘာလာလာ ကောင်း ကောင်းတဲ့ Faciltate Training Method တွေ ။ ကိုယ်တိုင် အသုံးချဖြစ်ဖို့  သင်တန်းပြီးပြီးချင်းပဲ.. ချင်းပြည်နယ် မင်းတပ်ကို ရောက်လာခဲ့တယ် ။
.........................
ICT For Development , Citizen Journalism
သင်တန်းက လေးရက်လို့ ရည်ရွယ်ခဲ့ပေမဲ့ ချင်းပြည်နယ် ရောက် သမ္မတ ခရီးစဉ်နဲ့  ချင်းအမျိုးသားနေ့  တစ်ရက် နောက်ဆုတ်လိုက်တာ ကြောင့် သုံးရက်ပဲ သင်ဖြစ်ခဲ့တယ် ။ သူတို့ ဆီက အားနည်းချက်တစ်ခုကတော့ Local organizer တွေ အားနည်းတာပါပဲ ။ သင်တန်းအတွက် ကြိုပြီး စီစဉ်လာခဲ့ပေမဲ့ ကျနော်တို့ ဘက်ကတော့ အမှားမရှိခဲ့ပါဘူး။ သင်တန်းချိန်ကတော့ နည်းခဲ့တယ် ။ ဒါပေမဲ့ သိတဲ့ သူ မသိတဲ့သူ ရှိတယ်လို့  ကြားခဲ့ရတယ် ။
ဒါပေမဲ့ ဒေသခံတွေကတော့ ဧည့်ဝတ်ကျေကြပါတယ် ။ အားနာရလောက်အောင် သဘောကောင်းကြတယ် ။ သင်တန်းပြီးချိန်လောက် ဆို သူတို့ ရဲ့ ဒေသက လည်ပတ်စရာ နေရာတွေကို လိုက်ပို့ ကြတယ် ။ ချင်းအမျိုးသားနေ့ တစ်ရက် နောက်ဆုတ်တော့ အဲ့ဒီနေ့ မှာ မသင်ဖြစ်သေး ဘဲ မင်းတပ်မြို့ နယ်ထဲက ပန်းအော့လို့ ခေါ်တဲ့ တောင်ပေါ်က ကျေးရွာလေးကို ဆိုင်ကယ်နဲ့ တက်ခဲ့ကြတယ် ။ အဲ့ဒီက စတော်ဘယ်ရီခြံ ရှိတယ်လို့  ဒေသခံ တစ်ယောက်က ပြောလို့ ပါ ။ ခရီးက တောင်ပတ်လမ်းဖြစ်တဲ့ အပြင် တောင်ပတ်လမ်းက ကြမ်းပြီး တစ်ဖက်မှာ ချောက်ဘဲရှိတော့တယ် ။ ဒီတော့ သတိထားပြီး တောင်ပေါ် အသွား အဆင်းခရီး ကို ဆိုင်ကယ်မနည်းစီးပြီး ရောက်အောင် လာခဲ့ရတယ် ။
ရာသီဥတု က အတော်လေး အေးပါတယ်။ နေ့ ခင်းကို နည်းနည်း ပူရုံလောက်တော့ ရှိတယ် ။ စတော်ဘယ်ရီခြံက တောင်စောင်းလေးမှာ စိုက်ထားတာ ဖြစ်တဲ့ အတွက် အဲ့ဒီကို ရောက်ဖို့  တောင်အောက် မှာ ဆိုင်ကယ်တွေ ထားပြီး တက်ခဲ့ရတယ် ။
...ေ မာ လို က် တာ ဗျာ
ဒါပေမဲ့... စတော်ဘယ်ရီခင်းကို ရောက်တာ့ တော်တော်လေး စိတ်အပန်းဖြေသွားတယ် ။ စတော်ဘယ်ရီသီး တွေ အများကြီးပဲ ဗျ ။ ခြံပိုင်ရှင် အမျိုးသမီးကြီးက စိတ်ကြိုက်ခူးစားပြီး ယူသွားမယ်ဆို မှ ပိုက်ဆံယူတယ် ။ဒီတော့ ကျနော်တို့ အဖွဲ့ တွေက ဓာတ်ပုံတွေ အားရပါးရ ရိုက်ကြတယ် ။ တောင်ပေါ်ရှုခင်းက တော်တော်လှတယ် ။ အဝေးက တောင်ကြီးတွေကို မြင်နေရပြီး လေက လည်း အေးအေးလေး တိုက်နေတယ်။
နွေ အ၀င်လို့ ဆိုရမလားပဲ.. သစ်ရွက်တွေ ၀ါရင့် နေပါပြီ ...။
ဒီလိုနဲ့ နေ့ လည် လောက် ဗိုက်ဆာကြတော့ တောင်ပေါ်ကနေပြန်ဆင်းခဲ့တယ် ။ ချင်းပြည်နယ် မင်းတပ် လည်ပတ်ခရီးကတော့ ဒီလောက်ပဲပေါ့ဗျာ ။လာရတဲ့ ရည်ရွယ်ချက်က သင်တန်းအတွက်ဆိုတော့ သင်တန်း အကြောင်းအရာလေးတွေလည်း မျှချင်သေးတာပေါ့ ။
.............................................................................................
ပထမဆုံးနေ့  (၂၂.၂.၂၀၁၃)
Flip Chart တွေ ၊ Marker Pen တွေ ကို ဖြန့် ခင်းပြီး ကိုယ့် နာမည်ကိုယ် မိတ်ဆက်လိုက်တယ် ။ သင်တန်းသားတွေဆိုတဲ့သူတွေက အားလုံး ကျနော်ထက် အနည်းဆုံး ၅နှစ်လောက်ကြီးကြတယ်။ တောင်ပေါ်သား .. ချင်းတိုင်းရင်းသားတွေ ။
ဟုတ်ပြီး.. အခုပထမဆုံး အားလုံး စိတ်ထဲမှာ မြင်တဲ့ ကွန်ပျူတာ ဆိုတာ ဘယ်လို ပုံစံ နဲ့ ဘယ်လို အသုံးချရသလဲဆိုတာ ရေးပြီး ကျနော့်ကို ဖြေပေးကြပါ ။ စာရွက်လေးတွေ ကမ်းပေးလိုက်တော့ ။ သူတို့ တွေ စိတ်ဝင်တစား ရေးကြတယ် ။ ကီးဘုတ် နဲ့  မောက်ဆိုတာ ဘယ်လို နဲ့ လက်ကို ဘယ်လို တင်ပြီး လက်ကွက်ကျကျနိုပ်တက်ဖို့ .. ကို တစ်ရက် ကုန်သွားတယ် ။
သူတို့ တွေ ကြိုးစားကြတယ် ။ " ဆရာ .. ဒါမှာ ဘယ်လိုပြန်လုပ်ရတာ လဲ မသိဘူး.. " "ဆရာ ဒါက ဘယ်မှာ နိုပ်ရတာလဲ မသိဘူး "
ကျနော့်ထက် အသက်ကြီးကြပေမဲ့.. သူတို့ လိုချင်တဲ့ ပညာကို စိတ်ဝင်တစား သင်ယူနေတာ တွေ့ ရတော့ .. သင်ပေးရတာ လည်း ပျော်တယ် ။ သူတို့ ထဲမှာ ကွန်ပျူတာကို ဘယ်လိုနိုပ်ပြီး ဘယ်လို ဖွင့်ရမလဲ ဆိုတာကို မသိတဲ့ သူတွေလည်း ပါတယ် ။
ကွန်ပျူတာတွေ တဖြည်းဖြည်း ပြောင်းလဲ သွားလိုက်တာ.. အခု ကိုင်နေကြတဲ့ Lap top တွေ အထိပေါ့ ။ ဆိုပြီး ငှားလာတဲ့ System ပုံးကိုပါ ချပြီး ရှင်းပြတယ် ။ အထဲက ဘယ်တစ်ခုက ဘယ်လို အလုပ်လုပ်တယ်။ ဘယ်တစ်ခုက ပင်မ အရေးကြီးတဲ့ဟာ.. ဆိုပြီး ။ကိုင်တွယ်ပြတော့ သူတို့ တွေ အထူးအဆန်းတွေ ငုံ့ ကြည့်နေကြတာ ။ System ပုံတစ်ခုလုံး လူတွေ အုံသွားတယ် ။
ဒုတိယနေ့  (၂၃.၂.၂၀၁၃ )
Microsoft Word တက်ရင် စာစီ စာရိုက် လုပ်မလား ။ ၀တ္တုတွေ ရေးမလား ။ သတင်းတွေ ရေးပို့ မလား.. အဆင်ပြေတယ် ဆိုပြီး Word မှာ စာရေးတဲ့ နည်း နဲ့ ဖောင့်ချိန်း ၊ စာလုံးကြီး သေး ၊ အရောင်ချိန်း ၊ Margen ....။
................
အင်တာနက်ဆို.. အ၀ိုင်းလေး လည်နေတာလေ တွေ့ လားလို့ ... အရွန်းဖောက်မိတယ် ။ သူတို့ ကလည်း ပြုံးစိစိနဲ့ ကြည့်ကြတယ်။ နောက် တစ်ကမ္ဘာ့လုံးကို လေ့လာဖို့ ဖွင့်ရတဲ့ ပြတင်းပေါက် ဆိုပြီး Firefox ကို ဖွင့်ပြတယ် ။ အဲ့မှာ လိမ္မော်ရောင် နဲ့ မီးမြေခွေးလေး ကမ္ဘာလုံးကို ပတ်ထားတဲ့ ပုံစံလေးပေါ့ ။
Google ဆိုတာ....
....................
နောက်ဆုံးနေ့ မှာ Social Media ဖြစ်တဲ့ Facebook သမိုင်းကို နည်းနည်းပြောပြီး Facebook ကို သင်ပေးခဲ့တယ် ။ ဘာတွေလုပ်နိုင်သလဲ..။ ဘယ်လို အကျိုးတွေ ရှိသလဲ ။ ဘာကြောင့် သုံးရတာလဲ...?
စသဖြင့်ပေါ့လေ ။
သူတို့ တွေ ၀မ်းသာကြတယ် ။ ပြီးတော့ ထပ်ပြီးလည်း လေ့လာချင်ကြတယ် ။ မသင်လိုက်ရတဲ့ course တွေကိုလည်း ပြန်သင်ချင်နေကြတယ် ။ နောက်ထပ်လာခဲ့ပါအုံး ။ မတူပီ ကိုလည်း လာခဲ့ပါ ။ နေဖို့ စားဖို့ အကုန်စီစဉ်ပေးထားပါမယ်လို့ ။ ခုနက ချင်းအမျိုးသမီးကြီးက တိုးညှင်စွာ ဆိုတယ်။ သူမကို ကြည့်ရတာ.. စိတ်ပါပြီး သူမရဲ့ ဒေသက သူတွေကိုလည်း သူ့ သိသလို သိစေချင်သလိုပဲ ။ တက်နိုင်တဲ့ ဘက်က နိုင်ငံ နဲ့  ဒေသ တိုးတက်ရေးအတွက် အင်တာနက်ကို ကျယ်ကျယ်ပြန့် ပြန် သုံးကြဖို့ တော့ မှာလိုက်ပါရဲ့ ။ ကျနော်တို့ တွေ တစ်နေ့ တော့ ဆုံကြရအုံးမယ် မဟုတ်ပါလား ။
လင်းတန်ဆောင် @ Freddy
ချင်းပြည်နယ်၊မင်းတပ်မြို့ .. Training ခရီးစဉ်
၁၈.၂.၂၀၁၃ မှ ၂၆.၂.၂၀၁၃ အထိ
0 comments:
Post a Comment