ဖေ့ဘွတ် ဖုန်း ခေါ်တဲ့ Facebook Home ဘာလဲ..ဘယ်လိုလဲ..?
HTC First ဖုန်းမှာ ထည့်သွင်းထားတဲ့ Facebook Home အမည်ရတဲ့ ဖုန်းဟာ ယခု
April 12 ရက်နေ့ မှာ ထွက်ရှိလို့ လာတော့မှာ ဖြစ်ပါတယ်။
HTC First Smart Phone မှာ ထည့်သွင်းထားတဲ့  Facebook System လို့ သိရပါတယ်။ ဘာတွေ ထူးခြား သလဲဆိုတော့..
မူလ Home Screen ဟာ Facebook ကို တိုက်ရိုက်ချိတ်ထားမှာ ဖြစ်ပြီး ထို Home Screen ကနေ မိမိ ဖေ့ဘွတ်ကို သုံးနိုင်မှာ ဖြစ်ပါတယ်။ ဓာတ်ပုံများကို ကြည့်နိုင်ခြင်း ၊ Status များကို Home Screen ကနေ တိုက်ရိုက်တင်လို့ ရမှာ ဖြစ်ပါတယ်။တင်ထားသော
ပို့ စ်များကို Like ပေးတာ Comment ပေးတာတွေကိုလည်း Home Screen ကနေ ချက်ချင်းလုပ်နိုင်မှာ ဖြစ်ပါတယ်။
ပြီးတော့.. Chat Message ပုံစံကို အသားပေး လုပ်ထားတာ တွေ့ ရပါတယ် ။ မိမိ အွန်လိုင်း ဖြစ်ဖြစ် အော့လိုင်း ဖြစ်ဖြစ်
ရှိနေတဲ့ အခါ သူငယ်ချင်း ပို့ လိုက်တဲ့ Message ကို Home Screen မှာ တိုက်ရိုက်မြင်ရပြီး Pop Up ပုံစံလေးနဲ့ ပေါ်လာမှာ ဖြစ်ပါတယ်။ ထိုမှ Pop Up Message လေးကို နိုပ်ပြီး ချက်တင်လုပ်လို့ ရမှာ ပါ။
ထို့ နောက်မှ.. အလယ်က အ၀ိုင်း Button လေးကို နိုပ်လိုက်ရင် မိမိသုံးလိုတဲ့ တခြား App တွေကို အသုံးပြုနိုင်မှာပါ။ OS ကတော့ Andriod ကိုပဲ သုံးထားတာ ဖြစ်ပါတယ်။
အားသာချက် အနေနဲ့  ဖေ့ဘွတ်ကို တိုက်ရိုက် အသုံးပြုနိုင်မှာ ဖြစ်ပြီး... အင်တာနက်ကတော့ ဖွင့်ထားဖို့ လိုမှာ ဖြစ်ပါတယ်။ အားနည်းချက်လို့ ပြောနိုင်တဲ့ အနေအထားကတော့ မိမိဖုန်းကို တခြားသူ မကလိစေဖို့ သတိထားရမှာ ဖြစ်ပါတယ်။
ဘာလို့ လဲဆိုတော့ ဖေ့ဘွတ်က ဖုန်း ဖွင့်လိုက်တာနဲ့ တိုက်ရိုက်ချိတ်ပြီး သား ဖြစ်လို့ ဖြစ်ပါတယ်။
အသေးစိတ်ကို လေ့လာလိုပါက အောက်ပါ လင့်မှာ လေ့လာနိုင်ပါတယ်။
- https://www.youtube.com/watch?v=klWfvxyIXL0
လင်းတန်ဆောင်
0 comments:
Post a Comment