အမျိုးသမီး များ အတွက်
သင်ဟာ အလုပ်လုပ်နေတဲ့ မိန်းမလား.. ?
အိမ်ထောင်ရှင်မလား?
အမျိုးသမီး က ပြန်ဖြေလိုက်တယ်။
ကျမက အချိန်ပြည့် အလုပ်လုပ်ရတဲ့ အိမ်ထောင်ရှင်မ တစ်ယောက်ပါ။
တစ်နေ့ ကို ၂၄ နာရီ အလုပ်လုပ်ရပါတယ်.
မိခင်တစ်ယောက်လည်း ဖြစ်ပါတယ်။
ဇနီးသည်တစ်ဦးလည်း ဖြစ်ပါတယ်။
သမီးတစ်ယောက်လည်း ဖြစ်ပြီး ချွေးမတစ်ယောက်လည်း ဖြစ်ပြန်ပါတယ်။
နိုးစက်နာရီကြီးလည်း ဖြစ်ပါတယ်။
ဟင်းချက်တဲ့ စက်ကြီးလည်း ဖြစ်ပါတယ်။
အိမ်ဖော်လည်း ဖြစ်ပါတယ်။
ဆရာမ တစ်ဦးလည်း ဖြစ်ပါတယ်။
စားပွဲထိုးလည်း ဖြစ်ပါတယ်။
ကလေးထိန်းလည်း ဖြစ်ပါတယ်။
သူနာပြုလည်း ဖြစ်ပါတယ်။
လက်သမားလည်း ဖြစ်ပါတယ်။
ဆွေးနွေးနှစ်သိမ့်ပေးတဲ့ သူလည်း ဖြစ်ပါတယ်။
အဆင်ပြေအောင် ဆောင်ရွက်ပေးရတဲ့ သူလည်း ဖြစ်ပါတယ်။
ကျမ မှာ အားလပ်ရက် ဆိုတာ မရှိပါဘူး။
ဖျားလို့ ခွင့်ပိတ်ရက်ဆိုတာ မရှိပါဘူး။
ခွင့်ရတဲ့ ရက်လည်း မရှိပါဘူး။
နေ့ ရော ညရော တစ်ချိန်လုံး အလုပ်လုပ်ပါတယ်။
အချိန်မရွေး ခေါ်ဆိုနိုင်ပြီး စကားလုံးတွေသာ အခကြေးအဖြစ် ရရှိတဲ့သူသာ ဖြစ်ပါတယ်။
" ကဲ သင်ရော တစ်နေ့ လုံး ဘာတွေ လုပ်ရသလဲ ? "
0 comments:
Post a Comment