Dream Catcher အကြောင်း တစ်စေ့တစ်စောင်း
ပြီးခဲ့တဲ့ အောက်တိုဘာ ၃၀ ရက်နေ့ က ကိုနေဘုန်းလတ် အင်ဒိုနီးရှား
ဘာလီမှာ Internet Governance Forum တက်ပြီးပြန်ရောက်တော့အနော်တို့  ရုံးက အဖွဲ့ သားတွေ
အတွက် ဘာလီပြန်လက်ဆောင်လေးတွေ ယူလာတယ်။
သော့တွဲ ၊ လက်ပတ်ကြိုးနဲ့ Dream Catcher လေးတွေပါ။ အဲ့ဒီမှာ
Dream Catcher ကိုတွေ့ တော့ အားလုံးကပြောကြတယ်။ဒါက ဘယ်လို အဆောင်ဖြစ်တယ်။ ဘာအတွက် သုံးတယ်
။ ဘာကြောင့် လူတွေက ချိတ်ဆွဲကြတယ် ဆိုတာမျိုးပါ။ အခုယူလာတဲ့ Dream Catcher လေးက သော့တွဲသာသာ
အဆောင်လေး တစ်ခုပေါ့။
အ၀ိုင်းပုံလေးမှာ ... ကြိုးလေးတွေနဲ့ ရစ်ထားပြီး ပုတီးလုံးလေးတွေ
သီထားတယ်။ ပြီးတော့ ငှက်မွေးသုံးလေးပင်လောက်က အောက်မှာ ဆွဲပြီး ချည်ထားပါတယ်။ အ၀ိုင်းရဲ
့အလယ်လေးမှာတော့ နိုင်လွန်ကြိုးနဲ့  ပိုက်ကွန်ပုံစံ ချည်ထားပြီးအလုံးလေး တစ်လုံးကို
ထည့်ထားတယ်။
ကြည့်ရတာ ပုတီးလုံးလေးလို့ ပဲ ထင်တယ်။ အင်တာနက် မှာလည်း မကြာခဏ
ဓာတ်ပုံနဲ့ တွေ့ ဖူးပြီး အခုမှ လက်တွေ့  ကိုင်ဖူး မြင်ဖူးတော့ဒီအကြောင်း နည်းနည်းရေးဖို
့စိတ်ကူးမိတယ်။ ဒါနဲ့ ရေးလိုက်ပါတယ်။
Dream Catcher
Native American လူမျိုးတွေ ၊ အထူးသဖြင့် အမေရိကန် အင်ဒီယန် လူမျိုးတွေရဲ
့ရိုးရာ အဆောင်တစ်ခု ဖြစ်ပါတယ်။ အိပ်ပျော်နေတဲ့ အချိန်တွေမှာ မကောင်းတဲ့ အိပ်မက်ဆိုးတွေကို
တိုက်ထုတ်နိုင်တဲ့ အစွမ်းရှိပြီး ကောင်းတဲ့ အိပ်မက်တွေကို ဖန်တီးနိုင်တဲ့အရာတစ်ခု ဖြစ်ပါတယ်တဲ့။
အဆိုအရ.. ဖန်တီးထားတဲ့ ပုံစံမှာ အလယ်က အ၀ိုင်းလေးမှာရှိတဲ့ ပိုက်ကွန်ပုံစံ
ယက်ထားတဲ့ ကြိုးနဲ့ ပုတီးလုံးလေးက ကောင်းတဲ့ အိပ်မက်တွေကို ဖမ်းပေးနိုင်တဲ့ အစွမ်းရှိပါတယ်။
ပြီးတော့ ဖမ်းထားတဲ့ အိပ်မက်ကောင်းလေးများကို အောက်နားက ငှက်မွေးတွဲလောင်းကနေ အိပ်စက်နေတဲ့
လူဆီကို ပို့ ဆောင်းပေးပါတယ်။
Native American တို့ အယူအဆမှာ ညအချိန် လေထဲမှာ ကောင်းတဲ့ အိပ်မက်
နဲ့ မကောင်းတဲ့ အိပ်မက်တွေ ရောထွေမျောလွင့်နေကြပါတယ်။ ဒီ Dream Catcher လေးကို မိမိရဲ
့ အိပ်ရာအနားမှာ ချိတ်ဆွဲပေးထားတယ် ဆိုရင်သူက ကောင်းတဲ့ အိပ်မက်တွေကို ဖမ်းပြီး အိမ်မက်လှလှမက်စေပါတယ်။ကောင်းတဲ့
အိပ်မက်တွေက Dream Catcher နဲ့ တွေ့  တဲ့ အခါ ညှိတွယ်ပြီး လူကို အိပ်မက်ကောင်းတွေ ဖြစ်ပေါ်စေတယ်။
မကောင်းတဲ့ အိပ်မက်တွေကတော့ Dream Catcher နဲ့  ထိမိတဲ့ အခါ ပျက်ပြယ်သွားတယ် လို့ ဆိုထားပါတယ်။
Dream Catcher ကို ဘာတွေနဲ့ လုပ်ထားသလဲ ?
မိုးမခပင် အသားကို စက်ဝိုင်းပုံစံ ရစ်ခွေပြီး အဆင်တန်ဆာတွေ ဖြစ်တဲ့
ပုတီးစေ့များ ၊ နိုင်လွန် ( သို့  ) ချည်သားကြိုး
ငှက်မွေး စတာတွေနဲ့ ပြုလုပ်ထားပါတယ်။
အ၀ိုင်းပုံစံ ပြုလုပ်ထားခြင်းက နေနဲ့ လကို ကိုယ်စားပြုတယ်လို့ ဆိုပါတယ်။ငှက်မွေးမှာလည်း
အမျိုးသမီးများအတွက် ဆိုရင် ဇီးကွက်ငှက်မွေးကို အသုံးပြုထားခြင်းက ပညာရှိခြင်းကို ဆိုလိုပြီး
အမျိုးသားများ အတွက် သိန်းငှက်မွေးကို အသုံးပြုထားခြင်းက ရဲရင့်ခြင်း ကို ဆောင်ပါတယ်။
ကဲ...ဒီလောက် ဆိုရင် Dream Catcher က ဘာအတွက် အသုံးပြုကြတယ် ဆိုတာရယ်
ဘယ်သူတွေက အသုံးပြုကြတယ် ၊ စတင်ခဲ့ကြတယ် ဆိုတာကို သိရှိပြီလို့ ထင်ပါတယ်။
0 comments:
Post a Comment