Monday, September 16, 2013

Tama ဘူတာရုံဝန်ထမ်းကြောင်ကလေး



 

Tama , たま, born April 29, 1999

ကီနိုဝါက ဆိုတဲ့ ဂျပန်နိုင်ငံက မြို့ လေးတစ်မြို့ ဟာ တခြားမြို့ တွေနဲ့ အတူ သာမန်မြို့ လေးတစ်မြို့ ပါပဲ ။ ဒါပေမဲ့ ဒီမြို့ လေး ကနေ ကမ္ဘာသိကျော်ကြားတဲ့ အဖြစ်အဖျက်လေး တစ်ခု ရှိနေပါတယ်။  ကီနိုဝါက ရဲ့  ကီရှိဆိုတဲ့ ဘူတာရုံမှာ Tama ဆိုတဲ့ ကြောင်ကလေး တစ်ကောင်ဟာ ဘူတာရုံ  ရဲ့  လက်မှတ်ရုံက မန်နေဂျာ ရာထူး နဲ့ တရားဝင်ခန့် အပ်ထားခြင်း ခံရတဲ့ ကြောင်ဖြစ်ပါတယ်။



တာရှိကို ကိုရာမ ဆိုတဲ့ ဘူတာရုံ လက်မှတ်ရောင်း မန်နေဂျာဟာ ဒီကြောင်လေးကို မွေးစားထားတာ ဖြစ်ပါတယ်။ ၂၀၀၄ ခုနှစ်အတော အတွင်း တုန်းက ဒီဘူတာရုံဟာ ငွေကြေးဆိုင်ရာ ပြဿနာ တစ်ချို့ အရ ဖျတ်သိမ်းခံရခါနီး အခြေအနေကို ရောက်ရှိလို့ လာခဲ့ပါတယ်။ ဘူတာရုံပိုင်ရှင်များဟာ ဒီလိုနဲ့ ဝန်ထမ်းအသစ်ခန့် အပ်ရဖို့ အကြောင်းဖန်လာပါတယ်။ 

ကိုရာမဟာ Tama ကို ဘူတာရုံမန်နေဂျာ အဖြစ် ရွေးချယ်လိုက်ပါတယ်။  Tama အလုပ်ဟာ ထူးထူးခြားခြား တော့ မရှိပါဘူး။ ဘူတာရုံကို လာတဲ့ ခရီးသည် များကို နူတ်ဆက်ပေးရုံပဲ ဖြစ်ပါတယ်။ နဂိုကထဲက ဘူတာရုံမှာ နေထိုင်ပြီး လက်မှတ်ကောင်တာမှာ ထိုင်နေတက်တဲ့ Tama ဟာ ဒီအလုပ်အတွက် ခက်ခက်ခဲခဲတော့ မရှိခဲ့ပါဘူး ။ သူ့ အတွက် ဦးထုတ်လေးနဲ့ ဘူတာရုံ ၀န်ထမ်းအသိအမှတ်ပြု လည်ဆွဲလေးကိုလည်း ပြုလုပ်ပေးထားပါတယ်။ သူ့ အတွက် လစာကတော့ ကြောင်စာများ ထောက်ပံ့ပေးထားပါတယ် ။

အခုဆိုရင် Tama ဟာ ၁၄ နှစ် အရွယ်ရှိခဲ့ပါပြီ။ Tama အတွက် ဒီဘူတာရုံလေးမှာ Tama Office ဆိုပြီး တစ်ခု မှန်တံခါးပါတဲ့ အဆောင်လေး တစ်ခု ပြုလုပ်ပေးထားပါတယ်။  ဂျပန်တို့ အယူတစ်ခုအရ ကြောင်ဟာ ကံကောင်းတဲ့ အဆောင်အနေနဲ့ လည်း  သတ်မှတ်တဲ့ အတွက် Tama လေးဟာ ဒီဘူတာရုံမှာ ကံကောင်းစေတဲ့ အရာလေး တစ်ခုအဖြစ်လည်း သတ်မှတ်ခံထားရပြန်ပါသေးတယ်။


Tama ကို အရင်း ပြုပြီး ကမ္ဘာလှည့် ခရီးသွားများကို ဆွဲဆောင်တဲ့ လုပ်ငန်းများ ဖြစ်တဲ့ ကြောင်ပုံပါ  ရထားပြေးဆွဲခြင်း ၊ အမှတ်တရ ဓာတ်ပုံများ ရိုက်ကူးခြင်း ၊ Tama အမှတ်တရ လက်ဆောင်များ ပြုလုပ်ခြင်းဖြင့် ခရီးသွားများဆီမှ ရရှိတဲ့ ငွေဟာ တစ်နှစ်ကို ဂျပန်ယမ်း ၁.၁ သန်း အထိရှိခဲ့ပါတယ်။

Refl Wiki

လင်းတန်ဆောင်

Related Articles

0 comments:

Post a Comment

Fred Rangoon. Powered by Blogger.

Life always goes on

About Me

Fred Rangoon

Alis - Freddy

Blogger , Writer ,Techie , Digital Marketer ,
Freelance Graphic Designer , Photographer
Traveller , Marketing Consultant , Idea Creator, Learner .
and Home-made chef

Contact : tazaung.pr@gmail.com

Search This Blog

Blog Archive

Labels List Numbered

Instagram

recent posts

Pages

Follow us

Photo Profile
Taylor Wong Architecture Designer

The Japanese call it Hanakotoba, and King Charles II brought it to Sweden from Persia in the 17th century. Read More

Popular Gallery