New York က ကြောင်ကဖေး
နယူးယောက်မှာ ရှိတဲ့ ပထမဆုံး ကြောင်များ သီးသန့်  ကဖေးဆိုင်ဖြစ်ပါတယ်။
ကြောင်ချစ်သူများ အချင်းချင်း မိမိတို့ ကြောင်လေးတွေ ခေါ်လာပြီး အပန်းဖြေနိုင်တဲ့
ကဖေးဆိုင် တစ်ခုဆိုလည်း မမှားပါဘူး။ ကြောင်ကလေးများအတွက် အစားအစာများရတဲ့ အပြင် ကြောင်ချစ်သူများ သုံးဆောင်နိုင်ဖို့  ကြောင်အရုပ်ခြယ်ထားတဲ့ Cappucinno တစ်ခွက်ကစိတ်တိုင်းကျစေမှာ ဖြစ်ပါတယ်။
ကြောင်ကလေးများကို အေးအေးဆေးဆေး အနားယူနိုင်မယ်။ ဆော့ကစားဖို့ လည်း ဖန်တီးထားပေးတယ်။ ကြောင်ပုံစံအသုံးအဆောင်များလည်း တန်ဆာဆင်ပေးထားပါတယ်။
ကမ္ဘာလှည့် ခရီးသည်များ အတွက်လည်း အထူးအဆန်း တစ်နေရာအနေနဲ့  လာရောက်ကြတဲ့ နေရာ တစ်ခု ဖြစ်ပါတယ်။
-----
လင်းတန်ဆောင်
Ref:a-cat-cafe-in-new-york/
0 comments:
Post a Comment