_ _ _ elegy _ _ _
ငါ့ဘက်ကတော့ သံယောဇဉ်ဆိုတာ
နေ့ တာရှည်တဲ့ နွေရက်တွေလိုပဲ
ပူလောင်လွန်း နေရခက်လွန်းတယ်
ဒါကြောင့် စောစော
ဒီ မီးခဲတွေကို ရေလောင်းခဲ့သင့်တာ
ငါကြိုးစားပါတယ်
အနားမှာ မရှိရင်လည်း
နေတက်သွားအောင်
ငါသတ်မိတဲ့ ရေသောက်မြစ်က
ငါ့ အသက်ရှုသံလေးဖြစ်နေ
ငါ အနားလာဖို့  ဆွဲကိုင်မိတဲ့ လက်ကလေးက
ငါ့ကို နူတ်ဆက်ဖို့ 
ခွန်အားအပြည့်ရှိတယ်တဲ့လား.
ငိုလိုက်စမ်းပါ
ကောင်းကင်ရယ်
ငါပျော်ဖို့ နင်ငိုပေးပါ
ငါ့ရှိုက်သံလေး ...
ဒီ မိုးသံ လေသံနဲ့ 
ငြိမ်းပါစေလေ ... ။ ။
လင်းတန်ဆောင်
0 comments:
Post a Comment