Sunday, May 18, 2014

ဖန်တီးမှု ကောင်းစေတဲ့ အချက် (၂၈)ခု



၁။ လုပ်စရာ ရှိတာတွေကို List လုပ်ပါ။ မိမိလုပ်စရာ ရှိတဲ့ အရာတွေကို မမေ့ မလျော့ နဲ့ တစ်ခုပြီး တစ်ခု လုပ်နိုင်ဖို့  List လုပ်ထားပြီး တစ်ခုပြီး တစ်ခု လုပ်သွားပါ။


၂။ မှတ်စု စာအုပ်တစ်အုပ် ဆောင်ထားပါ။ ဘယ်ကို သွားသွားမှတ်စု စာအုပ် တစ်အုပ်ကို ယူသွားပါ။ မှတ်ဖို့ လိုတာတွေအားလုံးကို မှတ်ပါ။ 


၃။ ပေါ့ပေါ့ပါးပါးလေးတွေ ရေးကြည့်ပါ။တစ်နေ့ တာ အကြောင်းအရာလေးနဲ့ အဖြစ်အဖျက်လေးတွေကို ရေးသားလို့ ဖြစ်ဖြစ် ၊ ဘလော့မှာ တင်လို့ ဖြစ်ဖြစ် ရေးကြည့်ပါ။


၎။ ကွန်ပျူတာချည်းပဲ အချိန်တိုင်း မသုံးပါနဲ့ ။ကွန်ပျူတာကို အလုပ်အတွက်ပဲ သုံးသုံး ၊ တစ်ကိုယ်ရေအကြောင်းအရာ နဲ့ဖြစ် သုံးသုံး အနားယူချိန်မှာ အနားယူပါ။ တစ်နေကုန် ကွန်ပျူတာနားမှာချည်း မနေပါနဲ့ ။


၅။ကိုယ့်ကိုယ် ထိခိုက်အောင် မလုပ်ပါနဲ့ ။ အစားကို ပုံမှန်စား ၊ အိပ်ချိန်ကို ပုံမှန်လေး အိပ်တော့ အနည်းဆုံး လေ့ကျင့်ခန်းမလုပ်နိုင်ရင်တောင် တော်ရုံ နေမကောင်း ဖြစ်တာကို ကာကွယ်နိုင်ပါတယ်။


၆။ အနားယူချိန် သီးသန့် ထားပါ။ အနားယူချိန် အနားယူရမှန်းမသိအောင် အလုပ်ချည်း တစ်နေကုန် လုပ်နေလို့ ကတော့ ကောင်းမွန်တဲ့ အိုင်ဒီယာတွေ ရနိုင်မှာမဟုတ်ပါဘူး။ဒီတော့ အနားယူချိန် အနားယူပေးပါ။


၇။ရေချိုးရင်း သီချင်းဆိုမယ်။ရေလေး ချိုးရင် သီချင်း တစ်ပုဒ်လောက် ညည်းပေးပါ။ သင့် စိတ်ကူး ညဏ်ကို ပိုမို ကွန့် မြူးစေပါတယ်တဲ့။


၈။ ကော်ဖီသောက်ပါ။ကော်ဖီမှာပါတဲ့ ကဖင်းဓာတ်တွေက သင့်စိတ်ကို နိုးကြားမှု ရှိစေပါတယ်။ လန်းဆန်းမှုကိုလည်း ပေးပါတယ်။


၉။သီချင်း အသစ်တွေ နားထောင်ပါ။သီချင်းအဟောင်းတွေ ထပ်တလဲလဲ နားထောင်နေတာထက် အသစ်ထွက်တဲ့ သီချင်း အသစ်တွေကိုလည်း နားထောင်ကြည့်ပါ။ မတူညီတဲ့ ဂီတက စိတ်ကို အပြောင်းအလဲ ဖြစ်စေပြီး စိတ်ပျော်ရွင်စေနိုင်ပါတယ်။ 


၁၀. ပွင့်ပွင့်လင်းလင်း ရှိပါ။ပြောစရာ ရှိတာကိုပွင့်ပွင့်လင်းလင်း ပြောပြီး ကိစ္စများကို ရှင်းရှင်းလင်းလင်း ရှိပါစေ။ 


၁၁. ဖန်တီးမှု ကောင်းတဲ့သူတွေကို မိတ်ဆွေဖွဲ့ ပါ။ဖန်တီးမှု ကောင်းတဲ့ မိတ်ဆွေ သူငယ်ချင်းများ နဲ့  ချိတ်ဆက်လုပ်ဆောင်ပါ။ သူတို့ ဆီက မတူညီတဲ့ အမြင်တွေ ဖန်တီးမှုတွေကို သင့်အလုပ်ကိုအများကြီးအထောက်အကူပေးနိုင်ပါတယ်။


၁၂။ဝေဖန်တာ လက်ခံပါ။မိမိ လုပ်ဆောင်ချက်များကို အပြုသဘောနဲ့  ဝေဖန်ခိုင်းပါ။ ထိုဝေဖန်ချက်များကို လက်ခံပြီး အားနည်းချက် အားသာချက်များ ကြည့်ကာ ဒီထက် ကောင်းအောင် ဆောင်ရွက်ပါ။


၁၃။ ပူးပေါင်းလုပ်ကိုင်ပါပူးပေါင်းလုပ်ကိုင်ခြင်းဟာ အားတစ်ခုဖြစ်ပါတယ်။ မတူညီတဲ့ အတွေ့ အကြုံများနဲ့  အလုပ်တစ်ခုကို ပူးပေါင်းလုပ်ကိုင်တဲ့ အခါ ပိုပြီး အောင်မြင်တာကို တွေ့ ရပါတယ်။


၁၄။ အရှုံးမပေးပါနဲ့ ။ဘယ်တော့မှ အရှုံးမပေးပါနဲ့ ။  လက်မလျော့ပါနဲ့ ။


၁၅။လေ့ကျင့်ပါ။ထပ်ခါတလဲလဲ လေ့ကျင့်မှုများဟာ သင့်ဖန်တီးချက်များကို ပိုမို ကောင်းမွန်တဲ့ ရလဒ်ကို ရရှိနိုင်ပါတယ်။


၁၆။ မိမိကိုယ်ကိုယ် အမှားတွေ လုပ်ဖို့  ခွင့်ပြုလိုက်ပါ။အမှားတွေ မလုပ်မိအောင် မိမိကိုယ်ကိုယ် ချုပ်တည်းမထားပါနဲ့ ။ အမှားရှိမှ အမှန်သိမှာ ဖြစ်ပါတယ်။ ဒီတော့ အမှားတွေ ကို ရဲရဲသာ လုပ်ခွင့်ပေးလိုက်ပါ။


၁၇။နေရာသစ်တွေကို သွားပါ။မရောက်ဖူးတဲ့ နေရာ အသစ်တွေကို သွားခြင်းက သင့်အတွက် စိတ်ကူး အသစ်တွေ ရရှိစေပါတယ်။ အကြံညဏ်ကောင်းတွေ ရရှိစေနိုင်ပါတယ်။


၁၈။သင့်ဆီက ကောင်းတဲ့ အချက်တွေကို မှတ်ထားပါ။ အသိအမှတ်ပြုပါ။ကိုယ့်ဆီမှာ ကောင်းတဲ့ အချက် ၊ သူများတွေ ထက် အားသာတဲ့ အချက်တွေ ရှိပါတယ်။ ဒါကို အသိအမှတ်ပြုပြီး မိမိကိုယ်ကို အားပေးပါ။


၁၉.ပျောက်ဆုံးနေတဲ့ အနားယူချိန်တွေကို ပြန်အစားပေးပါ။အလုပ်တွေပဲ ဖိဖိဆီးဆီး လုပ်နေတဲ့ အတွက် သင့်အနားယူချိန်တွေက ပျောက်ဆုံးကောင်း ပျောက်ဆုံးနေလိမ့်မယ်။ ဒီအနားယူချိန်တွေကို အစားထိုး ပြန်ရှာပြီး သေချာအနားယူပေးပါ။ 


၂၀။စွန့် စားမှုတွေ လုပ်ပါ။မိမိ ဘ၀အတွက် စိန်ခေါ်မှုတွေကို ပြုလုပ်ပါ။ စွန့် စားမှုတွေက သင့်အတွက် အတွေ့ အကြုံ ကောင်းတွေကို ရရှိစေနိုင်ပါတယ်။


၂၁။စည်းမျဉ်းတွေနဲ့ ကန့် သတ်မထားပါနဲ့ ။မိမိလုပ်ဆောင်ချက်တွေကို အတိုင်းအတာ တစ်ခုထိသာ မသတ်မှတ်ထားပါနဲ့ ။ လုပ်နိုင်တာတွေကို အကန့် အသတ်မရှိ ဖွင့်ထားလိုက်ပါ။လုပ်ဆောင်ချက် တစ်ခု သာ လုပ်နိုင်တယ်ဆိုပြီး ကန့် သတ်ထားရင် ဒီနေရာ ဟောင်းကနေ ဘယ်မှာ ထွက်လို့ ရမှာ မဟုတ်ပါဘူး။


၂၂။ ဖိအားမပေးပါနဲ့ ။ဖန်တီးမှု ပြုလုပ်ရတဲ့ သူတိုင်းဟာ ဖန်တီးမှု စွမ်းရည် ဦးနှောက်ကို အသုံးပြုရတဲ့ အတွက် စဉ်းစားချိန်လိုပါတယ်။ဒီတော့ မိမိကိုယ်ကိုယ် အသစ်တွေ ဖန်တီးနိုင်ဖို့ အတွက် အချိန်ပေးပါ ။ ကိုယ်ကိုယ် ဖိအားပေး မခိုင်းပါနဲ့ ။


၂၃။အဘိဓာန်က စကားလုံး အသစ်တွေကို တစ်နေ့  တစ်မျက်နှာ ဖတ်ပါ။ကိုယ်မသိသေးတဲ့ စကားလုံး အသစ်တွေကို အဘိဓာတ် မှာ တစ်နေ့  တစ်မျက်နှာခန့်  ဖတ်ပေးပါ။ English to English ရှင်းလင်းချက်ကို ဖတ်ပါ။


၂၄။ မလုပ်ခင် အစီအစဉ်ချပါ။တစ်ခုခု မလုပ်ခင်မှာ အစီအစဉ်ချတာက အကျင့်ကောင်းတစ်ခုပဲ ဖြစ်ပါတယ်။ ဒါမှ ရလဒ်တွေက ကျေနပ်စရာ ဖြစ်မှာပါ။


၂၅။ သူများရဲ့ အောင်မြင်မှု အတိုင်း ပုံတူမကူးချပါနဲ့။ဖန်တီးတဲ့ သူတိုင်းဟာ သူများ အောင်မြင်မှုတွေကို လေ့လာကြည့်တာက လွဲပြီး ပုံတူ မကူးချတက်ကြပါဘူး။ အသစ်တွေဖန်တီးရတာ ကိုသာ သဘောကျကြပါတယ်။


၂၆။ ပေါ်လာတဲ့ အကြံတိုင်း ရေးချပါ။စိတ်ထဲမှာ ရလာတဲ့ အကြံတိုင်းဟာ ရွေ မဖြစ်ဘူးလို့ ပြောလို့ မရပါဘူး။ ပေါ်လာသမျှ အိုင်ဒီယာတွေကို ချရေးပါ။ ဆွဲချပါ။


၂၇။ အလုပ်နေရာကို သပ်သပ်ရပ်ရပ်ထားပါ။စိတ်ကူးတွေ ကောင်းနေဖို့ အတွက် မိမိ အလုပ်လုပ်တဲ့ နေရာကလည်း သပ်သပ်ရပ်ရပ်ရှိရပါမယ်။ 


၂၈။ ပျော်ပျော်ရွင်ရွင်နေပါ။ စိတ်ညစ်စရာတွေတော့ လူတိုင်းမှာ ရှိတာပါပဲ။ ဒါပေမဲ့ အကောင်းဆုံးကတော့ ဖန်တီးမှု ကောင်းတဲ့ သူတိုင်းဟာ စိတ်ညစ်စရာကို အချိန်ပြည့် တွေးနေလို့ မဖြစ်ပါဘူး။ဒီတော့ စိတ်ကို ကြည်ကြည်လင်လင်ရှိပါစေ။ 

ကဲ. ဖန်တီးမှု ကောင်းတဲ့ Creation သမားများ ဖြစ်စေဖို့  မျှဝေပေးလိုက်ပါတယ်။

- လင်းတန်ဆောင်
www.lynntazaung.com

Related Articles

0 comments:

Post a Comment

Fred Rangoon. Powered by Blogger.

Life always goes on

About Me

Fred Rangoon

Alis - Freddy

Blogger , Writer ,Techie , Digital Marketer ,
Freelance Graphic Designer , Photographer
Traveller , Marketing Consultant , Idea Creator, Learner .
and Home-made chef

Contact : tazaung.pr@gmail.com

Search This Blog

Blog Archive

Labels List Numbered

Instagram

recent posts

Pages

Follow us

Photo Profile
Taylor Wong Architecture Designer

The Japanese call it Hanakotoba, and King Charles II brought it to Sweden from Persia in the 17th century. Read More

Popular Gallery