Tuesday, August 12, 2014
အချိန်ပေးပါ
ကျနော့် အိမ်ထောင်သက် ၂၁ နှစ်လောက် အကြာမှာ ကျနော့်မိန်းမက ကျနော့်ကို အခြားမိန်းမတစ်ယောက်နဲ့ အပြင်ထွက် ညစာ စားပြီး ရုပ်ရှင်တွေ အတူတူ ကြည့်ဖို့ ပြောလာပါတယ်။
ရှင့်ကို ကျမ ချစ်ပါတယ် ။  ဒါပေမဲ့ တခြားမိန်းမတစ်ယောက်ကလည်း ရှင့်ကို ထပ်တူချစ်တယ် ဆိုတာ ကျမသိပါတယ်။ ဒီတော့ ရှင့်ကို ချစ်တဲ့ သူမ နဲ့ လည်း ရှင်အချိန်တွေ ဖြုန်းသင့်တယ်လို့  ကျမ ထင်တယ်။
ကျနော့် မိန်းမက ကျနော့်ကို ချစ်တဲ့ တခြားမိန်းမဆိုတာက မုဆိုးမဖြစ်တာ ၁၉ နှစ်ခန့် ရှိပြီ ဖြစ်တဲ့ ကျနော့် အမေ ကို ပြောတာပဲ ဖြစ်ပါတယ်။ ဒါပေမဲ့ ကျနော် ကတော့ အလုပ်ကိစ္စတွေနဲ့ ရှုပ်နေတက်တဲ့ အတွက် အမေ့ဆီကို မရောက်ဖြစ်တာ ကြာပါပြီ။ အမေ့ ကို  တွေ့ ဖို့  ကျနော့် သားသမီးသုံးယောက်သာ အဆင်ပြေပါတယ်။။ ဒီညတော့ ကျနော် အမေ့ကို ဖုန်းဆက်ပြီး ညစာ အတူတူ ထွက်စားဖို့ နဲ့ ရုပ်ရှင် အတူတူ ကြည့်ဖို့ ခေါ်လိုက်ပါတယ်။ အမေကတော့ အထူးအဆန်းဖြစ်ပြီး ပြောရှာတယ်။
နင်ဘာတွေ လုပ်နေတာလဲ နေမှကောင်းရဲ့ လား တဲ့။
ကျနော် အမေက ညဘက် နောက်ကျတဲ့ အချိန်အပြင်ထွက်ရတာ မကြိုက်တဲ့ သူဖြစ်ပြီး ဒီလိုမျိုး ရုတ်တရတ်ဖိတ်တဲ့ ဟာတွေ ဆိုရင် သိပ်သွားချင်တဲ့ သူမဟုတ်ပါဘူး။ ဒါပေမဲ့ ..ငါ့အထင် နောက်တစ်ချိန်မှ သွားတာကောင်းမယ် ထင်တယ်  လို့   အမေကဆိုတော့။သားတို့  နှစ်ယောက်ထဲပါ အမေ ပြီးတော့ အမေနဲ့ ထမင်းအတူတူထွက် မစားဖြစ်တာလည်း ကြာပြီလေ ။ အဲ့ဒါနဲ့ သူမ ခဏစဉ်းစားလိုက်ပြီး ပြန်ပြောပါတယ်။ ဟုတ်ပြီလေ ဒါဆိုလည်း သွားကြတာပေါလို့ ဆိုရှာတယ်။
အဲ့ဒီညနေ အလုပ်ပြီးတော့ အမေ့ကို သွားကြိုဖို့ ထွက်လာခဲ့တယ်။ အမေနဲ့ သေချာမတွေ့ ဖြစ်တာကြာပြီ ဆိုတော့ စိတ်လည်း လှုပ်ရှားနေတာပေါ့။ အမေ့ အိမ်ကို ရောက်တော့ အမေ့ပုံကို ကြည့်ရတာလည်း ကျနော်လိုပဲ စိတ်လှုပ်ရှားနေတဲ့ ပုံစံပါပဲ။ အိမ်တံခါးဝနားမှာ ကုတ်အကျီလေး ၀တ်ပြီး စောင့်နေရှာတယ်။ လှိုင်းတွန့် လေးတွေ ပုံစံ ဆံပင် နဲ့ အမေ့ဟာ သူမ မင်္ဂလာနှစ်ပတ်လည် နေ့ က ၀တ်စုံကို ၀တ်ထားပါတယ်။ အမေ ကျနော့်ကို တွေ့ တော့ ပြုံးပြလိုက်တာ နတ်သမီးလေး တစ်ပါးလိုပါပဲ။
င့ါ သူငယ်ချင်းတွေကို ကြွားထားတယ်။ ငါ့သားက ငါ့ကို အပြင်လျှောက်သွားဖို့  လာခေါ်မှာလို့  ။ သူတို့ က ငါ့ကို အထင်တွေ အရမ်းကြီးနေကြတယ် သိလား။ အမေက ကျနော့်ကားလေးထဲကို လှမ်းဝင်ပြီး ပြောရှာတယ်။ ပြီးတော့ ဒီနေ့  လျှောက်သွားပြီး ဘာတွေဖြစ်မလဲ ဆိုတာကို သိပ်သိချင်နေကြတယ်လေ။
စားသောက်ဆိုင်ကို ကျနော်တို့  ရောက်တော့ အမေက ကျနော့် လက်မောင်းကို ကိုင်ပြီး ဆိုင်ထဲ အတူတူ လှမ်းဝင်လာခဲ့တယ်။ ပြီးတော့ ထိုင်လိုက်ကြပြီး မီနူးကို ဖတ်ပါတယ်။ အမေ့ မျက်လုံးတွေက မီနူးထဲက
စာလုံးသေးသေးလေးတွေကို မဖတ်နိုင်တော့ဘူး ။ ဒီတော့ စာလုံး ခပ်ကြီးကြီး ရေးထားတဲ့ မီနူးအမျိုးအစားတွေကိုသာ ဖတ်ပါတယ်။ ကျနော့် အမေ့ကို အကဲခတ်ကြည့်တော့ ကျနော်ကို ပြန်လှမ်းကြည့်ပါတယ်။ ပြီးတော့ ပြုံးလိုက်ပြီး  
သားငယ်ငယ်တုန်းက မေမေလည်း ဒီလို မီနူးလေးတွေ ဖတ်ပြီး သားအတွက် စားစရာတွေ မှာပေးခဲ့ဖူးတယ် ။ အခုတော့ မေမေနားပြီး ကျနော့် ကို ဒီအခွင့်အရေး ပြန်ပေးပါ။ လို့ ပြောပြီး ကျနော် အမေ့အတွက် အစားအစာတွေ မှာပေးပါတယ်။ 
စကားပြောလိုက်တာဘယ်လောက်တောင် ကြာသွားသလဲ ဆိုရင် ရုပ်ရှင်ကြည့်ဖို့ တောင် မေ့ပြီး ရုပ်ရှင်ပြချိန်လည်း လွတ်သွားတယ်။  ဒါနဲ့ အိမ်ပြန်ခဲ့ကြတယ်။ အမေ့အိမ်ကို ပြန်ပို့ တော့ သားနဲ့ နောက်တစ်ကြိမ်တော့ ဒီလို ထပ်သွားချင် သေးတယ် ။ ဒါပေမဲ့ ဒီတစ်ကြိမ်တော့ အမေ သားကို ဖိတ်ပါရစေ။  ကျနော် မေမေ့ စကားကို လက်ခံလိုက်ပါတယ်။
အိမ်ပြန်ရောက်တော့ ကျနော့် မိန်းမက ကျနော့်ကိုမေးရှာတယ်။ ရှင်အမေနဲ့ အတူတူသွားတာ ဘယ်လိုလဲတဲ့။တော်တော်ကောင်းပါတယ်။ ကို ထင်တာထက်တောင် ပိုအဆင်ပြေနေတယ်လေ။
ရက် အနည်းငယ် ကြားမှာ  အမေ နှလုံးရောဂါ ထဖောက်ပြီး ဆုံးပါတယ်။ အဖြစ်အဖျက်တွေက လျင်မြန်လွန်းပါတယ်။ ကျနော် အမေ့အတွက် ဘာမှ လုပ်ပေးခွင့်မရခဲ့တော့ပါဘူး။  
သိပ်မကြာခင်မှာ ကျနော့် ဆီကို စာအိတ်တစ်လုံး ရောက်လာပါတယ်။ ဒီစာအိတ်ထဲမှာ ကျနော်နဲ့ အမေ အတူတူ စားခဲ့တဲ့ စားသောက်ဆိုင်က ငွေကြိုတင် ရှင်းထားတဲ့ ဘောင်ချာ နဲ့ အတူ စာတစ်စောင်လည်း တွေ့ ပါတယ်။ ဒီ စာထဲမှာ ရေးထားတာက ..
 စားသောက်ဆိုင်အတွက် ကုန်ကျစရိတ်ကို အမေကြိုရှင်းပေးထားပါတယ်။ အမေသားနဲ့ အတူ သွားနိုင် ဖို့  တော့ မသေချာဘူး။ ဒါပေမဲ့ သားအတွက် နှစ်ယောက်စာ မှာထားပေးပါတယ်။ သားနဲ့ သားမိန်းမ အတူတူ သွားဖို့ ပါ။ သားနဲ့ အတူ နောက်ဆုံးထမင်းစားခဲ့တဲ့ ညလေးကတော့ အမေ့အတွက် အရမ်း အဓိပယ်ရှိတဲ့ ညလေးဆိုတာ သားသိမှာ မဟုတ်ပါဘူး။
မေမေ သားကို အရမ်းချစ်တယ်။
အဲ့ဒီအချိန်မှာ ကျနော် အရေးကြီးတဲ့ အရာတစ်ခု နားလည် လိုက်တာပါတယ်။ ဒါကတော့  ချစ်တယ် ဆိုတဲ့ စကားကို  ပြောတဲ့ အချိန်ဟာ အဲ့ဒီပြောမဲ့သူအတွက် ထိုက်သင့်တဲ့ အချိန်ဖြစ်ရမယ် ဆိုတာကိုပါ။
ဘ၀မှာ မိသားစုထက် ပို အရေးကြီးတဲ့ အရာ ဆိုတာ မရှိပါဘူး။ သူတို့ ကို အချိန်ပေးပါ။ သူတို့ နဲ့ အတူ အချိန်တွေ ဖြုန်းပေးပါ။  ဘာလို့ လဲ ဆိုတော့ နောက်တစ်ချိန်ကျမှ ဆိုတာ မိမိ မိသားစုတွေ အတွက် ရှိမှာမဟုတ်ပါဘူး။ အချိန်ဆိုတာ ရပ်ထားလို့ မရပါဘူး ။ အားလုံး အိုမင်းသွားကြမှာဖြစ်လို့ ပါပဲ။ 
လင်းတန်ဆောင်
Give time to our family ကို ဆီလျော်အောင် ဘာသာပြန်ထားပါသည်။
Related Articles
0 comments:
Post a Comment
Fred Rangoon. Powered by Blogger.
Life always goes on
About Me
Fred Rangoon
Alis - Freddy
Blogger , Writer ,Techie , Digital Marketer ,
Freelance Graphic Designer , Photographer
Traveller , Marketing Consultant , Idea Creator, Learner .
and Home-made chef
Contact : tazaung.pr@gmail.com
Search This Blog
Blog Archive
Labels List Numbered
Instagram
recent posts
Pages
Follow us
Photo Profile
Taylor Wong Architecture Designer
The Japanese call it Hanakotoba, and King Charles II brought it to Sweden from Persia in the 17th century. Read More
Popular Gallery