Potluck ဆိုတာ ဘာလဲ ?
အနောက်တိုင်း နိုင်ငံတွေမှာတော့ Potluck Party , Potluck ယဉ်ကျေးမှု ဆိုတာ ရှိပါတယ်။ Potluck ဆိုတာကတော့ လူတွေ တစ်နေနေရာမှာ တွေ့ ဆုံကြတယ်။ပြီးတော့
လာတဲ့ လူတိုင်း မိမိနှစ်သက်ရာ အစားအစာ၊ အဖျော်ယမကာ တစ်မျိုးမျိုးကို အဖွဲ့ လိုက်စုလို့ ဖြစ်စေ ၊ တစ်ဦးချင်းဖြစ်စေ ယူလာပြီး ဆုံတဲ့ နေရာ မှာ သူငယ်ချင်းများနဲ့ အတူတူ မျှဝေစားသောက်ကြပါတယ်။
တက္ကသိုလ် ကျောင်းသားတွေ ဆိုရင်တော့ Potluck လုပ်ဖို့  တစ်အိမ်အိမ်ကို တည်နေရာ သတ်မှတ်လိုက်ပြီ ဆိုရင် ထိုနေရာကို ဘီယာဘူးကြီးတွေ ၊ အာလူးကြော်တွေ ၊ ၀က်အူချောင်း ၊ ခေါက်ဆွဲကြော်၊ ပီဇာ စသဖြင့် တစ်ယောက်တစ်မျိုးဆီ ယူလာကြပြီး သောက်ကြ စားကြတဲ့ ဓလေ့ တစ်ခုဖြစ်ပါတယ်။
အနောက်တိုင်းနိုင်ငံတော်တော်များများမှာတော့ မင်္ဂလာဧည့်ခံပွဲတို့ လို ပွဲကြီးတွေက လွဲရင် ဒီလို ပုံမှန်တွေ့ ကြတဲ့ ပါတီပွဲလေးတွေဆိုရင် တစ်ဦးထဲ သီးသန့်  တာဝန်ယူပြီး စားစရာ ၊သောက်စရာတွေကို ကျွေးမွေးတာမျိုး နည်းပါတယ်။
တွေ့ ကြတယ် ဆုံကြတယ် ဆိုရင် ဖိတ်ထား မဖိတ်ထား သူများအိမ်ကို ရောက်လာပြီး ပါတီပွဲကို ဆင်နွဲလိုတယ် ဆိုရင် အနည်းဆုံး ရှန်ပိန် တစ်ပုလင်းကတော့ သယ်ဆောင်လာရတဲ့ ထုံးစံရှိပါတယ်။
Potluck ဖြစ်ပေါ်လာပုံကတော့ ၁၆ နှစ်ရာစုက ဖြစ်ပြီး ဘာသာပြန်ချက်အရ မထင်မှတ်ထားတဲ့ ဧည့်သည်၊ မဖိတ်ထားတဲ့ ဧည့်သည် တစ်ဦးဦးက ရောက်လာခဲ့ရင် သူ့ ဆီက ယူဆောင် လာတဲ့ အိုး (အရက် ပုလင်း) က ကံကောင်းခြင်းတွေ သယ်ဆောင်လာတယ်လို့  ဆိုတဲ့ luck of the pot ကို အတိုကောက် ခေါ်ဆိုလိုက်တာဖြစ်ပါတယ်။
----
#potluck #culture
Lynn Ta Zaung<>လင်းတန်ဆောင်
0 comments:
Post a Comment