Tuesday, December 2, 2014
ကော်ဖီပုံပြင်
ကော်ဖီပုံပြင်
သူမကို စတွေ့ ခဲ့တာက အသိတစ်ယောက်ရဲ့ မင်္ဂလာပွဲတစ်ခုမှာပါ။
သူဘက်က သူမကို  ချက်ချင်းပဲ  ကော်ဖီအတူတူ သောက်ဖို့ ဖိတ်ခေါ်လိုက်တာ သိလိုက်တော့ သူမအံ့သြခဲ့တယ်လေ။ အခုမှ တွေ့ ဖူးကြတဲ့ သူတွေအနေနဲ့ ဆိုတော့ နည်းနည်းတော့ ရှိန်တာပေါ့။  ဒါပေမဲ့ ယဉ်ကျေးမှု ရှိတဲ့သူ တစ်ယောက် အနေနဲ့ သူမ ကော်ဖီအတူတူ သောက်ဖို့  ကို လက်ခံခဲ့တယ်။
ကော်ဖီဆိုင် ကောင်းကောင်းလေးတစ်ခုမှာ သူတို့ ထိုင်ခဲ့ကြတယ်။
သူ့ ဘက်ကလည်း သူမကို စကား ပြောဖို့ ရှက်ရွံ့ နေတာပြီး သူမကလည်း နေရတာ ကျဉ်းကြပ်သလို ခံစားရတယ် ။ ဒါကြောင့် သူမကိုယ် သူမ အိမ်ပြန်ဖို့ ပြောနေမိတယ်။
ရုတ်တရက်ပဲ သူက ၀ိတ်တာကို ခေါ်ပြီး ..
ကျနော်တို့  ဆားနည်းနည်းများ ပေးနိုင်မလား ခင်ဗျ ။ ကော်ဖီထဲ ထည့်သောက်ချင်လို့ ပါ။
ဒီလိုပြောလိုက်တော့ လူတိုင်းက သူ့ ကို အထူးအဆန်းအနေနဲ့  ၀ိုင်းကြည့်ကြပါတယ်။
သူ့ မျက်နှာကြီးက ရဲတွတ်နေတာပဲ ။
သူ့ ရဲ့ ကော်ဖီထဲကို ဆားကိုထည့်ပြီး သောက်လိုက်တယ်။ သူမ အထူးအဆန်းဖြစ်ပြီး သူ့ ကို သိချင်စိတ်နဲ့ မေးလိုက်တယ်။ ဘာလို့  ဆားကို ကော်ဖီထဲ ထည့်သောက်သလဲ လို့ ပေါ့။ သူကလည်း ပြန်ဖြေတယ်။
ကျနော် ငယ်ငယ်တုန်းက ကျနော့် အိမ်က ပင်လယ်ကမ်းခြေနားမှာလေ။ ဒီတော့ ပင်လယ်ထဲသွားပြီး နေ့ တိုင်းဆော့တယ်။ ဒါကြောင့် ပင်လယ်ရဲ့ အရသာကို ခံစားမိတယ်။ ဒီလို ဆားငံနေတဲ့ ကော်ဖီအရသာလိုပေါ့။ ဒီလိုနဲ့ ဆားငံအရသာနဲ့  ကော်ဖီကို သောက်တိုင်း ငယ်ဘ၀ကို ပြန်စဉ်းစားမိစေတယ်။ မွေးရပ်ကို ပြန်သတိရစေတယ်။ အိမ်ကိုလည်း အရမ်း သတိရတယ်။ အဲ့ဒီ အိမ်အိုလေးမှာ ရှိနေသေးတဲ့  မိဘတွေကိုလည်း သတိရမိလာတယ်လေ။ သူက ပြောနေတုန်း မျက်လုံးမှာ မျက်ရည်တွေလည် ပြည့်နှက်နေတယ်။
သူမ အရမ်း ခံစားလိုက်ရတယ်။ သူရဲ့ နှလုံးသား ထဲထိ နက်နက်ရှိုင်းရှိုင်း ထပ်တူ ခံစားလိုက်ရတာပါ။ အိမ်ကိုလွမ်းနေတဲ့ လူတစ်ယောက် ၊ အိမ်ကို ချစ်တဲ့ သူတစ်ယောက် ၊ မိမိ အိမ်ကို ဂရုစိုက်တဲ့ လူတစ်ယောက် နဲ့ မိမိအိမ်လေးကို တာဝန်သိစိတ်နဲ့ ချစ်တဲ့ သူတစ်ယောက် အဖြစ်နဲ့ ပေါ့။ အဲ့သည်မှာ သူမလည်း စပြီး ဝေးနေတဲ့ သူမရဲ့ အိမ်အကြောင်းတွေ သူမငယ်ဘ၀ အကြောင်းနဲ့ သူမ မိသားစု အကြောင်းတွေကို ပြန်လည် ဝေမျှခဲ့တယ်။
အဲ့သည်နေ့ ဟာ တကယ်ကို ကောင်းတဲ့ စကားဝိုင်းလေး ဖြစ်ခဲ့ပြီး သူတို့  နှစ်ဦးရဲ့ လှပတဲ့
ဇာတ်လမ်း အစလေးလည်း ဖြစ်ခဲ့ပါတယ်။ သူတို့  ထပ်ပြီး တွေ့ ကြတယ်။ သူမ အနေနဲ့ လည်း သူ့ ကို  သူမရဲ့ သတ်မှတ်ထားတဲ့ သူတစ်ယောက် အဖြစ် ကြင်နာတက်တဲ့ နှလုံးသား ရှိတာတွေ ၊ နွေးနွေးထွေးထွေးဆက်ဆံတက်တာတွေ ၊ ဂရုစိုက်တက်တာတွေ ကြောင့် သဘောကျခဲ့ပါတယ်။
ဒီလိုနဲ့ သူတို့ နှစ်ယောက် ပုံပြင်ကလည်း လှပတဲ့ အချစ်ပုံပြင်တွေလို ဖြစ်ခဲ့ပါတယ်။ မင်းသားလေးက မင်းသမီးလေးကိုလက်ထပ်ခဲ့ပြီး ပျော်ရွင်တဲ့ ဘ၀လေးကို တည်ထောင်သွားကြတယ်။ သူမဖျော်ပေးတဲ့ ကော်ဖီတိုင်းမှာ သူ့  အကြိုက် ဆားလေးတွေ ခပ်ပြီး ဖျော်တိုက်ခဲ့တယ်။
နှစ် ၄၀ ကြာတဲ့ အခါမှာ သူ ဆုံးပါးသွားခဲ့ပါတယ်။ စာတစ်စောင်ကို သူမအတွက် ထားပေးခဲ့တယ်။
အချစ်ရေ.. ငါ့ကိုခွင့်လွတ်ပါ။ ငါ့တစ်ဘ၀လုံး လိမ်ထားခဲ့တဲ့ အတွက်ပါ။ ငါမင်းကိုလိမ်ထားတဲ့ အရာတစ်ခုကတော့ ဆားငံနေတဲ့ ကော်ဖီ ပါပဲ။
သတိရသေးလား ငါတို့ စတွေ့ ခဲ့တဲ့နေ့ ကလေ။ ငါက အဲ့သည် အချိန်မှာ အရမ်းရှက်ကြောက်ပြီး ဘာလုပ်ရမှန်းမသိ ဖြစ်နေခဲ့တယ်။ ဒီလိုနဲ့ ကော်ဖီအတွက် သကြား မှာလိုက်တော့ ။ ပါးစပ်က ဆားလို
သူမမျက်ရည်စက်တွေဟာ စာရွက်တစ်ခုလုံးကို စိုရွဲကုန်ပါတယ်။
တစုံတစ်ယောက်က သူမကို ဆားငံနေတဲ့ ကော်ဖီက ဘယ်လိုအရသာရှိလဲလို့ မေးခဲ့ရင်။ သူမ ဖြေမှာ တစ်ခုထဲပါပဲ။
ဒါက ချိုမြိန်ပါတယ် ။  လို့  ဆိုပြီးပေါ့လေ။
လင်းတန်ဆောင်
Ref: Coffee Story
Related Articles
0 comments:
Post a Comment
Fred Rangoon. Powered by Blogger.
Life always goes on
About Me
Fred Rangoon
Alis - Freddy
Blogger , Writer ,Techie , Digital Marketer ,
Freelance Graphic Designer , Photographer
Traveller , Marketing Consultant , Idea Creator, Learner .
and Home-made chef
Contact : tazaung.pr@gmail.com
Search This Blog
Blog Archive
Labels List Numbered
Instagram
recent posts
Pages
Follow us
Photo Profile
Taylor Wong Architecture Designer
The Japanese call it Hanakotoba, and King Charles II brought it to Sweden from Persia in the 17th century. Read More
Popular Gallery