အသံလှိုင်းဖြင့် မီးငြိမ်းနိုင်တော့မည်
George Mason တက္ကသိုလ်မှာ တက်နေတဲ့ အင်ဂျင်နီယာ ကျောင်းသား နှစ်ယောက် ဖြစ်တဲ့ Robertson နဲ့  Viet Tran တို့ ဟာ လောင်နေတဲ့ မီးတောက်ကို မိမိတို့  ဖန်တီးထားတဲ့ အသံလှိုင်း ကိရိယာ နဲ့ ငြိမ်းသက်နိုင်ဖို့  ဖန်တီးခဲ့ကြပါတယ်။
၃၀ မှ ၆၀ Hertz အတွင်း ရှိတဲ့ အသံလှိုင်းနိမ့်က လောင်စာအတွင်းမှာ မီးတောက်မှုကို အားပေးနေတဲ့ အောက်စီဂျင်ကို ဖြတ်တောက် ပေးလိုက်တဲ့ ပြုလုပ်ချက်ဖြင့် မီးကို ငြိမ်းစေတာ ဖြစ်ပါတယ်။ အသံလှိုင်းက ထွက်လာတဲ့ လှိုင်းဖိအားတစ်ခုက လောင်နေတဲ့ မီးရဲ့ အညွန့် ကို ဖိနှိပ်ကျသွားစေတာ ဖြစ်ပါတယ်လို့  Tran က ဆိုပါတယ်။
ဒီတွေ့ ရှိချက်က ယခုအချိန်တင်မဟုတ်ပါဘူး အမေရိကန် ကာကွယ်ရေး သုသေတန တစ်ခုဖြစ်တဲ့ the Defense Advanced Research Projects Agency (DARPA) အဖွဲ့ ကလည်း အသံတံတိုင်းကြီးက မီးတောက်ကို ညွန့် ကျသွားစေနိုင်တယ် ဆိုတဲ့ တွေ့ ရှိချက် ရုပ်သံထွက်ရှိထားပါသေးတယ်။
ဘယ်လိုပဲ ဖြစ်ပါစေ နယူးယောက် မဂ္ဂဇင်းကတော့ DARPA အဖွဲ့  တွေ့ ရှိချက်ကို လက်တွေ့ မကျတဲ့ စမ်းသပ်မှု ပါလို့  မှတ်ချက်ပြုထားပါတယ်။
ဒီကျောင်းသား နှစ်ဦးရဲ့  စမ်းသက်ချက်မှာတော့ လောင်စာဆီ ၊ အရက် တို့ က မီးတောက်ကိုသာ ငြိမ်းသက်နိုင်တဲ့ အစွမ်းရှိတာ ဖြစ်ပါတယ်။ ဒါပေမဲ့ သူတို့ မျှော်လင့်ချက်ကတော့ အသုံးပြုလိုသူတွေအတွက် ဈေးကွက်တန်းဝင်တဲ့ မီးငြိမ်းစက် တစ်ခုအနေနဲ့ ဖန်တီးထုတ်လုပ်နိုင်ဖို့  ကြိုးပမ်းသွားမှာ ဖြစ်တယ်လို့  ဆိုပါတယ်။
အောက်ပါလင့်မှာ သူတို့ ရဲ့ စမ်းသပ်ချက်ကို လေ့လာနိုင်ပါတယ်။
လင်းတန်ဆောင်
Source : huffingtonpost
0 comments:
Post a Comment