အသုံးပြုသူများ နူတ်ထွက်တာများလာတဲ့ သီချင်းဝန်ဆောင်မှု App - Spotify
Spotify ဆိုတာ အွန်လိုင်းကနေ သီချင်းနားထောင်လို့ ရတဲ့ ဝန်ဆောင်မှု တစ်ခုပါ ။ အခု Spotify ရဲ့  ပေါ်လစီ အသစ်မှာ သုံးစွဲသူတွေရဲ့ ဒေတာများကို ဖြည့်စွက်ဖို့  အလွန်အမင်း တောင်းဆိုထားတာ တွေ့ ရတဲ့ အတွက် အသုံးပြုသူများဟာ ဒီသီချင်း ဝန်ဆောင်မှုကနေ အသုံးပြုသူအဖြစ်မှ နူတ်ထွက်လာကြတယ် လို့  ဆိုပါတယ်။
Spotify ရဲ့ ပေါ်လစီအသစ်မှာ အသုံးပြုသူများကို မိမိတို့  ဓာတ်ပုံ ၊ ဆက်သွယ်ရန် လိပ်စာများအပြင် မိမိရောက်ရှိနေတဲ့ နေရာ GPS ပါ ထည့်သွင်းခိုင်းထားတာ ဖြစ်တဲ့ အတွက် သုံးစွဲသူများ အနေနဲ့ မိမိတို့ ကိုယ်ရေးကိုယ်တာလုံခြုံရေး အချက်အလက်တွေ ထိပါးနေတဲ့ အတွက် နူတ်ထွက်ရခြင်း ဖြစ်တယ်လို့  သိရပါတယ်။
အသုံးပြုသူများဟာ Spotify အနေနဲ့ သူတို့  ပေါ်လစီကို ပြန်မပြင်ပေးရင် Spotify ရဲ့  သတင်းဖြန့် ချီရေး နေရာ တစ်ခုဖြစ်တဲ့ Twitter အကောင့်ကိုပါ Unsubscription လုပ်သွားမယ်လို့ ဆိုထားပြန်ပါတယ်။ Spotify ဟာ မိမိတို့  Social Media Platform တွေကနေ Update သတင်းများ တင်ခြင်း အသုံးပြုသူများကို ဆက်ဆံခြင်း တို့ ပြုလုပ်နေတာ ဖြစ်ပါတယ်။
Social Media Influencer တစ်ဦးဖြစ်သူကလည်း Spotify ရဲ့ ပေါ်လစီ အသစ်ကို မကြိုက်တာနဲ့ ယင်းတို့  Twitter အကောင့်ကိုလည်း Unsubscription လုပ်ထားပြီ လို့  သူရဲ့ Twitter အကောင့်မှာ ဖော်ပြခဲ့ပါတယ်။
အသုံးပြုသူတွေဟာ ဘယ်နေရာမှာ ရောက်နေတယ် ဆိုတာကို GPS ကနေ သိနိုင်မှာ ဖြစ်တဲ့ အတွက် မိမိတို့  တစ်ကိုယ်ရေ လုံခြုံရေးကိုလည်း ထိပါးနေတယ်ဆိုတာကို လူတိုင်းက ထောက်ပြကြပါတယ်။
Freddy
Ref:Businessinsider
Your article is extraordinarily smart.I love to browse your diary's posts everyday and that i got vast facilitate from your blog and developed a replacement app how to get premium spotify apk
ReplyDeleteyou'll check.Thanks for wonderful diary.
Hi This is SRK i'm suggesting you this is app LiveATC for Android Apk
ReplyDelete