Friday, August 21, 2015

ရန်ကုန်မြို့  အိမ်ခြံမြေဈေး ဘယ်လိုလဲ ဘာလဲ ?



ရန်ကုန်မြို့ မှာ ၂၀၁၄ နောက်ပိုင်း အိမ်ခြံမြေဈေးကွက်ဟာ မတည်ငြိမ်တဲ့ အခြေအနေမှာ ဖြစ်ပေါ်နေပါတယ်။ဒါဟာ ဘာကြောင့် ဆိုတော့ ရန်ကုန်မြို့ တွင်းမှာ တိုက်တန်း နဲ့ ကွန်ဒို အခန်းများ ဆောက်လုပ်မှုဟာ အဆမတန် များလာပါတယ်။ ဒါ့အပြင် အစိုးရကလည်း အိမ်ခြံမြေ ရောင်းဝယ်ခြင်းကို အခွန်အတော်များများ ကောက်ခံတဲ့ အတွက် ကြောင့်လည်း ပါပါတယ်။



မိတ်ဆွေတစ်ဦးရဲ့ ပြောပြချက် အရ ကွန်ဒို တစ်ခန်း သိန်း ၁၅၀၀- ၂၀၀၀ ဝန်ကျင်ခန့် ကို အခွန်ခ သိန်း ၁၀၀ ကျော်မျှ ပေးဆောင်ရတယ် လို့ ဆိုတာပါပဲ။ အငှားဘက်မှာတော့ ဈေးအတော်အတန်ကောင်းနေပြီး လာမဲ့ ၂၀၁၆ ခုနှစ်ကျရင် တော့ ရန်ကုန်မြို့ မှာ ဆောက်လက်စ တိုက်ခန်းများပြီးစီးမှာ ဖြစ်တဲ့ အတွက် တိုက်ခန်းအဝယ်မရှိတဲ့အချိန် အငှားများသာ များနေတဲ့ အတွက် သူအပြိုင် ကိုယ်အပြိုင် ဈေးလျော့ပြီး ငှားရမ်းကြလိမ့်မယ် လို့  ခန့် မှန်း မိပါတယ်။


နာမည်ကြီး အိမ်ငှားအခမဲ့ ဝန်ဆောင်မှု Facebook Group တစ်ခု ဖြစ်တဲ့ "အိမ် တိုက်ခန်း အငှား သီးသန့် အခမဲ့ ၀န်ဆောင်မှု "ဆိုတဲ့ ဖေ့ဘုတ် စာမျက်နှာမှာတော့ ဆောက်ပြီးစ တိုက်ခန်း (၆) လွှာကို တစ်သိန်းမှ ၂သိန်းခွဲ ဝန်းကျင် ဖြင့် အငှားများနေတယ် လို့ သိရပါတာယ်။ အများရဲ့ မျှော်လင့်ချက်ကတော့ တိုက်ခန်းအငှားဈေးများကို ဒီထက် ပိုမို လျော့သွားဖို့  မျှော်လင့်နေကြပါတယ်။ ရန်ကုန်မှာ နယ်က တက်လာတဲ့ ဝန်ထမ်းများဟာ တိုက်ခန်း အငှားသာ တက်နိုင်ကြပြီး မိမိတို့  ရတဲ့ လစာနဲ့ မလုံလောက်တဲ့ အခါ ဈေးနည်းတဲ့ တိုက်ခန်းများကို သူငယ်ချင်း မိတ်ဆွေ သို့ မဟုတ် စပ်၍ ဖြစ်စေ ငှားကြတယ်လို့  ဆိုပါတယ်။

အိမ်ခြံမြေ အကျိုး ဆောင် ဝဘ်ဆိုက် တစ်ခုဖြစ်တဲ့ imyanmarhouse ရဲ့  အိမ်ခြံမြေသတင်းတစ်ခုမှာတော့ ရန်ကုန်မြို့တွင် တိုးတက်များပြားလာသော လူဦးရေအတွက် နေထိုင်စရာလူနေအိမ်ရာ လုံလောက်မှုမရှိသည့် အတွက် ရပ်ကွက်တစ်ခုတွင် အိမ်အပိုတစ်လုံး ဆောက်လျင် အိမ်ငှားမည့် (၄)ဦး (၅)ဦးခန့်က အိမ်ငှားဖို့ ရှိပါ သလားဟု လာရောက်မေးမြန်းနေကြသည်ကို မြင်တွေ့ရသည် လို့  ဖော်ပြထားတာကို တွေ့ ရပါတယ်။

ထို့ အတူ အိမ်ခြံမြေ ဈေးကြီးတဲ့ ရန်ကုန်မြို့ ကြီးမှာ လူဦးရေ တစ်သိန်းခန့် နေထိုင်နိုင်မည့် ဧရာဝဏ်/ရတနာ အထပ် မြင့်အိမ်ရာစီမံကိန်းကြီးကို ဒဂုံမြို့ သစ် ဆိပ်ကမ်းမှာ တည်ဆောက်နေတယ်လို့ လည်း သိရပါတယ်။၂၀၁၆ ဒီဇင်ဘာလမှာ တည်ဆောက်ပြီးစီးပြီး အလယ်လတ်တန်းစား ပြည်သူတို့ အတွက် အထောက်အပံ့ ဖြစ်မလား ဆိုတာကို စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။

လင်းတန်ဆောင် 

Related Articles

0 comments:

Post a Comment

Fred Rangoon. Powered by Blogger.

Life always goes on

About Me

Fred Rangoon

Alis - Freddy

Blogger , Writer ,Techie , Digital Marketer ,
Freelance Graphic Designer , Photographer
Traveller , Marketing Consultant , Idea Creator, Learner .
and Home-made chef

Contact : tazaung.pr@gmail.com

Search This Blog

Blog Archive

Labels List Numbered

Instagram

recent posts

Pages

Follow us

Photo Profile
Taylor Wong Architecture Designer

The Japanese call it Hanakotoba, and King Charles II brought it to Sweden from Persia in the 17th century. Read More

Popular Gallery