Tuesday, August 25, 2015

ကျန်းမာသော လူနေမှု ပုံစံ ဖြစ်စေဖို့ သိရှိထားရမည့် အချက်များ



ကောင်းမွန်သော အစားအသောက်ပုံစံ

အလုပ်များတဲ့ သူအဖို အစားစားတက်တဲ့ အချိန်ဟာ နည်းပါးသလို တခါတလေ အချိန် ကျော်သွားတက်တာလည်း ရှိပါတယ်။ ဒီတော့ မနက်စာ၊နေ့ လည်စာ ကို အဓိက ထားပြီး မပြတ်တမ်း စားပေးဖို့ လိုပါတယ်။ မနက်စာကို နံနက် ()နာရီ မှ ()နာရီအတွင်း ကောင်းကောင်းစားပေးရပါမယ်။ ဘာလို့ လဲဆိုတော့
တစ်နေ့ တာလုံးအတွက် လိုအပ်တဲ့ စွမ်းအင်တွေကို နံနက်စာက ကောင်းကောင်း ထောက်ပံ့ထားနိုင်လို့ ပါပဲ။ တစ်နေကုန် စားထားတဲ့ အစာတွေဟာ နောက်တစ်နေ့ မနက်မှာ အစာဟောင်းအဖြစ် စွန့် ပစ်ပြီးနောက် မိမိဝမ်းဗိုက်ထဲက အဟာရတွေ စုတ်ယူဖို့ အတွက် လိုအပ်ပါတယ်။ နေ့ လည်စာကိုတော့ ၁၁ နာရီ ခွဲကနေ ၁နာရီ ခွဲ အတွင်း မဖြစ်မနေစားပေးဖို့ လိုပါတယ်။ ဒါမှ မျှတတဲ့ အစာခြေစနစ်ကို ဖြစ်ပေါ်စေပြီး မိမိကိုယ် ကျန်းမာစေမှာ ဖြစ်ပါတယ်။

သတိပြုစရာ အနေနဲ့ ညက အိမ်တာ နောက်ကျလို အစောကြီး မထနိုင်ရင်လည်း မနက်စာကို ထစားပေးသင့်ပါတယ်။ အနည်းဆုံး နွားနို့ တစ်ခွက် ပေါင်မုန့် တခြပ်လောက်ကတော့ ဝမ်းကို ဖြည့်ပေးပါ။


ကောင်းမွန်သော နေထိုင်မှု

မိမိ နေထိုင်တဲ့ အိမ်ဟာ ခမ်းခမ်းနားနားကြီး မဟုတ်ရင်တောင် သပ်သပ်ရပ်ရပ်တော့ ရှိသင့်ပါတယ်။ လေဝင် လေထွက် ကောင်းရပါမယ်။  မနက်ထတာနဲ့ အိမ်ရှေ့ လေဝင်တဲ့ တံခါးကို ဖွင့်ပြီး လောကကြီးကို ကြိုဆိုလိုက်ပါ။ ပြီးတော့ အိမ်ကို သန့် ရှင်းရေး လုပ်ပေးပါ ။အိမ်ထဲမှာ ဂတ်မီးဖိုတွေ အပူုပေးစက် လေအေးပေးစက် တွေ ရှိရင် မနက်ခင်းမှာ အခန်းတံခါးကို ခဏလောက်တော့ ဖွင့်ထားဖို့ လိုပါတယ်။  ကာဗွန်မိုနောက်ဆိုက် ဆိုတဲ့ အနံ့ မရှိ အရောင်မရှိတဲ့ အနံ့ တွေက မိမိ အိမ်တွင်းမှာ အောင်းနေတက်ပြီး လူကို သေစေနိုင်တဲ့ အထိ ဒုက္ခပေးနိုင်တယ်လို အိမ်ခြံမြေ အကျိုးဆောင် ဝက်ဘ်ဆိုက် တစ်ခု ဖြစ်တဲ့ iMyanmar ရဲ နေအိမ်တိုင်းဖြစ်ပေါ်တတ်တဲ့ အန္တရာယ်များနဲ့ ကြိုတင်ရှောင်ရှားခြင်းနည်းလမ်းများ သိကောင်းစရာ ထဲမှာ ဖော်ပြထားတာကို တွေ့ ရပါတယ်။


ကောင်းမွန်သော လှုပ်ရှားမှု

မနက်ပိုင်းမှာ အိပ်ရာက ထတာနဲ အနည်းဆုံး လေ့ကျင့်ခန်း ပြင်းပြင်းထန်ထန် မလုပ်နိုင်ရင်တောင် လေရှုထုတ် လေ့ကျင့်ခန်းလောက်တော့ လုပ်ပေးပါ လေ့ကျင့်ခန်း လှုပ်ရှားမှုနဲ့ ပတ်သက်ပြီ အကြံပြုရရင်တော့ တစ်ပတ်မှာ - ကြိမ်လောက် အားကစားစင်တာမှာ ဆော့ပေးသင့်ပါတယ်။ တစ်ပတ်မှာ ၁ကြိမ်တော့ ရေကူးကန်မှာ ရေကူးသင့်ပါတယ်။ တစ်ရက်မှာ ခြေလှမ်းပေါင်း တစ်သောင်းလောက်  လမ်းလျှောက်ပေးသင့်ပါတယ်လို The Walking Site က အကြံပြုထားပါတယ်။ သွေးလည်ပတ်မှု ကောင်းစေပြီး လူကို ထုံမှိုင်းမှိုင်း ဖြစ်စေခြင်းကနေ ကင်းစေပါလိမ့်မယ်။ လေ့ကျင့်ခန့် လုပ်ပေးခြင်းက စိတ်ဖိစီးမှု အတွက် အကောင်းဆုံး အားဆေးတစ်လက်ဖြစ်ပြီး တစ်ပတ်လောက် စမ်းလုပ်ကြည့်ရင်တောင် အရင်ကနဲ့ လုံးဝမတူတဲ့ ခံစားချက်ကို ခံစားရမှာ ဖြစ်ပါတယ်။



ကောင်းမွန်သော ဝတ်စားဆင်ယင်မှု

တန်ဖိုးကြီး အဝတ်အစားတွေချည်း ကောင်းမွန်တဲ့ အဝတ်အစားတွေ မဟုတ်ပါဘူး ဆိုတာ ဒီနေရာမှာပြောပါရစေ တစ်ချို့ က Branded မှ ကောင်းမွန်တယ် ဂုဏ်ရှိတယ် ဆိုပြီး အယူအဆ မှားနေတာကို တွေ့ ရပါတယ်။ တကယ်တမ်း ကောင်းမွန်တဲ့ ဝတ်စားဆင်ယင်မှု ဆိုတာ မိမိနဲ့ လိုက်ဖက်မှု ရှိပြီး ကျန်းမာရေးအရကြည့်ရင် လေဝင်လေထွက် ကောင်းကာ ချွေးမပိတ်တဲ့ အဝတ်အစားမျိုးကို ပြောတာ ဖြစ်ပါတယ်။ မိမိနဲ့ လိုက်ဖက်ပါမှ ပထမဆုံး စိတ်ချမ်းသာမှု ရရှိပါမယ်။ ဒုတိယ အနေနဲ သွားလာရတာ မိမိကိုယ်ကိုယ် ယုံကြည်မှု ရှိလာပါမယ်။ တတိယ အနေနဲ့ လေဝင်လေထွက် နဲ့ ချွေးမအောင်းတဲ့ အတွက် ကျန်းမာရေး အတွက် အထောက်အကူပြုပါ လိမ့်မယ်။ ဈေးကွက်မှာ ဈေးနှုန်းသက်သက်သာသာနဲ ဝတ်ဆင်နိုင်တဲ့ အဝတ်အစား တံဆိပ်စုံရှိပါတယ်။ မဟုတ်ရင်လည်း ပြည်တွင်းဖြစ်ချည်ထည်တွေကို အားပေးနိုင်ပါတယ်။ မိန်းကလေးများ ချည်လုံချည် ဝတ်ကာ ရုံးတက် အပြင်သွားနိုင်ပါတယ်။ ယောက်ျားများ ရှပ်အကျီနဲ့ ပုဆိုးဝတ်ကာ သွားလာနိုင်ပါတယ်။ တခါထဲ ပြည်တွင်းဖြစ်ကိုပါ အားပေးပြီးသား ဖြစ်ပါလိမ့်မယ်။




ကောင်းမွန်သော စိတ်ဓာတ်

မနက်ထကတည်းက မိမိကိုယ်ကိုယ် အားတက်စေမဲ့ စကားတွေပြောပြီး ချီးမွမ်းခန်းဖွင့်ပါ။ ဒီနေ ငါ ကျန်းကျန်းမာမာနဲ့ စိတ်ရွင်လန်းနေပါလား ငါ အလုပ်တွေ အများကြီး ပြီးမြောက်ခဲ့ပါလား ငါ အရင်ကထက် စာရင် အများကြီး တိုးတက်လာပါလား ဆိုပြီး မိမိကိုယ်ကိုယ် ချီးမွမ်းပေးပါ။ အကောင်းဆုံး စိတ်အားပေးတဲ့ အမူအကျင့်လည်း ဖြစ်ပါတယ်။ ဒီလိုနဲ့ မိမိတစ်နေ့ တာကို ကောင်းမွန်တဲ့ အရာတွေ ဖြစ်လာအောင် တီထွင် ဖန်တီးမှု ကောင်းလာအောင် စဉ်းစားနိုင်မှာ ဖြစ်ပါတယ်။ သို့ ပါမှ မိမိဘဝ တိုးတက်ရေးအတွက် ကောင်းမွန်တဲ့ စိတ်ကူး အကြံဥာဏ်တွေ ဖော်ဆောင်နိုင်လာပါမယ်။ ထို့ အတူ မိမိနဲ နေ့ စဉ် ဆက်ဆံနေရတဲ့ မိဘ ဆွေမျိုး မိတ်ဆွေ လုပ်ဖော် ကိုင်ဖက်များအပေါ် ကြည်လင်သော စိတ်ဖြင့် ပြုမှုနိုင်မှာ ဖြစ်တဲ့ အတွက် ရေရှည်အတွက် ကောင်းမွန်သော အထောက်အကူတွေ ရရှိမှာ ဖြစ်ပါတယ်။

Freddy @ Lynn Ta Zaung 






Related Articles

0 comments:

Post a Comment

Fred Rangoon. Powered by Blogger.

Life always goes on

About Me

Fred Rangoon

Alis - Freddy

Blogger , Writer ,Techie , Digital Marketer ,
Freelance Graphic Designer , Photographer
Traveller , Marketing Consultant , Idea Creator, Learner .
and Home-made chef

Contact : tazaung.pr@gmail.com

Search This Blog

Blog Archive

Labels List Numbered

Instagram

recent posts

Pages

Follow us

Photo Profile
Taylor Wong Architecture Designer

The Japanese call it Hanakotoba, and King Charles II brought it to Sweden from Persia in the 17th century. Read More

Popular Gallery