Tuesday, February 9, 2016
Make Space
ကိုယ်ပိုင် ပစ္စည်းတွေဟောင်းသွားရင် ဖြစ်ဖြစ် ၊ အသစ်ဝယ်ဖို့ ကြုံလာရင်ဖြစ်ဖြစ် အဟောင်းတွေကို ထားဖို့  နေရာကို အမြဲစဉ်းစားရတက်ပါတယ်။ကိုယ်ပိုင် တိုက်ခန်းနဲ့ ဆိုရင်တောင် နေရာကလည်း အတိအကျဖြစ်နေတာကြောင့်ဒါကလည်း လူတိုင်းကြုံရတဲ့ ပြဿနာတစ်ခုပါပဲ။
"ကိုယ့်အိမ်က ထားဖို့ နေရာမရှိတဲ့ ပစ္စည်းတွေကို ခေါက်ပြုပြီး ဒီဂျင်တယ် ဖိုင်လို DropBox မှာ သိမ်းထားလို့ လည်း မရဘူးလေ။ အိမ်ထောင်ပရိဘောဂပစ္စည်းတွေဆို ပိုဆိုးတာပေါ့။"
ဒီ အခြေအနေက Make Space ဆိုတဲ့ စွန့် ဦးလုပ်ငန်းလေးကို စတင်စေခဲ့ပါတယ်။ အောက်တိုဘာလ ၂၀၁၃ ခုနှစ် နယူးယောက်မြို့ မှာပါ။
Make Space ရဲ့ ဝန်ဆောင်မှုကတော့ မိမိအိမ်က ထားစရာနေရာမရှိတဲ့ ပစ္စည်းတွေကို ဖုန်းလေး တစ်ချက် ဆက်လိုက်တာနဲ့ လက်ရောက်သိမ်းဆည်းပေးပြီး အငှားစတိုးခန်း မှာ ထားပေးတဲ့ ဝန်ဆောင်မှု ဖြစ်ပါတယ်။ ဒီလုပ်ငန်းက ရိုးရှင်းမလိုနဲ့ ထူးခြားပါတယ်။ Make Space မှာ သိမ်းဆည်းထားတဲ့ မိမိပစ္စည်းတွေကို ကွန်တိန်နာ ဘောက်လိုမျိုး နေရာမှာ သိမ်းထားပေးပြီး ၊ အပေါ်စီးကနေ ဓာတ်ပုံရိုက်ထားပေးပါတယ်။ ပြီးတော့ Make Space က မိမိ Register လုပ်ထားတဲ့ Website မှာ မိမိ သိမ်းဆည်းထားတဲ့ ပစ္စည်းအခြေအနေကို လှမ်းကြည့်လို့ ရနိုင်ပါတယ်။
ကိုယ့်အိမ်မှာလည်း ထားစရာနေရာအတွက် စိတ်ရှုပ်ခံစရာမလို ၊ မိမိသိမ်းဆည်းထားတဲ့ Make Space သိုလှောင်ရုံကိုလည်း အွန်လိုင်းကနေ တိုက်ရိုက် ကြည့်ရှု့ လို့ ရနိုင်ပါတယ်။
ပြောရရင် အိမ်က အသစ်ထပ်တိုးထားတဲ့ ပစ္စည်းသိုလှောင်တဲ့ အခန်း ဒါမှမဟုတ် ဒုတိယ စတိုခန်းလေးလိုပါပဲ တဲ့။ မိမိကြိုက်တဲ့ အချိန်မှာလည်း ဒီပစ္စည်းတွေကို ပြန်ထုတ်ယူလို့ ရပါတယ်။
Make Space က ပစ္စည်းအငှားထားတဲ့ ဝန်ဆောင်မှု ကို လအလိုက် ၊ နေရာအကျယ်အဝန်းအလိုက် ပေးချေရတဲ့ စနစ်ဖြစ်ပါတယ်။
သူတို့ ဝန်ဆောင်မှု တစ်ခုမှာ အာမခံချက်တစ်ခုကတော့ အကြာကြီးထား ထားရင်လည်း ၊ နေရာငှားပေးတဲ့ ဈေးနှုန်းက တက်သွားမှာ မဟုတ်ပါတဲ့။
ပြီးတော့ Goodwill လို့ ခေါ်တဲ့ မိမိအသုံးမလိုတော့တဲ့ အိမ်သုံးပစ္စည်းတွေကို အလှူအတန်းလုပ်ဖို့ လာရောက်သယ်စေချင်တယ် ဆိုရင်လည်း ဝန်ဆောင်မှု ပေးပါတယ်တဲ့။
လောလောဆယ်တော့ Make Space ဝန်ဆောင်မှုဟာ နယူးယောက် ၊ ဝါရှင်တန်နဲ့  ချီကာကိုမြို့ တွေမှာသာ ရရှိနိုင်ပါသေးတယ်။
လူတွေက မိမိ အိမ်က ပစ္စည်းတွေကို ထားဖို့  အိမ်အကြီးကြီးလိုတယ်။ စတိုခန်း တစ်ခု ငှားဖို့ လိုတယ်လို့ အရင်က ပြောကောင်းပြောကြပါလိမ့်မယ်။
ဒါပေမဲ့ အခုတော့ မဟုတ်တော့ပါဘူး။ ငါတို့ ကြိုက်တဲ့ နေရာမှာ နေပြီး ပစ္စည်းတွေထားဖို့ အတွက် Make Space ဝန်ဆောင်မှုကိုပဲ သုံးကြမယ်လို့ ဆိုကြတော့မှာပါတဲ့။
Ref:Entrepreneur 
Fred Rangoon 
Related Articles
0 comments:
Post a Comment
Fred Rangoon. Powered by Blogger.
Life always goes on
About Me
Fred Rangoon
Alis - Freddy
Blogger , Writer ,Techie , Digital Marketer ,
Freelance Graphic Designer , Photographer
Traveller , Marketing Consultant , Idea Creator, Learner .
and Home-made chef
Contact : tazaung.pr@gmail.com
Search This Blog
Blog Archive
Labels List Numbered
Instagram
recent posts
Pages
Follow us
Photo Profile
Taylor Wong Architecture Designer
The Japanese call it Hanakotoba, and King Charles II brought it to Sweden from Persia in the 17th century. Read More
Popular Gallery