Accidental Entrepreneurs - Run Safe App
ဇန်နဝါရီလ ၂၀၁၄ ခုနှစ်တုန်းက Violet Alexander ဟာ သူမ သားလေးကို တွန်းလှည်းလေးမှာ ထည့်ပြီး အပြင်ကို ထွက်လာခဲ့ပါတယ်။သူမ နေထိုင်ရာ Colo မြို့ က လူသိများတဲ့ မြို့ ပတ်လျှောက်လမ်းအတိုင်း လျှောက်လာခဲ့တဲ့ အချိန်မှာရုတ်တရုတ်ချော်လဲပြီးလမ်းဘေးမှာရှိတဲ့ ရေခဲပြင်ဘက်ကိုရောက်သွားပါတယ်။ ကံကောင်းစွာနဲ့ လုံခြုံရေး ကြိုးမှာ ညှိနေတဲ့အတွက် သူမ နဲ့ ကလေးပါ ပြန်ထလာနိုင်ခဲ့ပါတယ်။
ချက်ချင်းပဲ သူမရဲ့ ယောက်ျားကို ဖုန်း Message လှမ်းပို့ ပြီး သူမဖြစ်နေတာတွေကိုပြောပြပါတယ်။ ပြီးတော့ သူမ အိမ်ကိုပြန်နေတယ် ဆိုတဲ့ အကြောင်းကိုပါ ရေးပို့ ခဲ့ပါတယ်။
ကံဆိုးတာက သူမယောက်ျား ဖုန်းပြန်ခေါ်တဲ့ အခါ သူမဖုန်းပြန်မဖြေနိုင်တော့ပါဘူး ။ ဒီတော့ စိတ်တွေ ပိုပူလာခဲ့ပါတယ်။
"ဖုန်းဆက်တဲ့အချိန်တိုင်း ဖုန်းပြန်မကိုင်တဲ့ အခြေအနေမှာ ကျနော့် စိတ်တွေ ထိန်းလို့ လုံးဝမရတော့ပါဘူး။"
Alexandre အိမ်ပြန်ရောက်ပြီး သူမယောက်ျားနဲ့ တွေ့ တဲ့ အချိန်မှာတော့ သူမနဲ့ သားလေးပါ ကျန်းကျန်းမာမာရှိနေတာကိုပြန်တွေ့ လိုက်ရတယ်။
သူတို့  လင်မယားနှစ်ယောက်ဟာ ချက်ချင်းပဲ ခေါင်းချင်းဆိုင် ဆွေးနွေးပြီး နောက်တစ်ခါ ဒီလို ဆက်သွယ်လို့ မရတဲ့ အခြေအနေတစ်ခုကို ထပ်မံမဖြစ်လာစေဖို့  တိုင်ပင်ပါတော့တယ်။
"ကျွန်တော် မိုဘိုင်း App တစ်ခုကို ပြုလုပ်ချင်ခဲ့တယ်။ ကျနော် Violet ကိုနောက်ထပ် မတော်တဆဖြစ်မှာကို စိုးရိမ်လို့ ပါ" လို့  Sharif က ပြောခဲ့ပါတယ်။
ဒီလိုနဲ့ Run Safe ဆိုတဲ့ လုံခြုံရေး ကို ဦးတည်တဲ့ မိုဘိုင်း App တစ်ခုကို စတင်ဖြစ်လာတာပါပဲ။
ဒီ App ဟာ အသုံးပြုတဲ့သူရဲ့ တည်နေရာ အကွာအဝေးနဲ့ အမြန်နှုန်းကို သာ တွက်ချက်ဖော်ပြတာမျိုးမဟုတ်ပါဘူး။ ဒီထဲမှာပါတဲ့ Feature တစ်ခုကတော့ မိမိရဲ့ မိတ်ဆွေ ၊ မိသားစုဝင် ဒါမှမဟုတ် အတူတူပြေးဖော်ပြေးဖက် တွေကိုပါ အသိပေးတာမျိုးလုပ်နိုင်ပြီးမိမိရောက်နေတဲ့ နေရာကို တိတိကျကျ ဖော်ပြပေးမှာ ဖြစ်ပါတယ်တဲ့။ မတော်တဆ ဖြစ်မှုတွေကို ကယ်တင်နိုင်ဖို့ အကောင်းဆုံး အထောက်အကူဖြစ်ခဲ့ပါတယ်။
အောက်တိုဘာ ၂၀၁၄ ခုနှစ်ကထဲက Apple App Store မှာ ရောင်းချလိုက်ကထဲက အသုံးပြုသူ နှစ်သောင်းကျော် ရှိခဲ့ပါတယ်။ သူတို့ ရဲ့ App အတွက် ဒေါ်လာ၂သောင်းရင်းနှီးမြုပ်နှံမှုလည်း ရရှိခဲ့ပါတယ်။
#AccidentalEntrepreneurs #🏃 #ransafe
Ref: Entrepreneur
- Fred Rangoon
0 comments:
Post a Comment